Sunday, March 27, 2011

ဗျူး

အင်သားမှာ ငပြူးထိုင်....(အဲလေ)အင်တာဗြူးရမယ်လို့ မိရွေမျိုးက ဆိုလာလေတော့ ဗျူးလိုက်ပါတယ်....:))))

မေး။ ။ကဲ..ကိုမောင်လေးရေ....ဗျူးခန်းလေးစကြရအောင်လာဗျာ...၊စဆို အဲဒီ မောင်လေး ဆိုတဲ့နာမည်ကပဲ
စရမှာပဲဗျ..၊မောင်လေးဆိုတဲ့နာမည်က နဲနဲခေါ်ရတာ ကို့ယို့ကားယားနိုင်သလားလို့...၊ဘာကြောင့် ဘယ်လို ဒီနာမည်ပေးဖြစ်ခဲ့ပါသလဲခင်ဗျ...။

ဖြေ။ ။နာမည်တွေနဲ့ပတ်သက်ပြီး ကျွန်တော့်စိတ်ထဲမှာ ဘယ်လိုမှ သဘောမထားတာတော့အမှန်ပဲဗျ...။
ဘယ်သူတွေဘယ်လိုနာမည်ပဲပေးပေး၊ကျွန်တော့်ကိုလည်း ဘယ်လိုခေါ်ခေါ် စိတ်ထဲဘယ်လိုမှမနေဘူးဗျ...။
ဆိုတော့ ဘလော့လေးစရေးမယ်လုပ်တော့ ကိုယ့်ရှိတဲ့ နာမည်တွေထဲက လူသိအနည်းဆုံးနာမည်တစ်ခု ကို
ယူလိုက်တာပါပဲ။ကျွန်တော့်မှာကလည်း ငယ်နာမည်တွေ၊ကြီးနာမည်တွေက အများသားကလား...။အဲဒီနာမည်
တွေအကြောင်း နောင်ကြုံတော့ ပို့စ်တစ်ပုဒ်ရေးမယ် စဉ်းစားထားပါတယ်...။အင်း....ဒီနာမည်က ခေါ်ရတာ ကို့ယို့
ကားယားနိုင်တယ်ဆိုလို့ အမည်ပြောင်းမလားတောင် စိတ်ကူးမိပါတယ်...။စိတ်ထဲ အမည်တစ်ခုပေါ်လာတဲ့
တစ်နေ့ ပြောင်းတာပေါ့ဗျာ...:)

မေး။ ။ဟုတ်ပါပြီဗျာ....၊ဟုတ်ပါပြီ...။နောက်မေးချင်တာတစ်ခုက ဒီ ဘလော့လောကကြီးထဲ စတင်ဝင်ရောက်
လာပုံလေး......။

ဖြေ။ ။ဘလော့ ဆိုတာကို ၂၀၀၆၊၂၀၀၇ လောက်၊ မြန်မာပြည်မှာကတည်းက အင်တာနက် မဂ္ဂဇင်း၊ဂျာနယ်
တွေမှာ ဖတ်မိပါတယ်...။ဒါပေမယ့် သေသေချာချာ တော့ဘာမှန်းမသိခဲ့ပါဘူး။ဒီရောက်ပြီး ကိုယ့် ကွန်ပြူတာ
လေးနဲ့ ဟိုဟိုဒီဒီ လျှောက်ဝင်ကြည့်ရင်းက ဘလော့လောကကြီးထဲ မျက်စေ့သူငယ်၊နားသူငယ်နဲ့ ရောက်လာခဲ့
တယ်ဆိုပါတော့ဗျာ...။

စစချင်း ဖတ်မိတဲ့ ဘလော့က အစ်မမိုးချိုသင်းဘလော့ဗျ...၊သိပ်ဖတ်လို့ကောင်းလို့ အဟောင်းတွေကို ခုထိ မကြာ
မကြာ သွားဖတ်မိတုန်း....၊ပြီး ကိုကြီးကျောက်ရဲ့ သရဲပို့စ်တွေ....။အဲဒီနောက်တော့ တွေ့သမျှ၊လက်လှမ်းမှီသမျှ
ဘလော့တွေအကုန်ဖတ်ဖြစ်ပါတော့တယ်....။

