Saturday, September 3, 2011

သင်ပုန်းကြီးမျက်နှာစာ

စကားလုံးများက ရေကူးသလို အပေါ်ယံ ရှပ်ပြေးသွား၊ ကျေးဇူးပြုပြီး သင့်စိတ်တွေကို ဖော့ထားပေးပါ၊ မထိခလုပ် ထိခလုပ်၊ ပြန်ချစ်ဖို့ ရန်ဖြစ်ကြ၊ လေသေနတ်တိုက်ပွဲ၊ ဧရာဝတီကို အွန်လိုင်းက ကယ်တင်မယ် (ဆက်လုပ် ရဲဘော်တို့)၊ အိုင်ဖုံးဖိုက်နဲ့ အပ်လုပ် လုပ်လိုက်တာလေ ဟင်း....ဟင်း.....ဟင်း....၊ ဒီနေ့ လတစ်ခြမ်း ပိန်နေတယ်၊ စိန်ခေါ်သံတွေ နားမဆန့် တော့လို့ပါ၊ ရှယ်လိုက်ပြီနော်၊ ဟိုဟာလေး လိုချင်လို့ လုပ်ကြပါဦး၊ ဂါဂါဂူးတဲ့ကမ္ဘာ ကို လိုက်ရှာ နေတယ်၊ တီအာမို၊ အလွမ်းတွေ မှိုင်းအုံနေတဲ့ည၊ သမုဒယသည် ဒုက္ခဖြစ်ကြောင်း သစ္စာအမှန် ဖြစ်သည်ကို မျက်ရည်များဖြင့် ညီမျှခြင်းချပြ၊ ဒို့တတွေ တစ်ချိန်မှာ ပြန်ဆုံ ကြမယ်နော်၊ ပန်နစူလာမှာ ဘီယာသွားချပြီ၊ အိမ်ထောင်ရေး အခြေအနေ မှာတော့ စင်ဂယ်ပဲ၊ သူများက စက်ဆီ ကျဘူးလားဟင်၊ မင်းဘာလဲ ငါဘာလဲ၊ ၁၂၃၄၅၆၇၈ ဒါ ကျွန်တော့်ဖုံးနံပတ်။

စကားလုံးများက ထိုင်ရာမထ လျှောက်သွား၊ စကားလုံးများက စကားလုံးများအဖြစ် ရုပ်ဖျက်ထားကြ၊ စကားလုံးများ အသက်ငင်နေ၊ ပြောပြခြင်းငှာ မတတ်သာသော နေရာ၌ ပေါက်နေသော ကြွက်နို့အား ဓာတ်ပုံ ရိုက်တင်လိုက်ခြင်း၊ အိုင်ရင်းက ခုလေးတင် ခေါင်းပေါ်က ဖြတ်သွားပြီ၊ ဒီနေ့ငွေ ဘယ်ဈေး ပေါက်သတုန်း၊ သူ့ကို အက်ချင်ရင် ကျမကို အရင်အက်ရမယ်၊ စန်းစန်းတင့် သိပ်မဖြစ်နဲ့လေ၊ မအိပ်ခင် လိုက်ဖြစ်အောင် လိုက်ရမယ်လို့ အမေ မှာထားလို့ပါ၊ ဂွတ်မောနင်းနဲ့ ဂွတ်နိုက် သိပ် မကွဲတော့ဘူးကွယ်၊ တိန်.....တိန်......တိန်.... နိုတီတွေ လိုက်မမှီတော့ဘူး၊ စကိုင်းနက် ကို ဆန့်ကျင်ကြ၊ ဤလိုပုံနှင့် မိုးစင်စင် လင်းတော့မည်။

စကားလုံးများသည် စကာလုံးများထက် ပို၍ အဓိပ္ပာယ် သက်ရောက်မှုရှိလာ၊ စကားလုံးများဖြင့် နံရံကို ပစ်ပေါက်၊ စကားလုံးများက မျက်တောင် တစ်ချက်ခတ်ရန် ကမ္ဘာ တစ်သိန်းကြာမြင့်၊ အရမ်းသတိရတယ် အမေ၊ ကြယ်တွေ မစုံသောည၊ အထီးကျန်ခြင်းသည် စကားလုံးများ ခြံရံလျက် တစ်ကိုယ်ရည် တစ်ကာရ ပိုဆန်လာ၊ ငါ့နံရံမှာ ဘာတွေ လာရေးတာတုန်း၊ နေ့မြင်ညပျောက်၊ ငါ့ကို ဘလော့ သွားပြန်ပြီ၊ ခင်ရာမင်ကြောင်း၊ မိတ်ဖြစ်ဆွေဖြစ်၊ ဝင်ဆန့်လိုမှု၊ အားနာပါးနာ၊ သံခင်းတမန်ခင်း များက စကားလုံးများ အဖြစ် ကိုယ်ရောင်ဖျောက် ဝင်ရောက်လာ၊ ဒီနေ့ဂျင်းဘောင်း ဘီနှစ်ထည် ဝယ်လာတယ်၊ ဒီအဆင့်နဲ့ တက်တက်မလာနဲ့ ကိုယ့်လူ၊ အကောင်ကြီးလည်း တစ်ချက်ပဲ၊ စကားလုံးများ ဖောင်းပွ၊ စကားလုံးများရှားပါး၊ မီးက ဆိုင်ကသုံးရတာ၊ ပြန်တော့မယ်နော် နက်ဖြန် လိုင်းကောင်းမှ တက်လာမယ်၊ အားလုံးကိုချစ်တယ်၊ မွ....မွ....၊နေရာမှာတင် ဗုန်းကနဲ လဲသေသွား။

