Sunday, August 29, 2010

ဘယ်တော့မှ မမေ့ပါဘူး

ဟိုစဉ်အချိန်တွေ တမ်းတမက်မော
ပြန်လိုချင်တယ်ခုလေ.......
ဒီကမ္ဘာမြေကို နောက်သို့လှည့်ခိုင်းပြီး
အရာရာအစက ပြန်စလို့ရရင်
အရင်လိုမျှော်လင့်ချက်နဲ့.......
ရှင်သန်အားမွေးလိုက်ချင်.....
ဒီလိုမျိုးအဆုံးသတ်မှုကိုလည်း
ကြိုပြီးတော့မသိချင်
တချိန်ချိန်မှာ ခွဲရမှာပဲ
ဒီသင်္ခါရတရားကို တွေးမိတယ်
ဒါပေမယ့်လည်း စိတ်ရဲ့ဆန္ဒ
ရင်နာစရာဆို လုံးဝမတွေးချင်ဘူး
ကြေကွဲလွမ်းဆွတ်မှုများ
သေချာစဉ်းစားမိရင်
ဟိုစဉ်က အတိတ်ရဲ့အရိပ်တွေလည်း
စိတ်ထဲရောက်လာ...
ရောက်လုနီးမှ လက်ပမ်းကျသလား
ပင်လယ်ပြင်ကျယ်လောကဓံ
ပြန်မြင်ယောင်တယ် လွမ်းမျက်ရည်ကျ
ဖြူစင်တဲ့ မြင်မြတ်တဲ့ မေတ္တာတရားကို
ဘာတွေနဲ့ အစားထိုးပြီး လွမ်းမှာလည်း
ရင်မှာပူဆွေးတယ်
တကယ်ကိုပြန်ပြီးတမ်းတရင်း
စိတ်ထဲထိခိုက်တယ်
ဟိုစဉ်တုန်းကအချိန်များ
မေ့မရဘူး....လုံးဝမေ့လို့မရတော့ဘူး......

မျက်လုံးထဲက မထွက်နိုင်တော့ဘူး
စိတ်ကူးထဲက မထွက်နိုင်တော့ဘူး
အိုး.....ဆွေးမြေ့စရာပဲ......
ဘယ်လိုမှ မေ့လို့မရတော့ဘူး........
ဘယ်တော့မှ မမေ့ပါဘူး........
ဘယ်တော့မှ မမေ့ပါဘူး........



အကြောင်းတိုက်ဆိုင်လာတိုင်း....ဟိုးယခင်အချိန်တွေကို အမြဲတမ်းတမိတယ်.....။
အရာရာကို အစက ပြန်စလို့မရရင်တောင် သူ နဲ့ပတ်သက်သမျှတွေကို အစက ပြန်စချင်တယ်....။
ဒီလိုအဆုံးသတ်မှုမျိုးကို အဲဒီအချိန်တုန်းက မမျှော်လင့်ခဲ့ပါဘူး...၊ကြိုပြီးတော့လည်း မသိချင်ခဲ့ဘူး....။
ခွဲရမယ်ဆိုရင်တောင် သေကွဲ ဆိုတာကို မထင်ခဲ့မိဘူး....၊ကြီး၊ငယ် မရွေးတဲ့ သင်္ခါရသဘောကို သိခဲ့ပေမယ့်
ဘယ်လိုအတွေးမျိုးနဲ့ ထင်ရက်နိုင်မှာတဲ့လဲ.....၊

မတွေးချင်ဘူး....။မစဉ်းစားချင်ဘူး...။ရင်နာရတာတွေ...ကြေကွဲရတာတွေ....လွမ်းနေရတာတွေ......။
ဒါပေမယ့် အကြောင်းတိုက်ဆိုင်လာတိုင်း အတိတ်ရဲ့ အရိပ်တွေက စိတ်အစဉ်ကို ခြောက်လှန့်ဆဲ.....။
ဘာတွေနဲ့ အစားထိုးနိုင်မှာတဲ့လဲ....၊ဘာတွေက ဖြေသိမ့်ပေးနိုင်မှာတဲ့လဲ...၊သူ့ နေရာမှာ သူကလွဲလို့ ဘယ်သူက၊
ဘာအကြောင်းတရားတွေကမှ စိတ်ခံစားမှုကို ထပ်တူပြုနိုင်မှာ မဟုတ်ပါဘူး....။

