Friday, December 9, 2011

အဲဒီနေ့က မြေခွေးတို့ မျက်ရည် မြေခခဲ့တယ်.......

ငါ....မြေခွေးတစ်ကောင်ဖြစ်တယ်....

ဒီအတွက် ငါ....ကောက်ကျစ်တယ်....

ငါ......

ရဲရဲရင့်ရင့် ကောက်ကျစ်တယ်....

ပျော်ပျော်ရွင်ရွင် ကောက်ကျစ်တယ်....

ရိုးရိုးသားသား ကောက်ကျစ်တယ်.....

သားရဲတွင်းထဲက ရင်သွေးတစ်မြုံအတွက်....

ငါ...ကောက်ကျစ်တယ်....

နံဘေးက လက်တွဲဖော်အတွက်...

ငါ...ကောက်ကျစ်တယ်.....

အပေါင်းအသင်းတွေအတွက်.....

ငါ...ကောက်ကျစ်တယ်....

သားရဲ တစ်, တစ်အတွက်.....

ငါ....ကောက်ကျစ်တယ်.....

ကမ္ဘာဦးအစ...တောကြီးရဲ့ ဥပဒေသအရ...

ငါ...ကောက်ကျစ်မှု သရဖူကိုဆောင်း....

အောင်ပွဲကို  သိမ်းတယ်.....။

ဒီလိုနဲ့........

အစိမ်းရောင်ရက်စွဲများအလွန်မှာ......

လွင်ပြင်ကိုဆင်းလာတဲ့ ခြေနှစ်ချောင်းနဲ့ နားရွက်တို.....တဲ့......။

ငါတို့ ဝမ်းတစ်ထွာအတွက် ကောက်ကျစ်ကြတဲ့အချိန်မယ်......

သူတို့ တစ်ကမ္ဘာစာ ကောက်ကျစ်ကြတယ်....။

ငါတို့ အပေါင်းအသင်းတွေကြား သစ္စာတရားနဲ့သွားကြတဲ့အခါမယ်....

သူတို့ ဇာတ်တူသားကို မြိန်မြိန်ရှက်ရှက် စားသုံးကြတယ်....။

ငါတို့ကောက်ကျစ်မှုထဲမှာ ဒီမြေကမ္ဘာ ပါမလာပေမယ့်....

သူတို့ရဲ့ သမိုင်းမှာ ဟောဒီကမ္ဘာ.....ရာဇဝင်ရိုင်းရရှာတယ်.....။

ပထမကမ္ဘာကောက်ကျစ်ပွဲ.....

ဒုတိယကမ္ဘာကောက်ကျစ်ပွဲ တွေနဲ့.....

အပြာရောင်နေ့တွေကို အနီရောင်လွမ်းစေခဲ့.....။

အတီတေကာလက ငါတို့ရဲ့ သရဖူကို.....ဆွဲချွတ်....

ငါတို့ ဦးညွှတ်ခဲ့ရတယ်....။

သူတို့တွေ အောင်လံထူခဲ့တယ်......။

အဲဒီနေ့က ငါတို့မျက်ရည် မြေကျခဲ့တယ်....

ငါတို့ ငိုခဲ့တယ်....

ကြည်ကြည်နူးနူး ငိုတယ်....

ငါတို့ ဆုံးရှုံးခဲ့တဲ့ ဟောဒီသရဖူအတွက်....

ဝမ်းနည်းပက်လက်...(ပြီးတော့) ကျေကျေနပ်နပ်....

ငါတို့ ငိုခဲ့တယ်......။

အဲဒီနေ့က မြေခွေးတို့ မျက်ရည် မြေ....ခ.....ခဲ့.....တယ်.....။

23 comments:

  1. ကြည်ကြည်နူးနူးငိုတာချင်းတူနေပေါ့

    ReplyDelete
  2. မောင်လေးး
    မန်ယူထွက်သွားရလို့ ပေါက်ကွဲကုန်ပြီထင်တယ်။း)

