Tuesday, October 5, 2010
ပြန်လည် ရှင်သန်လာတဲ့ မျှော်လင့်ခြင်း လေလား...
မနေ့က ဘယ်လိုမှ မျှော်လင့် မထားခဲ့တဲ့ sms တစ်စောင် ရရှိခဲ့တယ်....။
ထင်မထားခဲ့ပါဘူး...။တကယ်ကို မမျှော်လင့်ခဲ့တာအမှန်ပါ...။
နာမည်ကို တွေ့တွေ့ချင်း ရင်ထဲမှာ ဒိန်းကနဲ ဖြစ်သွားတယ်....။
ပျော်သွားတယ်...။စိတ်လှုပ်ရှားရတယ်....။ဝေခွဲလို့လည်း မရဘူး...။
ဦးနှောက်ထဲကတော့ အချက်ပေးခေါင်းလောင်းသံတွေ ပေးနေတယ်....။
ချက်ချင်းသတိရ လိုက်တာက “မာယာ....မာယာ...မာယာ....” ဆိုတဲ့ သီချင်း တစ်ပိုင်းတစ်စ ပါ....။
ဟင့်အင်းးးးးး။နှလုံးသားက ချက်ချင်း ပယ်ချလိုက်တယ်....။
ဒါ ငါထားခဲ့တဲ့ နားလည်ပေးမှု၊ယုံကြည်ပေးမှု ရဲ့ တန်ပြန်သက်ရောက်မှုတွေပဲ....လို့ အကြောင်းပြချက်ပေးတယ်။
တနေ့လုံး စိတ်ဓာတ်တွေက ဝိဿဝတီနတ်ပြည်က မာန်နတ်မင်းရဲ့ ဘုံနန်းအထိ တက်သွားတယ်...။
(ဘယ်တော့များ သုညအောက် ယူဇနာ တရာထိ ပြန်ဆင်းမလဲတော့မသိဘူး...)
ည...အိပ်လို့ကို မပျော်တော့ဘူး...။ဒီခံစားချက်လေးကို လှစ်လျူရှုပြီး အိပ်လိုက်ရမှာကို နှမြောနေမိတယ်...။
နားလည်ပေးဖို့ကြိုးစားရင်း နားကိုမလည်နိုင်ဖြစ်ရတယ်....။
ပြီးဆုံးသွားပြီလို့ စိတ်ဒုန်းဒုန်းချလိုက်တဲ့ အချိန်ရောက်မှ၊မေ့နိုင်အောင်ကြိုးစားတော့မယ်လို့ ဆုံးဖြတ်ပြီးကာမှ၊
တည်တည်ငြိမ်ငြမ် ပြန်ဖြစ်အောင် ပြန်လည်တည်ဆောက်ရေးကာလ လို့ ဘာသာသတ်မှတ်ပြီးကာမှ...၊
မိန်းမတွေရဲ့စိတ်ကို ဘယ်လိုမှ နားမလည်နိုင်တော့ပါဘူး....။
ဟုတ်တယ်....။ဘဝမှာ နားလည်ဖို့ ကြိုးစားရင်း...နားမလည်နိုင်ဖြစ်ရတာ မိန်းမတွေရဲ့စိတ်ပဲ....။
မေမေ့ စိတ်ကို နားမလည်နိုင်ဘူး...။
အစ်မရဲ့စိတ်ကို နားမလည်နိုင်ဘူး...။
တစ်ချိန်မှာ အိမ်ထောင်ဘက်အဖြစ် ရွေးချယ်ထားခဲ့မိသူတစ်ယောက်အပေါ်လည်း နားမလည်နိုင်ဘူး...။
သူငယ်ချင်းမလေး တစ်ယောက်ရဲ့စိတ်ကိုလည်း နားမလည်နိုင်ဘူး...။
ခု....ဒီတစ်ယောက်ကိုလည်း နားမလည်နိုင်ဘူး...။
ရီတော့ရီရတယ်....။ ကိုယ်နားမလည်နိုင်ခဲ့တဲ့ မိန်းမတွေက ကိုယ်ရဲ့ အရင်းနှီးဆုံးတွေဖြစ်နေခဲ့တာပါ....။
ဘာဆက်လုပ်ရမယ်မသိတော့ဘူး...။
လိုက်တုန်းကပြေးခဲ့တယ်....။ရပ်လိုက်တော့ လက်ယပ်ခေါ်တယ်...။
ရပ်နေရမှာလား.....။ဆက်လိုက်ရမှာလား....။
17 comments:
  1. မိန်းမ ယောက်ျားမှမဟုတ်ပါဖူး စိတ်ကနားလည်ရခက်တာဟုတ်ဖူး ကိုမောင်လေးရဲ့ ကိုယ်ကခက်တယ်ထင်နေပေမဲ့ စိတ်ဆိုတာအလွန်နူးညံ့သိပ်မွေးလွန်းလို့ မာကျောအောင်အကာကွယ်တွေနဲ့ မို့ မြင်ရတာတစ်ခါတစ်လေခက်နေတယ်ထင်တာပါ။ ကျောက်တုန်းတွေက ထုခွဲမှကွဲတာမဟုတ်ပါဖူး နူးညံ့တဲ့လေပြေလေညှင်းလေးတွေတိုက်စားမှူကြောင့်လည်းပွန်းပဲ့တတ်ပါတယ်။း)
    ကံကောင်းခြင်းတွေနဲ့ဆုံနိုင်ပါစေ....
