Sunday, July 24, 2011

ကျွန်တော်ကြိုက်၏ မကြိုက်၏

လူအမျိုးမျိုးစိတ်အထွေထွေ....တဲ့....။လူတစ်ကိုယ်အကြိုက်တစ်မျိုး.....ဟူသောစကားလည်းရှိသေး၏။ဟုတ်သည်...
တစ်ဦးနှင့်တစ်ဦးအကြိုက်ခြင်းတူသည်လည်းရှိ၊မတူကြသည်လည်းရှိပေါ့လေ....။ပြောမယ်ဆို ကြိုက်ခြင်း၊မကြိုက်
ခြင်းဆိုတာတွေကလည်းအလွန်အမင်းစွဲလန်းခြင်းတွေလို့ပြောရမှာပဲဗျနော်....။ပသို့ပင်ဖြစ်စေကာမူ...ကိုယ်ကြိုက်
တာလေးတွေလုပ်နေ၊တွေ့နေကြုံနေရရင် စိတ်ချမ်းသာတာကတော့အမှန်....၊ဆိုတော့..ကျွန်တော်လည်း ကိုယ့်
အကြိုက်လေးတွေ၊မကြိုက်တာလေးတွေ ပြန်ဆန်းစစ်ကြည့်တော့.........။

ကိုယ်ခန္ဓာ........

လူတစ်ယောက်ကို ခြေဆုံးခေါင်းဆုံးကြည့်တယ်....လို့ ပြောလေ့ပြောထရှိကြတယ်ဟုတ်.....။ကျွန်တော်လည်းလူတွေ
ကိုကြည့်ရင် ဘာရယ်မဟုတ် ခြေဖမိုးတွေကို ကြည့်မိတယ်ဗျ....။ခြေဖမိုးလေးတွေ ဖြူဖွေးသန့်ရှင်းနေရင် အဲ့လူကို
အလိုလိုအမှတ်ပေးပြီးသားပဲ....။အထူးသဖြင့် ကောင်မလေးတွေများ....ခြေဖမိုးဖြူဖြူဖောင်းဖောင်းလေးတွေဆို
သိပ်သဘောကျတာကလား....။ပန်းရောင်ဖိနပ်လေးစီး၊ခြေခြင်းဝတ်မှာ ရွှေဆွဲကြိုးမျှင်မျှင်လေးများပတ်ထားတဲ့
ကောင်မလေးတွေများဆိုရင်....၊အို...ဘာပြောကောင်းမလဲ...၊ခြေထောက်လေးပဲဖြတ်ယူထားချင်စိတ်ပေါက်
လာရော....:D

ကျွန်တော့်ခြေထောက်ကိုလည်း ဖြူဖွေးနေမှ ကြိုက်တာကလား...၊အပြင်ကပြန်လာတာနဲ့ခြေအရင်ဆေးတာပဲ....။
ရေချိုးရင်လည်း ဒီပြင့်အခြားနေရာသာချေးမတွန်းကာမှမတွန်းရော....၊ခြေဖမိုးတော့ ဘရပ်ခ်ျအသေးလေးနဲ့
တိုက်တော့တာပါပဲ...။အဲ....ခက်တာက ကျွန်တော်က အသားဖြူတဲ့သူမဟုတ်တော့ကာ ဘယ်လောက်တိုက်
တိုက် ချေးသာပြောင်ရင်ပြောင်မယ်.... ဖြူမလာပါဘူးဗျာ...၊တလောက ပန်နစူလာမယ် ညီမငယ်တစ်ယောက်နဲ့
တွေတော့ သူက အမှတ်တမဲ့ ကိုကြီးခြေထောက်လေးတွေဖွေးနေတာပဲလို့ပြောလိုက်တော့ ဘာပြောကောင်းမ
လဲ....ချက်ချင်း မြနန္ဒာကိုခေါ်သွားပြီး သူစားချင်တာဝယ်ကျွေးပလိုက်တယ်.....:D။

နောက်....ကျွန်တော်ကြိုက်တာတစ်ခုက ဆံပင်တိုတာ....။ငယ်ကတည်းက ဆံပင်လေးနဲနဲရှည်လာရင်ကိုမနေ
တတ်တော့ဘူး၊ဆံပင်ညှပ်ဆိုင်ဆီပြေးတော့တာပဲဗျိုး.....။အမေကတောင်ပြောယူရတယ်...ငါ့သားရယ်...နင်
ဆံပင်ညှပ်ဆိုင်များလုပ်ကျွေးနေရောသလား.....တဲ့...။ကိုယ်တိုင်ဆံပင်တိုသလို ကျွန်တော်ကြိုက်သမျှကောင်မ
လေးတွေကလည်း ဆံတိုလေးတွေခင်ဗျ.....:)။အတော်များများကတော့ ဆံပင်ရှည်ရှည်ကောင်မလေးတွေ
ကိုကြိုက်ကြမယ်နဲ့တူရဲ့...။ကျွန်တော်ကတော့ကျွန်တော့်ကောင်မလေးရဲ့ဆံပင်တိုတိုလေးတွေထဲလက်ငါးချောင်း
နဲ့ ထိုးဖွပြီး ကျီဆယ်ဆော့ကစားရတာကို သိပ်သဘောကျတာ....။သူကစိတ်ကောက်ရင် ကိုယ်ကပြန်ချော့၊ပွ
သွားတဲ့ဆံပင်လေးကို ဘီနဲ့တစ်ချက်၊နှစ်ချက်ပြန်ဖီးပေးလိုက်၊သူကစိတ်ကောက်ပြေတော့...............:)။
(အင်း...ခုတော့လွမ်းစရာလေးတွေဖြစ်ကျန်ခဲ့ပါပြီဗျာ......:)))

အပြုအမူ......

