Friday, August 19, 2011

ဆေးဆိုးပန်းရိုက်သက်ပြင်းများ

ကျေးဇူးတင်ပါတယ် အပြာ.....

ငါက ပရိုဖက်ရှင်နယ်ကျကျ အပျော်တမ်းနေထိုင်သူတစ်ယောက်....

ငါက အစိမ်းရင့်ရင့်ပေါ်က ထမင်းသိုး၊ဟင်းသိုး.....

ငါက မျက်စိလည်လမ်းမှားလို့ ရောက်လာတဲ့ ဒိုးတစ်လုံး....

(ဖိုးသူတော်မဟုတ်တဲ့နောက် ဆန်ပိုရဖို့ ဘယ်တုန်းကမှမျှော်လင့်မထားခဲ့.....)

ဒီအတွက် ငါ ဘယ်တော့မှထီမထိုးခဲ့ပါဘူး.....။


ဂမ့်ရေ.....ငါလည်း စမတ်ဂိုင်းမဟုတ်ပါဘူးကွယ့်.....

ကဲ....ငါတို့လမ်းတွေပေါ်အတူပြေးကြရအောင်လား.......

လမ်းတွေကောက်ကွေးသွားတဲ့အထိ....ဒါမှမဟုတ် လမ်းတွေဖြောင့်တန်းသွားတဲ့အထိ......။


ဘာတဲ့....နိုးပိန်းနိုးဂိမ်းတဲ့လား.....ပိန်းသာပိန်း.....ဂိမ်းတွေက အမြဲအိုဗာနေတုန်း.....။

ရှေ့နှစ်မှာ ငါမင်းကို ဂိမ်းအိုဗာလို့ နှုတ်ဆက်လိုက်ချင်သေးတယ် အပြာ....။


အစိပ်စိပ်ပိုင်းထားတဲ့အနိုင်တွေကြားမှာ ငါ့အရှုံးတွေက ဂျိုလီရဲ့ကျည်တစ်တောင့်လို ကရွတ်ကင်းလျှောက်သွား...

ငါ ကော်ဖီမစ်လာဝယ်တာပါအပြာရဲ့ ကျေးဇူးပြုပြီး ကော်ဖီမစ်တွေမအမ်းပါနဲ့တော့.....။

ရနိုင်မယ်ဆိုရင် ကော်ဖီတစ်ခွက်လို ငါ....တစ်သက်လုံးပဲ ခါး ပါရစေ....။


ဟော.....ပြောရင်းဆိုရင်း ရွာနားမှာ နဂါးပေါ်လို့တဲ့.....

ဂျော်နီးတူးသည်ဝပ်စ်တွေက အရှေ့အရပ်မှာအုံနဲ့ကျင်းနဲ့.....

ငါတို့ဆိုတဲ့ နဂါးနီသီချင်းလည်း တဖြည်းဖြည်း တိမ်ဝင်လာပြီ....။


စတူးပစ်....စတူးပစ်....စတူးပစ်.....

ကျေးဇူးပြုပြီး ထပ်တလဲလဲ မရွတ်ပါနဲ့တော့လား အပြာ....။

ငါဆိုတဲ့ငါက.....

ဂျိုကျိုးပြီး နားရွက်ပဲ့နေပါတယ်ဆိုမှ အထားအသိုပါမှားနေတာ သိပြီးသားပါ....။


ကျေးဇူးတင်ပါတယ် အပြာ.....

ငါ့ဘာသာငါ ချောက်ထဲကျဖို့ လက်တစ်လုံးပဲလိုလို....နှစ်လုံးပဲလိုလို.....

ကိုယ်ဒေါသကိုယ် တလိပ်လိပ် ထွေးထုတ်ပါရစေ....။


တစ်သက်နဲ့တစ်ကိုယ်.....အကုသိုလ်ပဲဖြစ်ဖြစ်၊ကုသိုလ်ပဲဖြစ်ဖြစ်...

ငါဖြစ်ချင်တာလေးဖြစ်ဖို့.....

