Thursday, November 25, 2010

အလွမ်းရောင် အမှောင်ညများ

အစိမ်းရင့်ရင့်တွေ အုံ့မှိုင်းနေတဲ့ ငါ့ရဲ့ အမှောင်ညတွေမှာ....

နင့်အကြောင်းတွေက တမိုးလုံးဖျောက်ဆိတ်ပါလား....ဟန်နီ...။

ကြားခဲ့ရတဲ့ ကြည်လျလျ စကားသံတွေ....

မြင်ယောင်မိနေတဲ့ ချိုမြမြ နှုတ်ခမ်းပါးလေးတွေ...

မေ့မရတဲ့နောက်တော့ သတိတရနဲ့ လွမ်းခွင့်ပြုပါတော့.....။

ချစ်မိခြင်းဆိုတာ အဆိပ်ခတ်ထားတဲ့ ဝိုင်ချိုချိုတစ်ခွက်ကိုမှ

တရှိုက်မက်မက် သောက်သုံးခြင်းတဲ့လား...။

ကြည်နူးခြင်းတွေ ဝင်ခွင့်မရတဲ့နောက်...

ကြေကွဲခြင်းတွေက ခေါင်းဝင်လို့ ကိုယ်ဆန့် ခဲ့ပြီပဲ....။

အရာရာ ပြန်ဖန်တီးခွင့် ရှိခဲ့ရင်တောင်.....

အဲဒီကြေကွဲခြင်းတွေကို ဒီအတိုင်းထားခဲ့မှာပါ...။

ရှိပါစေ...ရှိပါစေတော့လေ.....

ချစ်ခြင်းတွေမှ အစေ့အငြောင့် မပေါက်သေး....

အလွမ်းတွေက အုတ်အော်သောင်းတင်း ပွင့်ခဲ့ပြီကော....။

6 comments:

  1. နောက်ဆုံးစာ ၂ ကြောင်းလေး ကြိုက်တယ်

    ReplyDelete
  2. အချစ်မှ မရခင် မလွမ်းချင်ပါနဲ့

    ခင်တဲ့
    ရွှေစင်

    ReplyDelete
  3. မမှောင်အောင် ၁၀၀ ၀ပ် မီးသီးလေး ထွန်းပေးခဲ့တယ်..း)))

    အလွမ်းရောင် အမှောင်ညများ ကင်းဝေးပြီး ဆိုပြေသာယာသော အလွမ်းမဲ့ ညများ တွေ့ဆုံနိုင်ပါစေ..

    ReplyDelete
  4. ဟင်....အဲလိုကြီးဆိုရင်တော့ မကောင်းပါဘူးကိုမောင်လေးရာ....း(

    ReplyDelete
  5. “ချစ်မိခြင်းဆိုတာ အဆိပ်ခတ်ထားတဲ့ ဝိုင်ချိုချိုတစ်ခွက် ” တဲ့လားဆရာ။
    သေချာတယ် ဝိုင်အစစ်ဆိုရင်တော့ နဲနဲလေးတော့ ခါးတယ်လေ။ :)
    ...ခင်မင်လျှက်...ခင်မာလာအောင်..:)

    ReplyDelete
  6. ကြည်နူးခွင့်မရမှတော့ အလွမ်းတွေဘဲ ပွင့်ပါစေတော့လေ..
    ဒါဘဲကောင်းပါတယ်..

    ReplyDelete