Thursday, January 13, 2011

ကျွန်တော် နှင့် လွယ်အိတ်

ဘဝတစ်လျောက်လုံးမက်မက်စက်စက်မရှိတဲ့အရာ....၊စွဲစွဲလမ်းလမ်းမရှိတဲ့အရာ...ကိုပြောပါဆိုရင်လွယ်အိတ်ပါ..။
ကျောင်းသားဘဝမှာတော့မလွယ်မဖြစ်မို့သာလွယ်ရပါတယ်...၊အဲ...ဒုတိယနှစ်နောက်ပိုင်းမှာတော့ လုံးးးးဝ ကိုမ
လွယ်တော့ပါဘူး...။နောက်ပိုင်းကာလတွေမှာ သင်တန်းတွေတက်ဖြစ်တဲ့အခါမှာလည်း ဘာလွယ်အိတ်၊ဘာ
ဘက်အိတ်၊ဘာကျောပိုးအိတ်မှကိုမလွယ်၊မကိုင်တာပါ..။စာရွက်စာတမ်းတွေ၊စာအုပ်တွေကိုဖိုင်အကြီးစားထဲထည့်၊
အဲဒီဖိုင်ကိုမှ ပလတ်စတစ်အိတ်အထူးစားထဲထည့်ပြီး ကိုင်ပါတယ်...။အဲ့လောက်ကို အိတ်နဲ့ကျွန်တော်၊ကျွန်တော် နဲ့အိတ် ကအစေးမကပ်တာပါ...။

ကိုယ့်ဘာသာကိုယ် အစေးမကပ်ရုံတင်မဟုတ်...။သူများကိုပါ အသားလွတ်အမြင်ကပ်မိသေး...။ခါးပတ်အိတ်ဝတ်
တဲ့သူတွေကိုပေါ့....။သူ့ဘာသာသူ ခါးမှာပတ်ချင်လို့ ပတ်တဲ့ကိစ္စ...၊ဘယ်နှယ် အသားလွတ်အမြင်ကပ်မိမှန်း
ဘာသာလည်းမတွေးတတ်တော့ပါဘူးဗျာ...။ကိုယ်ဘာသာကိုယ်လည်း နေရင်းထိုင်ရင်း အကုသိုလ်မယူဖို့ ဆုံးမ
တာပါပဲ...၊ခက်တာက ကြည့်လို့ကို မရတာဗျ...။

အဲ....မကြာပါဘူး....။နောက်တော့ အင်မတန်မှ အမြင်ကပ်ပါတယ်ဆိုတဲ့ အဲဒီခါးပတ်အိတ်ကို ကိုယ်တိုင်ပတ်ရ
တော့တာပါပဲဗျိုးးးးးး။ဟောဒီ စလုံးရောက်တော့မှပေါ့...။ရောက်ခါစကတော့ ဘာအိတ်မှ မကိုင်ပါဘူး...။
အလုပ်သွားရင် လိုမယ်ထင်တာလေးတွေကို ဘောင်းဘီအိပ်ထဲ ပြွတ်သိပ်ထိုးထည့်လိုက်တာပါပဲ..။စာရွက်
စာတမ်းတွေကတော့ ထုံးစံအတိုင်း ဖိုင်ထဲထည့်၊ဖိုင်ကို ဒီအတိုင်း လက်ကကိုင်ပေါ့...။

နောက်တော့ မဆောင်လို့မဖြစ်တဲ့ အတိုအထွာတွေများလာ...၊အဲ့ဒီ အတိုအထွာလေးတွေကိုကိုယ်နဲ့မကွာဆောင်
ထားချင်တော့ မဖြစ်မနေ ခါးပတ်အိတ်က ပတ်ရပါရောလား...။မချစ်သော်လည်း အောင့်ကနမ်းပေါ့ဗျာ....:D..။
ဒါတောင် ဆိုဒ်ထဲသွားကာမှ ပတ်တာရယ်...၊အပြင်သွားလို့ကတော့ လက်လွတ်၊ခြေလွတ်သွားတာ၊ဘာဆို ဘာ
အိတ်မှမလွယ်...၊ဘာမှမကိုင်....။

ဆိုတော့....အဲဒီခါးပတ်အိတ်ကလေးထဲမှာ....ဘာတွေရှိသလဲ....ကြည့်ကြရအောင်ဗျနော်....။ဒန်....တန်.....တန်....
လက်ရှိ ပတ်နေတဲ့ အိတ်ဟောင်းကလေးခင်ဗျ.......

