Saturday, September 17, 2011

ဧရာဝတီအတွက် ရေတစ်စက်

အားလုံးသိကြတဲ့အတိုင်းပါပဲ...၊ခုတလောမယ် ဧရာဝတီမြစ်ဆုံရေကာတာကိစ္စက အတော်လေးကိုကျယ်ကျယ်
ပြန့်ပြန့်ပြောကြဆိုကြပေါ့လေ....။ဒီတော့ကျွန်တော်လည်း ဒီကိစ္စအပေါ်ထားတဲ့ကျွန်တော့်သဘောထားကိုပြော
ချင်ပါတယ်၊မြန်မာနိုင်ငံသားတစ်ဦးအနေနဲ့ မြန်မာနိုင်ငံသားအားလုံးနဲ့ဆိုင်တဲ့ကိစ္စမှာ ပြောသင့်တယ်၊ပြောခွင့်ရှိ
တယ်ထင်လို့ပါ....။

မြစ်ဆုံဒေသမှာ ခုလိုကြီးမားလှတဲ့ရေကာတာကြီးကိုတည်ဆောက်ခြင်းဖြင့်သဘာဝပတ်ဝန်းကျင်ကိုမလွဲမသွေထိ
ခိုက်နိုင်တယ်ဆိုတာ ပညာရှင်များမဆိုထား၊ကျွန်တော်တို့လိုသာမန်လူများပင်လျှင်နားလည်သဘောပေါက်ထား
ပြီးဖြစ်ပါတယ်...။ဒါ့အပြင် အကြောင်းကြောင်းကြောင့် ဒီရေကာတာကြီးကျိုးပေါက်သွားခဲ့သော် စက္ကန့်နှစ်ဆယ်
အတွင်း မြစ်ကြီးနားမြို့တစ်ခုလုံး ရေအောက်ရောက်သွားမယ့်အန္တရာယ်ရှိတယ်ဆိုတာကိုလည်း ပညာရှင်များ
ထောက်ပြပြောဆိုပြီးလည်းဖြစ်ပါတယ်။

ဒီလောက်အန္တရာယ်ကြီးတဲ့ ရေကာတာကြီးကိုတည်ဆောက်ခြင်းဖြင့် ကျွန်တော်တို့ရရှိမည့်အကျိုးအမြတ်ကဘာ
ပါလဲ....၊ဧရာဝတီမြစ်ကြီးနှင့်တစ်ကွ၊မြစ်ကြီးကိုအမှီပြုပြီးရှာဖွေလုပ်ကိုင်စားသောက်နေကြတဲ့ သန်းနှင့်ချီသော
မြန်မာနိုင်ငံသားအားလုံးရဲ့ အသက်၊အိုးအိမ်၊စည်းစိမ်တွေကို ရင်းပြီးမှရရှိလာမည့် အကျိုးစီပွားကဘယ်လောက်
ပါလဲ....၊ဟုတ်ကဲ့ ထွက်ရှိသမျှလျှပ်စစ်ဓာတ်အားရဲ့ ၁၀ရာခိုင်နှုန်းသာပါတဲ့။

အကယ်၍ ဒီရေကာတာကရရှိသမျှအကျိုးအမြတ်အားလုံးကို ကျွန်တော်တို့နိုင်ငံမှ ရာနှုန်းပြည့်ရရှိခဲ့လျှင်တောင်
မှ ပြန်လည်ပေးဆပ်ရမည့်အတိုင်းအတာက များလွန်းလှပါသည်...။သို့သော်ခုတော့ ၁၀ပုံ၁ပုံမျှနှင့် ကျွန်တော်တို့
၏အသက်သွေးကြောဧရာဝတီကို စတေးကြတော့မည်...။ဒီအတွက် အဓိကတာဝန်ခံဝန်ကြီးဆိုသူထံမှ ကျွန်တော်တို့ လုံလောက်သော အကြောင်းပြချက်မရခဲ့ပါ။ ဒေါ်လာ၁.၂၅သန်းအကုန်အကျခံ၍ လေ့လာမှုများ
လုပ်ခဲ့သည်ဆိုသော်လည်း အဆိုပါအစီရင်ခံစာမှာ ကုန်သွယ်မှုလျို့ဝှက်ချက်ဟုဆို၏။မြန်မာပြည်သူအားလုံး
စိတ်အေးရမည့်အကြောင်းအရာမျိုးဆိုပါက အဘယ်ကြောင့်လျို့ဝှက်ရသနည်း။ကျွန်တော်မတွေးတတ်ပါ။

မြန်မာပြည်သူအားလုံးစိုးရိမ်မကင်းဖြစ်နေသည့်ကိစ္စအပေါ်၌ လုံလောက်ခိုင်မာသော အကြောင်းပြချက်မပေး
နိုင်သည့်အပြင် ထိုသို့စိုးရိမ်ပူပန်မှုများကိုပင် ဧရာဝတီအရူးထမှု ဟု ရင့်သီးစွာသုံးနှုန်းခဲ့သေးသည်။ထို့ပြင် ပြည်
တွင်း၌ ပိုလျံ၍ တရုတ်ပြည်သို့ရောင်းရပါသည်၊တိုင်းပြည်တွင် ကိုယ်တိုင်မရင်းနှီးနိုင်၍ တရုတ်သို့ပေးရပါသည်
ဟု ငါ့စကားနွားရပြောဆိုသွားခဲ့သေး၏။အံချီးဖွယ်ရာကောင်းလှသော၊ ပြည်သူလူထု၏သဘောထားကို လွန်စွာ
အလေးအနက်ထားသော ဝန်ကြီးပင်တည်း....။

