Saturday, December 24, 2011

ခရစ်စမတ်နဲ့ နှစ်သစ်ကူး မှာ


လင်းရေ......

ဘာလိုလိုနဲ့ခရစ်စမတ်နဲ့ ဘိလပ်နှစ်ကူးတောင်ရောက်လာပြီနော်...။ကိုယ်တွေအတွက်ကတော့ခရစ်စမတ်
ဆိုတာပိတ်ရက်တစ်ရက်ဖြစ်တာကလွဲလို့သိပ်တော့ထူးခြားလှတယ်မဟုတ်ပါဘူးလေ....။ခရစ်စမတ်နဲ့ပတ်
သက်တဲ့အမှတ်တရတွေလို့လည်း ထူးထူးခြားခြားမရှိလှပါဘူး...။ဒါပေမယ့်ကိုယ်ခရစ်စမတ်ကိုချစ်တယ်လင်း
ရဲ့...၊ခရစ်စမတ်ရက်တွေမှာအိမ်ကိုသီချင်းလာဆိုကြတဲ့ခရစ်ယန်မိတ်ဆွေတွေကိုလည်းသဘောကျတယ်...။
အင်း...ဒီနိုင်ငံမှာတော့ ဒီလိုမျိုးမရှိကြဘူးကွယ့်....။ဆိုတော့ ခရစ်စမတ်ရောက်ရင်အထွေအထူးစိတ်လှုပ်ရှား
တာမျိုးမရှိပေမယ့် ပျော်တော့ပျော်ပါရဲ့...။

လင်းသိတဲ့အတိုင်းပဲလေ....ကိုယ့်မိဘတွေက ရှေးရိုးဆန်တဲ့ဗုဒ္ဓဘာသာဝင်တွေဆိုတော့ အိမ်မှာ ခရစ်စမတ်
သစ်ပင်တွေဘာတွေလည်းမလုပ်ပါဘူး...၊မီးတွေဘာတွေလည်းအလှဆင်လေ့ဆင်ထမရှိလှပါဘူးလေ...။
ခရစ်စမတ်ပိတ်ရက်မှာ အပျော်ခရီးထွက်တာမျိုးလည်းဝေလာဝေးပဲ လင်းရဲ့...။ဒါပေမယ့် ကိုယ်တော့ ခရစ်
စမတ်ကာလမှာ ခရီးတစ်ခုခုတော့ထွက်ချင်သား...၊ဒါကြောင့်ဒီနှစ်မှာ မလေးဘက်သွားမလို့စီစဉ်သေးရဲ့..။
ကံဆိုးချင်တော့ လင်းရေ....၊ကိုယ်ပတ်စပို့စာအုပ်အသစ်လုပ်လိုက်ရတော့ မလေးဗီဇာပြန်လျှောက်ဖို့
အကြောင်းပေါ်လာရော...၊စာအုပ်အသစ်ကိုယ့်လက်ထဲရောက်တာနောက်ကျ၊တစ်ခါ ဒီရက်ပိုင်းအလုပ်တွေ
ရှုပ်နေလို့ ဘယ်မှမသွားနိုင်ဖြစ်နေတာနဲ့ ဗီဇာလျှောက်ဖို့အချိန်မရတော့ဘူးလေ....။မလေးဗီဇာကလည်း
ငါးရက်တောင်ကြာသကွယ်...။ဆိုတော့ ဒီနှစ်တော့ ခရစ်စမတ်မှာ ဘယ်မှမသွားဖြစ်တော့ပါဘူးလေ....။
နောင်နှစ်မှာတော့ ခရီးထွက်နိုင်အောင်ကျိုးစားကြည့်ရမှပဲလင်းရ....၊အခြေအနေပေးမယ်ဆိုရင် ခရစ်စမတ်
ကာလကို နှင်းတွေ ဝေနေအောင်ကျ နေတဲ့ နိုင်ငံတစ်ခုခုမှာကုန်ဆုံးမိချင်ရဲ့...။ကိုယ့်ဘဝမှာ ခုချိန်ထိ နှင်း
တွေဝေနေတဲ့ နေရာတစ်ခုခုကို တစ်ခါမှမရောက်ဖူးသေးဘူးလေ....။

လင်းရေ.....

