Thursday, December 2, 2010

အကြိုက် နှင့် အလိုက်

တလောက ဆမ်မာဆက်နဲ့ ဘူကစ် ဘက်ကို သူငယ်ချင်းတစ်ယောက်နဲ့ အဝတ်အစား၊အသုံးအဆောင်လေး ဘာလေး ဝယ်ဖို့ရာ သွားဖြစ်ပါတယ်...။ပုံမှန်ဆိုရင်တော့ အဲဒီလို တမင်သတ်သတ်ရှောပင် ထွက်တာမျိုးမလုပ်ဖြစ်
ပါဘူး...။ဝါသနာလည်းမပါ၊ဝယ်စရာလည်း မလို၊ဝယ်ဖို့ရာလည်း ပိုက်ပိုက်က ပေါမှ မပေါတာကိုး...။ကြုံရင်၊တန်
တယ်ထင်ရင် ဝယ်လိုက်တာပဲ ရှိတာကလား...။

အဲ...ခုကျတော့ ဒီနှစ်ကုန်မှာ ခရီးတစ်ခုထွက်ဖို့ကအကြောင်းဖန်လာလေတော့ခုကတည်းကလိုမယ်ထင်တာလေး
တွေ ဝယ်ထားတဲ့သဘောပါပဲ...။စစချင်း ကြည့်ဖို့စဉ်းစားတာက ဂျင်းပင် ပါ။ဆိုတော့ လီဗိုက်ဆိုင်ဘက် ချီတက်ခဲ့
ပါတယ်...။တွေ့ပါပြီခပ်လှမ်းလှမ်းကတည်းက....50%OFFဆိုတဲ့ဆိုင်းပုဒ်ကြီး...။ရွေ့....နိပ်ပြီ..။နတ်တို့ဖန်ရေကန်
အသင့်၊ကြာအတင့်၊ ကိုယ်ဝယ်မယ်ဆိုမှ အထူးလျော့ဈေးနဲ့ လာတွေ့ပလေတယ်...။

“ ဟကောင်...ဖစ်ပတီးပါစင့် ဆိုပါလား...ဟန်ကျတာပဲကွ...” လို့ သယ်ရင်းကိုပြောတော့...ပြူတင်းပေါက်ရှောပင်
တွေ၊တံခါးမကြီးရှောပင်တွေမကြာမကြာထွက့်လေ့ရှိတဲ့ သူငယ်ချင်းက ငါးခူပြုံးလေးပြုံးပြီး၊မင်းနုပါသေးတယ်..
ဆိုတဲ့ အကြည့်မျိုးနဲ့ ကျွန်တော့်ကို ကြည့်ပါတယ်...။

“အဟင်း...ကြည့်ပါဦးလေ...သေသေချာချာ...” လို့ဆိုတော့...ကြည့်လိုက်တော့

50% OFF for 2nd item တဲ့....။

“ အန်.....နှစ်ထည်ဝယ်မှ ဒုတိယအထည်အတွက် ပဲ လျော့ဈေးက ရမှာပေါ့.....”

“မှန်ပါ့ဗျာ....”

“ ဈေးနှုန်းလေးဘာလေးကြည့်ပါဦးဟ...”

“ ၁၄၉ ကျပ်...”

ဘာ.....နှစ်ထည်ဆို လျော့ဈေးနဲ့တောင် နှစ်ရာကျော်ပေါ့.....”

“ ခင်ဗျားကလည်းဗျာ...ဒါကတော့ ဘရန့်ကိုးဗျ.....”

“ ဟေ့..ဟေ့...မင့်ဘာသာ ဘရန့်...ပါဦးတော့ကွာ...မင့် ဘရန်ကြီးဝတ်လို့လည်း ငါ့တင်ပါး ဘယ်သူမှ လာလှန်
ကြည့်တာမဟုတ်ဘူး...တော်ပြီ...တော်ပြီ....”

သို့နှင့် တခြားဆိုင်ဝင်ပါတယ်...။ဘာတဲ့ DENIZEN from levis' တဲ့..။လီဗိုက် ရဲ့ နာမည်ခွဲ လို့ ပြောတာပါပဲ...။
သူကတော့ ဈေးမဆိုးဘူးခင်ဗျ...။ဒစ်စကောင့်လည်းရှိပါတယ်...။ထုံးစံအတိုင်း နှစ်ထည်ဝယ်ရမပေါ့လေ....။

“အင်း...ဒီနှစ်ထည်ပဲယူလိုက်မယ်ကွာ....”

