Monday, November 29, 2010

ကျေးဇူးတင်ခြင်း

ခုတလော စိတ်ထဲမပျော်ဘူး.....။စိတ်ညစ်စရာတွေနဲ့လုံးလည်ပတ်ချာလည်နေပါတယ်...။မြန်မာပြည်ပြန်ချင်စိတ်
တွေပေါက်လာတယ်...။ပြန်မယ်လို့ဆုံးဖြတ်လိုက်မိတယ်....။ရက်တောင်ရွေးပြီးပြီ...။တော်ပါပြီလေ....ဒီလောက်ဆို
လို့ ဘာသာဆုံးဖြတ်လိုက်တယ်...။သူငယ်ချင်းတွေကို ပြောမိတော့ အားလုံးကဝိုင်းတားကြတယ်...။သူတို့အလည်
ပြန်ဖြစ်တဲ့ မြန်မာပြည် လက်ရှိအခြေအနေကို ပြောပြပြီး ဒီမှာပဲ အဆင်ပြေအောင်ကြည့်နေဖို့ ပြောကြပါတယ်။

အလုပ်ပြောင်းဖို့ တိုင်ပင်ကြည့်တော့လည်း၊လောလောဆယ်ငြိမ်နေဖို့၊အရင်လိုမဟုတ်ပဲ ရီဂျက်တွေ ထိနေတဲ့
အကြောင်း တရုတ်နှစ်ကူးပြီးမှ ကြိုးစားသင့်ကြောင်း ဦးလေးတော်ကရော၊သယ်ရင်းတွေကပါ ပြောကြပါတယ်။
ဒီလိုနဲ့ဆုံးဖြတ်ချက်ကိုပြန်ပြင်ရပါတယ်....။မပြန်သေးပဲ၊အလုပ်ပြောင်းဖို့လဲမကြိုးစားသေးပဲ...ငြိမ်ငြိမ်လေးနေဖို့ပါ။

ကျွန်တော်က စိတ်ခံစားချက်ကို ဦးစားပေးတတ်တဲ့သူ...၊ဖျက်ကနဲပေါ်ရင် ဆက်ကနဲထလုပ်တတ်တဲ့သူ၊
စိတ်ညစ်တဲ့ဒဏ်ကို မခံချင်တဲ့သူ၊စိတ်ဖိစီးမှုနဲ့ မတူမနေနိုင်တဲ့သူ၊ဒီလိုလူတစ်ယောက်အတွက် စိတ်ညစ်လာတဲ့
အခါ၊စိတ်ဆင်းရဲလာတဲ့အခါ ဘာမှလုပ်ခွင့်မရတဲ့ အခါမှာ ထွက်ပေါက်တစ်ခုလိုလာပါပြီ။

ဘာသာရေးလား....။ဟင့်အင်း...။မလုပ်ချင်ဘူး...။ကိုယ်အဆင်ပြေနေတုန်းက လှည့်မကြည့်ခဲ့ပဲ အဆင်မပြေ
ကာမှ ဘုရားကို အပူမကပ်ချင်ပါဘူး..။စိတ်ငြိမ်းချမ်းမှုကို ဘာသာရေးနဲ့ရှာသင့်ပေမယ့် မလုပ်ချင်လို့မလုပ်ဖြစ်
ခဲ့ပါ..။ဒီတော့ ဘယ်တုန်းကမှ မစဉ်းစားမိတာတွေလုပ်ဖြစ်တယ်...။သိကြတဲ့အတိုင်း ကလပ်တတ်ကြည့်တယ်။
ပိုတောင်စိတ်ညစ်မိသေး(ကျွန်တော်နဲ့မှ မအပ်စပ်တာကြီး :) )။ဂေလန်းဘက် သူငယ်ချင်းတွေနဲ့သွားတယ်။
ကလေးမတွေလျှောက်ကြည့်ပြီး သူတို့ကို သနားစိတ်လည်းဝင်၊စိတ်လည်းကုန်လာတာနဲ့ လှည့်ပြန်လာရတယ်။

