Sunday, September 11, 2011

ဘလော့ဂါဆိုတာ

ဘလော့ဂါဆိုတာ.....တဲ့....။ဘလော့ဂါဆိုတာဘာလဲ....၊ကျွန်တော်ဘလော့တွေစဖတ်ကာစကကိုယ်တိုင်သိချင်လို့
ဒစ်ရှင်နရီ
တွေထဲ ရှာကြည့်ဖူးပါတယ်...၊တွေ့ပါဘူးဗျာ.....ဘယ်မှာမှ....၊အဲ......တစ်ခုသော နင်းဆိုက်မှာတော့ ဘလော့ဆိုတာ စိတ်ခံစားမှုတွေကိုမျှဝေခံစားခြင်းရယ်လို့အဓိပ္ပာယ်ဖွင့်ဆိုထားတာတွေ့လိုက်ရပါတယ်။ဆိုတော့
ဘလော့ဂါဆိုတာ မိမိရဲ့စိတ်ခံစားမှုတွေကို မျှဝေခံစားကြသူတွေပေါ့လေ...။

ဘယ်လိုပဲဖြစ်ဖြစ် ဘလော့ဂါဆိုတာကျိန်းသေတာကတော့လူသားစင်စစ်ဧကန်ဖြစ်ပါတယ်ခင်ဗျ...။မှန်ပါတယ်...။
ဘလော့ဂါတွေဟာ လူသားများသာဖြစ်ကြပါတယ်၊လူသားများဆိုတာထက်သာမန်လူသားများလို့နာမဝိသေသန
တစ်ခုကိုပါဖြည့်စွက်လို့ပြောချင်ပါတယ်....။သာမန်လူသားများသာ ဖြစ်သည့်အလျောက်ဘလော့ဂါတွေရေးသမျှ၊
တွေးသမျှအကြောင်းအရာတွေဟာမှန်ချင်လည်းမှန်နေပါမယ်...၊မှားတဲ့အခါလည်းမှားနိုင်ပါတယ်....။အတွေးတွေ
တော်ရင်လည်းတော်ပါလိမ့်မယ်...၊ရှော်ရင်လည်းရှော်ပါလိမ့်မယ်...။စာလုံးပေါင်းတွေလည်း မှားတဲ့အခါမယ်မှား
နေမှာပါ...၊စာလုံးပေါင်းဆိုတာ မမှားသင့်ပေမယ့် ဘယ်သူကရောမှားချင်ပါ့မလဲလေ...၊သို့ပေမယ့် မှားတဲ့အခါ
လည်းမှားပေမပေါ့ဗျာ....နော့....။

နောက်...ဘလော့ဂါတွေဟာ သာမန်လူသားများဖြစ်တဲ့အတွက် စာလုံးလေးတစ်လုံး၊စကားလေးတစ်ခွန်းအပေါ်
မှာ သည်းခံနိုင်စွမ်းလည်းရှိချင်မှရှိမှာပါ။လူတိုင်းလူတိုင်းမှာ ရှိနေတတ်တဲ့ မာန်၊မာနလေးတွေကိုလည်းတွေ့နေ
မြင်နေရမှာပါ...။ဆိုလိုတာကတော့ဗျာ...ဘလောဂါတွေရေးသမျှထဲက စာဖတ်သူ ယူလို့ရသမျှ အသိအမြင်၊
ဗဟုသုတ၊အတွေးအကြံ၊စိတ်ခံစားချက်လေးတွေ ယူပြီးသကာလ၊လိုအပ်တာလေးတွေရှိရင်လည်း နားလည်မှု
ပေးနိုင်ကြပါလို့ ပါခင်ဗျား.....။

ဆိုတော့ နောက်ဆက်တွဲအနေနဲ့ ဘလော့ဂါတွေဆီက ဘာတွေမျှော်လင့်နိုင်ပါသလဲ ဆိုတဲ့ မေးခွန်းတစ်ခုကို
ဘာသာ မေးခွန်းထုတ်မိပါတယ်...။ဘလော့တွေ၊ဘလော့ဂါတွေဆီက မျှော်လင့်နိုင်တာအများကြီးရှိပါတယ်...။
မနက်မိုးလင်းလို့ လျှာရင်းမြတ်စေဖို့ ဘာဟင်းချက်ရကောင်းမလဲ....တွေးတောကြံဆနေရပါသလား...၊ဟုတ်ကဲ့
ကျိုးစားပမ်းစား၊မနားတမ်း ချက်နည်းပြုတ်နည်းတွေ အဆက်မပျက် တစ်ရက်နဲ့တစ်ရက်မထပ်ရအောင် ရိုက်တင်
ပေးနေသူတွေရှိပါတယ်.....၊အဝေးရောက် မြန်မာတွေအတွက် စာကောင်းပေမွန်တွေကို လက်အညောင်းခံရိုက်
တင်ပေးနေသူတွေလည်းရှိရဲ့....၊မိမိရောက်လေရာ ဒေသအကြောင်း ဒေသန္တရဗဟုသုတတွေကိုလည်း အစီအရီ
ရေးသားကြသူတွေ....။