“ ခင်ဗျား ရွေးတဲ့ အရောင်ကြီးတွေကလည်းဗျာ....မွဲခြောက်ခြောက်၊မှိုင်းတိုင်းတိုင်းတွေ...၊အပြာရောင်လေးယူ
ပါလား...”

“ကြိုက်ဘူး...ကိုယ့်လူ...ဒါမှဒါပဲ...”

ကျွန်တော့်သူငယ်ချင်းလည်း ပြောမရ လုပ်ချင်တာလုပ် ဆိုတဲ့ပြီး ကျွန်တော့်ကို လွတ်ထားလိုက်ပါတယ်။

သို့နှင့် ဘိနပ်ဆိုင်ဘက် ဆက်လက်ချီတက်ခဲ့ပါတယ်....။ဝယ်ဖြစ်ခဲ့ပါတယ်...အညိုရောင် ဝေါ့ကင်းရှူးလေးပါ...။

“ လုပ်ပြန်ပြီ...ခင်ဗျားကတော့လေ....ဘိနပ်ကြတော့လည်း အဖြူလေးဘာလေးမယူဘူး...၊ဝယ်လိုက်ရင် အရောင်
မထွက်၊အဆင်းမထွက်တွေ.....”

“ ဟကောင်ရ...ငါက အဲ့လိုအရောင်တွေပဲကြိုက်တာကိုး....”

“အင်းပေါ့လေ...ခင်ဗျားအသားအရောင်က အတော်ဖြူသကိုးဗျ...ဟင်...၊ခင်ဗျာ့ အသားအရေနဲ့ အဲဒီ အညိုရောင်
တွေနဲ့ တော့ ဟပ်နေတာပဲပေါ့ဗျာ...၊အဝတ်အစားဝယ်တယ်ဆိုတာက အစားအသောက်လို ကိုယ်ကြိုက်တာ ကိုယ်ဝယ်တိုင်း အဆင်ပြေတာဟုတ်ဘူးဗျ...။ကိုယ်နဲ့ လိုက်ဖက်မယ့် အရောင်အသွေး၊အဆင်လေးဘာလေး
ရွေးမှပေါ့...ခုတော့ဘယ်နှယ်....”

အနှီးသို့ကလို သူငယ်ချင်းက တလမ်းလုံး ကျွန်တော့်ကို ပွစိပွစိ လုပ်လာပါတယ်....။ကျွန်တော်ကတော့ သူပြော
ချင်တာပြော၊ကိုယ်ကြိုက်တာ ကိုယ်လုပ်ခဲ့ရတော့ ကျေနပ်နေတာပါပဲ....။

အမ်အာတီ မှာ လမ်းခွဲခဲ့ကြပြီး ဘာသာတစ်ယောက်တည်း ပြန်ခဲ့တဲ့ လမ်းခရီးမှာတော့ သူပြောခဲ့တဲ့ စကားတွေ
ကို အေးအေးဆေးဆေး စဉ်းစားမိပါတယ်...။

ဟုတ်ပါတယ်....။ကျွန်တော်က စိတ်ခံစားမှုကို ဦးစားပေးသူပီပီ၊ ဘဝလမ်းတစ်လျှောက်မှာ ကိုယ်ကြိုက်တာ၊
ကိုယ်လုပ်ချင်တာကိုပဲ လုပ်ခဲ့တာပါပဲ...။တချို့အလုပ်တွေက ကိုယ့်ကို အကျိုးမပေးဘူးဆိုတာ၊မကောင်းဘူး
ဆိုတာသိပေမယ့် အသိခေါက်ခက် အဝင်နက်ခဲ့ပါတယ်...။လုပ်သင့်တာတွေကိုလည်း မလုပ်ချင်စိတ်တခုတည်း
နဲ့ မလုပ်ပဲနေခဲ့ပါတယ်...။ရှေးကံလေးကောင်းနေလို့သာ ဒီလောက်အဆင်ပြေနေတာရယ်...။

