Monday, August 23, 2010

3 in 1

လူကတော့ တစ်ကိုယ်ထဲ....၊ဒါပေမယ့် ကျင်လည်နေမိတဲ့ လောက က သုံးလောကလောက်ဖြစ်နေတယ်....။

(၁) ပစ္စုပန်လောက.....။ ။မိုးလင်းတာနဲ့အလုပ်ထဲစိတ်ရောက်သွားပြီ...။လုပ်စရာရှိတာတွေကိုလုပ်နေပြီ။
ပျော်သလားဆိုတော့မပျော်သလိုလို...။မပျော်ဘူးလားဆိုတော့လည်း....အဲလိုလဲမဟုတ်ဘူး.....။စက်ရုပ်ဆန်ဆန်
လှုပ်ရှားနေမိတာလား..ဆိုတော့လည်း....အင်း....အဲလိုလဲမဟုတ်ပြန်ဘူး...။အလုပ်ထဲမှာစိတ်ပါလက်ပါလုပ်နေတာ
ပဲ...ဘယ့်နှယ် စက်ရုပ်ဆန်ရမှာလဲ....။အားရင် တစ်ယောက်တည်း လျောက်သွားတယ်...။သူငယ်ချင်းတွေ အကူအညီတောင်းရင်၊သူတို့နဲ့ တွေ့ဖို့ရှိရင် တွေ့လိုက်တယ်။တတ်နိုင်တာဆို ကူညီလိုက်တယ်..။ဒီလိုပါပဲ......။

(၂) အတိတ်နဲ့အနာဂတ် လောက....။ ။မြန်မာပြည်မှာ နေထိုင်ကျင်လည်ခဲ့ရတဲ့ကာလတွေ၊သူငယ်ချင်းတွေနဲ့
ပျော်ခဲ့၊သောင်းကျန်းခဲ့တာတွေ၊မိဘတွေနဲ့ ငြိမ်းငြိမ်းချမ်းချမ်းနေခဲ့ရတာတွေ၊တစ်ယောက်သောသူနဲ့ ကြည်နူးခဲ့
ရတဲ့ အချိန်လေးတွေ.....၊အဲဒီကာလတွေကို အမြဲလိုလိုပြန်တွေးမိတယ်...၊ပြီးတော့ မြန်မာပြည် ပြန်ဖြစ်ရင်....
သူငယ်ချင်းတွေနဲ့ ဘယ်လိုပွဲခံလိုက်မယ်....၊ကိုယ့်ရဲ့ တစ်ထောင့်တစ်ည စင်္ကာပူပုံပြင်တွေကို ဘယ်သို့ဘယ်ပုံ
ပြန်ပြောလိုက်မယ်...၊မိဘတွေကို တတ်နိုင်သမျှ အနီးကပ်ပြုစုမယ်...၊ပြီးတော့ အလွမ်းသည်စရာရှိတာလဲ...
သည်လိုက်မယ်ပေါ့.....။

အချိန်နဲ့အမျှ တွေးနေမိတယ်...။အတိတ်ကပြန်မရနိုင်တော့သလို၊အနာဂတ်ဆိုတာကလည်း တကယ်တော့
သေချာလှတာတော့မဟုတ်...။ဒါပေမယ့် အဲလိုတွေးနေရရင် နေပျော်တယ်...။ကိုယ့်အတွေးကမ္ဘာလေးနဲ့ကိုယ်
တိတ်တိတ်ဆိတ်ဆိတ်လေး တစ်ယောက်တည်းကမ္ဘာကိုတည်ဆောက်နေမိတယ်...။

ကာလသုံးပါးလုံးနဲ့ လွတ်ကင်းနေတဲ့၊ကာလသုံးပါးလုံးနဲ့လည်း ပတ်သက်နေတဲ့ လောက ။ ။
ညနေရေမိုးချိုး၊ထမင်းစားပြီးတာနဲ့ ကွန်ပြူတာဖွင့်၊ဂျီတော့ဖွင့်၊ဘလော့ဖွင့်၊ဖဘဖွင့်၊သီချင်းဖွင့်၊ပြောချင်တာတွေ
ပြော၊ရေးချင်တာတွေလျောက်ရေး၊လက်လှမ်းမှီသမျှလိုက်ဖတ်၊ကိုမြကြီးတို့၊ဝင်းဦးတို့မှသည် စိုင်းစိုင်းခမ်းလှိုင်
အထိ သီချင်းတွေနားထောင်၊ပျော်စရာတွေဖတ်မိတော့ပျော်လိုက်၊မောစရာဆိုတော့လည်းမောလိုက်၊၃-၄ နာရီ
အတွင်းမှာ ကိုယ်ဖတ်မိ၊ရေးမိ၊နားထောင်မိသမျှ ခံစားမှုတွေနောက် ကောက်ကောက်ပါအောင်လိုက်နေမိတယ်။

ဒီလိုနဲ့ အိပ်ရာဝင်...။အိပ်မက်ထဲမှာ သူငယ်ချင်း၊မိဘ၊ဆွေမျိုးတွေ၊စလုံးကလုပ်ဖော်ကိုင်ဖက်တွေ၊ဘလော့ဂါတွေ
အားလုံး လုံးထွေးရစ်ပတ်လို့.......။

9 comments:

Anonymous said...

