Wednesday, October 12, 2011

တိမ်တွေဆီသို့ (၁)

ကျွန်တော် မလေးရှား၊ကွာလာလမ်ပူကို အလည်သွားဖြစ်မယ်လို့ သူငယ်ချင်းတစ်ယောက်ကိုပြောပြတော့ သူက
"ခင်ဗျား..ခုလို ခရီးတွေလျှောက်သွားတာ ဘာအတွက်လဲဗျ...၊ဘာကြောင့်တုန်း...."လို့စူးစမ်းသမှုပြုလာပါတယ်..။
ဟုတ်ပါရဲ့....သူမေးလာတော့မှ ကျွန်တော့်ဘာသာ အဲဒီမေးခွန်းကို ကိုယ့်ကိုကိုယ် ပြန်မေးမိပါတယ်...၊အဖြေတွေ
အများကြီးထွက်လာပေမယ့် အဓိက အကြောင်းရင်းကတော့ တစ်ခုတည်းပါ....၊ကျွန်တော် ခရီးထွက်ရတာ ဝါသနာပါလို့ပါပဲ....။

ဟုတ်ပါတယ်...၊ကျွန်တော့်မှာ ဝါသနာနှစ်ခုရှိပါတယ်..၊ကိုယ့်အိမ်မှာ ငြိမ်ပြီး စာအုပ်တွေဖတ်ချင်ဖတ်..၊ဒါမှမဟုတ်
သွားချင်ရာလျှောက်သွားချင်တဲ့ ဝါသနာတွေပါပဲ...။အဲဒီလိုလျှောက်သွားနေရရင် ပျော်နေတာပဲခင်ဗျ....။တစ်နေ့
တစ်နေ့ ဘယ်သွားရရင်ကောင်းမလဲလို့ စိတ်ကူးယဉ်ရတာကလဲအမောပါပဲဗျာ....၊အားနေရင် ဂူးဂဲကမြေပုံထဲ
စိတ်ကူးနဲ့ကမ္ဘာပတ်ရတာကလည်း တစ်မျိုး.....:)။ဒီကြားထဲ အနိုင်နိုင်ငံက ဘလော့ဂါ ကိုကိုမမများက သူရို့
ရောက်နေရာ နိုင်ငံတွေအကြောင်း ရေးထားတွေ ဖတ်ရလို့ကတော့ ခုချက်ချင်းကို ထသွားချင်စိတ်တွေ မဟား
ဒယားပေါ်လာတော့တာပါပဲဗျာ....။

သို့ပေမယ့်...သို့ပေမယ့်ပေါ့လေ.....၊ခရီးသွားတယ်ဆိုတာကလည်း လက်ထဲ ပတ်စပို့ရှိရုံနဲ့ ငေါက်ဆိုထသွားလို့
ရတာမျိုးမှမဟုတ်တာကလား...၊ပိုက်ဆံကလည်းရှိဦးမှ....၊ပိုက်ဆံရှိရုံနဲ့ သွားလို့ရပလားဆိုတော့လည်း ကိုယ့်မယ်
အချိန်ကလည်းရှိဦးမှ....၊ကိုယ့်ကျမ်းမာရေးကလည်းကောင်းဦးမှ...၊အခြေအနေကလည်းပေးဦးမှ....၊ဆိုတော့...
ကျွန်တော့်မယ် ခရီးကတင်း တစ်ခါထွက်ဖို့ဆိုတာအတော်လေး လုပ်ယူရသဗျာ.....။

