Sunday, February 20, 2011

မျောလွင့်နေတဲ့ လူ


ဘန်ကောက်မြေကိုစနင်းနင်းခြင်းမှာ ပထမဆုံးသတိပြုမိတာကတော့ များပြားရှုပ်ထွေးလှတဲ့ ကြော်ငြာဆိုင်းပုဒ်
တွေနဲ့ အိုဗာဟတ် ဓာတ်ကြိုးတွေပါ.....။





ဘန်ကောက်ရဲ့ နာမည်ကျော် တုတ်တုတ်လေး.....။



မြို့ဘန်ကောက်ရဲ့ မိုးပျံရထား BTS ပါ။Nလိုင်း၊Sလိုင်း၊Eလိုင်း ဆိုပြီး ၃လိုင်းရှိပါတယ်...၊တလိုင်းမှာ ၆ဘူတာ၊
၇ဘူတာလောက်ပဲ ရှိတဲ့ လိုင်းတိုတွေပါ..၊MRT တလိုင်းရှိပါတယ်....။BTS နဲ့ MRT ဘာကွာသလဲတော့ မသိ
ပါဘူး...၊ကြည့်ရတာ MRT က လမ်းကြောင်းရှည်ပါတယ်....။BTS စီးခဲ့ပေမယ့် MRT တော့ မစီးဖြစ်ခဲ့ပါ။


၅၃ ဘတ်စ် ပါ....။မြနမ်မာပြည်က ၅၃ နဲ့ဘာကွာသလဲဆိုတော့ မြင်တဲ့အတိုင်းပဲ ချောင်ချောင်ချိချိ စီးရပါတယ်...။
စပယ်ယာရှိပေမယ့် ပြူးပြူးပြဲပြဲ နဲ့ လိပ်ခေါင်းထွက်မတတ် အော်ခေါ်မနေပါဘူး၊ထိုင်ရာကတောင်မထပါ...:)။
ဟိုတယ်က ကျွေးတဲ့ အနောက်တိုင်းစတိုင် နံနက်စာကို မစားပါဘူး၊ဟိုတယ်နဲ့မလှမ်းမကမ်းက လမ်းဈေးလေး
ထဲက အသုတ်တွေ၊ထမင်းကြော်တွေ၊ငါးကြော်တွေ၊မုန့်လင်မယားတွေ၊ဝက်ခြေထောက်စွပ်၊အကင်တွေ ၊ပြီး
အသီးအနှံတွေကို လေးရက်လုံးလုံး အလှည့်ကြဝယ်စားပလိုက်တယ်...၊

အီကြာကွေးပေါက်စလေးတွေ...၊တစ်ခု ၂ဘတ်....။

နံနက်စာ၊ညစာ ဝယ်စားခဲ့တဲ့ ဈေးလမ်းလေးပါ...၊လမ်းရဲ့ ဟိုဘက်ထိပ်နားမှာ မြန်မာသံရုံးရှိပါတယ်....။
မြန်မာတွေကိုလည်း အဲဒီမှာ ဝယ်ချမ်းနေကြတာတွေ့ခဲ့ရဲ့....။

ဟိုတယ်ရဲ့ မျက်နှာချင်းဆိုင်၊လမ်းတစ်ဘက်ခြမ်း မလှမ်းမကမ်းမှာ ဟိန္ဒူဘုရားကျောင်းရှိပါတယ်...၊ပန်းရောင်းတဲ့
ကလေးမလေးက ဆိုင်ကယ်နဲ့ခင်ည....:)။

KFC၊SUBWAY၊Pizza Hut၊McDonald၊Burger King၊ 7/11 တို့နဲ့ ဂလိုဘယ်ဆန်ဆန်ရှုပ်ရှုပ်ထွေးထွေး လှပ
နေတဲ့ ဘန်ကောက်.....။



ဟိုး...တစ်ချိန်က ကမ္ဘာကျော် လက္ခဏာဆရာကြီး ကိုင်ရိုက တစ်ချိန်မှာ ကမ္ဘာမှာအဝါရောင်တွေ လွမ်းမိုးလိမ့်
မယ်လို့ နိမိတ်ဖတ်ခဲ့တယ်လို့ဆိုပါတယ်....၊ဘာသာရေးဆြာတွေက ဗုဒ္ဓဘာသာရဲ့ ရွေဝါရောင်သင်္ကန်းကို
ရည်ညွှန်းတာလို့ ဆိုကြပြီး၊နိုင်ငံရေးသမားတွေက အသားဝါတရုတ်တွေကို ဆိုလိုတာဖြစ်မယ်လို့ အဓိပ္ပာယ်ဖွင့်
ခဲ့ကြပါတယ်...။ စီလုံပေါက်ဖော်တို့ရဲ့ နှစ်သစ်ကူးက ခုတော့ဂလိုဘယ်ဆန်လာပါပကောလား.....:)



ဟုတ်ကဲ့....ဟုတ်ကဲ့....ဒီနှစ် ယုန်နှစ်ဆိုတာသေချာပါတယ်.....:)

13 comments:

  1. bus တွေက သိပ်မကောင်းဘူး...ဒီက bus တွေက ပိုသန့်သလိုဘဲ...ရထားက ကုမ္ပဏီကွဲလို့ နာမည် ကွဲတာထင်တယ်...
    ဒါမှမဟုတ် အစိုးရပိုင်နဲ့ ပုဂ္ဂလိက ကွာလို့လား...ဒီမှာလည်း ရထားလိုင်းတွေက နာမည်ပေါင်းစုံနဲ့...