ဘီယာသောက်ပလိုက်တယ်...။မူးတုန်းခဏပါဘဲ..။နောက်နေ့ရောက်တော့ ပိုလို့တောင် စိတ်ဓာတ်ကျလာသေး။
ဒါနဲ့နောက်ပိုင်းမသောက်ဖြစ်တော့ပါဘူး...။ဒီတော့ ဘာလုပ်ပါသလဲ...။စာတွေပဲဖတ်ဖြစ်တယ်...။ဘလော့တကာ
လိုက်ဖတ်တယ်...။တွေ့သမျှလင့်တွေ အကုန်ဖတ်တယ်...။ကွန်မန့်တွေရေးတယ်...။ဒီမိုဘလော့တွေလည်းဖတ်၊
နအဖတွေလည်းဖတ်၊ဟာသတွေလည်းဖတ်၊ဘဝတွေလည်းဖတ်၊ကိုယ့်ဘလော့မှာလည်း လင့်ချိတ်၊ညညဆို
လက်တော့လေးနဲ့တကုတ်ကုတ်....။

ဘာပဲပြောပြော ကိုယ်လုပ်ချင်တာလေးကိုလုပ်နေရတော့ စိတ်ကလေးက နဲနဲ အနယ်ထိုင်လာတယ်..။ဘာသာ
လည်း အသင့်အတင့်နှလုံးသွင်းပါတယ်...။ဒီလိုနဲ့ ခက်ခဲတဲ့နေ့ရက်တွေကို တဖြည်းဖြည်းကျော်လွန်ဖြတ်သန်း
ခဲ့ရပါတယ်...။

အဲ့ဒီအတွက် ကျေးဇူးတင်ပါတယ်...။တကယ်ကို ကျေးဇူးတင်တာပါ...။
ဘယ်သူတွေကိုလည်းဆိုတော့....

ဘလော့လေးတွေဖွင့်ပြီး ကိုယ်ရေးချင်သမျှ၊ရေးတတ်သမျှ၊ရေးနိုင်သမျှ ရေးပေးကြတဲ့ ကျွန်တော် လိုက်ဖတ်ဖြစ်
တဲ့၊ကျွန်တော်လိုက်မဖတ်ဖြစ်သေးတဲ့ ဘလော့ဂါတွေအားလုံးကိုပါ...။

ပြီးတော့ ကျွန်တော်ရေးသမျှ ပေါက်ကရတွေကို အချိန်ပေးပြီးလာဖတ်ကြတဲ့ သူအားလုံး၊ကွန်မန့်သွားကြသူတွေ၊
မမန့်ဖြစ်တဲ့သူတွေ၊စီပုန်းကအော်သွားသူတွေ၊တိတ်တိတ်လေးပြန်သွားသူတွေ အားလုံးကို ကျေးဇူးတင်ပါတယ်။

ပြီးပြောချင်တာတခုက ဘလေ့လေးမှာ ရေးချင်တာချရေးလိုက်လို့ စာလာဖတ်သူတွေ အကျိုးတစ်စုံတစ်ရာ
မရမှာ ပူတတ်ကြတဲ့သူတွေကိုပါ....။ရေးချင်တာသာစိတ်ထဲရှိရာချသာရေးကြပါ...။ဖတ်နေရရင် စိတ်ချမ်းသာ
မှု ရတတ်တဲ့သူတစ်ယောက် ဟောဒီနားခိုရာရပ်ဝန်းလေးမှာ ရှိနေသေးတဲ့အကြောင်းပါ...။