တစ်မိနစ်တော့ငြိမ်သက်ပေးကြပါ....။





18 comments:

  1. ဂျိုကျိုး ပြီး နားရွက်ပဲ့နေတဲ့ လူကြီး ဖြစ်ချင်တာဖြစ်ဖို့.... အပြာရောင် တိမ်တိုက်တွေပေါ်မှာ တစ်မိနစ်တော့ ငြိမ်သက်ပေးလိုက်ပါတယ်... မဟုတ်တာတော့ မလုပ်နဲ့နော်။

    ReplyDelete
  2. ကိုကိုမောင်(ပန်းရနံ့)Friday, August 19, 2011

    အပြာဆိုတော့ ဘီလူးဘဲ ဖြစ်ရမယ်။ ဘီလူးဆိုမှတော့ တွေ့ကရာ ကောက်စားပြီပေါ့။ ခပ်ယဲ့ယဲ့ အသဲတစ်စိုင်၊ ခပ်ယိုင်ယိုင် စိတ်တစ်တွဲ၊ ပြီးတော့ ခပ်ခါးခါး ရည်မှန်းချက်တစ်တိုင်၊ အားလုံးအားလုံးကို အပြာလေးက စားတော့ပေမပေါ့။

    ဟုတ်ကဲ့ပါ ဟုတ်ကဲ့ပါ။ ငြိမ်ငြိမ်လေး နေပေးပါတယ်။ တစ်မိနစ် မဟုတ်ဘူး။ တစ်နှစ်ဆိုလဲ ဖြစ်တယ်။ အပြာဆိုတဲ့ စကားကြားရရင် ဆေးခါးခွက်ထဲ ဆံတုံးမနွယ် ထည့်သောက်ရသလိုလို ဖြစ်လွန်းလို့။ ဟာ ဟ။

    မောင်လေးလဲ ပျံ့ကြဲနေပြီထင်ပါ့။ စိတ်တွေ။း)))

    ခင်မင်လျက်

    ReplyDelete
  3. စတူးပစ် စတူးပစ် စတူးပစ် လို့  ....

    ငါ မပြောဘူးနော်....... ဟိဟိ

    (ကြောင်ဖြူရှင်)

    ReplyDelete
  4. မျှစ်ပြာFriday, August 19, 2011

    အပြာရေ
    နင့်ကငါ့ကို တစ်မိနစ်ညိမ်သက်ခိုင်းတယ့်ပေါ့
    ငါညိမ်သက်ပေးပါမယ့် ချောက်ထဲကျတော့မယ့် နင့်အတွက်
    တို့တတွေ အတူတူငြိမ်စက်ကြရအောင်အပြာရေ..
    ဘယ်လောက်ကြာအောင်လဲဆိုတာတော့ ငါလဲသိဘူး။
    ဒါပေမဲ့ ငြိမ်သက်လိုက်ရအောင်

    ပေါက်ကရရေးသွားသည်..
    ပုံ
    မျှစ်ပြာ

    ReplyDelete
  5. တစ်သက်နဲ့တစ်ကိုယ်.....အကုသိုလ်ပဲဖြစ်ဖြစ်၊ကုသိုလ်ပဲဖြစ်ဖြစ်...

    ငါဖြစ်ချင်တာလေးဖြစ်ဖို့.....

    တစ်မိနစ်တော့ငြိမ်သက်ပေးကြပါ....။
    အဲဒီစကားလုံးတွေကို ကြိုက်တယ်...
    ချမ်းမြေ့ပါစေရှင်။

    ReplyDelete
  6. ကဗျာလိုလိုဆိုပေမယ့် တစ်မိနစ်လောက် ငြိမ်သက်ပြီးမှ ပြောလိုက်မယ်...ဒါဟာကဗျာပါပဲ :)

    ခင်တဲ့(ဖိုးကြယ်)

    ReplyDelete
  7. တမိနစ်လောက်ငြိမ်ငြိမ်သက်သက်နဲ့
    ခံစားဖတ်ရှု့သွားပါတယ်...