မိမိနားထောင်မိသမျှသီချင်းလေးတွေဝေမျှသူတွေ၊မိမိကြည့်မိသမျှ ရုပ်ရှင်ကားကောင်းလေးတွေကို တင်ဆက်
ပေးနေသူတွေ၊ကွန်ပြူတာနည်းပညာအဖြာဖြာကို မိမိတတ်သမျှ တစ်စမကျန်ပြန်လည် ဖြန့်ဖြူးနေသူတွေ၊မိမိ
ကြားမိ၊မြင်မိ၊ဖတ်မိသမျှ သတင်းစုံကို စုကာစည်းကာ ပြန်လည်မျှဝေသူတွေ၊မိမိတွေးကြံမိတာလေးတွေကို
ခံစားမိသမျှလေးတွေကို ရေးတတ်သလို ချရေးပြနေသူတွေ.....။အစရှိသဖြင့် ဘလော့ဂါတွေဆီက မျှော်လင့်
နိုင်တာတွေ အများကြီးမှ အများကြီးရယ်ပါ....။

ဆိုတော့ ဘလော့ဂါဆိုတာဘာလည်း ဆိုတဲ့မေးခွန်းကိုပြန်သွားရရင်တော့ ဘလော့ဂါဆိုတာ မိမိသိသမျှ၊တွေး
မိသမျှ၊မိမိမြင်တွေ့သမျှ၊အစစအရာရာကို မျှဝေခံစားပေးကြတဲ့ လူသားများသာဖြစ်ပါကြောင်း......။


20 comments:

Anonymous said...

ဘလော့ဂါဆိုတာဘာလဲ အိကု

တောက်ပကြယ်စင် said...

ကိုညိမ်းနိုင်ရေ မင်္ဂလာပါ။ ဆ၀ါဒီခပ်နော်။ ဘလော့ဂါဆိုတာဘာလဲဆိုတဲ့မေးခွန်းကို ရှင်းရှင်းလင်းလင်း၊ ကွက်ကွက်ကွင်းကွင်း တင်ပြသွားတာကို ဖတ်ရှုလိုက်ပါတယ်။ လူဆိုတာ ကိုယ့်အမြင်နဲ့ကိုယ်၊ ကိုယ့်အယူအဆနဲ့ကိုယ်မို့ တစ်မျိုးစီကောင်းကြတာပါပဲ။ နော့။ ကျန်းမာပျော်ရွှင်ပါစေ ကိုညိမ်းနိုင်ရေ။

စံပယ်ချို said...

မေတ္တာတွေထားပြီး အမှားမပါတဲ့
ဘလော့ဂါ ဆိုတာဘာလဲ
ကို သေသေချာချာ
တာဝန် ယူပြီးရေးပြသွားတာ
တစ်ကယ့်ကိုအတုယူဖို့ကောင်းပါတယ်ရှင်
နောင်လဲ ဒီထက်စာတွေရေးနိုင်ပါစေလို့
ခင်မင်တဲ့

SHWE ZIN U said...

ကိုယ့်ထမင်းကိုယ်စားပြီး ကြီးတော်နွား ကျောင်းနေတဲ့ ဘလော့ဂ်ဂါ တယောက် လာရောက်ဖတ်ရှုသွားပါတယ် မောင်လေးရေ

ခင်မင်စွာဖြင့်

ကိုကိုမောင်(ပန်းရနံ့) said...

မောင်လေးရေ...
သိကြားမင်းလဲ တစ်ခါတစ်ခါ ဘလော့ဆင်းရေးတယ် ကြားတယ်နော့။း))

တိုတိုလေးရေးတယ်။း(

ခင်မင်လျှက်

ညီလင်းသစ် said...

ကောင်းတယ်ဗျာ.. တိုတိုတုတ်တုတ်နဲ့ ပြောချင်တာကို ရှင်းရှင်းလေး ပြောသွားတာ....၊ ကြီးတော်နွားကို mouse စီးပြီး ကျောင်းနေတဲ့ ကောင်းဘွိုင်တစ်ယောက် လည်း လာဖတ်သွားတယ်ဗျို့....။း)

နေ၀သန် said...