ကိုယ်တို့နဲ့ခရစ်စမတ်က ထွေထွေထူးထူုးပတ်သက်လှတာမဟုတ်တော့ ခရစ်စမတ်မှာ ဘယ်သူ့ကိုမှ
လက်ဆောင်တွေဘာတွေမပေးဖြစ်သလို၊ဘယ်သူကမှလည်း ကိုယ့်ကိုလက်ဆောင်လာပေးတာမျိုး၊ပို့စကပ်
လေးတွေပေးတာမျိုးမရှိပါဘူးလေ...။ငယ်ငယ်ကတော့ ခရစ်စမတ်ရောက်ရင် စန်တာကလော့ဘိုးဘိုးကြီး
များ လက်ဆောင်လာပေးလေးမလားရယ်လို့မျှော်လင့်မိသပေါ့...။တစ်ခါမှမရဖူးပါဘူး...၊ကလေးဆိုတော့
ကိုယ်ကခရစ်ယန်မဟုတ်လို့နေမယ်လို့တောင် တွေးမိသေးရဲ့.....:)))။

လင်းရေ.....

ခရစ်စမတ်ထက်စာရင် ဘိလပ်နှစ်ကူးကပိုပျော်ဖို့ကောင်းတာတော့အမှန်...။ဟိုတုန်းကတော့ နှစ်ကူး
အကြိုညမှာ သူငယ်ချင်းတွေစုပြီး စားကြသောက်ကြ၊ကာရာအိုကေတွေအော်ကြပေါ့လေ...။နှစ်ကူးအကြို
ကာလ ည၁၂နာရီထိုးကာနီးပြီဆို ကိုယ်ဆီအရက်ခွက်လေးတွေကိုင်လို့ countdown လုပ်ပြီး ၁၂နာရီ
ထိုးတာနဲ့ Happy New Year 20-- ဆိုပြီးသံပြိုင်အော်ဟစ်ခဲ့ကြတာပေါ့...။ခုတော့လည်း ဒီလိုမျိုး မလုပ်ဖြစ်
ခဲ့တော့တာ ကြာ ကြာလှပေါ့....။အသက်လေးလဲရလာပြီဆိုတာ အဲဒီလိုမျိုးတွေလည်း မလုပ်ချင်တော့ပါဘူး
လေ...။ဘာပဲပြောပြော နှစ်ကူးအကြိုညကို ကိုယ်ချစ်ခင်ရတဲ့ သူငယ်ချင်းတွေနဲ့ ကုန်ဆုံးစေချင်သေးရဲ့...။
တစ်နှစ်နှစ်မှာပေါ့လေ....။

ကိုယ့်စိတ်ကူးထဲမှာတော့ နှစ်ကူးအကြိုညကို ဘယ်လိုနေရာမျိုးမှာတော့ဖြင့်ကုန်ဆုံးစေချင်တယ်ဆိုတာမျိုး
မရှိလှပါဘူး...။သို့ပေမယ့် ဖြစ်နိုင်မယ်ဆိုရင် ကချင်ပြည်နယ်ကမြစ်ဆုံမှာ သူငယ်ချင်းတွေနဲ့အတူ နှစ်သစ်
ကိုကြိုလိုက်ချင်သေးရဲ့...။ဒါမှမဟုတ် ကမ်းခြေတစ်ခုခုမှာပေါ့...။ပိုပြီးဖြစ်ချင်တာက ကိုယ်ခင်မင်ရတဲ့
ဘလော့ဂါတွေတစ်စုတစ်ဝေး ဝိုင်းဖွဲ့ပြီး နှစ်သစ်ကိုကြိုဆိုချင်ပါသေးတယ်...။တစ်နှစ် နှစ်မှာပေါ့လင်းရာ...။
လက်တွေ့ဆိုတာ စိတ်ကူးကစတင်ရတာပဲမဟုတ်လားနော့...။

လင်းရေ.....

ကိုယ့်အတွက်တော့ နှစ်သစ်ကူးရက်မှန်သမျှဟာ ပျော်စရာ၊ကြည်နူးစရာတွေနဲ့ပဲ ကုန်ဆုံးစေခဲ့တာပါပဲ....။
နှစ်သစ်ကူးရက်မှာ တစ်ခုခု၊တစ်ယောက်ယောက်ကို လွမ်းဆွေးတမ်းတနေမိတာမျိုး၊ကုန်ဆုံးသွားတော့မယ့်
နှစ်ဟောင်းကာလတွေကို လွမ်းတသနေမိတာမျိုး၊နှစ်ဟောင်းကိုမကုန်ဆုံးစေချင်တာမျိုးတော့မရှိခဲ့ပါဘူး။
ရောက်ရှိလာမယ့်နှစ်သစ်မှာ ဘာတွေဖြစ်မြောက်အောင်လုပ်လိုက်မယ်၊ဘယ်လိုမျိုးကျော်ဖြတ်မယ်ဆိုတဲ့
နှစ်သစ်ကူးသံဓိဌာန်တွေဘာတွေလည်းမချမိပါဘူး....။တကယ်လို့ ချခဲ့မယ်ဆိုရင်လည်း ပျက်ဖို့သာများ
မယ်ထင်ရဲ့....:))။

