Wednesday, August 10, 2011

ပျော်မိပျော်ရာ..ဖေ့ဘွတ်မှသည်...

ခုတလော ဘလော့ဘက်ကိုခြေဦးမလှည့်ဖြစ်တာကြာပြီ။မအားလို့လားဆိုတော့အားလည်းအားတယ်၊အားလည်း
မအားဘူးလို့ပြောရမယ်...၊အားလည်းအားတယ်ဆိုတာက ခုတလောအလုပ်သိပ်မရှုပ်ဘူး၊ကိုယ့်အတွက်အချိန်ပို
လေးတွေရှိပါတယ်...၊အဲ...မအားတာကတော့ခုတလော ဖေ့ဘွတ်မှာခြေရှုပ်နေမိလို့ပဲဗျ...။အမှန်ဆို ကျွန်တော့်
ဘလော့လေးမလုပ်ခင်ကတည်းက ဖေ့ဘွတ်အကောင့်ရှိထားပြီးသားဗျ...။နို့ပေမယ့် သင်းကို တလနေလို့တောင်
တစ်ခါမဝင်မိတာအမှန်...၊အဲဒီတုန်းက ဒါ့ပုံတွေလည်းမတင်ဖြစ်ပါဘူး...။သူငယ်ချင်းရယ်လို့လည်းငယ်သူငယ်ချင်း
တွေကလွဲလို့ ဘယ်သူမှမရှိ..၊ဘယ်သူမှလည်းကိုယ့်လာမအက်သလို ကိုယ်ကလည်းမအက်ပါဘူး...။ခုနောက်ပိုင်း
မှာသာ ဟိုလူတွေဆွယ်လို့ တစ်ခုတ်တရသုံးဖြစ်တာရယ်...။

သုံးဖြစ်တော့ဘာဖြစ်သလဲဆိုတော့ စွဲသပေါ့.....:)။အရင်ကိုယ့်ဘလော့လေးနဲ့ကိုယ်ပျော်မွေ့နေတုန်းက ည၁၂
နာရီဆိုတာအလွန်ဆုံးပဲ၊စာလေးဘာလေးရေးရင်းဈန်ဝင်သွားမှသာ ည၁ချက်တီးလောက်ထိဖြစ်သွားတတ်တာ၊
ဟော....ဖေ့ဘွတ်လည်းသုံးဖြစ်ရောညည ၂နာရီ၃နာရီအထိကွန်ပြူတာရှေ့မခွာနိုင်တော့ဘူးဗျိုး...၊ပြီး ကျွန်တော်
ကတစ်ခုခုကိုစွဲမိပြီးဆို စားလည်းဒီစိတ်၊သွားလည်းဒီစိတ် ဆိုတာမျိုး...၊အဲ့ဟာမှအဲ့ဟာ...၊တခြားဘာကိုမှအာရုံမ
ဝင်စားနိုင်တော့ဘူး ဖြစ်တတ်တာကလား....။(အဲ့သာကြောင့်လည်း သံယောဇဉ်တွေကို အမျှင်မတန်းမိအောင်
ရှောင်နေမိတာ....၊နို့မို့ ကိုယ်တွေက ဗေထိဆိုကွဲပဟ ဆိုတဲ့လူစား....:)))

ကြာလာတော့ အအိပ်ပျက်၊အစားပျက်၊(ကန်တော့ပါရဲ့)တွိင်းလက်အဝင်ပါပျက်လာရော၊ပျက်ဆို မနက်အိပ်ယာ
ကနိုးတာနဲ့ ဖုံးကလေးဆွဲပြီး တွိုင်းလက်ဝင်ရော...၊အထဲမယ် ဖေ့ဘွတ်ထဲဝင်၊ညက ဘယ်သူတွေဘာများရေး
သွားသေးသလဲဆိုတာဖတ်တော့တာပဲ...၊ကိုယ်အိပ်ယာဝင်တာဘယ်လောက်ပဲနောက်ကျတယ်ပြောပြော၊ကိုယ့်
ထက်နောက်ကျမှအိပ်တဲ့သူတွေ အွန်လိုင်းမှာရှိသကိုးဗျ...၊တချို့ဆို ည ည အိပ်ရဲ့လားမသိ....:)။ဆိုတော့ ကိုယ့်
ကိစ္စကိုယ်ဖြောင့်အောင်မလုပ်နိုင်တော့ဘူး...၊စိတ်က ဖေ့ဘွတ်မှာပဲရောက်နေတာကလား....၊ပြန်ထွက်လာရင် ပြုံး၊
ပြုံး၊ပြုံး၊ပြုံး နဲ့...၊မသိတဲ့သူတွေကတော့ထင်မှာပဲ..၊ဒီကောင်အိမ်သာထဲဘာများတွေ့ခဲ့လို ပြုံးနေရပါလိမ့်၊ဂေါက်
များနေပြီလား.....လို့....:)။

