Wednesday, January 26, 2011

ထူးခြားဆန်းသစ် စွယ်တော်ရိပ် ၂၀၁၁

တစ်နှစ်တခါပေါ်ထွက်လာငါသာမင်းလောင်းထီးဖြူဆောင်း....တဲ့....၊ကလေးတွေဝှက်ကြတဲ့စကားထာလေးပါ....။
ဟုတ်ကဲ့ဗျာ....၊ခုလည်း တစ်နှစ်တခါဆိုသလိုလာပါပြီ.......ွယ်တော်ရိပ်သင်္ကြန်.....ခင်ဗျ....။

၂၀၁၁ခုနှစ်၊ဧပြီလ၊၉ရက်နေ့မှာ၂၀၁၁ခုနှစ်အတွက်စွယ်တော်ရိပ်သင်္ကြန်ပွဲကိုအဆင်အလာမပျက်ပျော်ပျော်ပါးပါး
ဆင်နွဲကြပါတော့မယ်.....။လက်မှတ်နှုန်းထားတွေက စင်္ကာပူဒေါ်လာ၂၀၊၂၅၊၃၀ တဲ့ခင်ဗျ....။ဟင် ခင်ဗျားတို့ဟာ
ကသက်သာလိုက်တာလို့ ထဲထဲဝင်ဝင်ပါဝင်ပတ်သက်တဲ့ မိတ်ဆွေကိုမေးမိတော့ သူက သက်သာဆို အရင်းနဲ့က
ကြတာကိုးဗျ....၊လူတွေက အလကားလေ....တဲ့....။ဟုတ်ကဲ့ ဝါသနာရှင်တွေမို့ အလကားဖျော်ဖြေကြပေမယ့်
အနုပညာဗီဇနဲ့ပါရမီ မှာတော့ တကယ့် ပရိုဖက်ရှင်နယ်တွေနဲ့ နင်လားငါလား တကယ့်ကို အနုပညာဝမ်းစာပြည့်
ကြတဲ့သူတွေခင်ဗျ....(ကျွန်တော်နဲ့များကွာပါ့.....:) )။

သူကပြောသေးခင်ဗျ....၊ဒီပွဲမှအမြတ်အစွန်းများထွက်ခဲ့ရင် လူမှုရေးလုပ်ငန်းတွေမှာလှူဖို့တန်းဖို့လည်းရည်ရွယ်
ထားပါသတဲ့...။ခက်တာက တစ်နှစ်မှကို မမြတ်သေးတာတဲ့....:)။အင်းးးးးးးးကျွန်တော်တို့မြတ်မှ လူကယ်ကြေး
ဆို သေတာနည်းမယ်မထင်ဘူး....လို့ ညည်းပြောလေးပြောတော့ ကျွန်တော့်မှာ ရီလိုက်ရတာ....။မမြတ်ဆို
ပိတ်သက်ကြီးက အားပေးကြသလောက် လာရောက်အားပေးတဲ့ ပိတ်သက်ကြီးကျေနပ်အားရစေဖို့ရာ ပွဲကို
ကောင်းသည်ထက်ကောင်း၊ချောမွေ့သည်ထက် ချောမွေ့အောင် စီစဉ်ကြလေတာကိုးခင်ဗျ....။

ဆိုတော့ တစ်နှစ်တာနွမ်းသမျှ အပန်းပြေစေဖို့......၊သင်္ကြန်အခါသမယကို အလွမ်းဖြေစေဖို့....စွယ်တော်ရိပ် မှာ
တညတာ မှေးမှိတ်ကြပါစို့လို့.......ကြေငြာမောင်းခတ်လိုက်ရပါကြောင်း...........။




အစ်မပန်ဒိုရာ လည်း ပို့စ်တစ်ပုဒ်တင်ထားပါတယ်...။သူ့ပို့စ်က ပိုပြီးဖတ်လို့ကောင်းတယ်ခင်ဗျ...။အဲဒီမှာလည်း
သွားရောက်ဖတ်ရူနိုင်ပါတယ်...။

2 comments:

ဖိုးကြယ် said...

ဂလိုလား....ဟုတ်ပြီ ကြိုးစားပြီး ကြည့်ဖြစ်အောင် လုပ်ဦးမှ :)

ခင်တဲ့(ဖိုးကြယ်)

မြစ်ကျိုးအင်း said...

ဒီမှာရာသီဥတုက အေးနေတဲ့အချိန် ရေလောင်းခံရမယ့်အကြောင်း ဖတ်မိတော့ စိမ့်သွားတယ်။
အဲဒီမှာရာသီပွဲတွေနဲ့ပျော်ရွှင်စရာတွေများတယ် ကျနော်တို့စီနဲ့တော့ ကွာပါ့။