ကုလားထိုင်မယ် ထိုင်တဲ့အခါ ခြေချိတ်ပြီးထိုင်တာကို ကြိုက်တယ်။ဒူးနှစ်လုံးကိုထပ်၊လက်ဝါးနှစ်ခုကိုပတ္တာဆက်၊
ဆက်ပြီး ဒူးမှာချိတ်၊လေထဲမှာလွတ်နေတဲ့ ခြေထောက်ကို တလှုပ်လှုပ်နဲ့ ကိုယ်တွေးချင်တာတွေးနေတတ်တာက
ကျွန်တော့်အကျင့်ရယ်....။တလောက ရုံးမှာ ဘာမှလုပ်စရာမရှိကြတာနဲ့ အကုန်စုထိုင်ပြီးစကားပြောနေကြရော၊
ကျွန်တော်ကလည်း ကျွန်တော့်အကျင့်အတိုင်း ခြေချိတ်ထိုင်ပြီး ခြေထောက်လေးတစ်လှုပ်လှုပ်နဲ့ အာဝါဒါး ဖုတ်
နေတာပေါ့ဗျာ...၊ကျွန်တော်တို့ဘော့စ်က သူ့ရုံခန်းထဲကထွက်လာပြီး ကျွန်တော့်ဘေးနား ရို့ရို့လေးလာရပ်ပြီး
သကာလ...“ဟလိုဘော့စ်....ကျွန်တော်ဘာများဆောင်ရွက်ပေးပါရမလဲခင်ဗျာ.....”ဆိုပြီးလာမေးလေရဲ့....
သက်သက်လာရွဲ့တာလေ.....:)။ကျွန်တော်လည်းခပ်တည်တည်နဲ့ ဘာတုန်းဘော့စ်ရဲ့ လို့ပြန်မေးတော့ မင်းထိုင်
နေပုံက ဟိုက်ဘော့စ်ကြီး ထိုင်နေပုံမို့ပါကွာ...တဲ့။ဒါနဲ့ကျွန်တော်ကလည်း ဟုတ်တယ်...ဘော့စ်ပေးတဲ့လစာက
များလွန်းလို့ ဒီနှစ်ကုန်မြန်မာပြည်ပြန်ပြီး သူဌေးကြီးပြန်လုပ်မလို့ လို့ပြန်ပြောပလိုက်တယ်...၊ဘော့စ်တစ်ချိုးတည်း
ပြေးရော.....။(ကျွန်တော်တို့သူဌေးက ကပ်စေးနဲ၊သူ့ကိုစိတ်ပျက်စေချင်ရင်၊ဂျီတွန်ချင်ရင် ငွေရေး၊ကြေးရေးကိစ္စ
သာပြောလိုက်..ပြေးတာမှ ဖုံတောင်မထဘူးဆိုတဲ့အစားထဲကဗျ.......:)))

အစားအသောက်......

အစားအသောက်ချေးများတဲ့သူထဲမယ် ကျွန်တော်လည်းပါတယ်ဗျ....။ကျွန်တော်မကြိုက်တဲ့အစားအစာတွေ
အတော်များတယ်....။ငါးဆို ငါးခူ၊ငါးကျည်းနဲ့ ငါးမြင်း ပဲစားတယ်...။ဒါတောင် ငါးကျည်းဆိုကြော်မှ၊ငါးခူးဆိုချက်မှ။
အမဲသားလည်းမကြိုက်တာရော၊ငယ်ကတည်းကတစ်အိမ်လုံးမစားတာကြောင့်ပါ မစားဖြစ်ဘူး၊ဒီရောက်မှ ရံဖန်
ရံခါစားဖြစ်ရဲ့...၊ကြက်သား၊ကြက်ဥ၊ဘဲဥ လည်းမကြိုက်၊ဒီတော့ ကျွန်တော့်မယ်စားစရာဆိုလို့ ဝက်သားပဲကျန်
တော့တယ်....:)။ငယ်ငယ်ကဆို ပြတ်တုန်းလပ်တုန်း နှစ်ဆယ့်သုံးကျော်ပြီဆိုရင် အိမ်မှာ ဘဲဥဟင်းချက်ပြီ....။
ကျွန်တော်ကလည်း စိတ်ကောက်ပြီ....။ထမင်းမစားဘူးလုပ်ရော...၊အမေကတော့ မစားနေ..အကုန်သက်သာ
တယ်...ဆိုပြီးချော့ဘူးဗျ....။အဖေကတော့မနေနိုင်ဘူး...။တရုတ်ခေါက်ဆွဲဆိုင်သွားပြီးကျွန်တော့်တစ်ယောက်
စာ အခေါက်ကင်ဖြစ်ဖြစ်၊ဝက်သားပေါင်းဖြစ်ဖြစ် ဝယ်ကျွေးရှာတယ်....။အိမ်ထောင်ဦးစီးဖခင်ဆိုတော့ အိမ်မှာ
မပြည့်စုံတဲ့အခါ စိတ်မကောင်းရှာဘူးထင်ရဲ့...။မရှိ၊ရှိတာရှာကြံကျွေးမွေးရှာတာ...:(။ကျေးဇူးကြီးပါတယ်အဖေ၊
ခုတော့ ကျွန်တော်တို့သားသမီးတွေရဲ့အလှည့်ပါခင်ဗျာ......။

