Sunday, August 22, 2010

စီစီဖော့ရဲ့ ဒဏ္ဍာရီ.....

ဟိုးရှေးရှေးတုန်းက....စီစီဖော့ ဆိုတဲ့ လူတစ်ယောက်ဟာ အပြစ်တစ်ခုကြောင့် (ဘာအပြစ်လဲတော့မသိ၊ထင်တာ
ကတော့ ဒီမိုကရေစီ ရရှိရေးများအော်ခဲ့ပုံရတယ်....။ဤကား...စကားချပ်တည်း ) နတ်ဘုရားတွေ ရဲ့ အပြစ်ပေး
ဒဏ်ခတ်ခြင်းကိုခံယူခဲ့ရပါတယ်...။နတ်ဘုရားတွေကသူ့ကိုဘယ်လိုဒဏ်ပေးခဲ့သလဲဆိုတော့ကျောက်တုံးလုံးလုံးကြီး
တစ်ခုကို တောင်ထိပ်ပေါ် လှိမ့်တင်ခိုင်းတာပါ...။

ဒါနဲ့ စီစီဖော့လည်း တစ်နေကုန် ကျောက်တုံးကြီးကို တောင်ထိပ်ပေါ် လှိမ့်တင်တာပေါ့ခင်ဗျာ....။အဲ နေစောင်းလို့
ကျောက်တုံးကြီးကို တောင်ထိပ်ပေါ်အောင်မြင်စွာ တင်နိုင်ခဲ့ရော...၊အနှီးကျောက်တုံးကြီးလည်းတစ်ဘက်တောင်
စောင်းအတိုင်း ပြန်လိမ့်ဆင်း သွားပါရော....။ဒါနဲ့ပဲ စီစီဖော့လည်း နောက်တစ်နေ့မှာကျောက်တုံးကြီးကိုပြန်တင်ရ
ပြန်ရော...။ထုံးစံအတိုင်းတောင်ထိပ်ပေါ်ရောက်ရင်ဖြင့်ကျောက်တုံးကြီးကပြန်လိမ့်ဆင်းသွားပြန်ရော...တဲ့ခင်ဗျ...။

ဒီလိုနဲ့စီစီဖော့တစ်ယောက်ကျေက်တုံးကြီးကိုလှိမ့်တင်တဲ့အလုပ်ကိုထပ်ကာတလဲလဲလုပ်နေရင်း၊တဖြည်းဖြည်းနဲ့
“ တစ်စုံတစ်ရာကို ထပ်တလဲလဲ လုပ်နေရခြင်းရဲ့ သဘောသဘာဝ ” အဓိပ္ပါယ်ကို ကျကျနနကြီး သဘောပေါက်
လာခဲ့ပါတော့တယ်တဲ့....။အဲဒီနောက်ပိုင်းမှာတော့ စီစီဖော့တစ်ယောက် ကျောက်တုံးကြီးကိုလှိမ့်တင်ရတဲ့အလုပ်
ကို မညီးမညူ ကျေနပ်ပျော်ရွင်စွာ လုပ်နေပါတော့တယ်...တဲ့ခင်ဗျာ....။

ငယ်ငယ်က ဖတ်ခဲ့၊မှတ်ခဲ့ဘူးတဲ့ ဂရိ ဒဏ္ဍာရီလေး တစ်ပုဒ်ပါ...။ အသက်ကလေး နည်းနည်းရလာတော့ ဘဝနှင့်
ပတ်သက်ပြီး တွေးမိ။ဆင်ခြင်မိ လာပါတယ်...။နိစ္စဒူဝ လုပ်နေရတဲ့အလုပ်တွေကတစ်နေ့လာလည်းဒါ၊နောက်နေ့
ရောက်တော့လည်း ဒါတွေကိုပဲ ထပ်ကာထပ်ကာ လုပ်နေရလေတော့ ဘဝဆိုတာကြီးကို နားမလည်နိုင်အောင်
ဖြစ်လာရပါတယ်...။တစ်နေ့တစ်နေ့ သံတူပြီး ကြောင်းမကွဲတဲ့ အလုပ်တွေကို မညီးစတမ်း လုပ်နေရတာ ဘဝ တဲ့
လား....။