အခုလည်းကြည့်...၊ရှင်ကြားပူနဲ့ မလေး၊မလေးနဲ့ ရှင်ကြားပူဆိုတာ လင်မယားနိုင်ငံ ရယ်.....။နိစ္စဒူဝဆိုသလို
မလေးကလူတွေ ဒီဘက်လာအလုပ်လုပ်ကြ၊အလည်ထွက်ကြ၊ဒီ စလုံးကလူတွေလည်း မလေးဘက် နေ့စဉ်
အလုပ်သွားလုပ်ကြ၊အလည်ထွက်ကြနဲ့ ကူးရသန်းရအင်မတန်မှလွယ်ကူတာကလား....၊အဲ....ကျွန်တော့်အတွက်
ကတော့ တော်ရုံနဲ့ ထသွားဖို့ရာမလွယ်လှဘူးဗျ.....။သူများဝန်ထမ်းဆိုတော့ကာ ခွင့်ယူဖို့ရာ အတော်လေးချိန်ဆ
နေရတာကလား....။

ဒါပေမယ့် ဒီခရီးကို ထွက်ချင်နေတာအတော်ကြာပါပြီ...၊ပြီး မလေးရှားဆိုတာ ကျွန်တော့်အတွက် သာမန်အလည်
ခရီးဆိုတာထက် အဓိပ္ပါယ်အများကြီး ပိုရှိပါတယ်....။ဘာဖြစ်လို့လည်းဆိုတော့ မလေးဘက်မှာ ကျွန်တော်ချစ်ခင်
ရတဲ့ ဖဘနဲ့ ဘလ ကသူငယ်ချင်းတွေ ရှိလို့ပါပဲ...။သူရို့နဲ့တွေ့ချင်တာကလည်း ဒီခရီးကိုသွားဖြစ်ရခြင်းရဲ့အဓိက
အကြောင်းရင်းတစ်ရပ်ဆိုပါတော့ဗျာ....။

မလေးသွားမယ်ဆိုတော့ အွန်လိုင်းပေါ်က ချစ်ခင်ရတဲ့အစ်မတော်တစ်ယောက်ကို မေးရစမ်းရသေးသဗျ၊ဘယ်
သို့ဘယ်ပုံ သွားရလာရတယ်ဆိုတာပေါ့လေ....၊အဲဒီအစ်မ(နာမည်တော့ပြောတော့ဘူး..၊သူမကြိုက်ဘူးထင်လို့)
ကလည်း သေသေချာချာကြီးကို ပြောပြရှာပါတယ်...၊ဘယ်လိုသွား၊ဝှိုက်ကဒ်ဘယ်လိုဖြည့်ဆိုတာကအစ၊ဟို
ရောက်ရင် ဘယ်သူ့ကိုချဉ်းကပ်...၊အဲ...အရမ်းမချဉ်းကပ်နဲ့ သူကသမာဓိသိပ်မခိုင်ဘူးဆိုတာကအဆုံး...၊အသေး
စိတ်ပြောရှာပါတယ်....:P။ကျေးဇူးတင်ရပါတယ်အစ်မရေ.....။ထို့ပြင်တစ်ဝ မလေးကရှိရှိသမျှ သယ်ရင်းအားလုံး
ကိုလည်း ဖုံးနံပတ်တွေတောင်း...၊မေးစမ်း..လုပ်ရပါသေးရဲ့....။အားလုံးက ကူညီကြပါတယ်...။အားလုံးကိုကျေးဇူး
တင်ကြောင်းပါခင်ဗျား...........။

အဲ.....စကားဦးသန်းတာနေတာနဲ့တင် မလေးရောက်တော့မယ်မထင်...:).ဆိုတော့ စကြပါစို့ဗျာ....ကျွန်တော်ရဲ့
မလေးခရီး.....။ရှင်ကြားပူ ဂျူရောင်းအိုင်အမ်အမ် ကုန်တိုက်ကြီးအောက် ကနေ မနက်ရှစ်နာရီစထွက်ပါတယ်....။
Causeway Link Express ဆိုတဲ့ ကားကြီးနဲ့ပါ။ဒီအိပ်စပရက်ကြီးက ခရီးသည်ပို့ဆောင်ရေးသီးသန့်ကိုပဲ ဝန်
ဆောင်မှုပေးသဗျ...၊ဘယ်လောက်တောင်သီးသန့်ဆန်လိုက်သလဲဆိုရင် ကားပေါ်မယ် ရေမတိုက်၊တီဗွီမရှိ၊
ယုတ်စွအဆုံး အက်ဖအမ်ရေဒီယိုလေးတောင်မဖွင့်ပါဘူးဗျာ....၊တစ်ကားလုံးမှ ခရီးသည်ကလည်း ငါးယောက်
တည်းရယ်....။ကားဆရာ မလေးကြီးကလည်း အင်မတန်စကားများသဗျာ...၊တစ်လမ်းလုံး စကားတစ်ခွန်းမှကိုမ
ပြောတာပါ...:)။အင်မတန်မှကို စိတ်ချမ်းသာလက်ချမ်းသာနဲ့ တိတ်တိတ်ဆိတ်ဆိတ်ကြီးကို စတင်ထွက်ခွာလာ
တော့ပါတယ်ခင်ဗျား.............:)))