    Blackroze

    ReplyDelete
  8. အပြာမင်းသားကြီးးး)

    ReplyDelete
  9. ကဗျာရဲ့ ဆိုလိုရင်းကို သိပ်နားမလည်ပေမယ့် ဖတ်သွားပါတယ်...။

    ခင်တဲ့
    မိုးငွေ့

    ReplyDelete
  10. သွားတော့ အပြာရေ သွားတော့ ....

    ReplyDelete
  11. ဟုတ်ကဲ့..
    စိတ်ပါလက်ပါနဲ့ ၁မိနစ်မက ငြိမ်ပေးပါ့မယ်..
    N/A

    ReplyDelete
  12. အပြာဆိုတာ ကျွန်တော်တို့နေထိုင်တဲ့ကမ္ဘာ(ဝါ)လောက(ဝါ)
    လောကဓံ(ဝါ)လူမှုဝန်းကျင်ကိုရည်ညွှန်းရေးဖွဲ့မိတာပါ...၊
    အပေါ်ကကျွန်တော့်ဘော်ဘော်တွေ စနောက်တာနဲ့
    ကျွန်တော့ကဗျာလေးပျက်ရပါပြီဗျာ....လူဆိုးတွေ...:)))

    ReplyDelete
  13. တမိနစ်လောက် ငြိမ်သက်စွာ ကဗျာ ဖတ်သွားပါတယ်...

    ReplyDelete
  14. ကဗျာလိုလို မဟုတ်ဘူးလေ...ဒါဟာကဗျာပါပဲ...ခံစားချက်ကို အခြေပြုတယ်...နရီရှိတယ်...ဒါဟာ ကဗျာပေါ့...ကြိုက်တယ်...

    ReplyDelete
  15. တစ်မိနစ်မကပါဘူး တစ်သက်လုံးငြိမ်သက်ခဲ့ရတာ ဒီ့ထက်ပိုပြီးငြိမ်သက်စရာ ဘယ်မှာများရှိသေးလို့လဲ။ ချောက်ထဲက ကျမှာမဟုတ်ဘူး။ အခုထက်ထိ ချောက်ထဲကနေ မတက်နိုင်သေးတာ.. မဟာဒုက္ခ တွင်းဆုံးကျတာထက် ဆိုးနေလို့ ... စကားမစပ် အခုအပြာလဲ ကောင်းကောင်း မပြာနိုင်တော့တာ ကြာပြီလေ။

    ReplyDelete
  16. တစ်မိနစ်မက ငြိမ်သက်ပါတယ် (အိပ်ချိန်)
း)
    ပျော်ရွှင်ပါစေ ကိုညိမ်းနိုင်..

    ReplyDelete
  17. ဂမ့်ကို စမတ်ဂိုင်း မဟုတ်တဲ့ အကြောင်း ပြောပြီး လမ်းတွေပေါ်မှာ ပြေးရအောင် ဆိုတော့ ပြေးနေရင်း တန်းလန်း.. သူ့ခြေထောက်က သံခြေထိန်းတွေ တချောင်းချင်းစီ ပြုတ်ထွက်သွားတဲ့ အနှေးပြကွက်ကို မျက်စိထဲမှာ မြင်မိတယ်ဗျ၊ အဲဒီ ပြကွက်ကို ကျော်ပြီး ကဗျာအဆုံးထိကို တစ်မိနစ်မက ငြိမ်ငြိမ်သက်သက်ပဲ ဖတ်သွားခဲ့တယ်..၊ ကြိုက်တယ် ကိုညိမ်းနိုင်....။

    ReplyDelete
  18. ကိုအောင်(ပျူနိုင်ငံ)Wednesday, August 24, 2011

    ကိုမောင်လေးရေ ဘလော့ဒေးအတွက် အမှတ်တရ ရေးပေးဖို့ ခင်မင်စွာ တက်ဂ်(tag) ထားပါတယ် ...

    ReplyDelete