စကားလုံးများက ခွေးများ၊ ကြောင်များ၊ မြွေများ၊ ဂဏန်းများ၊ ရုပ်ပြောင်ပုံများအဖြစ် ခေါင်းမြီးခြုံ ဝင်ရောက်လာ၊ နာက မြန်းဂလိ သိပ်ကျွမ်းတာ၊ အမြန်လမ်းမကြီး တစ်လျောက် စကားလုံးများ အပြေးအလွား၊ အလဲလဲအပြိုပြို၊ အစိတ်စိတ် အမွှာမွှာ ကျကွဲ၊ မျှော်လင့်ချက်များအား အရောင်တင် ဆီများများ သုတ်လိမ်းထားရန် လိုအပ်၊ ညဥ့်နက် လှပြီ၊ အိပ်တော့မယ်.... တာ့တာ ဟုဆိုပြီး နောက်နှစ်နာရီ တိတိ ကြာမြင့်သည် အထိ လိုင်းပေါ်မှာရှိနေ၊ ယနေ့မှစ ငါးရက်တိတိ ကိုယမ လာတော့ဘူးကွယ်၊ သို့နှင့်....ဤသို့ ဤပုံ၊ အကြောင်း အားလျော်စွာ စကားလုံးများကို အလျှင် အမြန် သိမ်းဆည်း လိုက်ရလေတော့သည်။

အပ်လုပ်=upload
စက်ဆီ=sexy
အက်=add (ဖေ့ဘွတ်တွင်သူငယ်ချင်းအဖြစ် add ခြင်း)
စန်းစန်းတင့်=sensitive
လိုက်=like (ဖေ့ဘွတ်တွင် like ခြင်း)
နိုတီ=notification
ဘလော့=block
အိုင်ရင်း=Irene ဟာရီကိန်း

25 comments:

Anonymous said...

မခင်ဦးမေလက်ပဲကိုမောင်လေး

ညိမ်းနိုင် said...

ဟုတ်ပါ့....ဒါပေမယ့် သူ့ကိုတော့ဘယ်မှီမတုန်းဗျ...:)))

စံပယ်ချို said...

နေရာမှာတင် ဗုန်းကနဲ လဲသေသွား။
တယ်တဲ့ ....ဟယ်
မလုပ်လိုက်ပါနဲ့
စာတွေဖတ်ချင်သေးတယ်
ခင်မင်တဲ့ jas

ကိုကိုမောင်(ပန်းရနံ့) said...

မောင်းနင်နေတဲ့ အ၀တ်လျှော်စက်ထဲ ၀င်နေရသလို မောင်လေးရဲ့ စကားလုံးတွေ ဖတ်ပြီး သူကြီးမင်းလဲ ခေါင်းချာချာ မူးသွားပါကြောင်းးးးးး။း))

ညီရဲ said...

အားးးး ပိုစ့်က တိုလို့ သာ တော်တော့တယ် အစ်ကိုရယ်...
လိုက်ဖတ်ရတာ တော်တော် မောသွားတယ်။ ဟောဟဲ... ဟောဟဲ... ဟဲဟော...

သဒ္ဓါလှိုင်း said...

တာ့တာဟုဆိုပြီး နောက်နှစ်နာရီတိတိ ကြာမြင့်သည်အထိ လိုင်းပေါ်မှာရှိနေ.း)
မြန်မြန်ဖတ်သွားတယ်.ဟူးးးးးးးးး
ခင်မင်လျက်
သဒ္ဓါ

Anonymous said...

ငါ့ကိုစောင်းပြောနေတာလားဟင် ...
မွ မွ ဆိုတဲ့အသံကိုမကြားချင်ဘူး ကြောက်လို့...

မိုးယံ said...