သြော်.. ကိုရင်ညိမ်းနိုင်တစ်ယောက် တက်စာတွေစားနေရပါပေါ့လား... :D.. ဘလော့ဂါဆိုတာ ဘလာကော်ပေါ့ဗျာ... :P


ခင်မင်လျက်
နေ၀သန်

ညီရဲ said...

ဘလော့ဂါ ဆိုတာ လူသားစင်စစ် ဧကန် ဖြစ်၏ တဲ့လား မှန်လိုက်တဲ့ စကား အစ်ကိုရေ...

Maung Myo said...

ကြမ်းပိုးကို လိပ်ဖြစ်အောင်ရေးတာ အဲ့တာ ဘလော့ဂါး))

mstint said...

ဘလော့ဂါရဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်လေး သဘောကျတယ်။ ဘလော့ဂါတွေရဲ့ တဂ်ပို့စလေးတွေ မှန်သမျှ ဖတ်ရတာ စိတ်ကြည်နူးမိတယ်ကွယ်။
စိတ်ဓါတ်အစဉ်ကြည်လင်အေးမြပါစေနော်။

မေတ္တာဖြင့်
အန်တီတင့်

ဟန်ကြည် said...

တက်ဂ်ပို့စ်တွေထဲမှာ ဒီတစ်ခုကတော့ အတော်အန္တရာယ်များသလိုပဲ အရေးမတော်ရင် အဆဲခံရမယ့် ကိန်းကိုး ကငြိမ်းနိုင်ရဲ့...အခုလို ပါးပါးနပ်နပ်ကလေးနဲ့ လှလှပပ ရေးသွားနိုင်တာကိုတော့ မချီးကျူးဘဲကို မနေနိုင်ဘူးဗျာ...

blackroze said...

အရေးအသားလေးကညက်ပါ့ရှင်

San San Htun said...

ထိထိမိမိလေး ရေးတတ်လိုက်တာနော်..

khin oo may said...

ချီးကျူးလိုက်ကြတာနေတောင်နေတတ်တော့ဘူး။

ကိုရင် said...

ဘလော့ဂါဆိုတာ တိုတိုတုတ်တုတ်တွေ ဖြစ်တယ်..အဲ...တိုတိုတုတ်တုတ် ရေးသူတွေ ဖြစ်တယ်

ရောက်တယ်.ကပ္ပိယကြီးရေ

အင်ကြင်းသန့် said...

"ဘလော့ဂါတွေဟာ သာမန်လူသားများဖြစ်တဲ့အတွက် စာလုံးလေးတစ်လုံး၊စကားလေးတစ်ခွန်းအပေါ်
မှာ သည်းခံနိုင်စွမ်းလည်းရှိချင်မှရှိမှာပါ။လူတိုင်းလူတိုင်းမှာ ရှိနေတတ်တဲ့ မာန်၊မာနလေးတွေကိုလည်းတွေ့နေ
မြင်နေရမှာပါ...။"

အမှန်ပဲ ကိုမောင်လေးရေ....:)

(ကျနော့်ဆီမှာကဗျာလေးလာဖတ်ပြီးအားပေးသွားလို့ ကျေးဇူးပါနော်။)

ချော(အစိမ်းရောင်လွင်ပြင်) said...

တိုတိုနဲ့ ထိထိမိမိ ဘလော်ဂါရဲ့ အဓိပ္ပါယ်ကလဲ ပေါ်လွင်နေတာပါဘဲ။
ဘလော်ဂါတိုင်းတော့ စေတနာထားပြီးစာရေးနေကြသူတွေဘဲ ဖြစ်ကြမှာပါနော်။

Cameron said...

တကယ်တော့ ဘလော့ဂါဆိုတာ တစ်နေ့တစ်နေ့စားသမျှဟင်းခွက်တွေကိုတင်တဲ့သူ...။

ဖိုးကြယ် said...

အထက်ပါပေးသွားတဲ့ ကွန်မန့်လိုပဲ ဘလော့ဂါဆိုတာ အိကု ဆိုတာလည်းဟုတ်တယ် လူသားတစ်ယောက်ဆိုတာလည်း ဟုတ်တယ် ထပ်ဖြည့်ချင်ပါသေးတယ် ဘလော့ဂါဆိုတာ ခန့်ချောကြီး :)

ခင်တဲ့(ဖိုးကြယ်)

ShwunMi- said...

:)