Wednesday, December 8, 2010

The Nustcracker-musical Spectraculr @ vivo city

မနေ့က vivo city မှာလုပ်တဲ့ vivo city လေးနှစ်မြောက်အထိမ်းအမှတ် ပွဲလေးတစ်ခုကို ရောက်ခဲ့ပါတယ်...။
ကိုယ့်ဘာသာတော့ ရောက်ဖို့ရာ အကြောင်းမရှိပါဘူး...။သူငယ်ချင်းတစ်ယောက်က လက်မှတ် လေးစောင်
အလကားရထားတယ်....။သွားကြည့်ကြရအောင်ဆိုတာနဲ့ ရောက်သွားဖြစ်ပါတယ်...။သူတို့က စုံတွဲ...၊ကျွန်တော်
ကတော့ တစ်ယောက်တည်း...။လက်မှတ်တစ်စောင်ပိုနေတာ ခေါ်ရမယ့်သူမရှိတာနဲ့ ဘက်ပဲ့သွားလေရဲ့...:)။

လေးဆယ့်ငါးမိနစ်ပဲကြာပါတယ်....။ကလေးတွေအတွက် အထူးသဖြင့် ရည်ရွယ်ပြီးလုပ်တဲ့ ဖျော်ဖြေပွဲလေးပါ...။
ည ၈နာရီတိတိမှာစပြီး ၈း၄၅ မှာ အတိအကျပြီးပါတယ်...။လေးဆယ့်ငါးမိနစ်လုံးလုံး မြူးမြးကြွကြွ၊သွက်သွက်
လက်လက် နဲ့ပျော်ရွင်ဖွယ် ဖျော်ဖြေသွားပါတယ်....။

ရောက်တာစောပေမယ့် ဝါးတီးဖွင့်နေတာရယ်...၊vivo city ထဲမယ် လျှောက်ငေးနေတာရယ်ကြောင့် ၈နာရီထိုး
ခါနီးမှ အထဲဝင်တော့ နေရာကောင်းမရတော့ပါဘူး....။ရှေ့နေရာကောင်းတွေ လွတ်သွားပါတယ်...။ဒီတော့
ဒါ့ပုံကောင်းကောင်းတွေမရလိုက်ပါဘူး...။ကိုယ့်မှာ ကင်မလာ မရှိတာကလည်းတစ်ကြောင်းပေါ့လေ....။
ဘာပဲဖြစ်ဖြစ် ရှိတဲ့ ဖုံးလေးနဲ့ပဲ ရသလောက်ရိုက်ခဲ့ပါတယ်....။


ဒါက Vivo city ရဲ့ မီးရောင်စုံနဲ့ ခရစ္စမတ်သစ်ပင်







ပွဲပြီးတော့ သရုပ်ဆောင်တွေက စင်ရှေ့မှာ ပရိသတ်နဲ့ အတူ ဓာတ်ပုံအရိုက်ခံကြပါတယ်........။ကလေးတွေက
တော့အများစုပေါ့လေ...။

သဘောကျတာတခုက သူတွေတွေက ဘယ်လိုပွဲမျိုးပဲဖြစ်ဖြစ် သေသေချာချာ၊ကျကျနန စင်တင် ခင်းကျင်း
ကပြတာကိုပါ...။မီး၊ဆက်တင်၊အဆင်အပြင်၊ အစစအရာရာ သပ်သပ်ရပ်ရပ် ရှိပါတယ်...။

6 comments:

  1. နှမျောစရာကြီး...
    လက်မှတ်ပိုနေတာ ဖုန်းတော့လိုက်ရောပေါ့..
    ထပ်တူ ခံစားသွားကြောင်းပါ ကိုမင်္ဂလာဒုံ..အဲ:P

    ReplyDelete
  2. ကင်မလာ မKOM ဆီက ခဏငှားကြည့်ပါလား....... :P

    ReplyDelete
  3. ကြည့်ချင်လိုက်တာ..
    ဖုန်းနဲ့ video ရိုက်ခဲ့လိုက်..တာမဟုတ်ဘူး..

    ReplyDelete
  4. အင်းးးးး သူများတွေများ စလုံးတခွင် တော်တော် ခရီးရောက်နေပြီ။ :)
    မရောက်ဖြစ်တဲ့ သူတွေအနေနဲ့ ကတော့ ပုံလေးတွေကြည့်ပြီး
    ငေးယုံသာ။ :)
    ..ခင်မင်လျှက်..ခင်မာလာအောင်..:)

    ReplyDelete
  5. ပုံတင်ပေးတော့လည်း ပုံပဲကြည့်ရတာပေါ့လေ မမြင်ဖူးတာနဲ့စာရင် ဒီပုံလေးတော့မြင်ဖူးသွားတာပေါ့း)

    သာယာချမ်းမြေ့ပါစေရှင်း
    မိုး

    ReplyDelete
  6. ဟုတ်ပဗျာ လှတာ ချစ်စရာလေးတွေ

    ဘလော့ဂါ ကြီး သွားလေရာကင်မရာ လေး ဆောင်ထားမှပေါ့

    ခင်မင်စွာဖြင့်
    ရွှေစင်ဦး

    ReplyDelete