Sunday, October 31, 2010

အတို အစ လေးများ

မေးခွန်းတွေနဲ့ လူ

လူစင်စစ်က

သင်္ချာဘုတ်အုပ်ဖြစ်သွားတယ်

ရင်ထဲမှာ

အဖြေမရှိသေးတဲ့ ပုစ္ဆာတွေနဲ့....

ဘာသာ စစ်တဲ့ စာမေးပွဲမှာတောင်

ရမှတ်က ဘဲဥ မကွဲသေး...

<<<<<<<<<<>>>>>>>>>>>>

မိုးပျံပူဖောင်း

ကကြိုးရုပ်မဟုတ်လို့ ကြိုးမရှုပ်ခဲ့

လေနှင်ရာ လွင့်ရပေမယ့် ရွက် လည်းမပါခဲ့

အတောင်ပံမပါလို့ ပျံသည်လည်း မဆိုသာ....

အများသူငါလို ရှစ်ပါးမစုံတောင်....

လောကဓံတရားဆို နှစ်ပါးတော့ ကြုံပါရဲ့...

မြင့်လိုက်၊နိမ့်လိုက် နဲ့.......။

<<<<<<<<<<>>>>>>>>>>

ဇော်ကန့်လန့် ပရိုဖိုင်

အသက်ကလည်း မကြီးမငယ်...

ဘွဲ့လေးကလည်း တစ်ခုနဲ့တစ်ဝက်....

ငွေစကြေးစကလည်း မရှိမရှား....

ရတဲ့အလုပ်ကလည်း အထက်မရောက်အောက်မကျ....

ရုပ်ရည်ကလည်း ကြည့်ပျော်ရှုပျော်.....

ခံစားမှုနဲ့အတွေးတွေက မနိမ့်မမြင့်....

အင်း....ချစ်သူကလည်း မရေရာမသေချာ...

တော်ပါသေးရဲ့...မေမေ....

ကျွန်တော် ကျား၊မ ကွဲပါသေးတယ်........

( “ နင်ဟာလေ..အထက်မရောက်၊အောက်မကျနဲ့ တကယ့် ဇော်ကန့်လန့် ” လို့ အမြင်ကပ်ကပ်နဲ့ခေါ်တတ်တဲ့ ချစ်စွာသောမေမေ.... သို့ )

~~~~~~~~~~~~~~~~~~~~~~~~~~~~~~

တစ်ခါတစ်ရံမှာ ရင်ထဲမှာရှိတာတွေကို စာတပုဒ် အနေနဲ့ချရေးလို့ အဆင်မပြေတတ်တဲ့အခါ...၊ကျွန်တော်...
ကဗျာယောင်ယောင်လေးတွေ ရေးမိပါတယ်...။တကယ်တော့ ကျွန်တော် ကဗျာမစပ်တတ်ပါဘူး...။
သို့ပေမယ့် ကဗျာလို့ပဲ သဘောထားပေးကြပါလို့...။










9 comments:

  1. ကဗျာမစပ်တတ်ပေမယ့် ကျားမတော့ ခွဲတတ်ပါသေးတယ်ဗျာ:P
    ဖတ်ရတာ တစ်မျိုးလေး ..

    ReplyDelete
  2. မိုးပျံပူဖောင်း ကဗျာလေး ကြိုက်တယ်

    ReplyDelete
  3. ဇော်ကန့်လန့် ဆိုတဲ့ ကဗျာလေး သဘောကျတယ်
    ရီရတယ် ဟိဟိ ဟဟ

    ReplyDelete
  4. မောင်လေး ရယ်

    ကျား မ ကွဲ တယ် ဆိုတာကို တော်တော် ဟုတ်နေပြီ

    ခင်တဲ့
    ရွှေစင်ဦး

    ReplyDelete
  5. တော်သေးတာပေါ့ အမေ့သား ကျား၊မ ကွဲသေးလို့
    ဟီးးးးးးး နောက်တာ....



    ကဗျာ ဒီလောက်ရေးတက်တာ ခွန်ထက်အများကြီးသာတယ်;)
    အဲဒီလို ရေးတက်တဲ့သူတွေ အားကျတယ်။

    ReplyDelete
  6. ကဗျာမရေးတတ်လို့ ပဲ တော်ပါသေးရဲ့ မောင်လေးရေ...
    ရေးများတတ်ရင်တော့ မနည်းဖတ်ယူရမယ်။ :)
    ရေးထားတာလေးတွေ သဘောကျတယ်ဝေ့။
    စာရေးသူရဲ့ တစိတ်တဒေသကို မှန်းဆလို့  မြင်ရတယ်လေ။..:)
    ...ခင်မင်လျှက်...ခင်မာလာအောင်...:)

    ReplyDelete
  7. ကိုမောင်လေးးးးကဗျာမရေးတတ်လို့ ပေပဲနော်.. :)

    ReplyDelete
  8. အကိုလေး ကဗျာလို့ ပဲ မှတ်လိုက်တယ်

    ReplyDelete
  9. အကိုလေး ကဗျာလို့ ပဲ မှတ်လိုက်တယ်

    ReplyDelete