နှစ်ဘက်သောမိဘ...(အဲ..သီတင်ကျွတ်ပြီဆိုတော့ ယောင်သွားလို့....:D)နှစ်ဘက်သော လဝက များကိုဖြတ်သန်း
ပြီးတဲ့နောက်မှာတော့ တွေ့မြင်ရတဲ့ ရှုခင်းတွေက ဒီဘက်ကမ်းက စလုံးနဲ့တစ်ခြားဆီကိုဖြစ်သွားပြီဗျိုး...။ဒီမှာအမြဲ
မြင်တွေ့နေရတဲ့ မွန်းကြပ်လှတဲ့ ကွန်ကရိမြို့တောကြီးနဲ့မတူ၊လမ်းမကြီးတစ်လျှောက် စိမ်းလန်းစိုပြေလှတဲ့ ဆီအုန်းစိုက်ခင်းတွေ၊တောင်တန်းအသွယ်သွယ်တွေ၊အရမ်းလှတဲ့ တိမ်တိုက်တွေကို မျက်ဆိတစ်ဆုံးတွေ့မြင်ရ
ပါပြီ.....။ဒီလိုရှုခင်းတွေကို မြင်တွေ့ခံစားရတော့ မြန်မာပြည်ကျိုက်ထီးရိုးခရီးကိုသတိရမိပါရဲ့....၊အင်း...ကျွန်တော်
တို့ကတော့ ဘယ်ရောက်ရောက် မြန်မာပြည်ပဲလွမ်းနေမိတာပါပဲဗျာ....။


ကားစီးချိန်စုစုပေါင်း ၅နာရီတိတိ ကြာမြင့်ပြီးတဲ့နောက် ရောက်ပါပြီဗျာ....၊ကေအယ် လို့အတိုကောက်ခေါ်တဲ့
ကွာလာလမ်ပူမြို့တော်ကြီးဆီကို......။




















ဆက်ရန်......

22 comments:

  1. ဖတ်လာလိုက်တာငါ့နှယ်နော်...
    ဘယ်တော့များမိဂျက်တို့နေတဲ့နေရာ
    ရောက်မလဲလို့....ပုံလေးတွေကြည့်လိုက်
    စိတ်ကိုချမ်းသာလို့ပေါ့...
    အော် ရောက်လဲရောက်ရော
    ရပ်လိုက်တော့တာပါပဲရှင်...
    ကောင်းကြသေးရဲ့လားရှင်။
    ခင်မင်စွာဖြင့် jasmine

    ReplyDelete
  2. ဟို အမကြီး ဆိုတာ ခဥမ မဟုတ်လား ညင်း ညင်း...