    ReplyDelete
  2. အမ်ပေါင်းရော မရခဲ့ဘူးလား ? :-)))

    မိုးစက်ပွင့်

    ReplyDelete
  3. မြစ်ကျိုးအင်းSunday, February 20, 2011

    ပုံတွေကြည့်ရင်းနဲ့ ၂လ လောက်နေခဲ့ဖူးတာတွေ
    ပြန်သတိရသွားမိတယ်။

    ReplyDelete
  4. မောင်မျိုးSunday, February 20, 2011

    ရောက်ခဲ့တဲ့နေရာ တစ်နေရာကျန်နေတယ်း)

    ReplyDelete
  5. ဟုတ်ကဲ့... ဟုတ်ကဲ့... ဒီနှစ်ကတော့ မောင်လေးရဲ့ ခရီးသွားနှစ်ဘဲ ဖြစ်ပါတယ်။းဝ)

    ဗန်ကောက်ကို အမှန်မရောက်ဖူးပါဘူးဗျားး။ အကြံပေါက်ရင်တော့ တစ်ခါတစ်ခေါက်လောက် သွားလိုက်ပါဦးမယ်။

    ခင်မင်လျက်
    ကိုကိုမောင်(ပန်းရနံ့)

    ReplyDelete
  6. ထိုင်းကိုရောက်ဖူးသွားပြီ :) ရှဲ့ရှဲ့ ခင်ညာ :) စီရုတ်လိုကျေးဇူးတင်သွားတယ် :)

    ခင်တဲ့(ဖိုးကြယ်)

    ReplyDelete
  7. ညီလင်းသစ်Sunday, February 20, 2011

    ဘန်ကောက် မရောက်ဖြစ်တာ တော်တော်ကြာသွားပြီ၊ ကျနော် နောက်ဆုံးရောက်တုန်းက မြေအောက်ရထားက လမ်းဖောက်နေတုန်းပဲ၊ ဘန်ကောက်ရဲ့ လမ်းတွေမှာ လျှောက်သွား၊ လျှောက်စား ရတာ ကြိုက်တယ်..။

    ReplyDelete
  8. တို့များလဲ တစ်ခေါက်လောက်ရောက်ဖူးချင်ပါရဲ့.

    မျောလွင့်တိမ်တို့ နားခိုရာလေးမှ လွင့်မျောနေသော လူရဲ့ ပို့စ်ကို ဖတ်ပြီး ကိုယ်တောင် ခရီးစဉ်ထဲမှာ လွင့်မျော သွားသေးရဲ့။

    ReplyDelete
  9. ဘန်ကောက်ကို တခါမှ မရောက်ဖူးဘူး။
    တုတ်တုတ်ဆိုတဲ့ သုံးဘီးကားပုံလေးကို ကြည့်ပြီး ဟိုးငယ်ငယ်တုန်းက ရန်ကုန်က သုံးဘီးကားလေးတွေကို သတိရသွားတယ်။ ရန်ကုန်သုံးဘီးကားက လိမ္မော်ရောင်လေးတွေ။ တခါစီး တကျပ်။ အဲဒီက တုတ်တုတ်က ဘယ်လောက်ပေးရလဲ မသိဘူးနော်။

    ReplyDelete
  10. မောင်လေး ခရီးသွားနေသည်
    (mrtv 4 မှ တိုက်ရိုက်ထုတ်လွှင့်နေသတဲ့)
    :D
    ဒါနဲ့ ပတ္တယားက အလာစကားကိုရော
    ရောက်ခဲ့ဘူးလား
    မရောက်ခဲ့ရင်တော့ သေတာပဲ:P

    ReplyDelete
  11. ကိုမောင်လေးခရီးသွားခဲ့သကိုး..း)))...

    ခင်မင်တဲ့
    နေ၀သန်

    ReplyDelete
  12. အော်....... ဒင်းက ဆွိုင် ၄ မှာ တွေ့ ခဲ့တယ်ဆိုတာ ဒါ့ကြောင့်ပြောတာကိုး.. တော်တော်ကဲလာခဲ့တယ်မှတ်တယ်...

    ဘတ်စ်ကားက ရိုးရိုးကားတွေရှိပါတယ်... ဟိုးအရင်က ကားတွေပါ... စပါယ်ယာ အများစုက ထိုင်းမတွေပါ.... MRT က တစ်ကြောင်းပဲရှိပါတယ်.. BTS မရောက်တဲ့နေရာတွေ အတွက်ပါ...

    ဘတ်စ်ကားစီးတတ်ရင် ဘန်ကောက်မှာ အလွန်ကို ငွေကုန်ကြေးကျ သက်သာပါတယ်... ဆိုးတာက ထိုင်းလို မှတ်တိုင်ပြောနိုင်မှဖြစ်ပါတယ်.. ကျနော်တော့ မရ ရအောင် အလွတ်ကျက်ပြီး ပြောစီးပါတယ်... အင်မတန်ကို လမ်းစရိတ်သက်သာပါကြောင်း

    ReplyDelete
  13. ခရီးသွားရတာ ပျော်စရာကောင်းတယ်နော်..။

    ဘန်ကောက်ဆိုတာ ဖြတ်သွားဖြတ်လာ (လေယာဉ်အကူးအပြောင်း)ပဲ ရောက်ဖူးတာ..။ ရောက်ဖူးချင်တယ်..

    ReplyDelete