Thursday, March 24, 2011

တစ်ရာသီစာနောက်ကျပြီးမှ ရောက်လာတဲ့ ဆောင်းရာဇဝင်

အချစ်ဆိုတာ ငါ့အတွက်တော့ တစ်ရာသီစာနောက်ကျပြီးမှ

ရောက်လာတဲ့ ဆောင်ရာသီမနက်ခင်းတစ်ခုပါ.....

ပရမ်းပတာဖြစ်ရပ်တွေ အစီအစဉ်တကျဖြစ်နေတတ်တဲ့

ဟောဒီဘဝထဲမှာ....

ငါ့ရင်ထဲကို မင်းဝင်ရောက်လာပုံက

အစီအစဉ်တကျ ကို ပရမ်းပတာနိုင်လွန်းလှချည်ရဲ့.....။

နံနက်ခင်းမှာမှထွက်လာမိတဲ့ လ လိုမျိုး....

ငါ့ရင်ထဲက ချစ်ခြင်းတွေမှာ

မင်းသတိတရရှိစရာ ဘာမှမရှိဘူးဆိုတာ....

သေရာပါသွားခဲ့ပါပြီကော.....။

စိတ်မှန်ကိုပြန်ကြည့်တိုင်း မြင်ရတဲ့ နှလုံးသားအမာရွတ်တစ်ခုမှာ

အလွမ်းတွေက အုပ်အော်သောင်းတင်းပါလား ဟန်နီ....။

တမေ့မောမောကြည့်မိခဲ့တဲ့ မင်းရဲ့မျက်တောင်ရှည်ရှည်တွေအောက်က

ရေခဲရိုက်မျက်ဝန်းတစ်စုံအကြောင်းကို မနှောင်းခင်ကတည်းက သိခဲ့ပြီးသားပါ

လူမိုက်တစ်ယောက်ရဲ့ ကိုယ်တိုင်ရေး ပုရပိုဒ် မှာ

ကြက်ခြေခတ်တွေ ရဲပတောင်းခတ်နေမှတော့...

ဘာနဲ့များ နှစ်သိမ့်ရဦးမှာတဲ့လဲ....။

ဆောင်းဦးရေ....

ဖိုသီဖတ်သီနဲ့တော့ မအေးပါနဲ့လားကွယ်....

အဖျားခတ်ရုံနဲ့ နှလုံးသားတွေ ခိုက်ခိုက်တုန်နေပါပြီ....။

တစ်ရာသီစာနောက်ကျပြီးမှရောက်လာတဲ့ ဆောင်းဦးရဲ့လေထန်လေရိုင်းတွေကြားမှာ...

ကြေကွဲနှလုံးသားတစ်ခုကို သူ့ကံအလျောက်ထားခဲ့ပါတော့ ဟန်နီ.....။

6 comments:

  1. မောင်မျိုးFriday, March 25, 2011

    ဒဏ်ရာက မကျက်သေးဘူးပေါ့လေ ။ လွမ်းတုန်းလား အစ်ကိုရး)

    ReplyDelete
  2. ညီလင်းသစ်Friday, March 25, 2011

    တရာသီစာ နောက်ကျခဲ့တဲ့ ကဗျာလေးကို ခပ်ချမ်းချမ်း နဲ့ပဲ ဖတ်သွားပါတယ်...။း)

    ReplyDelete
  3. “လူမိုက်တစ်ယောက်ရဲ့ ကိုယ်တိုင်ရေး ပုရပိုဒ် မှာ
    ကြက်ခြေခတ်တွေ ရဲပတောင်းခတ်နေမှတော့...
    ဘာနဲ့များ နှစ်သိမ့်ရဦးမှာတဲ့လဲ....။”

    ရေးလည်း ရေးတတ်ပ..
    ဖွဲ့လည်း ဖွဲ့နွဲ့တတ်ပ...
    အစဉ်အားပေးလျှက်...

    ReplyDelete
  4. ရေခဲရိုက်မျက်လုံးတစ်စုံအကြောင်းကို ထပ်ရေးပေးပါ.... :) :) :)

    ReplyDelete
  5. လွမ်းစရာလေးပါလား...

    ReplyDelete
  6. ဟဟ.. ကိုမောင်လေးတို့ရေးလိုက်လို့ရှိရင်တော့ အလန်းကြီးပဲ.. လိုက်ကိုမမီတာ...း)))


    ခင်မင်လျက်
    နေ၀ဿန်

    ReplyDelete