    မပူလေနဲ့ မောင်လေး။
    များများကောက်ကျစ်ရင် ငရဲရက်ပိုရှည်မယ်။
    နဲနဲကောက်ကျစ်ရင် ငရဲရက်ပိုတိုမယ်။
    အင်း..
    ဒါပေမဲ့ ငရဲမှာတော့ ဆုံကောင်းဆုံနိုင်တယ်။း)

    အရင်ရောက်တဲ့သူ နေရာဦးထားကြေးပေါ့။
    ပြီးတော့ လက်ကလေးဝှေ့ယမ်းပြီး ဟေးးး ငါတို့ ဒီမှာဆိုပြီး ခရီးဦးကြိုဖို့လဲ မမေ့နဲ့ဦး။ ကိုရင်တို့ မဒိုးတို့ ရောက်လာရင် ပြောပါတယ်။
    သူကြီးမင်းကတော့ သိကြားမင်းနဲ့ တိုင်ပင်စရာလေးရှိသေးလို့ ငရဲဘက် လှည့်ပြီး မကူညီနိုင်တာကို ကောက်ကျစ်တယ် မဆိုသာပေဘူးး)

    ReplyDelete
  3. သိပ်နားမလည်ဘူး ကိုယ့်လိုင်းမဟုတ်လို့ထင်တယ်....။

    ReplyDelete
  4. လူပျိုကြီးတွေများ တွေးတတ်တယ်ဗျာ..
    ဟုတ်တယ်..ခြေနှစ်ချောင်း နှစ်ရွက်တိုတွေက ပိုပို ဆိုးလာ ကြပြီ..

    မနေ့က ငရဲပြည်ရောက်တော့ ဒယ်အိုးအသစ်ကို ဆီတွေ ဖြည့်နေတာ..မီးတွေကလည်း ဟုန်းဟုန်းတောက်လို့..
    ကိုယ်ဆင်းမလို့ လုပ်တော့ ငရဲသားက လာဆွဲတယ်..
    မင်းဟာ မဟုတ်ဘူးတဲ့..သူကြီးအတွက် ရှယ်လုပ်ထား တာဆိုပဲ... :D

    ReplyDelete
  5. ဒီမှာ ည,ညဆို နောက်ဖေးမှာ အမှိုက်ပုံး လာ,လာဖွတဲ့ မြေခွေးတွေကတော့ ကောက်ကျစ်တဲ့ရုပ် တစက်မှ မရှိဘူးဗျ၊ အမွေးပွပွနဲ့ အတော်လေး ချစ်စရာ ကောင်းတယ်၊း) ဒါပေမယ့် ကဗျာထဲက မြေခွေး အဘိဓမ္မာ ဆရာကတော့ စကားလုံး ပြောင်ပြောင်တွေနဲ့ လန်းတယ်ဗျို့..၊ ဒီကဗျာကိုလည်း ကြိုက်တယ်...။း)

    ReplyDelete
  6. ကြိုက်တယ်ဗျာ...မျှစ်

    ReplyDelete
  7. ကောက်ကျစ်မှုတွေကြား ပိုကောက်ကျစ်တဲ့သူတွေအတွက် တနေရာပေးလိုက်ရတယ်။ မြေခွေးတို့ မျက်ရည်မြေခခဲ့ရလို့ စိတ်မကောင်းပါ. သို့သော် ငရဲမှာဆုံမှာစိုးလို့ ပြေးပါပြီ။
    ခင်မင်လျက်
    သဒ္ဓါ

    ReplyDelete
  8. မြေခွေးဗိုလ်ချုပ်လုပ်ပါ ...း)

    ReplyDelete
  9. ဟိဟိ ကဗျာကြိုက်တယ်ရေးမလို့ဟာ
    ကွန်းမန့်တွေဖတ်ပြီးတော့ပဲ ကွန်းမန့်တွေပဲကြိုက်တယ်လို့တောင်ရေးရမလိုဖြစ်နေပြီး)

    ReplyDelete
  10. ကွန်မန့်ရော ပိုစ့်ရော ကြိုက်စ် :)
    (မြေခွေးတရား နာသွားပါတယ် အဲလေ မှားကုန်ပြီ....)