တကယ့်တကယ်မှာ ကျွန်တော်တို့ဟာ ဘဝမှာ ကိုယ်နဲ့ လိုက်လျော်ညီထွေရှိမယ့်၊ကိုယ့်ဘဝအတွက်အဆင်ပြေ
မယ့် အလုပ်တွေ၊အရာတွေ၊လုပ်သင့်လုပ်ထိုက်တာတွေကို ကိုယ့်စိတ်ကြိုက်မဟုတ်တောင်မှ ရွေးချယ်သင့်တာ
အမှန်ပါ...။တနည်းအားဖြင့်အကြိုက်ထက် အလိုက် ကိုပဲ ဦးစားပေးသင့်ပါတယ်....။

ဒါပေမယ့်...ဒါပေမယ့်ပေါ့လေ...ကျွန်တော်ဆိုတဲ့ကျွန်တော်ကလည်း....တော်ရာမှာမနေ၊ပျော်ရာမှာနေချင်တဲ့သူ၊
လုပ်သင့်တာထက် လုပ်ချင်တာကိုပဲ လုပ်ချင်ခဲ့တဲ့သူ၊ အလိုက်ထက် အကြိုက်ကိုပဲ ရွေးချယ်ချင်တဲ့သူ.....။
အဲဒီ အတွက် နောင်တရခဲ့သလားဆိုတော့လည်း ဘယ်တုန်းကမှ မရခဲ့တဲ့သူ....။
အင်း...ပြင်တော့ပြင်ရဦးမှာပါလား....လို့ တော့ ဘာသာတွေးမိပါရဲ့....။

ကဲ...ကိုယ့်ဆရာတို့၊ကိုယ့်ဆရာမတို့ရော....ဘဝမှာ ဘာကိုဦးစားပေးခဲ့ပါသလဲခင်ဗျ....။ဘာကို ဦးစားပေးသင့်
တယ်လို့ရော...ထင်မြင်ယူဆမိကြပါသလဲခင်ဗျာ...ပြောကြည့်ခဲ့ကြပါဦးနော့...။

13 comments:

မေပယ်လ် said...

.မင့် ဘရန်ကြီးဝတ်လို့လည်း ငါ့တင်ပါး ဘယ်သူမှ လာလှန်
ကြည့်တာမဟုတ်ဘူး.တဲ့
အဲဒါ အရေးကြီးသဗျ ကိုမောင်လေးရ..
မကြာခင် ပို့စ်တင်ပေးမယ်..ဟာသအဖြစ်ပေါ့ဗျာ
(ကော်မန့်မှာ ကဗျာလက်ဆောင်လေးထားသွားတဲ့အတွက် ကျေးကျေး)

noblemoe said...

ဖြစ်ချင်တာထက် ဖြစ်သင့်တာလုပ်တယ်ဆိုရင်လည်း အဲဒီဖြစ်သင့်တာပေါ်မှာ စိတ်မချမ်းသာရင်တော့ဘယ်ကောင်းပါ့မလဲနော် မိမိနဲ့လည်းလိုက်ဖက် မိမိနှစ်သက်ဖို့လည်းလိုတယ်လေနော်။

သာယာချမ်းမြေ့ပါစေရှင်း
မိုး

မိုးစက်ပွင့် said...

အပေါ်က မိုးပြောသလို ဈေးဝယ်ရင်(က)ကိုယ်ကြိုက်တာ (ခ)ကိုယ်တတ်နိုင်တာ၊ ကိုယ်ဝယ်သင့်တာ ကိုဝယ်တယ် .....(က)+(ခ)ဖြစ်ရမယ်ပေါ့..... ဘ၀နဲ့ ဆိုင်တဲ့ကိစ္စတွေမှာလည်း ဒီလိုပါပဲ....

(က) နဲ့ (ခ) အားပြိုင်လာရင်တော့ မောင်လေးလိုဘဲ (က)ကို ဦးစားပေးမိပါတယ်.....သိပ်ကြိုက်ရင် မကောင်းဘူးထင်ပေမဲ့ လုပ်ခဲ့တယ်...

ဒါပေမဲ့ အစ်ကိုတယောက် ပြောဖူးတဲ့စကားလေးကို မျှချင်တယ် (ကိုယ်စိတ်ပါတာ ကိုယ်လုပ်၊ အဲဒီရလာဒ်ကို ကိုယ်တာဝန်ယူ၊ နောင်တ မရနဲ့) တဲ့။

မောင်မိုး said...