ငါတို့က ဂွတ်နိုက်နဲ့ ဂွတ်မောနင်း မကွဲတော့တာကို ဟိုကောင်က ဂျင်းဘောင်းဘီ နှစ်ထည် ၀ယ်လိုက်တယ်လေ။

Anonymous said...

အော်.. ဖဘ..ဖဘ..
N/A

ညီလင်းသစ် said...

အင်း... တာ့တာ ဆိုပြီး ချက်ချင်း ဖြတ်မချနိုင်တာ ဒီလို စကားလုံးတွေက ဝိုင်းဆွဲထားလို့ပဲ ဖြစ်မယ်...။းD

San San Htun said...

နားလည်ဖို့  အတော်ကြိုးစားလိုက်ရသည်...းD

လင်းခေတ်ဒီနို said...

စကားလုံး မြို့တော် . . . တစ်လမ်းဝင် တစ်လမ်းထွက် . . စကားးလုံးတွေ လှည်းလိုက် သွန်ချသွာ . . . နောက်ကနေ လိုက်လိုက်ကောက်ရ . . . စကားလုံးမျာက . . . ခွေးများ ကြောင်များ ဂဏာန်းမှား ရုပ်ပြောင်းကုန်တယ် . . . ကျုပ်မှာ အပြေးအလွှား . . . အလဲလဲ အပြိုပြို . . ဖတ်ဖတ်မော . . လိုက်ခဲ့ရ . . . ဤသို့ ဤပုံ ကျုပ်အဖြစ် . . စကားလုံးတွေ ကောက်ရင်း စကားလုံး မြို့တော်ထဲက ပြန်ထွက်ခဲ့ရ . . စကားလုံးတွေ တပွေ့တပိုက်ကြီးနဲ့ ကျုပ်ပုံက စက်ဆီကျလို့ . . .

း)

ခင်မင်စွာဖြင့်
ဗညားရှိန်

ဖိုးကြယ် said...

ကော်ဖီတစ်ခွက်နဲ့ အုံ့နေတဲ့မနက်ခင်းကို ပိုစ့်မော်ဒန်ဆန်ပစ်လိုက်တယ်...စကားလုံးတွေထွက်ကျလာတယ်....ဦးနှောက်နဲ့ကြည့်ပြီး ရင်ထဲကနေမြင်ခဲ့တယ်...ဒီမှာကငြိမ်းနိုင်...ဂွတ်ဒ်တယ်ဗျာ.... :)

ခင်တဲ့(ဖိုးကြယ်)

နေ၀သန် said...

ကြိုက်တယ်ဟေ့... ရေလည်လန်းတယ်... :D...


cifrifvsuf
ae0oef
(အဲဒါလေးကိုလည်း မှတ်ထားလိုက်နော်.. :P)

ညိမ်းနိုင် said...

jasmine>>>မနဲပြန်ထလာတာ စံပယ်ရေ....စာတွေရေး
ချင်သေးလို့.....:)))

တဂျီး>>>မူးသွားသလား....ဟန်ကျတာပေါ့ဗျာ...၊ဘီဘီချ
စရာမလိုတော့ဘူး...ဟုတ်တယ်ဟုတ်.....:)))

ညီရဲ>>>အမောပြေ ရေလေးသောက်လိုက်ညီ.....:)

အစ်မသဒ္ဒါ>>>ဖဘမှာ လူစုံပြီဆို တက်လာတာတွေက
အရမ်းမြန်တာဗျ...၊အဲ့သဘောလေးကို ဖမ်းမိအောင်ခုလို
မြန်မြန်ရေးလိုက်တာရယ်...၊အရမ်းမြန်သွားသလားဗျ....
မှီရာကားနဲ့လိုက်ခဲ့နော်....:D

ကိုရဲ>>>စောင်းပြောစရာလား....၊တည့်တည့်ပြောနေ
တာရယ်....:)

မိုးယံ>>>ဟုတ်ပါ့အေ.....၃နှစ်မှ ၂ထည်တဲ့...လူဇိုးးးးး

ကိုအန်အေ>>>ဟုတ်ပါ့ အကိုရာ အဲ့လိုရေရွတ်ရမယ့်
သဘောရှိတယ်....ဖဘ က.....။

ကိုညီလင်းသစ်>>>အကိုလည်း အိပ်ရေးပျင်ချင်ရင်
လာခဲ့လေ..ဖဘကို၊ စကားလုံးတွေနဲ့ ဝိုင်းဆွဲထားကြ
လိမ့်မယ်...:)

