Monday, January 24, 2011

ဖြတ်မျဉ်းများ

သုညအောက်ယူဇနာတစ်ရာ ရောက်နေတဲ့ စိတ်ဓာတ်

တစ်နေ့တစ်နေ့ မာနကို ဆွဲဆွဲတင်နေရတာကလည်း တစ်ဒုက္ခ

မွေးမြူရေးသမားများလက်စွဲကျမ်း ထဲမှာ စိတ်ကိုချမ်းသာအောင်မွေးမြူနည်းများ မပါဘူးလားဗျာ....

ဘဝဆိုတာတိုက်ပွဲဆိုရင် ငါ့ဘက်မှာ တပ်ကူရှိဦးမလား ကိုယ့်လူ

လွဲသမျှအလွဲထဲမှာ ရည်းစားဦးနဲ့လွဲရတာလောက် စိတ်ချမ်းသာတာမရှိဘူး

ကျေးဇူးပြု၍ ငါ့ကို ဝဋ်လည်ခွင့်ပေးပါ ချစ်သူ

စံလွဲအချစ်

တစ်သက်စာ အလွမ်းများ

လူဖြစ်ရတဲ့ ဒုလ္လဘထဲမှာ ချစ်တတ်တာပါတယ်

ငရဲခန်းပျို့ ၊ ကြယ်တွေစုံတဲ့ည နဲ့ သုမနကျောကဒဏ်ရာတွေ ဘယ်တော့ကျက်ပါ့မလဲ

စလျှောက်မိကတည်းက လမ်းမှမဟုတ်တာ

ကိုယ့်ဘာသာ ကျင်းထဲမှာနေစမ်းပါ ဂဏန်းရာ

လမ်းပေါ်မှာ ယူတန်း တစ်ချက်လောက်ရှာကြည့်ပါဦး

ကုလို့လည်းမရ၊သေလည်းမသေနိုင်တဲ့ ရောဂါ

လှေကြီးဆိုတာ ရိုးရိုးထိုးလို့ရရိုးလား

ဖြစ်ပြီးရင်ပျက်ရမှာပဲ၊မဖြစ်ခင် ပျက်ပျက်သွားတာက ခက်နေတာ

မျှော်လင့်ချက်ဆိုတာ လက်တစ်ဝါးစာ စာရွက်လေးကိုပြောတာလား

ပျော်ရွင်ခြင်းတွေက တနင်္ဂနွေနေ့ကိုဝါးမြိုသွားပြီ

ဤလိုပုံဖြင့် မိုးကြီးချုပ်တော့မည်

အချိန်တန်တော့ အိမ်ပြန်ရမှာပါ

ဇာတ်သိမ်းခန်းရောက်ခါနီးတော့ လူတွေနည်းနည်းလာပြီ

ဒီပြဇာတ်ကို ဒီမှာပဲ ရပ်ကြစို့ ငါ့ရှင်........

(အကြောင်းတိုက်ဆိုင်တဲ့အခါ စိတ်ထဲမှာ အတွေးစတွေက ဖျတ်ကနဲ ပေါ်လာတတ်ပါတယ်...၊
တနည်းအားဖြင့်တော့ ရင်ကိုဖြတ်သွားတဲ့ မျဉ်းကြောင်းတွေလို့ပဲ ဆိုကြပါစို့.....)

11 comments:

Anonymous said...

မခင်ဦးမေနီးနီးမော်ဒန်လာဘီ

Anonymous said...

မခင်ဦးမေနီးနီးမော်ဒန်လာဘီ

nYi ThU E@in said...

လူဖြစ်ရတဲ့ ဒုလ္လဘထဲမှာ ချစ်တတ်တာပါတယ်
ထိတယ်ဗျာ
ဖြတ်မျဉ်းတွေက အားပါလိုက်တာ..။

Maung Myo said...

ကျေးဇူးပြု၍ ငါ့ကို ဝဋ်လည်ခွင့်ပေးပါ ချစ်သူ

အဲ့တာကိုအကြိုက်ဆုံးပဲ ။

မိုးယံ said...

အချိန်တန် အိမ်ပြန်ချိန် လွန်ခဲ့တဲ့... ဒီနေရာမှာ ရပ်တော့ ပြဇတ်ရယ်..

noblemoe said...

ရင်ကိုဖြတ်သွားတဲ့ မျဉ်းကြောင်းတွေ ဖတ်သွားပါတယ်။ အစစအရာရာအဆင်ပြေပါစေလို့ပဲဆုတောင်းပေးပါတယ်။
သာယာချမ်းမြေ့ပါစေရှင်း
မိုး

နေ၀သန် said...

ကိုင်း..ရပ်ကြပါစို့. .ငါ့ရှင်.. လူလည်း ဖတ်ရင်းနဲ့ လည်လည်ထွက်သွားပြီ.. ကလူကလူ... :P

ခင်မင်တဲ့
နေ၀သန်

နေ၀သန် said...

ကိုင်း..ရပ်ကြပါစို့. .ငါ့ရှင်.. လူလည်း ဖတ်ရင်းနဲ့ လည်လည်ထွက်သွားပြီ.. ကလူကလူ... :P

ခင်မင်တဲ့
နေ၀သန်

...အလင်းစက်များ said...

နေစမ်းဘာ ဂဏာန်းရာ ကျင်းထဲမှာပဲ...တဲ့ .... ဒါလက်သုံးစကား ဖြစ်ခဲ့ဘူးတယ်ဗျ... ဟဟဟ

ဖိုးကြယ် said...

ဖျားဖျား...သုညအောက်ယူဇနာတစ်ရာ.... အနှီမောင်ဖိုးကြယ်အတိုင်းပါပဲလား :)မိုက်တယ်ဗျာ မျဉ်းကြောင်းတွေက ဒီကိုပါလာဖြတ်သွားပါရောလား :)

ခင်တဲ့(ဖိုးကြယ်)

မြစ်ကျိုးအင်း said...

ဖြတ်မျဉ်းက လန်းတယ်