မောင်လေး ရေ

မျှော်မှန်းတဲ့ တချိန်ဟာ ရောက်လာတော့မှာပါ အခုတော့ ဒီလိုဘဲ

ပျော်ရွှင်ပါစေ

ခင်တဲ့
ရွှေစင်ဦး

ချစ်ကြည်အေး said...

လူတွေရဲ့စိတ်ဟာ အမြဲလိုလို အတိတ်နဲ့ အနာဂတ်တွေဆီမှာပဲ လူးလာပြေးလွှားနေလေ့ရှိတယ်။ လက်ရှိတည့်တည့် ပစ္စုပ္ပန်မှာ ထားဖို့ ပိုခက်တယ်....

Anonymous said...

စက်ရုပ်တစ်ဦးစာလာဖတ်ပါတယ်။း)
အနာဂတ်ဆိုတာတော့ ရေရေရာရာမသိပေမဲ့ ကိုယ့်ပန်းတိုင်ရောက်အောင် မလျော့သောဇွဲနဲ့ လျှောက်ရမှာကိုယ့်အလုပ်လို့ အားတင်းကာလျှောက်နေတုန်းပါပဲ
ရည်မှန်းချက်တွေပြည့်ဝပြီး သာယာချမ်းမြေ့တဲ့ဘဝကိုပိုင်နိုင်ပါစေရှင်းးး
မိုး

ချော(အစိမ်းရောင်လွင်ပြင်) said...

လောက ကြီးထဲမှာ ဒီလိုဘဲ ချာချာလည်နေတာပါဘဲ
ဒါဟာလည်း ပျော်စရာတစ်ခုလို့ သတ်မှတ်ကြတာပေါ့..
အင်တာနက်ကို အပူအပင်ကင်းကင်းသုံးနေနိုင်တာကိုက ကံကောင်းခြင်းတစ်မျိုးပါ... မြန်မာပြည်ပြန်ရောက်ရင် မလွယ်.. မလွယ်..

အဖြူရောင်နတ်သမီး said...

ပြီးဆုံးသွားတဲ့ အတိတ်ကိုမေ့ပြစ်..
ရောက်ရှိနေတဲ့ ပစ္စုပ္ပန်ကို လက်တွေ့ကျကျအသုံးချ...
ရောက်လာတော့မယ့် အနာဂတ်တွေကို ကြိုလင့်...
အားမွေးရင်း ဘဝကို ပျော်ရွှင်စွာ လျှောက်လှမ်းနိုင်ပါစေကွယ်...

သုခုမနန်းတော် said...

3in1 ထဲကလူသားတွေပါ။
ပစ္စုပ္ပန်မှ အနာဂတ်သို့ပျော်ရွှင်စွာလျှောက်လှမ်းနိုင်ပါစေ. မောင်လေး။

blackroze said...

ဘဝတူတွေပါဘဲရှင်..ကိုမောင်လေး
တခါတလေအတိတ်ကိုပြန်လွမ်း
အနာဂတ်ကိုပုံဖော်လို့
ပစ္စုန်ပ္ပန်မှာအဆင်ပြေအောင်ဒီလိုဘဲ
ကြိုးစားပြီးနေ..နေရတာပါဘဲလေ..

မေပယ်လ် said...

ထွေးလုံးရစ်ပတ်တဲ့ ဘလော့ဂါတွေထဲ
တားတားကော ပါလားဟင်:P
အရေးအသား ညက်တယ်ဗျာ..အားကျတယ်

လသာည said...

3 in 1 ပိုစ်ထဲကအတိုင်းပါပဲ.. နေ့စဉ်ကျြင်လည်ဖြစ်သန်းနေရတယ်
“ကာလသုံးပါးလုံးနဲ့ လွတ်ကင်းနေတဲ့၊ကာလသုံးပါးလုံးနဲ့လည်း ပတ်သက်နေတဲ့ လောက..”တဲ့ ရေးဖွဲ့ထားတဲ့အသုံးကို တော်တော်သဘောကျတယ်..