ကျနော်ကတော့ ဖြစ်ချင်တာကို ဦးစားပေးတယ်။ Risk နည်းမယ်ဆိုရင်ပေါ့လေ။ ခံယူချက်က လူ့သက်တမ်းဟာ သိပ်တိုတယ်။ ဒါကြောင့် နေရတဲ့ခဏမှာ စိတ်ချမ်းသာမှုကို ဦးစားပေးတယ်။ အဲ..ဘယ်သူ့ကိုမှ မထိခိုက်ဘူးဆိုရင်ပေါ့လေ..။

ချော(အစိမ်းရောင်လွင်ပြင်) said...

အရေးကြီးတာ သူများအကြိုက်လိုက်လုပ်ပြီး ကိုယ်စိတ်ဆင်းရဲခံမလား
ကိုယ့်အကြိုက်ကိုယ်လုပ်ပြီး ကိုယ့်စိတ်ချမ်းသာမှုကို ရွေးမလား
ကိုယ်ကြိုက်တာ ကိုယ်လုပ်လို့ သူများလည်း မထိခိုက်ဘူးဆိုရင်တော့ ကိုယ်စိတ်ချမ်းသာတာကိုဘဲ ရွေးမိမှာပါ..
သူတစ်ပါးထိခိုက်ရင်တော့ တစ်မျိုးပေါ့နော်..
သူများ အကြံပေးချက်ကို နားထောင်မိလို့ ကိုယ်က စိတ်ဆင်းရဲရတာမျိုးဆိုရင် လက်မခံသင့်ဘူးလို့ ယူဆပါတယ်..

Anonymous said...

သေချာတယ်...ကျွန်မ အမြင်ကတော့..
ကိုယ်လုပ်ချင်နေတဲ့ ကိစ္စဟာ ဘယ်သူ့ ကိုမှ မထိခိုက်ဘူးဆိုရင်တော့
နောက်မရွေ့ တန်းပေါ့။ ဖြစ်လာသမျှ ရင်ဆိုင်ရဲတယ်။ :)
ကိုယ်စိတ်ထဲက ဆန္ဒလေးတွေအတိုင်း စိတ်ချမ်းသာစွာနဲ့ 
ပေါ့ပေါ့ပါးပါး လုပ်သွားမယ်ရှင်။ :)
..ခင်မင်လျှက်..ခင်မာလာအောင်..:)

သူကြီးမင်း (တုံးဖလား) said...

အင်း.. ပြောရရင်တော့ များသောအားဖြင့် ဖြစ်ချင်တာကိုဘဲ ဦးစားပေးလုပ်ခဲ့ပါတယ်။ ဖြစ်သင့်တာကိုလဲ တစ်ရံတစ်ခါလောက်တော့ လုပ်ခဲ့မိတယ်ထင်သားဘဲ။ ဒါပေမဲ့ ဖြစ်ချင်တာကို လုပ်ခဲ့တယ်ဆိုပေမဲ့ သူများကို မထိခိုက်နိုင်တဲ့ ကိစ္စမျိုးမှသာ လုပ်ခဲ့တာပါ။ ဆိုလိုတာကတော့ လုပ်ချင်တာကိုဘဲ လုပ်လုပ် လုပ်သင့်တာကိုဘဲ လုပ်လုပ်၊ ဖြစ်ချင်တာကိုဘဲ လုပ်လုပ်၊ ဖြစ်သင့်တာကိုဘဲ လုပ်လုပ် ပတ်ဝန်းကျင်ကို မထိခိုက် မနစ်နာစေဖို့ အရေးကြီးပါတယ်။ (ထင်သလို လေကန်သွားသည်။

ခင်မင်လျက်
ကိုကိုမောင်(ပန်းရနံ့)

အဖြူရောင်နတ်သမီး said...

ကိုယ့် အကြိုက်ကိုပဲရွေးမယ်...

ညိမ်းနိုင် said...

ကိုယ်လုပ်ချင်တာလုပ်လာတာ..၊အဖော်တွေ အများကြီးပါလား....၊အားတက်
သွားပြီ...။တခုတော့ ပြောနိုင်ပါတယ်....၊ကိုယ်လုပ်ချင်တာလုပ်ပေမယ့် ပတ်
ဝန်းကျင်ကိုတော့ မထိခိုက်စေရပါဘူး...။အားလုံးကို ကျေးဇူးပါခင်ဗျာ....။

blackroze said...