    သာယာချမ်းမြေ့ပါစေရှင်း
    မိုး
    ReplyDelete
  2. အင်းးးး ဟုတ်မယ်ထင်ရဲ့ မမိုးရာ....။ဒါပေမယ့် ကျွန်တော်က ယေင်္ကျားမို့လို့
    ထင်ပါရဲ့ ယောင်္ကျားတွေရဲ့ စိတ်သဘောကိုတော့ နားလည်နိုင်တယ်ဗျ...။
    ခက်နေတာက မိန်းမတွေရဲ့စိတ်ကိုတော့....အင်းးးး ကြိုးတော့ကြိုးစားနေတုန်း။
    ReplyDelete
  3. ကိုမောင်လေး ရေ လက်ယပ်ခေါ်နေမှတော့ ဆက်သွားလိုက်ပါ
    ပဲများမနေနဲ့ နောက်မှ နောင်တရနေမှာဆိုးလို့ ဟိဟိ
    ပျော်စရာရှိရင် ပျော်လိုက်
    ဘာခံစားချက်မှ မရှိရင် ပျင်းစရာကြီး...
    ReplyDelete
  4. ကိုယ့်ကိုတကယ်ချစ်တယ်ဆိုရင် တော့ ရပ်မနေပါနဲ့..
    မိန်းကလေးရဲ့စိတ်ကို နားလည်နိုင်လာပါလိမ့်မယ်မောင်လေးရေ..။
    ခင်မင်စွာ
    သဒ္ဓါ
    ReplyDelete
  5. လိုက်ရင်ပြေးတယ်။ ပြေးရင်လိုက်တယ်။ ဖြစ်တတ်ပါတယ်။ တစ်ခါတစ်လေမှာ အချစ်ဆိုတာ အတူတူရှိနေကြတဲ့အခါ မသိသာဘူး။ ဝေးကွာသွားတဲ့အခါမှာမှ အချစ်စိတ်တွေ ဖြစ်ပေါ်လာတတ်တယ်။ လက်ယပ်ခေါ်နေရင်တော့ သွားလိုက်ပါ။ မောင်လေး ရှောင်မပြေးနဲ့၊ တော်ကြာ နောင် ဝေးရလိမ့်မယ်။ သူ့မှာ ကြီးမားတဲ့ ပစ်မှုမရှိရင် လက်ခံလိုက်ပါ။ အခုခေတ်မှာက မောင်လေးသိတဲ့အတိုင်းဘဲ ယောက်ျားတွေ လိုချင်တဲ့ မိန်းခလေးတစ်ယောက်ရဲ့ စံက အတော်ရှားနေပြီ။
    ခင်မင်စွာဖြင့်
    ကိုကိုမောင်(ပန်းရနံ့)
    ReplyDelete
  6. သူကကိုယ်တကယ်ချစ်တဲ့သူလည်းဖြစ်မယ်၊ တကယ်လို့သူ့ဆီကိုပြန်သွားခဲ့မယ်ဆိုရင်လည်း တခြားမည်သူတစ်ဦးတစ်ယောက်ကိုမှ မထိခိုက်မနစ်နာစေဘူးဆိုရင်တော့ ပြန်သွားလိုက်ပါ ကိုမောင်လေးရယ်။ လောကကြီးမှာ ချစ်တဲ့သူတိုင်းပေါင်းဆုံနိုင်ကြဖို့ပဲ မျှော်လင့်ပါတယ်။
    ReplyDelete
  7. တစ်ချို့တွေက ကိုယ့်ရဲ့ အတွင်းစိတ်ကို ချက်ခြင်းမသိကြဘူး
    နောက်တော့မှ တဖြေးဖြေး သိလာတာမျိုး ရှိတယ်
    အစောကတော့ မေ့နိုင်မယ်ထင်ပြီး ပြတ်ကြစဲကြ စကားပြောပေမဲ့
    သူတကယ် မမေ့နိုင်မှန်း နောက်မှ သိသွားတာမျိုး ဖြစ်တတ်ကြတယ်
    ခုလဲ သူက တကယ်မမေ့နိုင်လို့ ဆက်သွယ်တာ ဖြစ်မှာပါ
    ဘာဘဲဖြစ်ဖြစ် ကောင်းသတင်းလို့ဘဲ ရင်ထဲက လှိုက်လှဲစွာ ခံစားလက်ခံလိုက်ပေါ့နော်.