အသီးအနှံဆိုရင်လည်း ကန်စွန်းရွက်နဲ့ ခရမ်းချဉ်သီးကိုတော့အသေကြိုက်....။အဲ...ကျန်တာတွေကိုတော့ကြိုက်
တယ်မဟုတ်...၊ရွေးစရာမရှိမှသာစားရတာရယ်.....။နောက်..ကျွန်တော်တို့ တစ်အိမ်လုံး၊တစ်မျိုးလုံး ငပိရည်စား
ကြတယ်၊ငပိရည်မှမပါရင် ထမင်းစားမဝင်ကြဘူးရယ်...။အဲ....ကျွန်တော်ကျတော့မှ ငပိရည်ခွက်ကို ယောင်လို့
တောင်မတို့....၊ငပိရည်ကျိုနံတောင်မခံနိုင်...။အိမ်မှာအမေကမြေလတ်သူ....၊သူ့ဇာတိအရပ်မှာ ပါစွန်ဆိုတဲ့
ငပိတစ်မျိုးရှိသဗျ...၊အို....သိပ်နံတာကလား.....၊အမေဇာတိမြို့ပြန်ဖြစ်ရင် ပါစွန်တွေပိဿာနဲ့ချီပြီးဝယ်လာပါပြီ။
အဲဒီိလိုဝယ်လာပြီဆိုရင် ကျွန်တော်နဲ့က တစ်ရန်....။အဲဒီရက်ပိုင်းတွေမှာ ထမင်းဟင်းကျက်ပြီဆိုတာနဲ့ ကျွန်တော်
က ဦးဦးဖျားဖျား တစ်ယောက်တည်းအရင်စားပြီး အိမ်နဲ့ဝေးရာပြေးတော့တာပဲဗျိုး.....။သူရို့တွေကတော့ ပါစွန်ကို
ပဲတောင့်ရှည်လှီးထည့်ပြီးသုပ်ထားတာနဲ့ ခေါင်းမဖော်တမ်းစားကြလေရဲ့.....:)))။

အဝတ်အစား......

အဝတ်အစားတော့ သိပ်ချေးမများဘူးလို့ထင်မိတာပဲဗျာ....:)။အဲ...ဒါပေမယ့် ရှပ်အကျီင်္ကိုဝတ်လေ့ဝတ်ထမရှိဘူး
ဗျ....၊ကြယ်သီးတွေတပ်ရ၊ဖြုတ်ရတာ စိတ်မရှည်ဘူး....။ရှားရှားပါးပါး ရှပ်အကျီင်္ဆိုလို့ကျွန်တော့်မှာတစ်ထည်
တည်းရှိသဗျ....။လည်ကတုံးအကျီင်္အဖြူတွေကိုတော့ကြိုက်တယ်...။ခက်တာက အဖြူရောင်က စွန်းထင်းလွယ်
တော့ မဝတ်ချင်ဘူးဗျ...။နောက်မကြိုက်တာက စတိုင်ဘောင်းဘီတွေ...၊ဝတ်ဘူး....ဘယ်တော့မှ....:D။ဂျင်းပင်
ကတော့ ကြိုက်တယ်လည်းမဟုတ်၊မကြိုက်ဘူးလည်းမဟုတ်...၊ဒီနိုင်ငံမှာတော့မဝတ်မဖြစ်ဝတ်နေရတာပါပဲ....။
ပုဆိုးဆိုရင်လည်း ဦးဂျမ်းဂန့်ဂေါ်တစ်မျိုးပဲဝတ်တယ်....။တစ်ခြားဘာတံဆိပ်တွေဘယ်လောက်ကောင်းတယ်ပြော
ပြော ကျွန်တော်ကဦးဂျမ်းမှ ဦးဂျမ်း....။လုံးဝမဝတ်တဲ့ပုဆိုးက ကချင်လုံချည်နဲ့ ယောလုံချည်....။ဘာကြောင့်မှန်း
မသိ....အဲ့ပုဆိုးနှစ်မျိုးကို ကြိုက်ကိုမကြိုက်တာ.....ဘယ်လောက်အစွဲအလန်းကြီးသလဲဆို ရေလဲပုဆိုးတောင်
အဖေ့ကချင်ပုဆိုးအဟောင်းလေးနဲ့ တခြားချည်လုံချည်အဟောင်း နှစ်မျိုးရှိရင် ချည်လုံချည်နဲ့ပဲရေလဲလုပ်တာ...။