ဒီမိုကရေစီနည်းလမ်းကျနစွာ ပြည်သူအများ၏ရွေးကောက်တင်မြှောက်မှုဖြင့် အာဏာရလာပါသည်ဆိုသော
အစိုးရတစ်ရပ်အနေဖြင့် ပြည်သူလူထု၏ဆန္ဒကို ဒီထက်ပို၍ အလေးအနက်ထားသင့်ပေသည်။ယခုတော့မူ
တစ်မျိုးသားလုံးနှင့်ပတ်သက်သောအရေးကိစ္စတစ်ခုတွင် လက်လွတ်စပယ် လွယ်လွယ်ပြောနေသည်ကို အားလုံး
ကြားသိနေရပါသည်။တစ်မျိုးသားလုံးပိုင်ဆိုင်သော ဧရာဝတီမြစ်ကြီးအား သူရို့တစ်ဦးတစ်ယောက်၊တစ်စုတစ်ဖွဲ့
ပိုင်သဖွယ် လုပ်ချင်တိုင်းလုပ်နေသည်ကိုလည်း စိတ်မချမ်းသာစရာတွေ့မြင်နေရပါပြီ။

မညသို့ပင်ဖြစ်စေ ကျွန်တော်တို့အနေဖြင့် ကျွန်တော်တို့သဘောမတူသော၊ကျွန်တော်တို့ မလိုလားသော ဤ
ရေကာတာတည်ဆောက်နေခြင်းကို ဆန်ကျင်ကန့်ကွက်ကြောင်း ကျွန်တော်တို့ဖော်ထုတ်ပြသနိုင်သ၍ ပြသသွား
ရပါမည်။ကျွန်တော့်အနေဖြင့် ဤရေကာတာကြီးအား မည်သူအတွက်ပင်ဖြစ်ဖြစ်၊မည်သည့်အတွက်ကြောင့်ပင်
ဖြစ်ဖြစ် တည်ဆောက်နေခြင်းအား သဘောမကျပါကြောင်း ရေးသားလိုက်ရပါသည်ခင်ဗျား....။

13 comments:

မင်းဧရာ said...

ကန့်ကွက်မှု့ကို အပြည့်အ၀ ထောက်ခံပါတယ် ခင်ဗျာ။

မြစ်ဆုံရေကာတာ စီမံကိန်ကို အကြွင်းမရှိ ကန့်ကွက်ပါတယ်။

တောက်ပကြယ်စင် said...

အပြည့်အ၀ထောက်ခံပါကြောင်း...

ညီရဲ said...

ကျွန်တော်လဲ ကန့် ကွက်ပါတယ်။ ဧရာဝတီမြစ်ကြီး အဓွန့် ရှည် တည်တန့် ဖို့ တောင်းဆိုပါတယ်။

မိုးခါး said...

ဟုတ်တယ် .. ရေးထားတာတွေ ထောက်ခံပါတယ် .. ဧရာဝတီကို မသတ်သင့်ဘူး .. မြင်ရ ဖတ်ရတိုင်း ဒေါသထွက်ရလွန်းလို့ .. ဟူးးး

စံပယ်ချို said...

ခုနကတစ်ခါလာသေးတယ်
ကွန်မက်ရေးမရလို့ပြန်လာရတာ
ဟူး...မောပါ့...
ထောက်ခံတယ်..လုံးဝ
ကိုယ်မှ မရေးတတ်တာ
စာရေးကောင်းတဲ့သူတွေများများရေးကြပါ
အားပေးဖို့တော့ရပါတယ်နော်။
ခင်မင်တဲ့ jasmine

Anonymous said...

ကန့်ကွက်မှု့ ကို အပြည့်အဝ ထောက်ခံပါ၏

ခင်တဲ့
ရွှေစင်ဦး

ဖိုးကြယ် said...

အဲဒီဝန်ကြီးဆိုတဲ့ကောင်ကပြောသေးတာ တုတ်ချင်း ဓားချင်းတဲ့...တကယ်သာ သတ္တိရှိရင် ရုံးထဲကထိုင်မပြောသင့်ဘူး...အရပ်ထဲတစ်ယောက်ထဲ သာဆင်းကြည့်လိုက်.... :)

ခင်တဲ့(ဖိုးကြယ်)

ဟန်ကြည် said...

ဧရာဝတီဟာ သမိုင်းရဲ့ သက်သေပဲ...
ညီထွဋ်ရဲ့သီချင်းကို ကြေကြေကွဲကွဲ အော်ဆိုလိုက်မိတယ်...
အဓွန့်ရှည်ပါစေ “ချစ်သောဧရာဝတီ”

ကိုကိုးအိမ်(မန္တလေး) said...

ကညိမ်းရဲ့ ဖတ်မှိသမျှပို့စ်ထဲမှာ ဒီတစ်ပုဒ်ကို အားအရဆုံးပဲ.... နှလုံးသားချင်နီးလို့ထင်ပါရဲ့

San San Htun said...

ဧရာဝတီကို ချစ်တဲ့စိတ်လေးကို ပို့ စ်မှာ တွေ့ လိုက်ရတယ်..ဧရာဝတီအသက်ရာကျော် ရှည်ပါစေ...

အင်ကြင်းသန့် said...

ထပ်တူထပ်မျှ ကန့်ကွက်သွားပါကြောင်း.....

လသာည said...

ကန့်ကွက်မှုကို လုံးဝထောက်ခံပါ၏..

ကိုကိုမောင်(ပန်းရနံ့) said...

မှန်လိုက်လေ မောင်လေးရာ။
ကန့်ကွက်ကြရမှာပ။

ခင်မင်လျှက်