    ကိုယ်လဲ စိတ်ချမ်းသာတယ် မဟုတ်လား
    အဆင်ပြေပါစေ မောင်လေးရေ။
    ReplyDelete
  8. ခက်တော့ခက်တယ် ခင်ဗျ...။ဒီကလူကလည်း လက်ယပ်မခေါ်ခင်ကတည်းက
    လိုက်ချင်လွန်းလို့ နန့်နန့်တတ်နေတဲ့သူ...။ခက်တာက....အင်း...ပြောဖို့ကို
    တော်တော်ခက်နေတာ...။ပြန်ပြောဖို့တော်တော်ခက်နေတာကို နားလည်ပေး
    ပါ ပိတ်သတ်ကြီးရာ....အားပေးကြတာကိုတော့ အရမ်းဝမ်းသာကျေးဇူးတင်
    ရပါတယ်...။
    ReplyDelete
  9. အင်း စိတ်တွေက ခက်ပါတယ် မတည်ငြိမ် တဲ့ သူတွေ ပိုဆိုးတယ်
    ခင်မင်စွာဖြင့်
    ရွှေစင်ဦး
    ReplyDelete
  10. ခေါ်တဲ့သူက ခေါ်နေပြီ...
    ကဲ...
    ကိုယ့်လူ...
    လစ်တော့...
    အမြန်...တော်ကြာ နောက်ကျနေမယ်...
    ReplyDelete
  11. အတွေ့အကြုံတွေအရ သိတာ တခုတော့ရှိတယ်
    အဲတာက
    လိုက်ရင်ပြေးပြီး ပြေးရင်တော့ ပြန်လိုက်လိမ့်မယ်။
    လိုက်ခဲ့ရတဲ့ အချိန်တွေရှိလို့ သူပြေးခဲ့ပြီးပြီမဟုတ်လား။
    ကိုယ်မောလို့ ရပ်နေမိတော့ ကိုယ်ပြန်ပြေးတယ် ထင်ပြီး သူပြန်လိုက်လာတာပဲ။ ဂရုစိုက်ပါ။ အချစ်လမ်းဖြောင့်ဖြူးဖို့
    မာယာဆိုတာလည်း လိုအပ်ပါတယ်။
    တချိန်လုံးမလိုက်နဲ့ဗျ တချိန်လုံးလိုက်ရင် ကိုယ်မောလည်းမောမယ် ပေါလည်းပေါသွားတယ်။
    ReplyDelete
  12. စဉ်းစာမနေပါနဲ့လေ..
    လိုက်သာသွားလိုက်ပါ...
    ReplyDelete
  13. လိုက်ရင်ပြေးတယ်.. ပြေးရင်လိုက်တယ်.. အဲဒါတကယ်ပဲနော်။
    ငယ်ငယ်တုန်းက ကိုမှောင်ရေးတဲ့ကာတွန်းလေးကိုသတိရလို့ပါ..
    အချစ်ဆိုတာ အဲသလိုပဲတဲ့...လိုက်ရင်ပြေးတယ်.. ပြေးရင်လိုက်တယ်..
    အဲဒီတော့ မောင်လေးလည်း ဘယ်လိုလုပ်မလဲ???
    ReplyDelete
  14. အင်း..လိုက်လက်စနဲ့
    ဆက်လိုက်သွားလိုက်ပါ။ ကိုမောင်လေးရေ...
    နားလည်မူ့ပြည့်စုံစွာနဲ့ ချစ်ခရီးလမ်းဖြောင့်ဖြူးပါစေ။
    ReplyDelete
  15. မောင်လေး ရေ လာလယ်တာကျေးဇူးနော် စာတွေလဲဖတ်သွားပါတယ် တခုလောက်အကြံပေးမယ်နော် ဝိဿဝတီနတ်ပြည်က လို့ မောင်လေးရေးထားတယ်နော် အမှန်က ဝဿဝတီ ပါ စိတ်မဆိုးဘူးရင်အကြံပေးတာနော်
    ReplyDelete
  16. လိုက်လည်း မလိုက်နဲ့၊ ပြေးလည်းမပြေးနဲ့ တစ်ခါတည်း ကြိုးနဲ့သာတုပ်ခေါ်သွား၊ပေါ့၊
    မာယာလို့ချည်းလည်းမထင်ပါနဲ့၊ သတင်းကောင်းလေးပါ၊ မချောပြောသလို
    လင့်လေးယူထားတယ်နော်
    ချမ်းမြေ့ပါစေ
    ReplyDelete
  17. အဟိ ဝဿဝတီလို့မနေ့ကမောင်လေး ကိုအကြံပေးခဲတယ် အဲဒါလဲမှားသွားတယ် တကယ့်အမှန်က ဝသဝတ္တီ လို့ကအမှန်ပါဗျာ
    ReplyDelete