    ReplyDelete
  11. အပြာရောင်နေ့တွေကို အနီရောင်လွမ်းစေခဲ့.....။
    အတီတေကာလက ငါတို့ရဲ့ သရဖူကို.....ဆွဲချွတ်....
    ငါတို့ ဦးညွှတ်ခဲ့ရတယ်....။
    သူတို့တွေ အောင်လံထူခဲ့တယ်----
    အဲဒီသူတို့ကိုလဲစိတ်ဝင်စားတယ်
    သေသေချာချာခင်တဲ့ jasmine

    ReplyDelete
  12. မန်ယူရှုံးလို့ ဆို ဟုတ်လား အိကု။ ဟီးဟိး

    ReplyDelete
  13. ရဲရဲရင့်ရင့် ကောက်ကျစ်တယ်
    ပျော်ပျော်ရွှင်ရွှင် ကောက်ကျစ်တယ်
    အင်း ဟုတ်နေတာပဲ.. ဒါနဲ့
    ဘာလဲ ရိုးရိုးသားသားကောက်ကျစ်တယ်
    ကောက်ကျစ်တယ် ဆိုမှတော့ ရိုးသားပါတော့မလား

    လူကိုမူးအောင်လာမလုပ်နဲ့နော်
    ဟင်းဟင်း

    ReplyDelete
  14. ဒီလိုမျိုး ပေါက်ကွဲသံစဉ်တွေ မကြားရတာ ကြာပြီ...အရင်ကဆို ဖေ၊ မောင်မောင်၊ သူငယ်ချင်းတွေ ငြင်းခုန်ကြတာ၊ မချင့်မရဲ ဖြစ်ကြတာတွေကြားထဲမှာ..ခုတော့ ဘလော့ကနေပဲ ပေါက်ကွဲသံစဉ်တွေ ကြားရတော့တယ်..

    ReplyDelete
  15. ခြေနှစ်ချောင်းနဲ့ နားရွက်တို တဲ့ မြေခွေးတွေ ကောက်ကျစ်လိုက်ပုံများ..... ဒီကမ္ဘာမှာ စာစီ စရာနေရာ မလပ်ဘူး...

    ငါတော့....အပေါ်ကနေပြီး သိကြားမင်းနဲ့ ဆွေးနွေးနေတဲ့ သူဂျီးမြင်းကိုလည်း သနားတယ်...အောက်ကနေ လက်ရမ်းပြနေတဲ့ နင်တိုကိုလည်း စာနာတယ်..ဒီမှာက ဗြဟ္မာကြီး မိန်းမ မီးမဖွားနိုင်တာကို ကူနေရလို့ဟေ့....

    ReplyDelete
  16. မောင်ညိမ်းရဲ့ ရင်တွင်းပေါက်ကွဲသံနဲ့အတူ
    ဘလော့ဂါ ညီအစ်ကိုတို့ရဲ့ သံစဉ်လေးတွေ နားဆင်သွားတယ်နော်း)
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  17. အကိုက မန်ယူ ပရိသတ်ကိုး....:):)

    ReplyDelete
  18. တော်သေးတာပေါ့  ဒီမြေခွေး တဟီးဟီး နဲ့ အော်မငိုလို့း)

    ReplyDelete
  19. ကောက်ကျစ်တော့ ကျစ်ကောက်တာပေါ့....
    ဘီဘီချဖို့ အတွက် ကောက်ကျစ်တယ်...
    အာ... ဘာဖြစ်ဖြစ် ကောက်ကျစ်တယ်...

    ReplyDelete
  20. ကငြိမ်းနိုင်နှင့် အဖြူရောင်ကောက်ကျစ်မှုများဆို ပိုကောင်းမလားပဲ :P

    ခင်တဲ့(ဖိုးကြယ်)

    ReplyDelete
  21. ဒီကဗျာဖတ်ရင်းနဲ့ ကိုယ့်နားရွက်ကို ပြန်စမ်းကြည့်မိတယ်။
    ဒီပုံအတိုင်းဆိုရင်
    မြေခွေးသည် လူကဆင်းသက်လာသည်လို့
    ဆိုရိုးပြုရတော့မယ်။

    ReplyDelete