Wednesday, October 26, 2011

အလွမ်း မိုး

ကြည့်ပါဦး.....ဟောဒီမှာ...သည်းသည်းမဲမဲ.....

သူရွာချနေပုံက မစဲမယ့် အတိုင်း....

အလွမ်းတွေ တဖွဲဖွဲ နဲ့ပေါ့......

မိုး....ရေ.....။


တွေ့ဆုံ ကြုံ ကွဲ ခြင်းတွေက

ဓာတ်ပြားကြီး အက်ကြောင်းထပ်သလို

ဒဏ်ရာပြီး ဒဏ်ရာ ဆက်နေ...

နင်နေလို့ ငါသွား.....

ငါနေလို့ နင်သွားရော့လေသလား.....

ဟောဒီ ရထားက မရပ်တန့်တော့ဘူးတဲ့လား မိုး ရဲ့....။


တစ်ဘဝစာကို အချိုး ချကြည့်တော့...အချစ်နဲ့အလွမ်းတွေက တစ်:အင်ဖန်နတီ.....

ကဲ.....ဒီမိုး ဒီလေ ဒီအလွမ်းတွေ နဲ့ ငါဘယ်လို အသက်ဆက်ရမလဲကွယ့်.....

တစ်လှမ်းခြင်းတက်တဲ့ လှေကားထစ်တွေလို ငါ တစ်စက္ကန့်ခြင်း လွမ်း....

ဒီလမ်းမှာ အလွမ်းတွေ ခြေရာခြင်းထပ်ခဲ့ပေါ့.....မိုး......။


ကိုယ် နဲ့ စိတ်မှာ နာကျင်ရတိုင်း အလွမ်းတွေက မိုးလို အုံမှိုင်း.....

ကဲ...ရွာချင်တိုင်းသာ ရွာလိုက်ပါတော့ မိုးရေ......

တသက်တာလုံး မစဲစတမ်း....ရင်တစ်ခွင်လုံး လွမ်းချင်တိုင်းလွမ်းမိတဲ့နောက်.......

ဟောဒီ အလွမ်းမိုးထဲ ငါ့စိတ်တစ်ခုလုံး ရေစုန်မျောလိုက်ပြီ...မိုး.....။



အလွမ်းမိုး.................



မျှော်လင့်ခြင်းရဲ့ မိုးတိမ်များ.........အုံ့မှိုင်းဆဲပေါ့ ငါ့ရင်မှာ........

21 comments:

  1. အလွမ်းတွေများနေလို့စိတ်ညစ်နေတာနော်..
    လာပြီနောက်ထက်
    အော်အလွမ်းတွေကလဲ
    တဖွဲဖွဲတဲ့..

    ReplyDelete
  2. အလွမ်းမိုးတွေသည်းတော့
    စာနာနိုင်သူမရှိပြီ........
    မအိပ်ဘူးညတွေကိုယ့်တစ်ယောက်ထည်း
    တွေ့မလားမင်းကိုရှာဖွေရင်း...........

    ReplyDelete
  3. အမှောင်မလာခင် ကားဂိတ်လေးမှာ အမြဲ
    သူလာပြီ မိုးစက်များရဲ့အောက်မှာ
    ဂူလိုင်တွေ ပြောင်းရင်း ဟောင်းနေလဲလေ

    ReplyDelete
  4. အမှောင်မလာခင် ကားဂိတ်လေးမှာ အမြဲ
    သူလာပြီ မိုးစက်များရဲ့အောက်မှာ
    ဂျူလိုင်တွေ ပြောင်းရင်း ဟောင်းနေလဲလေ
    ( စောစောက ဂျူလိုင်မှားသွားလို့ )

    ReplyDelete
  5. ဟန်ကြည်Wednesday, October 26, 2011

    အလဲ့...တယ်ဆိုတဲ့ စာပါကလား ကမောင်လေးရယ်...အလွမ်းမိုးထဲမှာ ငုတ်တုတ်ထိုင်မှဖြင့် နှာတွေစေးတော့မပေါ့...နှာစေးရင်တော့လည်း ဦးဟန်ကြည်က ဆေးဖိုးမယူဘဲ ၀ါးခလောက်နဲ့ကုပေးရဦးတော့မပေါ့...နှလုံးသားအအေးပတ်ရင်တော့လည်း အနှီမခင်မိုးကိုသာ အကုခိုင်းပေရော့...ဒါမျိုးတော့ တတ်မှမတတ်နိုင်ဘဲကိုးဗျ...

    ReplyDelete
  6. မိုးစက်များရွာလေတိုင်း
    မင်းလေးများပြန်လာမလား..
    မျှော်လင့်ခြင်းရဲ့မိုးတိမ်များ
    အုံမှိုင်းဆဲပေါ့ ငါ့ရင်မှာ..
    သုံမိုးမကကျော်လွန်သွား..
    လတ်ဆတ်ဆဲဒဏ်၇ာများ..
    ရွာတဲ့မိုးကတိတ်ပေမဲ့
    ရင်ထဲမိုးကရွာဆဲပါ...