နေဝသန်>>>အဲ့သာမျိုးတွေလည်း ဖဘမှာ သိပ်ရေး
ကြပေါ့.....ဘာသာပြန်နေရတာနဲ့ မပြီးတော့ဘူး..လူဇိုး
တွေ.....:)))
စန်းထွန်း>>>ဒါဆို စန်းထွန်းက ဖဘသိပ်မသုံးဘူးနဲ့
တူတယ်...၊သုံးကြည့်ဗျ...အဲ့အတိုင်းပဲ....:)

ကိုဗညား>>>စက်ဆီကျတယ်လား...၊ဆီဈေးတွေမ
ကျဘူးဆို...ဒါနဲ့....:)))

ဖိုးကြယ်လေး>>>နာ့ကဗျာနဲ့ ကော်ဖီသောက်ရင်
ကော်ဖီအရသာပျက်တော့မှာပဲညီရာ...:) အားပေးတာ
ကျေးဇူးတင်တယ်ညီရေ....။

LP မျှစ် said...

ဘာဖစ်လဲ နာ့ဘာသာနာ ဘောင်းဘီဝယ်တာ... မိုးပြန်မတော့တေတော့မယ်...ကိုမေးလောင်ကလဲ မျှောက်ပေးတယ်..

ပို့စ်အကြောင်းမမန့်တော့ဘူးဒါပဲ..

ဒါနဲ့ စာစီစာကုံးလေးဖတ်လို့ကောင်းတယ်..တိလား :P

မောင်မျိုး said...

နားမလည်ဘူး မောင်ရယ် တူများက တုံးတယ်း)

ဟန်ကြည် said...

အရသာရှိတယ်...မောင်ကိုကို (အမရပူရ)ကို သွားသတိရမိသေးတော့...မဖတ်ရတော့တာတောင် ဆယ်စုနှစ်နှစ်ခုကျော်လာပြီ...ဖတ်ရင်းတွေးရင်း သုံးခါမြောက်သွားရဲ့...နောက်ထပ် ဒီဓာတ်စာမျိုးလေးတွေ လုပ်ပါဦး...

SHWE ZIN U said...

မောင်လေး တို့များ

ရက်ရက်စက်စက် သူများက ဥာဏ်မကောင်းဘူး လိုက်မမှီဘူးတော့

သွားပြီ

မဒမ်ကိုး said...

လိုက်လို့ကိုး မမှီတော့ဘူး ကညိမ်းတို့များ
မနိုင်ဘူး လွှတ်ချလိုက်ပြီ ..ဘုန်းး)

ကြည်ကြည် said...

ထပ်ပြီးဖြည့်မယ်
တို့တွေကျောင်းတတ်တုန်းကလေ

သူ့ကိုယ်သူ လှလှပြီထင်နေတာကိုး လို့ဆိုတဲ့နေရာမှာ
သူ့ကိုယ်သူ လှလှရီထင်နေတာ တစ်ကယ်က ခင်ထွေးရီ လို့ပြောလေ့ရှိတယ်
ခင်ထွေးရီ က မုန့်ဟင်းခါးဆိုင်လေး)

...အလင်းစက်များ said...

ဒါငါ့ ဒိုက်ရိုက် စော်ကားတာပဲ။ ဒီဂနေ့ က စလို့  လိုက်ခ် လုပ်ခြင်းမှ ဝေဒါမဏိ သိတ်ခါ ပဒံ လုပ်တော့မယ်

blackroze said...

ငါးရက်ကြီးများတောင်မလာဘဲနေနိုင်တယ်
အဟုတ်...
သူများဆိုနေနိုင်ဘူးရယ်..
လာမှာဘဲ..

ငွေလမင်း said...

ကျနော်လည်း တခါတလေ စန်းစန်းတင့် ဖြစ်ဖြစ်သွားတယ်
စကားလုံးတွေက အမိုက်စားတွေဘဲ ဖတ်မှတ်လေ့လာသွားပါအိ

ချော(အစိမ်းရောင်လွင်ပြင်) said...

စာထဲထည့်ရေးဖို့ ကိုငြိမ်းနိုင်ရဲ့စကားလုံးတွေ လာကူးချဦးမှ
စန်းစန်းတင့်တော့ မဖြစ်နဲ့နော်
သူ့အစ်မ စန်းစန်းမြင့်က မကျေနပ်ဘဲနေဦးမယ်
နိုတီက မအားဘူးလို့မှာလိုက်တယ်
ဒိုတီလေးနဲ့ဖြစ်နေလို့ အပြင်မထွက်ချင်ပါဘူးတဲ့။
စက်ဆီနည်းနည်းလောက်ပေးပါ
အိမ်ကအပ်ချုပ်စက်ထဲထည့်ချင်လို့ ..
ကဲ စကားလုံးတွေ ကော်ပီကူးသွားတယ်နော်း)