ဖိနပ်ဆိုလည်း ရှူးဖိနပ်တွေကိုမတတ်သာလို့သာဝတ်ရ၊ကြိုက်ဘူးဗျာ...။နောက်အရမ်းမုန်းတဲ့ဖိနပ်ကတော့
ကွင်းထိုးဖိနပ်နဲ့ရာဘာဖိနပ်တွေ....။အသေသာခံမယ် လုံးဝမဝတ်......:D။တစ်မျိုးတည်းသောစီးစရာဖိနပ်ကား
အောကတ္တီပါခြေညှပ်ဖိနပ်ပင်တည်း.....။ဥတုသုံးပါးစလုံးအောကတ္တီပါဖိနပ်ပဲဝတ်လေ့ဝတ်ထရှိသည်။မိုးတွင်း
ရောက်ပြီဆို ဖိနပ်ကိစ္စနှင့်ပတ်သက်ပြီး ကျွန်တော်နဲ့အမေ ရန်ဖြစ်ရပြီ....။အမေက မိုးတွင်းစီးဖိနပ်ပဲစီးဖို့ပြော
သည်...။ကျွန်တော်ကမစီး...။ကတ္တီပါဖိနပ်ကို နှစ်ရံဝယ်ပြီး စီးသည်။တစ်ရံမိုးစိုလျှင် အိမ်နံရံမှာထောင်ထားပြီး၊
နောက်တစ်ရံထုတ်စီးလေ၏.....:D။လှချင်တာမဟုတ်၊မိုးတွင်းစီးလျှင် ကတ္တီပါဖိနပ်တွေပစ်ရမှန်းသိသော်လည်း
ကျွန်တော်က ဒါမှဒါရယ်....။

ကျွန်တော်ကားခြေထောက်ကို ဘရပ်ခ်ျနှင့်ပြောင်နေအောင်တိုက်၊အောကတ္တီပါခြေညှပ်ဖိနပ်လေးစီး၊ဦးဂျမ်း
လုံချည်လေးဝတ်ထားလိုက်လျှင် ကိုယ့်ကိုယ်ကို သန့်သန့်နှင့်ခန့်ခန်ကြီးဖြစ်သွားပြီဟုတ်အထင်ရှိချေသည်
တစ်မုံ........:DDD။

အင်း...ခုလိုကျွန်တော်ကြိုက်၏၊မကြိုက်၏ တွေကို ချရေးကြည့်တော့ ကိုယ့်ဘာသာ ငါ...အတော်ဇီဇာကြောင်
နေပါလားဟူ၍ တွေးမိချေသည်...။သို့ပေမယ့်ကြောင်ကာမှကြောင်ရော....၊သူများကိုမထိခိုက်သ၍တော့ ကိုယ်
စွဲမိစွဲရာ၊ကြိုက်မိကြိုက်ရာ နေသာသလိုလေးနေဖြစ်နေဦးမည်ထင်၏။

တလောက daily likes၊daily dislikes တွေ ပျော်ပျော်ပါးပါးရေးကြတာ တစ်ဝကြီးဖတ်လိုက်ရပါတယ်....။
ကျွန်တော့်ကြိုက်၏မကြိုက်၏လေးကတော့ တစ်နေ့စာမဟုတ်တဲ့ တစ်ဘဝစာကြိုက်ခြင်း၊မကြိုက်ခြင်းတွေ
ပေါ့လေ....။ဆိုတော့ ကျွန်တော်လည်း အခြားသူတွေရဲ့ ကြိုက်ခြင်းမကြိုက်ခြင်းတွေကို နဲနဲစပ်စုပါရစေဗျာ...:D

အရင်ဆုံး ဘလော့ခွင့်ခဏခဏယူပြီးညန်မာပြည်ပြန်ပြန်လစ်တတ်တဲ့၊ကျွန်တော်မှာလိုက်တဲ့ ပြာကညို ကိုလည်း
ရော့တစ်ယောက်တစ်ဝက်ဆိုပြီး ဝေစားမျှစားလုပ်တတ်တဲ့ ဖိုးကြယ်လေး(ကြယ်လွမ်းသူ) ကိုထိတ်ဆုံးက တဂ်
ပါတယ်.....။

နောက် ဘာရေးရမှန်းမသိလို့ ခေါင်းကို ကြံရည်ကြိတ်စက်ထဲထည့်ပြီး အိုင်ဒီယာတွေညှစ်ထုတ်ရမလိုဖြစ်နေပြီ
ဆိုတဲ့ ကိုထွဋ်....

ပြီး ပါစင်နယ်တွေရေးရင် ဖတ်တဲ့သူကိုပြုံးနေအောင်ရေးနိုင်စွမ်းရှိတဲ့ ညီ...မောင်မျိုး.....၊(ရေးပြီးသားဆိုလည်း
ဗားရှင်းတစ်မျိုးနဲ့ပြန်ရေးပေး...ဒါဗြဲ....)

နောက်တစ်ယောက်က ကျွန်တော်တို့ရဲ့ ဂိုဏ်းချုပ်ကြီး....ကိုရဲ (အမှတ်တရနေ့စွဲများ)

ပြီးတော့ ငါ့ကိုတော့မတဂ်ပါနဲ့ ခေါင်းရှုပ်မခံချင်လို့ပါဆိုတဲ့ ကိုလတ်(အမှောင်ထုထဲကအလင်းစက်များ)(သောက်
ညှင်ကပ်လို့တဂ်တယ်...မရေးရင် နင့်အကြောင်းတွေ ဖဘမှာဖွင့်ချမယ်...ဘာမှတ်တုန်း...:))))

အရမ်းအလုပ်တွေရှုပ်ပြီး ၂ရက်မှ ၄နာရီသာသာပဲအိပ်ချိန်ရတယ်ဆိုတဲ့ မိုးယံ.....(ဖြေးဖြေးမှပါ အားမှရေး....:))

နောက် အတော်လေးအားနေပုံရတဲ့ နတ်ဆိုးလေး......