    ကိုညိမ်းနိုင်ရေ
    လွမ်းနေပါတယ်ဆိုမှ...
    ငိုချင်အောင်လုပ်နေပြန်ပါပြီနော်

    ReplyDelete
  7. အချစ်နဲ့ အလွမ်းရဲ့ အချိုးကလည်း တယ်ရက်စက် ပါလားဗျာ၊ တစ်လှမ်းခြင်း တက်တဲ့ လှေကားထစ်တွေလို တစ်စက္ကန့်ခြင်း လွမ်းတော့ အပေါ်ရောက်လေလေ အလွမ်းတွေက တောင်ပုံယာပုံ ဖြစ်လေလေ နေမှာပဲ၊ ကဗျာလေး မိုက်တယ် ကိုညိမ်းနိုင်..။

    ReplyDelete
  8. ခုတလော ကြောင်တွေ မနှင်းဆီပြီးတော့ စိမ်းလဲ့သန္တာညို ခု...သီချင်းတွေနဲ့ မိုးဖြစ်သွားပြန်ပြီ...ရူးချင်တယ်...။

    ReplyDelete
  9. ဒါက အလည်လာတဲ့သူတွေ အတွက်တဲ့ :P

    ReplyDelete
  10. နုမနေနဲ့ ညုမနေနဲ့ ဒါဗြဲး))

    ReplyDelete
  11. တို့ အစ်ကိုကို တွေ့ တိုင်းပျော်ပျော်နေတတ်တော့ ဒီလို အလွမ်းတွေ ရှိမယ်လို့ ထင်မထားမိဘူး...
    မိုးရေထဲမှာတော့ မလွမ်းနဲ့ နော် အစ်ကို...
    ဖျားနေမယ်...

    ReplyDelete
  12. လူပြိုကြီး.. ဘာတွေလွမ်း.. :P

    ReplyDelete
  13. အလွမ်းဆိုတာကလည်း အမျှင်မပြတ်တဲ့သဘော
    မိုးဆိုတာကလည်း မစဲတဲ့သဘော.....

    ဒါပေမယ့် ရန်ကုန်မှာဆိုရင် မိုးက အုံ့တောင် မအုံ့ဘူး။
    တခါတည်း အုန်းခနဲ ရွာပြီး ခဏနေတော့ တိတ်သွားရော။ လွမ်းချိန်တောင် မရဘူးလိုက်ဘူး။
    :P

    ReplyDelete
  14. အလွမ်းဆိုတာကလည်း အမျှင်မပြတ်တဲ့သဘော
    မိုးဆိုတာကလည်း မစဲတဲ့သဘော.....

    ဒါပေမယ့် ရန်ကုန်မှာဆိုရင် မိုးက အုံ့တောင် မအုံ့ဘူး။
    တခါတည်း အုန်းခနဲ ရွာပြီး ခဏနေတော့ တိတ်သွားရော။ လွမ်းချိန်တောင် မရဘူးလိုက်ဘူး။
    :P

    ReplyDelete
  15. အလွမ်းမိုးတွေ ရွှဲရွှဲစိုနေပုံရတယ်...။

    ReplyDelete
  16. မိုးကောင်းတယ်အကိုရာ..လွမ်းတာလည်း လွမ်းပေါ့..
    လာလာ..ဖားရိုက် ထွက်ရအောင်အကို..

    ps:ဖားအစစ်ကို ဆိုလိုခြင်းဖြစ်သည်..:D

    ပရိုဖိုင်းစ်ချာကို ကြည့်ပြီး ခြောက်တစ်..ခြောက်တစ် နဲ့ အော်ပြီး ပြန်တယ်... :D

    ReplyDelete
  17. မိုးတွေနဲ့  အပြိုင် လွမ်းနေတာပေါ့လေ..

    ReplyDelete
  18. အလွမ်းဆိုတာ အရက်နာလိုပဲဗျာ့
    ဒါထက် ခင်ဗျားက ထိပ်ပြောင်သလားဟင်
    ကိုရင်တို့ပို့စ်ဖတ်ရလို့

    မန်ယူပရိတ်သတ်
    မောင်ဘကြိုင်

    ReplyDelete
  19. ဘယ်လိုတွေ ဖြစ်နေကြတာလဲဟင်။ ပိုးစိုးပက်စက်တွေ ချည်း လွမ်းနေကြပါလားဟာ။

    ReplyDelete
  20. သီချင်းနားထောင်ရင်း ပို့စ်လေးကို ဖတ်ရတာ ဖီလင်က တစ်မျိုးလေး။ ဂွတ်ထ။

    ခင်တဲ့
    မေသိမ့်

    ReplyDelete
  21. တတိယအိမ်နဲ့ထပ်လာလွမ်းသွားတယ်ဗျာ

    ReplyDelete