ပြောမယ့်သာပြောရ ဖေ့ဘွတ်မှာသူငယ်ချင်းတွေနဲ့ပေါက်ကရပြောရတာပျော်ဖို့ကောင်းသဗျ၊အပြင်လောကမှာ
အလုပ်နဲ့အကိုင်နဲ့ဆိုင်နဲ့ကနားနဲ့၊ကိုယ့်အတတ်ပညာနဲ့ကိုယ်၊ကိုယ်စီရှိနေကြတဲ့သူတွေ ဖေ့ဘွတ်ပေါ်မှာကြတော့
အကုန်ပေါတောတောတွေဖြစ်ကုန်ရော၊တစ်ယောက်နဲ့တစ်ယောက်လည်း မလစ်နဲ့လစ်တာနဲ့ဖဲ့မယ်ဆိုတာပဲ။
လူတွေလည်း ဖေ့ဘွတ်ပေါ်မှာ တစ်ယောက်မှအကောင်းမရှိဘူး၊သူတောင်းစားဂိုဏ်းခေါင်းဆောင်ဖြစ်သူဖြစ်၊
မာမီလုပ်ရသူလုပ်ရ၊ငမူးငရူးလောက်ကတော့ နည်းသေးတာ....၊ဘယ်လောက်ပြောပြော၊တစ်ယောက်မှလည်း
နာပုံမရပါဘူး...၊ကိုယ့်ကိုအဲ့လိုပြောချင်တိုင်းပြောနေတာကိုပဲ တစ်ပြုံးပြုံးနဲ့ဖတ်နေမိတာ ကိုက ဖေ့ဘွတ်ကသူ
ငယ်ချင်းအသိုင်းအဝိုင်းလေးရဲ့ ချစ်စရာဓလေ့စရိုက်လေးဆိုပါတော့ဗျာ...၊

သို့ပေမယ့်ခုတလောအအိပ်အရမ်းပျက်လာတာကတစ်ကြောင်း၊ဘလော့မှာဘာစာမှကိုမရေးနိုင်လောက်အောင် အချိန်ကုန်လွယ်လှတာကတစ်ကြောင်း၊အကြောင်း ကြောင်းတွေကြောင့် ပျော်စရာကောင်းတဲ့ ဖေ့ဘွတ်မှ ခေတ္တ
မျှခွင့်ယူခဲ့ရပါတယ်..၊များများမဟုတ်ပါဘူး...၊ငါးရက်ထဲပါ...:D။ဒါတောင် ဂျီတော့မှာ သူငယ်ချင်းတွေကို ဖေ့ဘွတ်
မှာ ဘာထူးသေးလဲဟေ....လို့မေးနေမိသေး....:)၊အော်....သံယောဇဉ်များ တယ်ခက်.....။အင်း...နောက်လည်း
ဖေ့ဘွတ်သုံးချိန်ကိုကိုယ့်ဘာသာနဲနဲကန့်သတ်လိုက်မယ်လို့ စိတ်ကူးထားပါတယ်...။ဘာပဲပြောပြောတန်ဆေး၊
လွန်ဘေးကိုးဗျာ...၊ဆိုတော့ နောက်ပိုင်းတော့ ခြောက်တီးခြောက်ကပ်ဖြစ်နေတဲ့ ကိုယ့်ဘလော့လေးထဲ စာလေး
ဘာလေး လုံးလစိုက်လို့ပြန်ရေးပါတော့မယ့်အကြောင်း ကြေငြာမောင်းခတ်လိုက်ပါသဗျိုး....:)))


24 comments:

  1. ကျနော်လည်း ကွန်ပျူတာကြည့်ပြီး ရယ်ရယ်နေလို့ သူများတွေက ဂေါက်သွားပြီးလားထင်နေတာ ...
    ရေးပါ ရေးပါ များများလေးရေးထား ...အားပေးမယ်

    ReplyDelete
  2. တို့ကတော့ထိုင်ပြီး ကသိုင်းရှုသလိုရှူနေတာ.။

    ReplyDelete
  3. အပေါ်ကတစ်ယောက်က ဂေါက်ပြီးသာ; မဟုတ်လားကောင်းချင်ယောင် ဆောင်နေတယ်။

    ReplyDelete
  4. ပျော်စရာကောင်းလို့ စွဲနေတယ်ဆိုရင်တော့ လျှော့ရတာတောင် ခက်နေလိမ့်မယ်..