ပြီးတော့.....ခုတလောပြန်ပျောက်သွားတဲ့ ရှေ့နေလေး ကိုကိုးအိမ်..(သူပြန်လာရင် တဂ်ပို့စ်နဲ့ပြန်ပြန်လာတာ...:))

နောက်တစ်ယောက်က ပျော်စရာလေးတွေကိုဗဟုသုတရစရာလေးတွေနဲ့ရောယှက်ပြီးရေးတတ်တဲ့ကျွန်တော်
တို့ရဲ့ သူကြီး ကိုကိုမောင်(ပန်းရနံ)

ပြီး....လူကြီးပေါက်စလေးအလား တည်တည်ငြိမ်ငြိမ်လေးတွေရေးတတ်တဲ့ နေဝသန်(နေဝသန်ရဲ့အိုအေစစ်)

နောက်ဆုံးတစ်ယောက်ကတော့ အလှူ့လက္ဘက်လေးတွေ၊စုံစီနဖာလေးတွေအရှာအဖွေတော်တဲ့ ဘဘ ခေါ်
ဘသားချော.....

(ဘလော့လေးရေးတာ တစ်နှစ်ကျော်ပြီ...၊ကျွန်တော်ကစပြီး ဘယ်သူ့ကိုမှ မတဂ်ဖူးပါဘူး...၊ကိုယ့်လာတဂ်ရင်သာ
သေဖော်ညှိတဲ့အနေနဲ့ တဂ်တာပဲရှိပါတယ်....၊ခုကလည်း ပထမဆုံးနဲ့နောက်ဆုံးပါ၊နောက်တဂ်တော့ဘူးနော်..၊
အားလုံးပျော်ပျော်ပါးပါးရေးပေးကြမယ်လို့မျှော်လင့်မိပါကြောင်း......ချုပ်ဆေး.....ချုပ်ဆေး......:))

34 comments:

  1. ကညိမ်းနိုင် တက်ဂ်ထားတယ်ဆိုတာ ဒါကိုလား... :( စာရေးက ပျင်းပါဘိသနဲ့ပါဆိုမှ. လူဇိုး.. ဘကြီး စိတ်လာပျိုးတစ်ရာ.. စိတ်လာရင် ရေးပေးမယ်.. ဒါပဲ :)

    ReplyDelete
  2. ဘာတွေလဲ ဘယ်လိုပြန်ရေးပေးရမှာလည်း ....ဖတ်ရင်းနဲ့ငိုချင်လာတယ် ...

    ReplyDelete
  3. ဒုက္ခဘဲ။ ခြေထောက်ဖြတ်ယူထားချင်တယ်ဆိုလို့လန့်သွားမိတယ်။ ယောက်ကျားလေးအများစုကဆံပင်ရှည်တာဘဲကြိုက်ကြတာ သူ့ကျမှ။

    ReplyDelete
  4. ထင်တော့တယ်တယ်.. နောက်ဆုံးမှာ တက်တာလေးတော့ပါမယ်လို့.. :D.. ကိုမောင်လေးနဲ့ဆင်သလို မတူသလိုပဲ.. ကျွန်တော်က ခြေဖမိုးမကြည့်ပဲ ခြေသည်းကြည့်တာဗျ.. ခြေသည်းလက်သည်းရှည်နေတဲ့သူဆို ကျွန်တော်သိပ်ရွံတာ... :D.. ခြေကိုချိတ်ပြီးလည်း ထိုင်ချင်တာ တပိုင်းသေပဲ.. ခက်တာက လုံးဝထိုင်မရဘူး.. ထိုင်မရတဲ့သူတွေလည်းရှိတယ်.. ဘာကွာတာလဲတော့မသိဘူး.... :D.. ဆံပင်ကလည်း မတိုမရှည်ပေါ့.. ရှည်ရင်ပုံသွင်းလို့ရတယ်လေ.. တိုနံ့နံ့တော့ အသက်ကြီးရင်ထားရမှာမို့ အခုတော့ မထားရေးချမထား... :D.. ဟိဟိ...

    ခင်မင်လျက်
    နေ၀သန်

    (နောက်အပတ်ရေးမယ်နော်.. ကြာသပတေးကျော်ရင်.. )

    ReplyDelete
  5. ခြေဖမိုးလေးတွေ ဖြူဖွေးသန့် ရှင်းနေတာ၊ ဆံပင်တို ကြိုက်တာ တူတယ်ဗျ။

    ReplyDelete
  6. ရေးပြီးပြီး)

    ပျော်စရာပို့စ်လေးအတွက်ကျေးဇူး ခြေထောက်လေးတွေ လှတဲ့ ကောင်မလေးတွေ အစ်ကို့အစားရှာထားပေးမယ်နော့် ပျိုပျို အိုအိုဖြစ်တယ်ဟုတ် ။

    ReplyDelete
  7. ဖတ်လို့ကတော့ကောင်းမှကောင်း....ထင်တော့ထင်နေသလိုပါပဲလားပေါ့..အရင်ပြောသလိုပဲ ထိတ်ဆုံးကမှ ထိတ်ဆုံးကပဲ :) ရေးမယ်ဗျား...ရေးဦးမယ်ဗျား...ဒီမှာပုံတွေတင်ရတာခက်နေတာနဲ့ အတော်ရယ်... :D

    ခင်တဲ့(ဖိုးကြယ်)

