Monday, August 16, 2010

ဒကာလေး..... တဲ့

ခုတလော ကျွန်တော်မောင်လေး တစ်ယောက် အရှုပ်တွေလုပ်လို့ အလုပ်တွေရှုပ်နေပါတယ်ခင်ဗျ။ဘယ်လောက်
တောင်မှ အလုပ်များနေလဲဆို ညစာတောင်ချက်မစားဖြစ်ပဲ ဖြစ်သလို KFC လေး၊ပီဇာလေးနဲ့ပဲရောင့်ရဲတင်းတိမ်
နေရတယ်ခင်ဗျ...(ဟယ်.... တကယ်အဲလိုစားချင်လိုက်တာ...၊အမှန်ကတော့ ခေါက်ဆွဲတောင် ကြက်ဥကုန်နေလို့
ပလိန်းပြုတ်သောက်နေရတာရယ်...း))သို့ကလိုကြောင့်ဘာမှလည်းမယ်မယ်ရရမရေးဖြစ်၊သွားနေကြအိမ်တွေကို
လည်းအရင်လိုပုံမှန်မရောက်ဖြစ်ပါဘူး။

မနေ့ကမှ မဖတ်ရသေးတဲ့ စာကြွေးတွေလိုက်ဖတ်ရပါတယ်...။မေးလည်းတပတ်စာ စုပြီးစစ်ရတယ်ခင်ဗျ...။
ရောက်နေတဲ့မေးတွေထဲမှာ သူငယ်ချင်းတစ်ယောက်ပို့ထားတဲ့ “သူငယ်ချင်းတစ်ယောက်ဆီကရထားတာလေး
ပါ ” ဆိုတာလေး တွေ့မိတော့ အတော်ကိုစိတ်ဝင်စားသွားပါတယ်...။ရွေပြည်ကြီးက ရေမြေ့သနင်း ကြွက်ပြေး
မင်းတရားကြီးရဲ့ ပေါက်ကရလေးဆယ်သတင်းများလေလား....၊ဒါမှမဟုတ် ထင်ရှားကျော်ကြားသူတစ်ဦးဦးရဲ့ ကို့ရို့ကားယား အတင်းများလေလား...၊ဘာပဲဖြစ်ဖြစ် ငါဟဲ့ဘလော့ဂါ.... ရေးစရာတော့ ရလေပြီဆိုပြီး စိတ်ဝင်
တစား ဖွင့်ကြည့် လိုက်လေတော့......

da kar lay ပါတဲ့ခင်ဗျား.......

(အပေါ်က လင့်ကို နှိပ်လို့ နားထောင်နိုင်ပါတယ်ခင်ဗျ...။)

ဟုတ်ကဲ့...ဘာရယ်မဟုတ်ပါဘူး....။အဲဒါလေးနားထောင်ပြီး သဘောကျတာနဲ့ ပို့စ်တင်လိုက်ပါတယ်..။
သူငယ်ချင်းကလည်း မနေနိုင်မထိုင်နိုင် ပို့လိုက်လေတော့ ကျွန်တော်လည်းသူ့ ဒကာလေး နဲ့ ဆားချက်လိုက်တာ
လို့ပြောရင်လည်း ရပါတယ်..။ကိုယ့်ဆရာတို့လည်း သဘောကျရင် ဖုန်းမှာ ringing tone ထည့်လို့ရတာပေါ့ဗျာ
(ကျွန်တော်တော့ ထည့်မထားဘူးဗျ... ဟီး... သူများကိုပဲ အချွန်နဲ့ မပါတယ်...)

နောက်ဆက်တွဲ။ ။
မနေ့ကဒီ ဒကာလေးပို့ စ်ကိုတင်ကာစတုန်းကတော့ ဒီဖိုင်လေးက ဖွင့်လို့ရတယ်ခင်ဗျ..။အဲဒီနေ့
လည်း ရောက်ရော..ဖွင့်လို့မရတော့ဘူးဗျို့..။ကျွန်တော် တင်တာ တစ်ခုခုလိုသွားတယ်ထင်ပါရဲ့...(အင်း...လွဲနေ
ကြဆိုတော့လည်း တစ်ခုခုတော့ လွဲလိုက်ရမှ နေသာထိုင်သာရှိတာကလား..း) )

ဖွင့်နားထောင်လို့မရတဲ့အတွက် အားလုံးကိုတောင်းပန်ပါတယ်ခင်ဗျာ....။ခုတော့ 4shared ဆိုတဲ့ တတိယပါတီ
file hosting ဆိုက်ကိုသုံးပြီးတော့ တင်လိုက်ပါတယ်...။ကိုယ့်ဘာသာ စမ်းကြည့်တာတော့ အဆင်ပြေနေလေရဲ့။
နောက်တော့ ဘယ့်နှယ်ဖြစ်သွားမလဲဆိုတာတော့ ပြောတတ်တော့ဘူးဗျိုး...း)

6 comments:

ချော(အစိမ်းရောင်လွင်ပြင်) said...

ကြည့်လို့ မရပါဘူးဗျို့...
ဘာမှ မမြင်ရပါ။ ဘာကြောင့်လဲမသိ

Anonymous said...

da kar lay ကို ဖွင့် ဘို့လိပ်စာ ပေးအုန်းလေဗျာ ကျနော့် ကို အက်လိုက်ပါ shwezinu1961@gmail.com

ခင်မင်တဲ့
ရွှေစင်ဦး

ခိုင်နုငယ် said...

အိမ်းလေ..ဒကာလေးက..
ဘာမှလည်းမတွေ့ပါလား။

ခင်မင်စွာဖြင့်
ခိုင်နုငယ်

ညိမ်းနိုင် said...

မချော၊မရွေစင်ဦး၊မခိုင်နုငယ်>>>နားထောင်လို့ မရတဲ့အတွက် တောင်ပန်ပါ
တယ်ခင်ဗျ..။ခုနားထောင်လို့ရအောင်ပြန်ပြင်လိုက်ပါပြီ...။

blackroze said...

နားထောင်လို့မရကြောင်းပါ..

မြစ်ကျိုးအင်း said...

အသံဖိုင်ကို စာအနေနဲ့ ပြန်ရေးသင့်ကြောင်းပါး)