မရနိုင်တော့ပေမယ့် ပြန်ပြီးတမ်းတမိတယ်....။တမ်းတမိတိုင်းလည်း ရင်နာရတယ်...၊စိတ်ထိခိုက်ရတယ်....။
ဟိုးယခင်အချိန်တွေကို ဘယ်လိုမေ့လို့ရမှာတဲ့လဲ.....။ဟင့်အင်း....မေ့မရခဲ့ပါဘူး...။လုံးဝမေ့လိုမရတော့ပါဘူး...။
အချိန်နဲ့အမျှ သူ့ပုံရိပ်တွေက စိုးမိုးထားတုန်းပါ...။မျက်လုံးထဲက ထွက်ကိုမထွက်ဘူး....။စိတ်ကူးတွေထဲက၊
နှလုံးသားထဲက၊အသိညဏ်ထဲက၊ ဘယ်တော့မှ မထွက်တော့ပါဘူး...။

ဘယ်လိုမှ မမေ့နိုင်တော့ပါဘူး...။
ဘယ်တော့မှ မမေ့နိုင်တော့ပါဘူး....။
ဘယ်တော့မှ မမေ့ပါဘူး......။

10 comments:

SHWE ZIN U said...

အချိန်တန်ရင် အားလုံး သွားရမှာ ပူမနေနဲ့ မောင်လေး ရေ ပျော်ပျော်နေ

ခင်တဲ့
ရွှေစင်ဦး

နွေဆူးလင်္ကာ said...

အဲဒီဘုရားသီချင်းလေးက လွမ်းစရာတော့ အတော် ကောင်းတာနော် .......

ချစ်ကြည်အေး said...

အဲဒီသီချင်းကို မကော်နဲ့ ဒွေး ဆိုတာ ပိုကြိုက်တယ်....

အဖြူရောင်နတ်သမီး said...

သီချင်းလေး နားထောင်သွားတယ်..

makhaing said...

ဟလို

သေသွားတဲ့ မိုးညိုဆိုတာ ဘယ်သူကြီးလဲ .. သနားပါဒယ်...။

အဲဒီသီချင်းကို ခံစားလို့ရတယ်.. ။ ကိုဒွေးကိုလည်း သတိယတယ်.. ။ သူ ဒီသီချင်းလေးကို နေရာတော်တော်များများမှာ ဆိုခဲ့ပုံရတယ်.. နိမိတ်မဟုတ်တောင် အားလုံးအတွက် လက်ဆောင် သီချင်း တရားရစရာ သီချင်းလေး ဖြစ်တယ်လို့မှတ်ယူရင်း...

မဗေဒါ (၈၈)

makhaing said...

ဟလို

သိသွားပြီ.. ရုပ်ရှင်ထဲက ကောင်ကလေးပဲ..။ ဒါလည်း အပြင်မှာ ရှိတယ်ဆိုတော့ သနားစရာပါပဲ...။

မဗေဒါ (၈၈)

ချော(အစိမ်းရောင်လွင်ပြင်) said...

တရားရစရာ သီချင်းလေးပါဘဲ
အခုလဲ ပြန်နားထောင်ရင်း ကြက်သီးထမိတယ်..
ပုံထဲမှာ မြင်ရတာ သနားဖို့ကောင်းလိုက်တာ..
မလွန်ဆန်နိုင်တဲ့ သေခြင်းတရားပါဘဲလား

အင်ကြင်းသန့် said...

ဇော်ပိုင်ဆိုတာကို ပိုကြိုက်တယ်.... :P

မြစ်ကျိုးအင်း said...

ဘယ်တော့မှ မမေ့ဘူးတဲ့

အမှန်ပါပဲ...။ တိုက်ဆိုင်မှုများလေ မမေ့လေပဲပေါ့

blackroze said...

ဘယ်တော့မှမမေ့ဘူး

တိုက်ဆိုင်မှု့တွေရှိတဲ့အခါတိုင်းတော့
သတိရမိတတ်ပါတယ်လေ....
လူဆိုတာကလည်းတနေ့မဟုတ်တနေ့ဒီလမ်းကို
သွားရမဲ့သူတွေကြီးပါဘဲ..