ဘာအတွက်ပါလဲ....။ဘဝဆိုတာ ရှင်သန်ရပ်တည်နေရုံ သက်သက်လေးလား.....။အများအတွက်၊ကိုယ့်ပတ်ဝန်း
ကျင်အတွက်၊ကမ္ဘာလောကကြီးအတွက် ကိုယ်တတ်နိုင်သမျှ ကောင်းကျိုးပြုသွားမယ် ဆိုတဲ့ (လူလည်းကြား
ကောင်းတဲ့ ) စိတ်ကလေးတော့ ထားပါတယ်...။ဒါပေမယ့် အဲဒီ အတွက်လည်း ဘဝ အပေါ်ကျေနပ်နှစ်သိမ့်တဲ့
စိတ် မပေါ်မိတာလည်း အမှန်....။လုပ်သင့်တဲ့ လုပ်ရမယ့် အလုပ်တွေလို့ပဲ ခံယူပါတယ်...။

နေ့စဉ်နှင့်အမျှ ဝမ်းသာလိုက်၊ဝမ်းနည်းလိုက်၊လုပ်စရာရှိတာလုပ်လိုက်၊အနားယူရမယ်လို့ သတ်မှတ်ထားတဲ့ရက်
တွေမှာ အနားယူလိုက်၊မလွဲမရှောင်သာတဲ့ လူမှုရေး၊ဝတ္တရားတွေကို တာဝန်ကျေပေးလိုက်၊တခါတလေ စိတ်ကို
ထွက်ပေါက်ပေးလိုက်၊ဒီလိုနဲ့  ဘဝကို မပေါ့မပါး ဖြတ်သန်းလာခဲ့ရတယ်...။(ဒီလိုဆိုတော့ ဘဝဆိုတာ ကိုယ်ဝန်
သည်ကြီးပေါ့လို့ မပြောကြေး နော်....း) )

စီစီဖော့ကတော့ ဘဝကို သဘောပေါက်သွားသလိုပဲ...။
ခုချိန်ထိတော့ ဒီသဘောတရားကို ကျွန်တော် ကောင်းစွာ နားမလည်နိုင်သေးပါဘူး....။အင်း....တဖြည်းဖြည်းနဲ့ နဲနဲတော့ သဘောပေါက်သလိုရှိလာသား...။ဒီလိုနဲ့ပဲ ဘဝမှာ ကျေနပ်အောင် နေတတ်ဖို့ ကြိုးစားရင်းဖြင့်......။

8 comments:

ချော(အစိမ်းရောင်လွင်ပြင်) said...

စဉ်းစားစရာက စီစီဖော့ဟာ အဲဒီအလုပ်ကို လုပ်ချင်စိတ်ရှိရှိနဲ့ လုပ်ခဲ့ရတာလား၊ စိတ်မပါဘဲ မလုပ်မဖြစ်လို့ လုပ်ခဲ့ရတာလား ဆိုတာပါဘဲ...
ကိုယ်တွေရဲ့ ဘ၀မှာလည်း စိတ်မပါဘဲ.. မဖြစ်မနေမို့ လုပ်ရတဲ့ အလုပ်တွေ အများကြီးရှိခဲ့တယ်.. စိတ်ပါလို့လုပ်ရရင် ပင်ပန်းတယ် မထင်ပေမဲ့ စိတ်မပါတဲ့ အလုပ်တွေဟာ စီစီဖော့ရဲ့ တောင်ထိပ်ပေါ်ကျောက်တုံးတွန်းတင်ရသလိုဘဲ လေးလံပင်ပန်းလှတယ်။

SHWE ZIN U said...