    ReplyDelete
  8. မောင်လေး ရဲ့ တက်ဂ်စာလေး ကိုလာဖတ်သွားတယ်

    ReplyDelete
  9. ဟုတ်ပြီ..၊ မြနန္ဒာမှာ ထမင်း အလကား စားချင်ရင် ဘယ်သူ့ကို ဘာပြောရမလဲဆိုတာ သိသွားပြီဗျ၊း) ဒီမှာတော့ ခြေဖမိုးလေးတွေ မြင်ရဖို့ အခွင့်အရေးက နွေရာသီလောက်ပဲ ရှိတာ..၊ ကျနော်ကတော့ ကချင်နဲ့ ယောလုံချည်ကို အတော်လေး ဝတ်ခဲ့သေးတယ်ဗျ၊ ဒီပို့စ်လေးက ဘလော့ဂါနဲ့ စာဖတ်သူကို ပိုပြီး ရင်းနှီးလာ စေတဲ့ တံတားလေး တစ်စင်းပါပဲ...။

    ReplyDelete
  10. အဘ>>>သူ့စိတ်တောင်လာဆွပေးရမလိုဖြစ်နေပြီ....၊
    စာရေးချင်စိတ်ပေါ်လာအောင်ပြောပါတယ်..။မြန်မြန်လေး
    ရေး....မေ့လောက်အောင်စောင့်မနေနဲ့....ယ:)))

    ကိုရဲ>>>ငိုတော့မငိုပါနဲ့ဗျာ....၊ချော့မယ့်ကောင်မလေးလဲ
    မရှိပဲနဲ့...၊မျက်ရည်တွေမြေခရင် မိုးခေါင်နေပါဦးမယ်...:D
    ရေးပေးတာကျေးဇူး....။

    လရိပ်အိမ်>>>မလန့်ပါနဲ့ဗျ....၊ခံစားချက်ကိုတင်စားရုံ
    သက်သက်ပါ...:)))

    နေနေ>>>အိုကေပါဗျာ...အားမှပါ...၊အားရင်တော့
    သွက်သွက်လေးနော်....:))))

    ReplyDelete
  11. ဆန်းထွန်း>>>အကြိုက်ချင်းတူရင်ရန်သူပဲဗျ...:)))
    စတာပါ...။အားပေးတာကျေးဇူး....။

    မောင်မျိုး>>>အအိုတော့မလုပ်နဲ့လေကွယ်...ဒုသနသော
    တော့ကြောက်သကွဲ...။နောက်ခြေထောက်ပဲကွက်လှနေရုံ
    ဆိုရင် နင့်လာသတ်မှာနော်...ဟွင်းးးးး:)))
    ရေးပေးတာကျေးဇူး.....။

    ဖိုးကြယ်လေး>>>ကျေးဇူးညီ....။စောင့်ဖတ်နေမယ်..။
    ဒါ့ပုံလေးတွေလည်းအဆင်ပြေရင်လုပ်ဦး...။မြန်မာပြည်
    အလွမ်းပြေပေါ့......။

    အစ်မရွှေစင်>>>ဟုတ်အစ်မ...ကျေးဇူးပါဗျာ...။

    ကိုညီလင်းသစ်>>>လာခဲ့လေဗျာ....လိုက်ကြွေးမယ်..
    ခြေထောက်လေးတွေဖွေးနေတာပဲလို့တော့ပြောဖို့မမေ့
    နဲ့နော်...:D

    ReplyDelete
  12. ကိုဧရာကတော့ ခရုပုဆိုး အပြာကွက်လေးတွေ ၀တ်ခဲ့တာတော့
    (အို..ကိုယ်ကြိုက်တာ ကိုယ်ရေးတယ်အေ...းP)

    ReplyDelete
  13. မောင်လေး ခြေထောက်လေး ဖွေးနေတာပဲနော်
    (ကဲ အဲလိုပြောတဲ့သူ ထမင်းကြွေးချင်နေကျဆိုတော့ ဆိုင်ကောင်းကောင်း ရှာထားတယ်။ လိုက်ကြွေးပေတော့း)))

    ReplyDelete
  14. ခြေထောက်တကယ်ဖြတ်ယူမယ့်လူပဲ.... မန္တလေးက လူတွေ သတိထားနေကြပေရော့...... ခြေဖမိုးဖြူဖြူ ရွှေခြေကျင်းနဲ့ ဆို ဒင်းအကြိုက်ပဲတဲ့ဗျိုး....။

    ရှပ်အကျီင်္ဝတ်စမ်းပါဟ..... ရှပ်လက်ရှည်ဝတ်ပြီး လက်ခေါက်ထားလိုက်..... သိပ်လူကြီးဆန်သွားမယ့် .. ကလေးကလား တွေ ၀တ်ရမယ့် အရွယ်လည်း မဟုတ်...။

    မိုးယံကျ ဖြေးဖြေး.. ငါ့ကျ ရင့်သီးလှချည်လား..... ဟင်.....။

    ငါ့စိတ်ကို သိတယ်ဟုတ်.......။ ထိုင်းလာမှ ငပိရည်၊ အမဲသားနှပ်၊ ကြက်ဥကြော်နဲ့  ကျွေးအုန်းမယ်.... ။

    (ရေးတော့ရေးမယ်..... ဒါမယ့် ကြာမယ်. ဒါဘဲ)

    ReplyDelete
  15. အွန်.... သူ ကြိုက်တာတွေက တစ်မျိုး... အနော့်ကို အားနေပုံရတယ်တဲ့...
    ဟင့်...