ဘာပဲပြောပြောလင်းရေ..၊ခရစ်စမတ်နဲ့ နှစ်ကူးကာလတွေကို ကိုယ်တို့ကျော်ဖြတ်ခဲ့ပေါင်းများလှပြီပေါ့နော်။
နှစ်ဟောင်းတွေကိုလည်း ပျော်ရွင်ကြည်နူးခြင်း၊ဝမ်းနည်းစိတ်မကောင်းခြင်း၊အဆင်ပြေခြင်း၊အဆင်မပြေခြင်း
တွေနဲ့အတူ ထားခဲ့ပေါင်းလဲများလှရောပေါ့...၊နှစ်သစ်ပေါင်းများစွာကိုလည်း အသစ်အသစ်သော မျှော်လင့်
ချက်တွေနဲ့အတူ ကြိုခဲ့ကြပြီးပြီနော်...။လူဆိုတာ မျှော်လင့်ချက်နဲ့အသက်ရှင်နေကြသူတွေဖြစ်တဲ့အတိုင်း၊
လာမယ့်နှစ်သစ်ကိုလည်း ဒီထက်ပိုမိုကောင်းမွန်လာမယ့် ကမ္ဘာကြီး၊စစ်ပွဲနဲ့ပဋိပက္ခတွေ မရှိတော့တဲ့ကမ္ဘာ
ကြီးအဖြစ် မျှော်လင့်ရင်း ကြိုဆိုလိုက်ကြရအောင်လားနော်.....။


(ညီမကန်ဒီ တဂ်လို့ရေးဖြစ်တဲ့ တဂ်ပို့စ်လေးပါခင်ဗျာ...၊တဂ်ပို့စ်တွေရေးရတာ စိတ်ဝင်စားသလို၊တခြား
တခြားသော ရေးဖော်ဘလော့ဂါတွေကိုလည်း တဂ်ချင်မိပါရဲ့..၊သို့ပေမယ့် သူရို့ ရေးဖို့ရာ အားမအား၊
ရေးချင်သော စိတ်ဆန္ဒပေါ်မပေါ်ဆိုတာ မသိနိုင်တာမို့ အားနာစိတ်နဲ့ ဘယ်သူ့ကိုမှ မတဂ်တော့ပါဘူး
ခင်ဗျာ။အားလုံးပဲ ပျော်ရွင်ကြည်နူးဖွယ်ကောင်းသော ခရစ်စမတ်နှင့်နှစ်ကူးကာလလေးကို ပိုင်ဆိုင်နိုင်ကြ
ပါစေခင်ဗျား....)

19 comments:

  1. နောင်လာမယ့် နှစ်သစ်ပေါင်းများစွာကိုလည်း အသစ်အသစ်သော မျှော်လင့်
    ချက်တွေနဲ့ ကြိုကြမယ်လေ.... :)

    HAPPY CHRISTMAS EVE, 24-DEC!

    ReplyDelete
  2. Christmas မှာ ပျော်ရွှင်ပါစေ

    ReplyDelete
  3. ပျော်ရွင်ဖွယ် ခရစ်စမတ်လေး ဖြစ်ပါစေလို့ ဆန္ဒပြုရင်း ...Happy New Year ပါ အကိုရေ...

    ReplyDelete
  4. ပျော်ရွှင်ဖွယ် ခရစ်စမတ်နဲ့  နှစ်သစ် ဖြစ်ပါစေ ကိုငြိမ်း..

    ReplyDelete
  5. နှစ်သစ်ကူး ကောင့်ဒေါင်းကို တစ်ခွက်တစ်ဖလား တစ်ကရားနဲ့ စောင့်ခဲ့ဖူးတယ်ပေါ့။ တော်တော်ဆိုးပါလား ကမောင်လေးရ။ နှာ့အတိုင်းပါဘဲလား။ ဟာ ဟ။

    အမြဲတမ်းပျော်ရွှင်နိုင်ပါစေ။

    ReplyDelete
  6. အကိုညိမ်းနိုင်
    ပျော်ရွှင်စရာ christmas လေးဖြစ်ပါစေနော်

    ReplyDelete
  7. စိတ်ကူးလေးတွေ ထပ်တူကျတယ် အစ်ကို ကျွန်တော်တို့ နှစ်ယောက်ချိန်းပြီး နှင်းတွေ ကျတဲ့နေရာကို အတူတူ သွားကြတာပေါ့...