ဘဝဆိုတာ အဲလိုဘဲ မောင်လေး ရေ
တခါတခါ ထွက်ပေါက်ပိတ်နေတဲ့ တွင်းထဲဝင်မိသလိုဘဲ

ခင်တဲ့
ရွှေစင်ဦး

ခနွဲ said...

လာလည်သွားတယ်။
မနက်ခင်း အိပ်ရာထ အလုပ်သွား၊ညနေပြန်လာ အင်တာနက်ဝင်။ ညကျအိပ်။ မနက်ခင်း အိပ်ရာထ အလုပ်သွား (တစ်ခါတစ်ခါ ချစ်သူနဲ့စကားပြော)
ဟုတ်တော့ဟုတ်သား။ တောင်ပေါ်ကျောက်တုံးတင် ပြန်လိမ့် ။ ပြန်တင်

blackroze said...

ဘဝဆိုတာနေတတ်ရင်ကျေနပ်စရာပါ

ဒါပေမဲ့လည်းလေ....
နေတတ်အောင်ကြိုးစားရတာကလဲ...???

မနက်အိပ်ယာထအလုပ်သွား
ညအလုပ်ပြန်အိပ်ယာဝင်
မနက်ထ..သွား...
ညပြန်...အိပ်...
အဲဒါနဲ့ဘဲ..ဆန္ဒတွေ...ဘယ်ဆီများရောက်ကုန်ပါလိမ့်

ချစ်ကြည်အေး said...

မောင်လေးရေ...အဲဒါကိုက ဘဝပဲ၊ ဘဝရဲ့ အဓိပ္ပါယ်ကိုက အနှစ်မဲ့တဲ့ အကာသဘောပဲ၊ ဘာမှ မရှိ နတ္ထိလေ...။ သုညမှာ တန်ဘိုးတခုတော့ ရှိနေတယ်၊ တွေ့အောင်ရှာ ရအောင်ယူနိုင်တဲ့သူ...ရသွားမှာပါပဲ...:)

မြစ်ကျိုးအင်း said...

နေ့စဉ် ပုံမှန်လည်ပတ်နေရတာကို ငြီးငွေ့တာ ကြာပြီ။
နိင်ငံကြီးတွေကို အားကျမိတာရှိတယ်။ အလုပ်လုပ်တယ် ခရီးထွက်ဖို့ ငွေစုပေးထားတယ်။ နွေရာသီ အားလပ်ရက် ရောက်ရင် ခရီးသွားဖို့ ငွေပြန်ထုတ်ပေးတယ်။ ဒီတော့ အလုပ်လုပ်ချိန် အလုပ်လုပ်ရပေမယ့် စိတ်ရဲ့ ပျော်ရွှင်ခြင်းကိုလည်း ရစေတယ်လေ။
အလုပ်ပြီး အလုပ်ဆိုတာ သိပ်ငြီးငွေ့ဖို့ ကောင်းတယ်။
ခုထိတော့ ရုန်းထွက်မရသေးဘူးဗျာ။

ခိုင်နုငယ် said...

အင်း ဟုတ်ပ တစ်ခါတစ်လေတော့လည်း
နေ့စဉ်ဖြတ်သန်းနေရတဲ့ဘ၀တွေထဲ
ငြီငွေ့မိသား။
ဒါပေမယ့်လည်းလေ ငြီးငွေ့သည်ရှိ မရှိသော်ရှိ
ဖြတ်သန်းကြရအုံးမှာပါပဲ။
နောက်ဆုံချိန်လေးတော့ အနှစ်ပါဖို့တော့လိုအပ်လိမ့်မယ်။

ခင်မင်စွာဖြင့်
ခိုင်နုငယ်

Anonymous said...

း) ဘဝဆိုတာ ဒီလိုပါပဲနော်
ဟူးးးးးးး ဒါနဲ့ ဘဝဆိုတာဘာကြီး မပြောဆိုလို့ ပြောတော့ဖူး
သာယာချမ်းမြေ့ပါစေရှင်းးးး
မိုး