    သုံးလေးရက် အတွင်း ရေးပါ့မယ်...
    ပြောလို့ သာ ပြောတာပါ.. တဂ်ပို့စ်ဆို မရေးရ မနေနိုင်ဘူး.. ခဏနေ ကောက်ရေးချင် ရေးမိတော့မှာ
    :P

    ReplyDelete
  16. မျှစ်ယောင်း..Tuesday, July 26, 2011

    ဦးလေးေ၇ ကျနော် ရေးပါမယ့်..အခု အလုပ်များပြီး ကွန်ပျက်နေလို့...ဘာမှမလုပ်နိုင်းဘူး....

    ရှဲ၇ှဲ တက်တဲ့အတွက်..

    ReplyDelete
  17. ဒီပို့စ်ဖတ်ပြီးနောက် ယောက်ျားလေးတွေလဲ ဂျီးများပြီး ဇီဇာကြောင်ပါကလားဟူ၍ မှတ်ချက်ချလိုက်မိပါ၏။

    ReplyDelete
  18. အစ်မလသာည>>>စလုံးကိုအလည်လာခဲ့ပါဗျာ....ကြိုက်
    တဲ့ဆိုင်မှာလိုက်ကြွေးပါ့မယ်...:)

    ကိုလတ်>>>မိုးယံကဂယ်မအားဖြစ်နေတာ....:P အဲ့သာ
    ကြောင့်ပါ၊နင်ကတော့ တစ်နေ့တစ်နေ့အားအားယားယား
    ဖဘမှာ လိုက်နေတာကိုး....:D၊ ရှပ်အကျီင်္တော့ဝတ်ချင်ဘူး
    လူကြီးလည်းမဆန်ချင်ဘူးဟေ့...၊ရေးပေးမယ်ဆိုပြီးရော။

    နတ်ဆိုးလေး>>>တိဘူးလေ...ညီကခုတလောကဗျာ
    တွေလွှတ်တင်နေတော့ အားနေထင်တာ....:P

    မျှစ်>>>နင့်မလဲ အင်္ဂါနံတွေအကျိုးပေးလှချီလား...၊
    မအားရင်ဖြေးဖြေးပေါ့....။

    မမေ>>>အင်း.....အဲ.....ဘာပြောရမှန်းတောင်သိ
    တော့ဘူး....:D နဲနဲပါမမေရ...မိန်းမတွေကိုတော့မမှီ
    လောက်ပါဘူး....:D

    ReplyDelete
  19. ဦးဂျမ်းလုံးချည်ကြိုက်တာ ၊ မိုးတွင်းလည်း ကတ္တီပါပဲ စီးချင်တာချင်းတော့ အကျင့်တူပါ့ဗျာ။
    အဲ... လောလောဆယ် သူဌေးချင်းလည်း တူသလိုလိုပဲး))

    ReplyDelete
  20. ခြေထောက်ဖြူချင်တာများ.. အဆန်းလုပ်လို့..။
    ဆိုက်ပရပ်စ်ကနေ အက်ဆစ်တစ်ပုလင်းပို့ပေးလိုက်မယ်၊ ခြေထောက်မှ မဟုတ်ဘူး၊ တစ်ကိုယ်လုံးဖြူချင်လား..ရတယ်..။
    အဲဒီအက်ဆစ်ရည်နဲ့သာ ရေချိုးချလိုက်.. :D

    ReplyDelete
  21. ဘုရား..ဘုရား..ခြေထောက်ဖြူရင်..ဖုချိန်းပါရင်
    ဖြတ်ယူချင်တယ်ဆိုတော့..
    ကိုညိမ်းရေ...
    ဘာကြီးတုန်းတော့..
    ကြောက်ကြောက်နဲ့ပြန်ပြီ
    တာတာ့...
    မဒိုးကန်

    ReplyDelete
  22. ကိုမောင်လေးကို..အပြင်မှာမမြင်ဖူးပေမဲ့...
    အောကတ္တီပါလေးအမြဲစီး..ဦးဂျမ်းပုဆိုးလေး..
    အမြဲဝတ်တတ်ပြီး..သပ်သပ်ယပ်ယပ်နေတတ်မဲ့သူ
    ဆိုတာ..ကိုမောင်လေးရေးတဲ့စာတွေလာဖတ်ရုံနဲ့
    သိပါတယ်..

    ကဲ..ကြေးအိုးဝယ်ကျွေးတော့..သူများကကြေးအိုး
    ဘဲကြိုက်တယ်... :P

    ReplyDelete
  23. အကြိုက်ချင်းတော့ တူသွားပီ ခရမ်းချဉ်သီးနဲ့ ကန်စွန်းရွက်နော်။ ကျန်းမာပျော်ရွှင်ပါစေ

    ReplyDelete
  24. ကိုကိုမောင်(ပန်းရနံ့)Thursday, July 28, 2011

    ဟိုက်...
    တဂ်ထားသကိုးဗျ။ ဒါကြောင့် ခုတလော မျက်ခုံးလှုပ်နေတယ် မှတ်တာ။ မအားလို့ ဘယ်မှ မရောက်ဖြစ်ဖူး။ (ရှူးးး တိုးတိုးးး။ အမှန်က မအားချင်ယောင် ဆောင်နေတာ)။း)))