ကျမကတော့..ဖြစ်ချင်တာကိုဘဲလုပ်ချင်တယ်..
ဒါပေမဲ့ အမြဲတမ်းဖြစ်သင့်တယ်ဆိုတာဘဲ
လုပ်ဖြစ်တယ်....အခုလည်းအရမ်းဖြစ်ချင်
နေတဲ့ဆန္ဒတစ်ခုရင်ထဲမှာရှိနေတယ်..
ဒါပေမဲ့လည်းလေ...ကျမထင်ပါတယ်..ဖြစ်သင့်တာကို
ဘဲလုပ်ရဦးမှာပါ..ဒါကြောင့်...ဖြစ်ချင်တဲ့ဆန္ဒကိုဖြစ်ခွင့်ရှိအောင်
လုပ်လို့ရတယ်ဆိုရင်...ဘာမှမစဉ်းစားဘဲလုပ်ပြစ်လိုက်ပါ...
အများကြီးမစဉ်းစားပါနဲ့..ဒါလည်းဘုရားပေးတဲ့
ဆုတမျိုးပါဘဲလေ..

လသာည said...

အဲဒီရွေးချယ်မှုက ကိုယ့်အတွက်ပဲဆိုင်တဲ့ ရွေးချယ်မှုလို့ထင်တဲ့အခါ ကိုယ်ဖြစ်ချင်တာကိုလုပ်မိတယ်။ ကိုယ့်အပြင် သူတပါးတွေအတွက်ပါ ဆိုင်တယ်ထင်တဲ့ ရွေးချယ်မှုမျိုးကျတော့ အများအကြိုက်+ဖြစ်သင့်တာ ကိုလုပ်ဖို့ ဆုံးဖြတ်ထားတယ် (ဆုံးဖြတ်တဲ့အတိုင်း မလုပ်မိပဲ ကိုယ့်အကြိုက်ကိုပဲ လုပ်မိတာလည်း ရှိတယ်။ ပုထုဇဉ်ပေကိုးး))

~ဏီလင်းညို~ said...

ကျွန်တော့်အတွက်ကတော့ အ၀တ်အစား၊ ဖိနပ်ဝယ်တဲ့အခါမှာ တံဆိပ်ထက် ကိုယ်နဲ့ အဆင်ပြေလိုက်လျောညီထွေးမှုရှိမယ့်၊ ကိုယ်လည်းတကယ်နှစ်သက်မယ့် ဟာကိုသာရွေးဝယ်ဖြစ်တာများတယ်....။ ဥပမာ....အရောင်၊ ဒီဇိုင်း၊ ဈေးနှုန်း၊ တန်ဖိုး စသည်ဖြင့်ပေါ့လေ........း))
ဟုတ်တယ်လေ.... ငါဘာဝတ်ထားတယ်ဆိုတာ လူကြားထဲလိုက်လှန်ပြလို့မရသလို၊ သူများလည်း လာလှန်မကြည့်သလို၊ လှန်ပြရင်လည်း အဟားခံ၊ ကြွားတယ်လို့အထင်ခံရမှာကျိန်းသေးပါတယ်......။
စိတ်ဓာတ်နဲ့ ခံစားမှုအပိုင်းမှာလည်း.......ဒီလိုပဲနေမယ်ထင်တယ်လေ......။
ဒါပေမယ့် လူတစ်ကိုယ် အကြိုက်တစ်မျိုးစီမို့ တူမယ်မထင်လေဗျာ.........။

ခင်မင်ခြင်းအားဖြင့်.......
ဏီလင်းညို

sosegado said...

Levis က အဟောင်းယူသွားရင် ၁၀၀ လား ၅၀ လားလျှော့ပေးတယ်ဆိုပဲ။
ကြိုက်တာလုပ်ရတာ စိတ်ချမ်းသာပါတယ်။
တစ်ခါတစ်လေလဲ ကြိုက်တာမရရင် အလိုက်လုပ်ရပါတယ်၊
ဘဝ ဆိုတာဒီလိုပဲလေ။