ဘလော့လေးစပြီး လုပ်တော့ ဘယ်သူ့ကိုမှလည်းမပြောတော့ ဘယ်သူကမှလည်း မကူညီနိုင်ကြပါဘူး...။
စစရေးခြင်းပို့စ်မှာပဲ အစ်မချစ်တို့၊အစ်မငယ်နိုင်တို့ ကအားပေးကြ လိုတာလေးတွေ ပြောပြကူညီကြပါတယ်...။
ဟိုးမြန်မာပြည်က နှင်းမိုးဆိုတဲ့ ညီမငယ်လေးကလည်း အကြံညဏ်လေးတွေ ပေးပါတယ်...၊ခုတော့ဒီကလေးမ
လည်း ဘာမှမရေးပဲပျောက်နေလေရဲ့...။နောက်ပြီး လိုတာလေးတွေကို ကေပီသရီးမိသားစုကနေရယူရပါတယ်။
ဒီအတွက် အားလုံးကို ဒီနေရာကနေ ကျေးဇူးအထူးတင်ရှိပါကြောင်း......။

မေး။ ။လတ်တလောမှာအကြိုက်ဆုံး နဲ့ အဖတ်ဖြစ်ဆုံး ကရောဗျ....။

ဖြေ။ ။လတ်တလော အကြိုက်ဆုံးဘလောေ့တွေကတော့ Zephyr ရဲ့ The Gardener ၊နောက် တေဇာ ရဲ့ လရောင်လမ်း၊နောက် မောင်မျိုး ညွှန်းလို့ သွားဖတ်ဖြစ်ပြီး အတော်သဘောကျမိတဲ့ သက်ထွေး ရဲ့ ကိုယ့်ကိုကိုယ်
ပြန်မျှားခြင်း၊ပြီး...တိတ္ထိ ရဲ့ တိတ္ထိကိုဖတ်ပြီး အတော်ကြိုက်သွားမိတဲ့ ကောင်းကင်ကို....၊

အဲ...အဖတ်ဖြစ်ဆုံးဘလော့ကတော့ နာမည်ကျော် ဘလော့စလစ်ဗျစ်တီ အစ်မကွန်ပဲဗျ....:))))

မေး။ ။ဘလော့ဂါတွေ စာရေးရခြင်းရဲ့ ရည်ရွယ်ချက်တွေက အမျိုးမျိုးအဖုံဖုံပဲဗျ...။ကိုမောင်လေးရဲ့ ရည်ရွယ်
ချက်ကရော.....

ဖြေ။ ။ဟုတ်ပါတယ်....။တချို့ဘလော့ဂါတွေက သူတို့ဆီရောက်လာတဲ့ သူတွေကို အကျိုးတစ်စုံတစ်ရာ ရသွား
စေချင်ကြပါတယ်...။တချို့ကျတော့လည်း ကိုယ်ရေးချင်တာရေးတာ၊ဖတ်ချင်ဖတ်၊မဖတ်ချင်နေ ဆိုတာမျိုး....၊
တချို့ကျတော့ နဂိုကကို စာရေးစာဖတ်ဝါသနာပါလွန်းလို့ စာတွေ၊ကဗျာတွေ ရေးကြတာ...။

အင်း....ကျွန်တော်ကတော့ စာဖတ်သူအကျိုးရှိမယ့်စာမျိုးလည်း သိပ်မရေးတတ်ပါဘူး၊ကိုယ်ရေးချင်တာ ရေးတာ
ဖြစ်ပေမယ့် ဖတ်ချင်ဖတ်၊မဖတ်ချင်နေ ဆိုတဲ့ သဘောမျိုးလည်း မရှိပါဘူး၊ကိုယ့်ရင်ထဲက ခံစားချက်လေးတွေ၊
အတွေးအမြင်၊အတွေ့အကြုံလေးတွေကို မျှဝေတဲ့သဘော၊အများဖတ်လို့ရမယ့် ဒိုင်ယာရီ သဘောပါပဲ...။

