Thursday, December 23, 2010

အလွမ်းတွေ တိုက်စားသွားတဲ့ ည

လွမ်း.......လိုက်......တာ.......

ရင်တခွင်လုံး ပြည့်ကြပ်၊နွမ်းလျ.....နင့်ကို လွမ်းတဲ့ စိတ္တဇတွေနဲ့ပေါ့....

မစဲတမ်း ရွာချနေတဲ့ အလွမ်းနေ့ရက်တွေက ငါ့အတွက် ထာဝရ ပြဿဒါးရက်တွေပါ ချစ်သူ......။

အဲဒီနေ့တွေ၊ညတွေမှာ....ငါ့ နှလုံးခုန်သံတွေရပ်...၊

ငါ့ကမ္ဘာကြီးကတော့ သွက်သွက်ခါလို့....။

ရွက်စုတ်ပြက္ခဒိန်တစ်ခုလို နင်မရှိတဲ့ ငါ့ရဲ့ အပျော်သုန်းရက်တွေကို တစ်ရက်ချင်း စုတ်ဖြဲပစ်ချင်ခဲ့.....။

နင် နဲ့ ငါ့ ကြားက ခြားနားခြင်း မိုင်တွေကို ငါ မုန်းတယ်...။

နင် နဲ့ ငါ့ ကြားက ခြားနားခြင်း တံတိုင်းတွေကို ငါ မုန်းတယ်....။

နင် နဲ့ ငါ့ ကြားက ခြားနားခြင်း အခြေအနေတွေကို ငါမုန်းတယ်....။

အဲဒီခြားနားခြင်းတွေကို မကျော်ဖြတ်နိုင်သေးတဲ့ ငါ့ ကိုယ်ငါ ပိုမုန်းတယ်.....။


ချစ်သူရေ..................

ပိုးစိုးပက်စက် အသက်ငင်နေတဲ့ အိမ်မက်တွေကို ငါတို့ ဆက်မက် နိုင်ပါ့မလား.....။

မလွှတ်တမ်း ထမ်းထားတဲ့ မျှော်လင့်ခြင်းတွေ အတွက် နှလုံးသားတွေ ပင့်တင် နိုင်ပါ့မလား....။

ဝင်သက် နဲ့ ထွက်သက်ကြားက မနားတမ်းသွားနေတဲ့ အလွမ်းတွေကို ရပ်တန့် နိုင်ပါ့မလား.....။

ပျပျမြင်ရတဲ့လမ်းတွေက တို့နှစ်ယောက် လက်တွဲလျှောက်သာအောင် ကျယ်နိုင်ပါ့မလား.....။

ရွေ့တာနဲ့ ရပ်နေတာ....သိပ်မကွဲပြားပေမယ့်......

မနက်ဖြန်တွေကို ဘေးတိုက်လွယ်လို့ ငါ......နင့်ဆီကို လှမ်းမြဲပါ.....ချစ်သူ.....။

ရင်ခုန်သံတွေ လက်အံသေလာတဲ့တစ်နေ့.....နင်....ငါ့ကို လွှတ်ချထားခဲ့ပါ......။

အလွမ်းနဲ့ဆောက်တဲ့ ကျောက်ဂူအောက်မှာ......

ငါ.....ဆိတ်ဆိတ်ငြိမ်ငြိမ်.......နေ......ရစ်.......ခဲ့.......မှာ.......ပါ.....။



















5 comments:

noblemoe said...

ခြားနားခြင်းတွေကျော်ဖြတ်နိုင်ပြီး အမုန်းတွေနဲ့ဝေးပါစေ
နှစ်သစ်မှာ ပျော်ရွှင်တဲ့ဘဝခရီးလေးလျှောက်နိုင်ပါစေ
ကိုမောင်လေးရေးးးး အားတင်းပြီးကျော်ဖြတ်လိုက်ပါ။
FIGHTING!!!!!!

သာယာချမ်းမြေ့ပါစေရှင်း
မိုး

~ဏီလင်းညို~ said...

ကဗျာလေးဖတ်သွားတယ်ကိုမောင်လေး.....။
ခံစားချက်တွေ လှမ်းမြင်လိုက်ရတယ်....။
အနားသတ်ညီမျှတဲ့ ချစ်ခြင်းတစ်စုံကို ပိုင်ဆိုင်နိုင်မှာပါ.......။
(တကယ် အားပေးသွားတာနော်ဗျ)

ခင်မင်ခြင်းအားဖြင့်.....
ဏီလင်းညို

မိုးယံ said...

အလွမ်းနဲ့ဆောက်တဲ့ ကျောက်ဂူအောက်မှာ......

ငါ.....ဆိတ်ဆိတ်ငြိမ်ငြိမ်.......နေ......ရစ်.......ခဲ့.......မှာ.......ပါ.....။


အီး.... ကျွတ်ဆင်ကြီးပါလားအေ...

ဒီတိုင်းဆို သာမန်တွေကြားထဲက သာမန်အဆင့်ထက်ပိုလွမ်းနေသလားလို့..

Maung Myo said...

အလွမ်းနဲ့ဆောက်တဲ့ ကျောက်ဂူအောက်မှာ......

ငါ.....ဆိတ်ဆိတ်ငြိမ်ငြိမ်.......ရေနစ်နေခဲ့မှာ


ကျူမှီးငှား ကျူးမှီးငှားး


း)

...အလင်းစက်များ said...

အုတ်ဂူအောက်ထားခဲ့ပြီးမှ ငြိမ်ငြိမ်နေတဲ့..... သေရော :P