Sunday, January 30, 2011

စွန်လွှတ်ခြင်း အနုပညာ



စက္ကူတစ်စ....၊ဝါးတစ်မျှင်.....၊စူးရှထက်မြက်နေတဲ့ ကြိုးတစ်ခင်.....

ရစ်ငင်နေတဲ့ လက်ပေါ်မှာ ရှင်သန်ခြင်းတွေက မြူးမြူးကြွကြွ......

မျှော်လင့်ချက်တွေက နေရောင်ချည်အလား.....တလက်လက်တောက်ပ....

အချစ်၊အမုန်း၊အလွမ်း၊ဒဏ်ရာ၊ဘဝ.....

အားလုံးကို ဒတင်္ဂမှာ မေ့ထား.....

အမြင့်ပျံငှက်တစ်ကောင်ရဲ့ ရှင်သန်...၊လွင့်မျော...၊ဝင့်ကြွားစိတ်......တွေက.....

နှလုံးသားတခွင်မှ လက်ဖျားမှာစီးဆင်း.....

ကြိုးမျှင်တစ်လျှောက်ပြေးလွား.....

လေအဟုန်မှာ လူးလားခတ်နေပြီ......

နှလုံးသားတစ်ခုလုံးမြုပ်နှံ.....

အာရုံတွေက စူးစူးရှရှ.....

တစ်ဘဝလုံးနဲ့ ရင်းထားရသလိုမျိုး....

တချက်မှားရင် ကြိုးဖျားမှာ အသက်ပါသွားလေမလား.....

ဖြစ်တည်ခြင်းတွေက ရုန်းကန်လှုပ်ရှား....၊သူသွားမှ ကိုယ်နေရမှာ.....၊

အမုန်းကြောင့်မဟုတ်တဲ့ စီးချင်းပွဲ....

သူ့အတွက် ဝမ်းမနည်းနိုင်......၊

ကိုယ့်အလှည့်မှာလည်း မနွဲ့စတမ်း....

ရှုံးနိမ့်တော့ လွင့်ဝဲရပြန်ပေါ့.....။

7 comments:

  1. ဒို့ မှာတော့ ဒီလို အနုပညာ မရှိတာ အမှန်ပါပဲကွယ်.. :P

    ReplyDelete
  2. အမုန်းကြောင့်မဟုတ်တဲ့စီးချင်းပွဲ ဟူးးးးးးး

    စိတ်အေးချမ်းပျော်ရွှင်ပြီး
    သာယာချမ်းမြေ့ပါစေရှင်း
    မိုး

    ReplyDelete
  3. လေယုန်ပြင်းပြင်းတွေ တိုက်အောင် အမြင့်ကြီင်္းမလွှတ်လိုက်မိစေနဲ့ဗျ လိုသလိုလေး အတိုးလျှော့လုပ်လို့ရအောင် နိမ့်နိမ့်ပဲလွှတ်း) ချစ်ရင်ပြောပါတယ် ။

    ကဗျာနဲ့လည်းမဆိုင်ပဲ မန့်ခဲ့ပါတယ် ။

    ReplyDelete
  4. စွန့်လွှတ်ရမှာကြောက်လို့
    စွန်မလွှတ်ခဲ့ဖူးဘူး..။
    အဲဒီလောက်သွေးကြောင်သူပါ

    ReplyDelete
  5. ကဗျာတွေက လန်ထွက်နေတော့ အတော်စဉ်းစားနေရင်းနဲ့ ဘာပြောရမှန်းကိုမသိဘူး...း))

    ReplyDelete
  6. “တစ်ဘဝလုံးနဲ့ ရင်းထားရသလိုမျိုး....
    တချက်မှားရင် ကြိုးဖျားမှာ အသက်ပါသွားလေမလား.....”

    အရေးလေး လှတယ် ကိုမောင်လေးရေ...

    ReplyDelete
  7. တင်စားလှချည်လား မောင်လေးရယ်။ စွန်မလွတ်ဖူးတော့ စွန်အကြောင်းကောင်းကောင်းမသိ။းဝ)

    ခင်မင်လျက်
    ကိုကိုမောင်(ပန်းရနံ့)

    ReplyDelete