မေး။ ။ပို့စ်တစ်ပုဒ်ချရေးပြီး တင်လိုက်လို့ ရလာတဲ့ခံစားချက်အကြောင်း ပြောပါဦး....။

ဖြေ။ ။ပို့စ်တစ်ပုဒ်ရေးပြီး တင်လိုက်ရတာ ကိုယ်ဝန်ဆောင်မိခင်တစ်ယောက် သူ့ရင်သွေးငယ်လေးကိုအောင်
အောင်မြင်မြင် မွေးဖွားသန့်စင်လိုက်ရသလိုပါပဲ...။ရေးနေဆဲအချိန်မှာတော့ ကိုယ်ဆိုလိုချင်တာကို ပေါ်လွင်
အောင် မနဲကိုဖြစ်ညှစ်ပြီးရေးရတာကလား....။ရေးပြီးလို့ တင်လိုက်ပြီးချိန်မှာတော့ ကိုယ့်စာလေး ကိုယ်ပြန်ဖတ်
ပြီး ကျေနပ်နှစ်သိမ့်မှုကို ခံစားရပါတယ်...။ကိုယ့်ရင်သွေးလေးက သူများလောက်မလှပေမယ့်၊ကိုယ်လက်အင်္ဂါ
လည်းစုံကောင်းမှစုံမှာဖြစ်ပေမယ့် မိခင်အတွက်တော့ ချစ်ရ၊မြတ်နိုးရသလိုပါပဲ....။

မေး။ ။ဘာအကြောင်းကို အရေးချင်ဆုံးပါလဲ.....

ဖြေ။ ။ရသဝတ္ထုတို၊ရှည် တွေပါ....။အရင်ကတည်းက စာရွက်ပေါ်မှာ၊စိတ်ကူးထဲမှာ ဝတ္ထုဇာတ်လမ်းလေးတွေ
ချရေးလေ့၊စိတ်ကူးလေ့ရှိပါတယ်...။ခက်တာက အဆုံးထိမရောက်နိုင်တာပါပဲ....:D။တတ်နိုင်သရွေ့တော့ ရေး
ဖြစ်အောင်ရေးကြည့်မယ်လို့တော့ စိတ်ကူးရှိပါတယ်....။

မေး။ ။ကွန်မန့်လေးတွေနဲ့ စာဖတ်သူတွေအကြောင်းပြောပါဦး...

ဖြေ။ ။အင်မတန်မှ နည်းပါတယ်ဗျ....။လာဖတ်တဲ့သူတွေ၊မှတ်ချက်လေးတွေပေးသွားတဲ့သူတွေကလည်း
အများစုက ဘလော့ဂါရီဒါတွေပါ....။လူသိနည်းတာမှာကောင်းတာတစ်ချက်တော့ရှိသဗျ...၊ဘာလဲဆိုတော့
အဆဲအဆိုခံရခြင်းကလွတ်ကင်းတာပါ...:P။ကျွန်တော်လည်းတတ်နိုင်သလောက် ပြန်လည်ပတ်ပြီး မှတ်ချက်
လေးတွေပေးဖြစ်ပါတယ်....။ဒါပေမယ့် ကိုယ်ဆိုလိုချင်တာကို တိုရှင်းလိုရင်းမပြောတတ်လေတော့ တချို့
အကြောင်းအရာလေးတွေမှာ မှတ်ချက်ပေးချင်ပေမယ့် တိတ်တိတ်လေး ပြန်လှည့်သွားမိတာမျိုးလည်းရှိသပေါ့။

မေး။ ။နောက်ဆုံးအနေနဲ့ ပိတ်သက်ကြီးကို ဘာများပြောချင်ပါသလဲ....။

ဖြေ။ ။ထွေထွေထူးထူးတော့ရှိပါဘူးဗျာ....၊မအားရင် ပျောက်နေမှာဖြစ်ပြီး အားရင်အားသလို ရောက်လာပါ့
မယ်......လို့....။

12 comments:

khin oo may said...

မျော်နေမယ်နော်.အဟိ.

rose of sharon said...

မအားလိုပျောက်နေတာဘဲကြာနေပြီလားလို့... အခု မအားရင်ပျောက်နေမှာလို့ထပ်ပြောတော့ ထပ်ပျောက်မယ်ဆိုတဲ့သဘောလား...

yar zar said...