    ReplyDelete
  5. အော် မေ့လို့ နာမည်ပါမသွားဘူး..ပေါ်ကွန်မန့်မှာ..း)
    N/A

    ReplyDelete
  6. ဒါဆိုလည်း welcome back ပါ ကိုညိမ်းနိုင်ရေ...၊
    ကျနော့်မှာလည်း ဖဘ အကောင့် ရှိပေမယ့် အခြေအနေကတော့ အရင်တုန်းက ကိုညိမ်းနိုင် အတိုင်းပဲ၊ တစ်လနေလို့ တစ်ခေါက်တောင် မဝင်ဖြစ် ဘူးဗျ..၊ ဘလော့ဂ်မှာပဲ သစ္စာရှိစွာ နေထိုင်ပါတယ်..။း)

    ReplyDelete
  7. ဖဘ ကစွဲမယ်လို့သာစွဲတာ ဘလော့ဂ်လောက်တော့ ပျော်စရာမကောင်းဘူးထင်ပါတယ်ရှင်။ ပါစင်နယ်အတွက်လောက်ပဲ သုံးဖို့ကောင်းတယ်လို့ ထင်မိလို့ သိပ်မသုံးဖြစ်ဘူး။ မသိတဲ့သူတွေ လာအက်ရင်လည်း လက်မခံဖြစ်ဘူး။ ကွဲကွာနေတဲ့ မိတ်ဆွေသူငယ်ချင်းတွေရဲ့ သတင်းလေးတွေ တွေ့ရမြင်ရကြားရရုံလောက်ပဲ သုံးဖြစ်ပါတယ်။

    ReplyDelete
  8. ခေတ်ကာလကြီးကိုက အချိန်ဖြုန်းစရာ သိပ်များလာတာကလား။ လူကြီးတွေလဲ ကလေးတွေနဲ့အပြိုင် ကဲကြတာပေါ့။ အခုမှ ဒီစနစ်က ပေါ်လာတာကိုးးးး။ သူကြီးမင်းလဲ ဒီလိုပါဘဲ။ တော်တော်လေး အချိန်ဖြုန်းဖြစ်တယ်။ ဒါပေမဲ့ ဖဘကိုတော့ သိပ်မသုံးဖြစ်ဘူး။ ဘလော့လောက် စိတ်မ၀င်စားလို့။

    မောင်လေးလဲ ဖဘမှာ ခသ ရှိနေပြီထင်ပါ့။း))

    ခင်မင်လျက်

    ReplyDelete
  9. Facebook မှာပျော်သလို Blog မှာလည်းပျော်ပါ
    ဘလောဂ့်က အဖော်တွေကိုတော့ မေ့မထားပါနဲ့လို့း)

    ReplyDelete
  10.်အဆင်ပြေပါစေ..
    အင်တာနက်နဲ့ နီးနီးဝေးဝေး ပျော်ရွှင်အဆင်ပြေပါစေ..

    ReplyDelete
  11. အတူတူပဲ... အတူတူပဲ... အမလည်း ကွန်ပျူတာရှေ့ရောက်တိုင်း ဖဘပဲ အရင်ဖွင့်... သူနဲ့ပဲ အချိန်တွေကုန်နေလို့ အခုတော့ စာရေးတဲ့ဆီကို အာရုံပြန်ရောက်အောင် မနည်းပဲ ကြိုးစားနေရတယ်...

    ဖဘပေါ်ကို ရောက်မလာကြသေးတဲ့ ကိုညီလင်းသစ်တို့... မအိမ်သူတို့... ကို တခါတခေါက် အလည်လာရောက်ဖို့ ဖဘကြီးရဲ့ကိုယ်စား ဖိတ်ခေါ်ချင်ပါတယ်...း))

    ReplyDelete
  12. ဖေ့ဘုတ်ကိုနား၊ ဘလော့စာ လာထား ဆိုတဲ့
    ကတိဂျီးက တကယ်လား၊ ငါးရက်လား...:)))

