Wednesday, November 17, 2010

ဘာလုပ်မှာလဲသူငယ်ချင်း

ဘာလုပ်မှာလဲ သူငယ်ချင်း


မြို့ကြီး ပြကြီးတဲ့လား.....

တောကြီးဥပဒေသက ဟုန်းဟုန်းထလို့ကောင်းတုန်း......

အဲဒီ မြို့တောကြီး အရိုင်းဆန်လိုက်ပုံက....

ကမ္ဘာဖြင့်မီးမလောင်သေး....

ကိုယ့်လည်ချောင်းသွေး ကိုယ်ပြန်သောက်နေပြီ.....။

ဟောဒီမြို့တောကြီးမှာ....

ဘုရားသခင်နဲ့ ဗြဟ္မစိုရ်တရား....

နှစ်ပါးစလုံးမတတ်နိုင်တာတွေ အများကြီး.....

ဒီတော့ သူငယ်ချင်း......မင်း.....

ကစားမှာလား....နားမှာလား.....

နားမှာဖြင့်နား....

ကစားချင်သပဆိုရင်....

သမင်လုပ်တမ်းလား...ကျားလုပ်တမ်းလား......

ခံစရာရှိခံ၊စားစရာရှိစား...

အရမ်းတော့ လွမ်းမနေပါနဲ့လား....။


4 comments:

  1. မှန်ကန်တဲ့ကဗျာလေးကို ဖတ်သွားတယ်

    ခင်တဲ့
    ရွှေစင်ဦး

    ReplyDelete
  2. “ကမ္ဘာဖြင့်မီးမလောင်သေး....
    ကိုယ့်လည်ချောင်းသွေး ကိုယ်ပြန်သောက်နေပြီ.....။
    ဟောဒီမြို့တောကြီးမှာ....
    ဘုရားသခင်နဲ့ ဗြဟ္မစိုရ်တရား....
    နှစ်ပါးစလုံးမတတ်နိုင်တာတွေ အများကြီး.....
    ဒီတော့ သူငယ်ချင်း......မင်း.....
    ကစားမှာလား....နားမှာလား.....
    နားမှာဖြင့်နား....
    ကစားချင်သပဆိုရင်....
    သမင်လုပ်တမ်းလား...ကျားလုပ်တမ်းလား......
    ခံစရာရှိခံ၊စားစရာရှိစား...
    အရမ်းတော့ လွမ်းမနေပါနဲ့လား....။

    ...လွမ်းမနေတာတော့ သေချာတယ်။
    သမင်လား ကျားလားဆိုတာကိုတော့...အဖြေရှာနေဆဲမို့ ။ ခဏ ။
    စာလုံးတိုင်းကို ကြိုက်တယ် စာရေးသူ။ :)
    .....ခင်မင်လျှက်..ခင်မာလာအောင်..:)

    ReplyDelete
  3. အားပါးပါး...သိပ်ကို အဓိပ္ပါယ်ပြည့်ဝတဲ့ ကဗျာတပုဒ်ပါပဲ။ ခေတ်စနစ်ကို ထင်ဟပ်နေတယ်လို့ ခံစားရတယ်။

    ReplyDelete
  4. ကောင်းလိုက်တဲ့ ကဗျာလေး။
    ကစားချင်သူရော နားချင်သူရော သတိပြုသင့်တယ်။

    ReplyDelete