    ပျော်ရွှင်ဖွယ် ခရစ်စမတ်နေ့ လေးကို ပိုင်ဆိုင်နိုင်ပါစေ အစ်ကို...

    ReplyDelete
  8. ရေးရေး မရေးရေး တဂ်သာတဂ်.. အဟိဟိ
    အင်.. ကိုညီရဲကော့မန့်ကြီးကလည်း ချိန်းပြီးသွားမယ်တဲ့.. သူ့ပိုစ့်ထဲကလို လက်တော့မတွဲကြနဲ့နော် ဟဟဟဟ
    အင်း... ဘလော့ဂါတွေ အများကြီးနဲ့ Happy New Year အော်ရအောင် တချိန်ချိန်ပေါ့ :D :D

    ReplyDelete
  9. ပျော်ရွင်ဖွယ် ခရစ်စမတ်လေး ဖြစ်ပါစေလို့
    .Happy New Year ပါ အကိုရေ

    ReplyDelete
  10. ဘယ်မှ မသွားတဲ့ အတွက် အိမ်မှာသာ တရားအားထုတ် တရုတ်အားထား ပါလေ ငါ့ကောင် အိကု။ :P

    ReplyDelete
  11. လင်းရေ....
    အဲ....း)
    မောင်လေးရေ.....Merry X'mas & Happy New Year ပါနော်.....
    ဘာပဲဖြစ်ဖြစ် ပိတ်ရက်တွေမှာ ပျော်တယ် ဟုတ်လားးးး

    ReplyDelete
  12. ဒါကြောင့်ပြောတာ နွေးထွေးမှုပေးတဲ့ လက်တစ်စုံ
    မရှိတော့ ဘယ်မှ မသွားတာကောင်းပါတယ်
    တွဲဖို့မှမရှိတာကိုး (ဟီးဟီးနောက်တာနော်)
    Merry Christmas and Happy New Year.

    ReplyDelete
  13.  (လင်း)=thiha zaw lin oo????
    ^_^ Merry X'mas & Happy New Year

    ReplyDelete
  14. ချိန်းပြီးသွားရင်နာတို့အတွဲလဲ လိုက်မယ်
    အေးတဲ့နေရာလေ----
    Merry Christmas and Happy New Yearပါရှင်

    ReplyDelete
  15. ဘယ်ကလင်းလဲလို့ ဖြိုးပြောမှသိတယ်....။ ခရစ်မတ်မှာရော နှစ်ကူးမှာရော ပျော်ရွှင်ပါစေ....။

    ReplyDelete
  16. မောင်ညိမ်းရေ ပျော်ရွှင်မှုဆိုတာ ကိုယ်တိုင်ဖန်းတီး
    ယူရတယ်ကွဲ့း)
    Merry Christmas & Happy New Year !!!
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  17. ခရစ်စမတ် ပိတ်ရက်တွေမှာ ခရီးထွက်ရတာကို ကျနော်လည်း ကြိုက်တယ်ဗျ၊ ဒါပေမယ့် ဒီနှစ်တော့ ဘယ်မှ မသွားဖြစ်ပါဘူး၊ လာမယ့် အသစ် အသစ်သော နှစ်သစ်တွေကို ကြိုဆိုကြတဲ့ ပွဲတွေထဲက တစ်ပွဲကို ခင်မင်ရတဲ့ ဘလော့ဂါ သူငယ်ချင်းတွေနဲ့ ကြိုဆိုချင်တာတော့ အတွေးတွေ တူနေပြီဗျို့...။း)

    ReplyDelete
  18. ကျွန်တော်ကတော့ ဒီဇင်ဘာကိုမကြုံဆုံချင်ဖူးဗျာ့ ချမ်းလည်းချမ်းရဲ့ အေးလည်းအေးရဲ့
    ပြီးတော့ အသည်းလည်းကွဲဖူးပါရဲ့

    ReplyDelete
  19. Christmas တုန်းက Wish မလုပ်ခဲ့ရဘူး.... အခု စပ်ကူးမက်ကူး ကာလကြတော့မှပဲ Happy New Year လာလုပ်သွားတယ်ဗျို့။ တနှစ်တာ ကာလပတ်လုံး ပျော်ရွှင်ချမ်းမြေ့ပါစေလို့.....

    ReplyDelete