    ReplyDelete
  13. ကျွန်တော်တော့ ခွင့်ယူဖို့ လုံးဝမစဉ်းစားပေါင်... :P

    ခင်မင်လျက်
    နေ၀သန်

    ReplyDelete
  14. တို့လဲ မမသက်ဝေလိုပဲ ဖဘမှာဖိတ်ခေါ်ပါတယ်.... ကိုညိမ်းနိုင်ရေ.....။ ကျန်တဲ့ အစ်ကိုအစ်မတွေကိုလည်း ဖိတ်ပါတယ်...။

    ReplyDelete
  15. မောင်မျိုးThursday, August 11, 2011

    သူတို့ ၂ ယောက်လုံးနဲ့ မခွဲဘူး ဘလော့ကော ဖေ့ဘွတ်ကေား)))

    ReplyDelete
  16. ဘလ ကမျှော်နေတယ်နော်

    ReplyDelete
  17. ဟဟဟဟ
    လို့သာအော်ရီလိုက်မိပါတယ်
    အကိုရေ...

    မဒိုးကန်ကတော့
    ဆရာဝန်အမိန့်နဲ့ကိုနားလိုက်ရပါတယ်..း)

    ReplyDelete
  18. ဟုတ်ပ..ဟုတ်ပ
    facebook ထဲဝင်သွားမိလို့ကတော့
    ပြန်ကိုမထွက်နိုင်တော့တာလေ..
    cityvalle လေးများဆော့နေလို့ကတော့
    သူငယ်ချင်းတွေစီကလက်ဆောင်တောင်းရတာနဲ့
    သူတို့တွေစီ..လက်ဆောင်ပြန်ပို့ပေးရတာနဲ့
    အားကိုမအားတော့တာ..

    ခသ ကတောင်..gtalk မှာ..wait နေတဲ့
    အကြောင်း ဖဘ ထဲအထိလိုက်ပြောပြီး
    လိုက်ခေါ်ရတာ..
    သူများတို့က...အဲလိုကိုကြိုးစားတာ..ဟီးဟီးး

    ခင်တဲ့...Blackroze

    ReplyDelete
  19. ဂိုဏ်းချုပ်>>>ဂိုဏ်းချုပ်ကိုယ်တိုင်က ကွန်ပြူတာကြည့်ပြီး
    ရယ်နေမှတော့ ဒီဂိုဏ်းတစ်ဂိုဏ်းလုံးသွားပြီပေါ့ဗျ....:)))

    အစ်မကွန်>>>ဟုတ်တယ်..သူက ကောင်းချင်ယောင်ဆောင်နေတာ...:))၊အစ်မကွန်ဖဘ ကသိုဏ်းရှုတာအတော်လေး
    ပေါက်မြောက်ပြီလား...၊အကြားအမြင်ပေါက်ရရင်လည်း
    ပြောနော်...၊တိုတိုပေါက်ဂဏန်းတောင်းချင်လို့....:)

    ကိုအန်အေ>>>အဟုတ်ဗျ...ခုတောင်ဝင်ချင်တာ လက်ကို
    ယားနေတာပဲ..၊မနဲစိတ်ထိန်းထားရတာ....။

    ကိုညီလင်းသစ်>>>ဖဘ မှာဒီနာမည်နဲ့ပဲလား....၊အက်
    လိုက်မယ်...၊ကျွန်တော်တို့ အုပ်စုနဲ့တွေရင် ဘလော့ကို
    သစ္စာရှိသူကြီးဘဝကနေ သစ္စာမဲ့သူကြီးဖြစ်သွားစေရ
    မယ်....:D

    မအိမ်သူ>>> ကွဲကွာနေတဲ့ငယ်သူငယ်ချင်းတွေရဲ့သ
    တင်းလေးတွေကြားရုံလောက်သုံးတာကောင်းတယ်ဗျ၊
    ကျွန်တော်တို့သုံးတာကလည်း ပါစင်နယ်တွေပါပဲ...၊
    ခက်တာက ပါစင်နယ်တွေက ဟာသတွေဖြစ်နေတာ၊
    ဖြစ်ဖြစ်သွားတာဗျ....:))))

    သူကြီး>>>ဖဘမှာ သူကြီးစိတ်ဝင်စားစရာမတွေ့သေး
    လို့ပါသူကြီးရာ...၊တွေ့သွားရင် သူကြီးမပြန်နိုင်ဖြစ်နေ
    မှာ...:)၊ဖဘမှာ ခသ မရှိရပါဘူးဗျာ..၊ဖဘမှာ ချစ်သူရှာ
    ရရင်လည်း ဒီတစ်သက်လူပျိုကြီးဖြစ်ဖို့ကျိန်းသေသွား
    မှာ...:))))