    တနေ့နေ့တကြိမ်ကြိမ်တော့ ကြိုက်၏ မကြိုက်၏တွေကို အငိုက်မိအောင် မိုက်ကြည့်လိုက်ပါဦးမယ်။

    ခင်မင်လျက်

    ReplyDelete
  25. တလောက မသက်ဝေတို့နဲ့ ဒေလီးဒစ်လိုက်ရေးဖြစ်သေးတယ်...။ ခု အဖြူရောင်နတ်သမီးက လာတဂ်ထားတယ်...။ ဒါကြောင့် သူများတွေဆီကုန်ကြမ်းလာယူနေတာ ဟိ...။

    ReplyDelete
  26. အကို့ ဘလောက်ဒ် ကိုရောက်မှ ကျွန်တော်တောင်
    ပျော်ရွှင်သွားတယ် လူတွေလည်းစုံတယ်
    တကယ့် မောင်နှမအရင်း ညီကိုအရင်းတွေလိုပဲ
    ကိုယ် ကိုတိုင် တဂ်မရေးတတ်ပေမယ့် သူများတကာတွေ
    တဂ်ပို့စ် ဆိုရင်တော့ မလွတ်တမ်းကို လိုက်ဖတ်ပစ်တယ်
    ရယ်လည်း ရယ်ရတာရယ် နောက်ပြီးတော့ ပျော်စရာလည်းကောင်တာ
    ရယ်ကြောင့် ဘလောက်ဒ် ကိုကို မမ များမြန်မြန်တဂ်ပို့စ်ကို ရေးကြပါဗျို့။

    ReplyDelete
  27. အကိုဧရာ၊အစ်မသီတာ၊ကိုမြစ်၊နတ်သမီး၊အစ်မမဒိုးကန်၊
    မနက်၊တဂျီးကိုကိုမောင်၊ဘုန်းဘုန်းတောက်၊မမိုး၊ညီလေး
    မင်ဧရာ >>>
    လာလည်ကြတာ ကျေးဇူးအထူးတင်ပါတယ်ဗျာ...၊ဒီရက်ပိုင်းလုံးဝမအားလို့ ကွန်မန့်တွေမပြန်နိုင်ဖြစ်သွားတာအားနာပါ
    တယ်...၊ဘယ်သူ့ဆီမှလည်း အလည်မထွက်နိုင်ဖြစ်သွားပါ
    တယ်...၊အားလုံးကိုကျေးဇူးတင်ရပါတယ်...။

    ReplyDelete
  28. ခြေချိတ်ထိုင်ပြီး ခြေထောက်လေးတစ်လှုပ်လှုပ်နဲ့သူဌေးကို
    တစ်ချိုးတည်းပြေးအောင် ပြောလိုက်နိုင်တာကို သဘောကျသွားပါတယ်.... :D

    ReplyDelete
  29. ကျွန်တော်ငယ်ငယ်ကတော့ လူမြင်ရင် ခြေထောက်ကို ကြည့်ပြီး ဆုံးဖြတ်ဖူးတယ်....လူတော်တော်များများက အပေါ်ပိုင်းကိုသာ ဂရုစိုက်ကြတာကိုး တော်တော်လေးကို ဂရုတစိုက်ရှိကြတဲ့သူမှပဲ ခြေထောက်ကို သန့်သန့်ရှင်းရှင်းထားကြတာလေ...ကြီးလာတော့လည်း စိတ်ဓာတ်ကိုပဲ ကြည့်ပြီး ဆုံးဖြတ်ဖြစ်တော့တယ်...ခြေထောက်လေးတွေ ဖြူဖွေးသန့်နေပြီး စိတ်ဓာတ်ညစ်ပတ်တဲ့ မြန်မာပြည်က မော်ဒယ်ဂဲတွေကို အမြင်ကတ်လို့( အင်း...ဆိုင်ဆိုင် မဆိုင်ဆိုင်...)

    ReplyDelete
  30. ခြေထောက်ပဲ ဂရုစိုက်တယ်ပေါ့။ ကျန်တာ ဘာဖြစ်ဖြစ်တဲ့ . . . အဟပ်ဟပ်။

    ReplyDelete
  31. အကိုရေချာလပတ်လည်ရင်း အရောက်နောက်ကျနေတာ ခွင့်လွတ်...:) ကြိုက်မကြိုက်လေးတွေ လဲဖတ်၊ ကွန်မန့်လေးတွေကြောင့်လဲ ပြုံးသွားတယ်အကို...:)

    ReplyDelete
  32. ပိုစ့်ကိုဖတ်ပြီး ဘာပြောရမလဲ စဉ်းစားနေတာ မမေ ရေးတဲ့ ကော်မန့်ကို ဖတ်ပြီး တအားသဘောကျသွားတယ်... အဟဲ...း)))

    ReplyDelete
  33. လူတစ်ကိုယ် အကြိုက်တစ်မျိုး ဆိုထားတယ်မဟုတ်လား။ ဒါပေမယ့် ခြေထောက်ဖြတ်ယူချင်တဲ့ အကြိုက်ကတော့ နဲနဲထူးဆန်းနေသလားလို့.. :D :D

    ReplyDelete
  34. နီကိုရဲရဲ့ လမင်းလိုက်မုဆိုးထဲက နားရွက်ဖြတ်တဲ့ ဇာတ်ကောင်ကို ပြေးမြင်ယောင်မိတယ်..:D

    ReplyDelete