ပို့စ်တစ်ပုဒ်ရေးပြီး တင်လိုက်ရတာ ကိုယ်ဝန်ဆောင်မိခင်တစ်ယောက် သူ့ရင်သွေးငယ်လေးကိုအောင်
အောင်မြင်မြင် မွေးဖွားသန့်စင်လိုက်ရသလိုပါပဲ...။ရေးနေဆဲအချိန်မှာတော့ ကိုယ်ဆိုလိုချင်တာကို ပေါ်လွင်
အောင် မနဲကိုဖြစ်ညှစ်ပြီးရေးရတာကလား....။ရေးပြီးလို့ တင်လိုက်ပြီးချိန်မှာတော့ ကိုယ့်စာလေး ကိုယ်ပြန်ဖတ်
ပြီး ကျေနပ်နှစ်သိမ့်မှုကို ခံစားရပါတယ်...။ကိုယ့်ရင်သွေးလေးက သူများလောက်မလှပေမယ့်၊ကိုယ်လက်အင်္ဂါ
လည်းစုံကောင်းမှစုံမှာဖြစ်ပေမယ့် မိခင်အတွက်တော့ ချစ်ရ၊မြတ်နိုးရသလိုပါပဲ....။
***အဲဒီ စာသားကို အရမ်းကြိုက်ပါတယ် ကိုလေးရေ
...ကျွန်တော့်ရဲ့ ခံစားချက်လည်း တစ်ထပ်တည်းမို့ ကျေးဇူးပါ......***
ရာဇာ(ကျေးတောသားလေး)

ညီလင်းသစ် said...

ဒီလို ဗျူးလိုက်တော့လည်း ဘလော့ဂါကို နဲနဲလေး ပိုရင်းနှီးခွင့် ရသွားတာပေါ့လေ..၊ အဆင်ပြေသလိုသာ ဆက်ရေးပါ..။

NayWaThan said...

တစ်ဗျူးတော့ အောင်မြင်သွားပြန်ပြီ..း)))

မောင်မျိုး said...

ရေးပေးတာကျေးဇူးပါး) ဖတ်လို့ကောင်းတယ် ။

မိုးယံ said...

သူကလေးကလဲ တစ်မျိုးလေးတော့။

nYi ThU E@in said...

သူများတွေ အကြွေးကျေပြီ
နာတော့ ဘယ်တော့မှ ၀ဋ်လွတ်မလဲမသိ:(
စာမေးပွဲရှိနေလို့
မောင်လေးဗျူးခန်းလေးကလဲ တစ်မျိုးဆန်းသစ်

သက်ထွေး said...

ကိုမောင်လေးရေ ..

မေး။ ။ပို့စ်တစ်ပုဒ်ချရေးပြီး တင်လိုက်လို့ ရလာတဲ့ခံစားချက်အကြောင်း ပြောပါဦး....။

အဲဒီ့မေးခွန်းရဲ့အဖြေကတော့ ကျွန်တော်ခံစားမိတဲ့ ခံစားချက်နဲ့ အတူတူပါပဲဗျာ။

ကျွန်တော့်ကဗျာတွေကို ကြိုက်နှစ်သက်တယ်ဆိုတဲ့အတွက်လည်း တစ်ကယ်ဝမ်းမြောက်မိပါတယ်။ ကျေးဇူးအထူးပါ

...အလင်းစက်များ said...

မောင်လေးရယ် မောင်လေးပြောမှ ကိုယ့်ဗိုက်ကို ငုံ့  မကြည့်လိုက်ရသေးတယ်... ကျနော် အခီုပိုစ့်ရေးနေတာကိုးဗျ... ငါများ ကိုယ်ဝန်လွယ်ထားသလား လို့ တောင် တွေးပြီး ရီမိသေး ဟီး..... မအားတဲ့ခါလည်း ပျောက်ပေါ့ကွယ်... ဒါတော့ ဘယ်တတ်နိုင်မလဲလေ... :)

“ အက္ခရာ ” said...

အားရင်တော့အရောက်လာခဲ့ပါနော်

မြစ်ကျိုးအင်း said...

ဗျူး ဖတ်သွားပါတယ်။