    ReplyDelete
  20. အစ်မချော>>>မမေ့ရပါဘူးဗျာ...၊အစ်မကသာ ဘလော့
    ရွှာလေးကိုပစ်ပြီးပြေးတာလေ....:)))

    မရွှန်းမီ>>>ဆုတောင်းပေးတာကျေးဇူးဗျိုး...၊အင်တာနက်
    နဲ့ဝေးရင်တော့ သိပ်ပြီးအဆင်ပြေမယ်မဆင်ဘူးဗျိုး....:)

    အစ်မသက်ဝေ>>>ဟုတ်တယ်ဗျာ....ခုတော့အတော်
    အာရုံပြန်စိုက်နေရတယ်...၊ကိုညီလင်းသစ်တို့၊အစ်မအိမ်သူ
    တို့ကို ဖဘကမ္ဘာကြီးထဲဆွဲခေါ်ကြစို့အစ်မရေ...:)))

    အစ်မလသာည>>>ငါးရက်ထဲ...ငါးရက်ထဲ...ဒါတောင်မနဲအောင့်အီးထားရတာ....:)))

    နေဝသန်>>>ကြိုစားပုံကတော့ မောင်မျိုးနဲ့ သူငယ်ချင်း
    လို့မပြောရပါလားဟ....:D

    မမိုး>>>အက်လိုက်မယ်လေ...နောက်နေ့မှ....:)))

    မောင်မျိုး>>>နှစ်ယောက်လုံးနဲ့ပေါင်းမယ်ပေါ့လေ...၊
    လောဘတယ်ကြီး....:D

    အစ်မရွှေစင်>>>ဗိုလ်အောင်ဒင်ပြန်လာပြီလေ...:)))

    အစ်မကိုး>>>ဟောဗျာ...ဆရာဝန်အမိန့်နဲ့ကိုနားရတဲ့
    အဖြစ်ရောက်ရောလား...၊ခုလိုအဖော်ရှိတာ ဝမ်းသာ
    သဗျိုး....:)))

    မဘလက်>>>ဖြစ်ရမယ်....:) ဒါတောင်ကျွန်တော်က
    ဂိမ်းတွေမဆော့ဖြစ်အောင်နေ နေလို့ဗျ...၊နို့မို့ဆိုလို့
    ကတော့လွယ်ဘူး....:)

    ReplyDelete
  21. ခုနောက်ပိုင်း
    မှာသာ ဟိုလူတွေဆွယ်လို့ တစ်ခုတ်တရသုံးဖြစ်တာရယ်...။ တဲ့.. ငါအားပါးတရ ကလော်တုတ်လိုက်ရ မကောင်းရှိတော့မယ် ဒင်းတော့နော်. ဟင်းဟင်း

    ReplyDelete
  22. ကြောင်လတ်>>>နို့မဟုတ်လို့လား...၊တုတ်ကြည့်လိုက်
    လေ..၊တုတ်ကြည့်လိုက်စမ်းဘာ...၊ဖဘက နင့်ဂုဏ်ထူး၊
    ဘွဲထူးတွေ ဘလမှာပါပျံ့သွားမယ်မှတ်....:D

    ReplyDelete
  23. ဖေ့ဘွတ်က ခေတ်သစ် hotel californiaပါတဲ့။ ဘယ်သူလိုက်လိုက် မလိုက်လိုက် ကိုယ့်ဘာသာ လိုက်။ ဘယ်သူတွေ မတော်တရော် မန့် သွားလဲ၊ သိသိသာသာတမျိုး မသိမသာတမျိုး တွယ်ရတာ အမော.. :)
    http://sansanhtun.blogspot.com/2011/04/blog-post_21.html
    ကိုသွင်နောင်စိုး(သြဘာ စွယ်တော်ရိပ်အငြိမ့် YIT ကျောင်းသားဟောင်းများ) ရေးတာ ကြိုက်လွန်းလို့  စန်းထွန်း ဘလော့မှာ တင်ထားသေးတယ်။ ကိုငြိမ်းက ဘယ်အမျိုးအစားမှာ ပါလဲဟင်...း)

    ReplyDelete
  24. ခရစ္စတလ်Thursday, August 25, 2011

    ကိုလတ်နဲ့မောင်လေးက ဖဘက အတိုင်းပါပဲလားအေ...

    ရောက်ဖူးတယ် ဒီဆိုဒ်ကို သိပြီးသား :)

    ReplyDelete