ပိုက်ပိုက် အိတ်...၊မရှိမဖြစ်ပေါ့ဗျာ....နော့...။အိတ်ထဲမတော့ ထုံးစံအတိုင်း ကဒ်ပေါင်းစုံ၊စာရွက်အတိုအထွာလေး
နဲနဲ နဲ့ ပတ်စပို့ဓာတ်ပုံ နဲနဲ....၊ပြီး....အနဲဆုံးကတော့ ပိုက်ဆံပေါ့ဗျာ....:)

ဖုံး နဲ့ နားကြပ်.....၊ဒီနှစ်ခုကလည်း မရှိမဖြစ်.....။နားကြပ်ကတော့ သီချင်းနားထောင်ဖို့၊ပြီး အလုပ်ထဲမှာ ဖုံးပြော
ဖို့ဗျ....၊ဆူညံနေတဲ့ ဆိုက်ဒ်တွေထဲမှာ နားကြပ်တပ်ပြီး ပြောမှအဆင်ပြေလေတော့ နားကြပ်ကလည်း မရှိမဖြစ်...၊

ဘောပင် နဲ့ မှတ်စုစာအုပ်သေးသေးလေး.....၊အင်းးးးဒီနှစ်ခုလည်းမရှိမဖြစ်တွေပဲ....၊ဘောပင်ကတော့ ခဏခဏ
ဝယ်ရရဲ့...၊ခဏခဏ ပျောက်သကိုးဗျ....။

ပြီး မာကာပန်.....၊အလုပ်ထဲမှာတော့ မရှိမဖြစ်စာရင်းဝင်ပဲ....၊နံရံတွေမှာ၊အထပ်သားတွေမှာ မှတ်စရာလိုရင်
ဘောပင်နဲ့က ထင်သာမြင်သာမရှိလေတော့ မာကာပန်နဲ့မှဖြစ်တာ....။

နောက်....အကြွေစေ့တွေ......၊ဒီနိုင်ငံမှာတော့ အကြွေကတယ်အသုံးဝင်တာကိုး....။ဆောင်ထားရပါတယ်.....။
ပိုက်ဆံအိတ်ထဲတော့ ထည့်ထားရတာ လေးလို့ မထည့်ထားတော့ပဲ ခါးပတ်အိတ်ထဲပဲ ထည့်ထားရပါတယ်...။

မီးခြစ်နဲ့ ဆေးလိပ်ဘူးလေး.....၊သူများကို ခဏငှားလိုက်ပြီး ပြန်ခြင်းမခတ်တော့တဲ့ ပစ္စည်းစာရင်းထဲမှာ ဘောပင်
ပြီးရင် မီးခြစ်က ဒုတိယလိုက်ပါတယ်...။တခါဝယ် သုံးလုံးနှုန်းနဲ့ တလ သုံးခါလောက်ဝယ်ရပါတယ်.....။ဆေးလိပ်
ကတော့ သိပ်ပြီးသောက်လှတယ်မဟုတ်ပါဘူး...။အလုပ်ထဲမှာ ပင်ပန်းလာရင် ဆေးလိပ်လေးသောက်ပြီး
အပန်းဖြေရတာ တယ်အရသာရှိသကိုးဗျ...။ဆိုတော့ ဆယ်လိပ်ဝင် ဘူးပြားပြားလေးတစ်ဘူးဝယ်ပြီး ထည့်ထား
လိုက်တော့ ကိုင်ရတာလည်းသက်သာ...၊ကိုယ့်ဘာသာကိုယ်လည်း လစ်မစ် သက်မှတ်ပြီးသားဖြစ်သွားရော...။

ဟမ်နီပလာစတာ....၊မကြာခဏဆိုသလို လက်ရှတတ်ပါတယ်.....၊ဒါကြောင့်မရှိမဖြစ်ဆောင်ထားရပါတယ်....။

current စမ်းတဲ့ တပ်စ်ပန်....၊ဒါကလည်း မရှိမဖြစ်ဗျ...။

နောက်တခုကတော့ သော့တွဲ....၊မောင်မျိုးလိုပါပဲ....၊လေပျံသော့၊ကားသော့၊မိုတိုသော့တွေ မရှိပါဘူး...။စက်ဘီး
သော့နဲ့ အိမ်သော့၊အခန်းသော့၊စတိုသော့တွေပါ...။အဲ....သူရို့တွေလည်း မရှိမဖြစ်တွေပဲဗျနော့...။

အင်းးးးးဒါတွေ အကုန်ပါပဲ....။မရှိမဖြစ်၊မရှိမဖြစ် နဲ့ ဆောင်ထားလိုက်တာ ခါးပတ်အိတ်လေးကို ဖောင်းလို့ဗျာ...။
အကျီ င်္ကိုတောင် အပြင်ထုတ်မဝတ်ရဲဘူး...။၏၊ခါးပတ်အိတ်နဲ့ဗိုက်ရှေ့မှာဖောင်းနေလေတော့ ဗိုက်ကြီးသယ် နဲ့
တူနေလို့ရယ်......:)။

ကဲမောင်မျိုးရေ.....ကျေနပ်ပြီဟုတ်....။မကျေနပ်သေးရင် နောက်တခါမှ ထပ်ရေးပါဦးမယ်...။ဘာလို့လဲဆိုတော့
ဘေးလွယ်အိတ်တစ်လုံးမဖြစ်မနေဝယ်ရမှာ မို့လို့ပါ...။မချစ်သော်လည်း အောင့်ကာနမ်းရဦးမယ့် အကြောင်းလေး
ကရှိနေသေးသကိုးးးးးးးး။

8 comments:

ချော(အစိမ်းရောင်လွင်ပြင်) said...