    ReplyDelete
  3. စံပယ်>>> အေးဟာ...ဘာရေးရေးအဲ့တိုင်းပဲ လိုရင်းကို
    မရောက်နိုင်ဘူး....:))

    ရဲထွန်းဇော်>>>မပြောဘူး အသေခံမယ်....ကွင်း..ကွင်...
    ကွင်း.....:P

    ReplyDelete
  4. ဟိုတစ်ယောက်ပြောတော့ အိတ်ကလေးပိုက်ပြီး မျက်စိသူင် နားသူငယ်နဲ့တဲ့..ခုစာထဲမှာတော့ အဲလို မဖတ်ရပါလား...:D

    ReplyDelete
  5. ဆက်ရန်ကိုစောင့်ဖတ်လိုက်ပါဦးမယ်... ပုံတွေတော့ ဖဘမှာ အကုန်ကြည့်ပြီးဆိုတော့..။

    ReplyDelete
  6. ပို့စ်ကဘယ်ကနေဘယ်လို ၂ခုဖြစ်သွားလဲမသိပါဘူးဗျာ၊
    အဲ့ဒါနဲ့ တစ်ခုဖျက်လိုက်ပါတယ်...၊ဖျက်လိုက်တဲ့ပို့စ်က
    ကွန်မန့်တွေပြန်ကူးလိုက်ပါတယ်ဗျား...:)))

    သက်ဝေ....
    IMM ကနေ အဲဒီလိုကားကြီးစီးပြီး မလေးကို သွားလို့ရတယ်ဆိုတာ အခုမှ ကြားဖူးတော့တယ်... ခရီးစဉ်လေး ဆက်ပါအုံး...း))

    October 12, 2011 8:12 AM
    Blogger အမှတ်တရ နေ့စွဲများ.... said...

    ကွန်မန့်ပေးလိုက်ပါတယ် ဘယ်ရောက်သွားတာလဲ ....
    အဲ့ဒိ အစ်မ ဆိုတာလေ ....

    October 12, 2011 8:26 AM
    Blogger Nyi Linn Thit said...

    စလုံးကနေ ကေအယ်လ်ကို ၅ နာရီလောက် စီးရတာကိုး၊ ကျနော်က ဒီ့ထက်များ နည်းမလားလို့ အောက်မေ့နေတာ ကိုညိမ်းနိုင်ရ၊ ကျနော့်မှာတော့ အဲဒီဖက်က ဘလော့ဂါတွေက သူတို့သွားခဲ့တဲ့ ခရီးတွေ အကြောင်း ရှုထောင့် အမျိုးမျိုးနဲ့ တင်ပြတာလေး တွေကိုပဲ ကြိုးစား ရင်းနှီးနေရတာ..၊ စလုံးလာဖို့ ကြံလိုက်တိုင်း မြန်မာပြည်ကို ဦးစားပေးလိုက် ရတာချည်း ဖြစ်နေတာဗျ၊ မကြာခင်တော့ လာလည်နိုင်မယ်လို့ မျှော်လင့်ရတာ ပဲဗျာ...။း)

    October 12, 2011 1:35 PM

    ReplyDelete
  7. ကိုကိုမောင်(ပန်းရနံ့)Thursday, October 13, 2011

    မောင်လေး။
    အတော်ပျော်စရာကောင်းပုံရတယ်။ ဒါနဲ့.. ဟို တစ်ယောက်ကိုကော တွေ့ခဲ့သေးလား။ ဖဘမှာ လာခဲ့ လာခဲ့ ဆိုပြီး မျက်လုံးစိမ်းလေးနဲ့ ဖိတ်ခေါ်တဲ့သူလေ။း))

    အပေါ်တစ်ပုဒ် အောက်တစ်ပုဒ် နှစ်ပုဒ် တူများ နေသလားလို့ သေချာ ဖတ်ကြည့်ဖြစ်တယ်။ တူနေသလိုဘဲ
    ဗျ။း))

    ခင်မင်လျှက်

    ReplyDelete
  8. တောသားမြို့ရောက်ဆိုတာ ဒါမျိုးပေါ့ကွယ်း)
    သူကပဲစိတ်ကူးယဉ်ရသေးတယ်
    နှစ်ဘက်သောမိဘများတဲ့ ဟိဟိ
    အေးလေ ၀ါလဲကျွတ်ပြီကိုးးးးးးးးး)
    စိတ်ကူးလေးတွေယဉ်လို့ ..း)
    (လာ..နောက်တစ်ခေါက်ပီနန်းဒိုးမယ်း)

