Sunday, January 16, 2011

ကြည်နူးစွာ သတ်သေခြင်း

ချစ်သူရေ.....

ငါ့အတွက်ဆို....

အသွားနှစ်ဘက်နဲ့ ဓားတစ်လက်ပဲလိုပါတယ်....။

ထောင်ထားတဲ့မြုံးမှာ....

ရမ္မက်တွေ မသုတ်လိမ်းပါနဲ့...

ကျော့ကွင်းပေါ် ခြေစုံရပ်.....

သတ်ကွင်းမှာ လည်စင်းလျှက်ပါ....။

မာယာကိုးဆောင်တွဲ...

ကွမ်းတရာ ရေတစ်မှုတ်...

ချုပ်ဆေး ခုနှစ်ခါ အုပ်စရာမလိုပါဘူးချစ်သူ....

လျော့ရဲရဲအပြုံးနဲ့တင် ပြုစားခြင်း ပြီးမြောက်သွားပါပြီ....။

မျက်စောင်းတစ်ချက်အဝင့်မှာ...တံခါးတွေ အကြိမ်ကြိမ်ပြိုလဲ.....

ညှိ့ကွင်းထဲက....ငါ....ရုန်းမထွက်ရက်ခဲ့......။

အိမ်မက်ကို ငါးစာတပ်ရုံနဲ့....

ငါ့အတွက် လုံလောက်ပါရဲ့ချစ်သူ.....။

ပန်းပွင့် ရဲ့ ကျိန်စာအောက်....

ငါ....ဦးညွှတ်.......ဒူးထောက်......၊

မင်းအတွက် ငါ....သားကောင်တစ်ကောင်ပါ........။

15 comments:

  1. ချစ်ဆေး(၇)ခါအုပ်ပြီးတောင် ဦးညွတ်လိုက်တယ်လား
    ကမောင်လေး.။
    တော်တော် ပြင်းရှတဲ့ ခံစားမှုတွေပဲ

    ReplyDelete
  2. တော်တော်အစွမ်းထက်တဲ့ချစ်သူ
    ပညာတွေ စွမ်းလှချည့်

    ReplyDelete
  3. ဒါ​လ​ည်း ကု​ဖို့​​ခတ်တဲ့ ေ​ရာ​ဂါ​တမ်ိ​ဳး​ဘဲ.....

    (ေ​နာက္တာ​ေ​နာ်... :P)

    ReplyDelete
  4. ဒီသားကောင်ရဲ့ ချစ်ခြင်းက လေးစားဖို့ကောင်းတယ် ဆက်ဒူး သားကောင်း)

    ReplyDelete
  5. ညွှန်းလှချည်လား ကောင်မလေးတော့ ကြွေပြီ။

    ReplyDelete
  6. အဲဒီ သားကောင်ပဲ လိုက်ရှာနေတာ...လာထား အမဲဈေးသွားမလို့....ခွိ နောက်တာနော်....မောင်လေး စိတ်ဆိုးရဘူး...:))

    ReplyDelete
  7. ဒါကတော့ ဘာကျိမ်စာ မိသွားတာတုန်း... အိတ်စပတ်တိုပက်ထရိုနမ်များလား... ဟမ်... ဟုတ်သေးပါဘူး.... :P

    ReplyDelete
  8. ခေါင်းစဉ်က ကြည်နူးစွာ သတ်သေခြင်း ဖြစ်မယ်နဲ့တူတယ်နော်။ သက်သေ ဆိုတာ သက်သေလိုက်တာတို့ ဘာတို့မှာ သုံးတာပါ။

    ReplyDelete
  9. ဟုတ်ကဲ့ ခင်ဗျာ....ခုလို ပြောပြတာကျေးဇူးပါ...။ပြင်လိုက်
    ပါပြီ....။

    ReplyDelete
  10. :P.. ကိုမောင်လေးက သားကောင်မှန်းခုမှသိတော့တယ်.. နောက်တစ်ခါ ဒူးလေးဆောင်ခဲ့မယ်.... :P


    ခင်မင်တဲ့
    နေ၀သန်

    ReplyDelete
  11. ဟာ
    ကိုမောင်လေးအစွမ်းကုန်ရေးထားပါလား
    ဒီပိုစ့်ကောင်မလေးဖတ်ဖြစ်ရင်ကောင်းမှာ

    သာယာချမ်းမြေ့ပါစေရှင်း
    မိုး

    ReplyDelete
  12. ဒီကောင်လေးတော်တော်ချစ်တတ်ပါလား :) ကြည်နူးစွာတောင် သတ်သေဦးမှာတဲ့

    ReplyDelete
  13. မောင်လေးတစ်ယောက်တော့ မြားစူးခံရပြီထင်တယ်။ ပြန်နှုတ်လိုက် ပြန်နှုတ်လိုက်။ ခံရခက်လှတယ်။

    အဆင်ပြေပါစေ။

    ခင်မင်လျက်
    ကိုကိုမောင်(ပန်းရနံ့)

    ReplyDelete
  14. ဖျားဖျား....အသွားနှစ်ဖက်နဲ့ ဓားကြီးတဲ့လား လိုနေတာက..... :)

    ကဗျာလေးဂွတ်တယ်ဗျာ :)

    ခင်တဲ့(ဖိုးကြယ်)

    ReplyDelete
  15. ကိုမောင်လေးရေ
    အပြင်းစားကြီးတွေပါလား ကောင်းသဗျို့
    ကိုမောင်လေး ပြောသွားလို့
    ကဗျာတွေ ပြန်ရေးနေပါပြီ

    ReplyDelete