ခါးမှာပတ်တဲ့အိတ်ကို အစ်မတို့ ဖားကန့်ဘက်မှာတော့ လောပန်းတွေမှ ပတ်ကြတယ်
ဒီတော့ မောင်လေးကိုလည်း ခါးပတ်အိတ်လေးနဲ့ လောပန်းလို ခန့်ခန့်ကြီးဖြစ်နေမှာ မြင်ယောင်သေးတယ်း)

သူကြီးမင်း (တုံးဖလား) said...

သဌေးကြီး ဦးမောင်လေးပေါ့။ ခါးပတ်အိတ်ကြီးနဲ့ဆိုတော့။ သူကြီးတို့ကတော့ ခါးပတ်အိတ်မပြောနဲ့ ခါးပတ်မျှော့ကြိုးတောင် ခပ်တင်းတင်းဆို မကြိုက်တော့ဘူး။းဝ))

ခင်မင်လျက်
ကိုကိုမောင်(ပန်းရနံ့)

Maung Myo said...

ခါးပိတ်တဲ့ လွယ်အိတ်က ဒီမှာတော့ ဈေးသည်တွေ အပတ်များတယ် အစ်ကိုရး) ပုံနဲ့တကွလည်းမပြပါလား ကျေနပ်ဘူး အဲ့တာလည်းကောင်းပါတယ်လေ ကျနော့်လို ပုံတင်ပြလိုက်ရင် ပန်းမင်းသမီးလို့ အပြောခံရအူံးမယ် ။ သီချင်းနားထောင်တာချင်းတူတယ် သော့ဆောင်တာချင်းတူတယ် သော့ကလည်း အရေးကြောင်းနဲ့ ၀က်ရူးပြန်ရောဂါကာကွယ်လို့ရတယ်တဲ့ ။

နောက်အိတ်တစ်လုံးကိုစိတ်ဝင်စားစွာစောင့်ကြည့်နေအုံးမယ် ပုံနဲ့တင်ပေးပါ ။ ဘာတွေထွက်လာမလဲမသိ ကောင်မလေးဓာတ်ပုံလေးကော အမောပြေမကြည့်ဘူးလားဗျး)

နေ၀သန် said...

မျက်စိထဲကို ကိုမောင်လေးပုံကြီးမြင်ယောင်လာတယ်... :P.. ခါးပတ်အိတ်ကြီးလွယ်လို့... ဆေးလိပ်ကြီးဖွာလို့... လက်မှာလဲ ဟန်စာပလပ်စ်ကြီးကပ်လို့... :P...


ခင်မင်တဲ့
နေ၀သန်

စော(အဝါရောင်မြေ) said...

အာ ပလာစတာတင် ပတ်ထားတာလား။ ရူဆေးဘူးတို့ ၊ ပရုတ်ဆီတို့ ရော ပနဒေါလေးတွေရော ပါဘူးလား?

အင်း အလုပ်နဲ့ ဆိုင်တာက Tester တစ်ခုထဲလား?

Anonymous said...

ဒီက အတဂ်ခံရလို့ မူးနေတာ သူကတော့ မြန်ချက်
တော်ထှာ..။
အိတ်ထဲက အတွင်းပစ္စည်းတွေတော့ အကုန်နှိုက်သွားတယ်..။ ပုံမပါလို့ သိပ်တော့ မကြည်:P

ညိမ်းနိုင် said...

ခုတလော ဘယ်လိုဖြစ်တယ်မသိ ကွန်နက်ရှင်လေးနေပါ
တယ်...။မနေ့ကဓာတ်ပုံတင်တာ နာရီဝက်သာကျော်သွား
တယ်....၊တက်မလာဘူးခင်ဗျ၊ဒီနေ့ထက်တင်တယ်...၊
မရပါ..။ဒီရက်ပိုင်း အလုပ်ကလည်း ကျပ်နေလို့ ညတိုင်း
၁၁နာရီထိုးမှပြန်ရောက်ပါတယ်...။အချိန်ရှားပါးနေလို့
စိတ်ရှည်ရှည်မထားနိုင်သေးတာနဲ့ နောက်နေ့မှ ထပ်တင်
ပေးပါမယ်....လို့...။

မေဓာဝီ said...

မောင်မျိုးစလိုက်တာနဲ့ အိတ်သွန် ဖာမှောက်တွေ လုပ်ကုန်ကြပြီ :)
ဓာတ်ပုံတွေမပါတော့ တခုခုလိုနေသလိုပဲ။ တခြားပုံတွေ မတင်ရင်နေပါ ဗိုက်ကြီးသည်နဲ့ တူတဲ့ပုံလေး အရင်တင်ပေါ့။ :))