    ReplyDelete
  9. အစ်ကို မလေးရှား သွားတာလား...
    သိတောင် မသိလိုက်ဘူး...
    ခရီးထွက်တာ ကောင်းပါတယ်။ စိတ်လက်ပေါ့ပါးတာပေါ့...
    စိတ်ထဲမွန်းကြပ်လာတိုင်း ခရီးထွက်လိုက်တာက အကောင်းဆုံး ဆေးတစ်ခွက်ပဲ..

    ReplyDelete
  10. ဟုတ်တယ်၊ ကျိုက်ထီးရိုးသွားချင်တယ် ...

    ReplyDelete
  11. လူစုံတော့ ပုလင်းထောင်ကြသေးလားး)

    ဘယ်တွေရောက်ကြသေးလား ချောင်ဂျိုချောင်ကြား ဟိဟိ

    ReplyDelete
  12. ဆက်ရန်ကိုမျှော်နေပါတယ်.. ကိုရင်..း))))


    ခင်မင်လျက်
    နေ၀သန်

    ReplyDelete
  13. ဟင်...ဒါလေးဘဲလား...
    တိုတိုလေး
    Jas ပြောသလိုဘဲ မလေးလဲရောက်ရော
    post လည်းပြီးသွားရော...
    သူများဖြင့်ဘာမှတောင်မတွေ့လိုက်ရသေးဘူး
    သစ်ပင်တွေနဲ့တိမ်တွေဘဲတွေ့ရသေးတယ်..
    နောက်ထပ်တင်ဦးလေ..

    ReplyDelete
  14. မူးလိုက်တာ ကိုညိမ်းနိုင် ရယ် နေကောင်းကာစရှိသေးတယ် ဘယ်လိုလုပ်နေတာလဲ

    ReplyDelete
  15. An Asian Tour OperatorThursday, October 13, 2011

    နောက်တခါ ဆိုဆုံလို့ ရပြီ..

    ReplyDelete
  16. အဲ တစ်နေ့ကမှ ပြန်ရောက်တာ။ မသိလိုက်ဘူး။ လမ်းမှာတွေ့ရင် တွေ့မှာနော်။း)


    ခင်တဲ့
    မေသိမ့်

    ReplyDelete
  17. အမ်....တိုးလို့တမ်းလန်းကြီးပါလား...အလိုလုပ်ရဘူးလကွယ် :P

    ခင်တဲ့(ဖိုးကြယ်)

    ReplyDelete
  18. ပျော်စရာကြီးပေါ့..

    မျှစ်

    ReplyDelete
  19. မနာလိုဘူး.......... အဲ့သည်တစ်ခုပဲ ပြောမယ်... ဒါပဲ....

    ကြောင်ဖြူများရှင် (ကကလ)

    ReplyDelete
  20. ဘလ က လူတွေနဲ့ ဖလန်းဖလန်း လုပ်ချင်လို့ သွားချင်တာ ကြာပေါ့။ အပိုင်း ၂ မှာ ပုံတွေ ကြည့်လိုက်အုံးမယ်။

    ReplyDelete
  21. တပုဒ်ပြီးတပုဒ် ဆက်တိုက်ဖတ်ဖို့လာပါပြီ။ တိမ်တွေကြည့်ဖို့ အသင့်ပြင်ထားပါသည်။ ကျွန်တော်တို့ဆီမှာ တနှစ်ပတ်လုံး တိမ်ကင်းစင်လေ့ရှိတော့ အာကြိုးမန်တက်လာပါပြီ။
    N/A

    ReplyDelete
  22. မျောလွှင့်တိမ်တို့  နားခိုရာ ဆိုတဲ့အတိုင်း ကိုငြိမ်းက တကယ် တိမ်ကြိုက်သကိုး...

    ReplyDelete