(အထူးသဖြင့် ရေးချင်တာရေးတတ်တဲ့၊ကျွန်တော်လည်း ပေါက်ကရတွေ မန့်ဖြစ်တဲ့ အစ်မကွန်၊စာကောင်းတွေ
မပြတ်ရိုက်တင်ပေးနေတဲ့ ကျွန်တော်ရေးသမျှ မညီးမညူ ကွန်မန့်ပေးတတ်တဲ့ အစ်မရွေစင်၊ကျမ်းမာရေးဂရုစိုက်
နေရတဲ့ကြားက ဟာသတွေနဲ့ စိတ်ဖြေရာပေးနေတဲ့ ကိုကြီးကျောက်၊သရော်တော်တော်နဲ့ လေးနက်တဲ့ အတွေး
တွေပေးတတ်တဲ့၊မန့်လို့လည်းမရ၊စီပုံးလည်းမထောင်တဲ့ ကိုဇတ်ဖျာ့(အင်း အဲ့လိုအသံထွက်ရထင်ရဲ့ :D)၊

ပြီးတော့ ကျွန်တော့်ဘလော့လေးကြည့်ပျော်ရှုပျော်ဖြစ်အောင် နည်းပညာအကူအညီ အများဆုံးယူရတဲ့ ကေပီ
သရီးမိသားစ
ု၊ စာရေးကြဲပေမယ့် အဟောင်းတွေပြန်ပြန်ဖတ်ဖြစ်တိုင်း စိတ်ကြည်နူးရတဲ့၊ကျွန်တော့ကို ဘလော့
ရပ်ဝန်းလေးထဲ (သူကိုယ်တိုင်တောင်မသိလိုက်ပဲ)ဆွဲခေါ်လာခဲ့တဲ့ အစ်မမိုးချိုသင်း၊ ကျွန်တော့ ဘလော့လေးမှာ
ပထမဆုံးအဖြစ်ကွန်မန့်ရေးပြီးအားပေးခဲ့တဲ့ chocothazin၊ကိုမောင်မျိုး၊အစ်မလသာည၊ဂျပန်ကားလေးကြည့်
ချင်ပါတယ်ဆိုလို့ တတန်တက စီပုံးကလာပေး ပေးတဲ့ ကိုရွာသားလေး၊မြန်မာပြည် ကိုးနတ်ရှင်အခက်အခဲကြား
ကဝင်ဝင်လာရှာတဲ့ ညီမနှင်းမိုးနဲ့ ညီ နတ်ဆိုးလေး။စီပုံးမှာ ပထမဆုံးနှုတ်ဆက်အားပေးတဲ့ အစ်မငယ်နိုင်
အစ်မချစ်ကြည်အေး၊မယွန်း နဲ့ မပူးတေ...၊နောက်....အားလုံး.....အားလုံး....အားလုံး.............။)

ဒီလထဲမှာ ကျွန်တော့်ဘလော့လေး ခြောက်လပြည့်ပါတယ်....။ကိုယ့်ဘာသာ စိတ်ညစ်နေလို့ ကိုယ့်ဘလော့ ကိုယ် ခြောက်လပြည့်မှန်းတောင် သတိမရမိပါဘူး...။တလောက ဝါကာဝါကာသီချင်း ပြန်ရှာရင်းနဲ့ ကမ္ဘာဖလား
ဘောပွဲကို ပြန်သတိရမိပါတယ်...။ဒီတော့မှ ကျွန်တော်ဘလော့ရဲ့သက်တမ်းကိုတွက်မိပါတော့တယ်...
(ကျွန်တော်ဘလော့လေး စရေးတဲ့လက ကမ္ဘာဖလားကန်တဲ့ ဇွန်လကိုးခင်ဗျ....)

ဒါနဲ့ပဲ ခြောက်လပြည့် အမှတ်တရလည်းဖြစ် ကျေးဇူးတင်ထိုက်သူတွေကိုလည်း အမှတ်တရဖြစ်အောင် (တနည်း
အားဖြင့်တော့ ဆားချက်တာ...း) )။ဒီပို့စ်လေးကို ရေးလိုက်ရပါကြောင်း......။

18 comments:

khin oo may said...

စိတ်ချမ်းသာတယ်ဆိုရင်ပြီးတာပါဘဲ။

Moe Cho Thinn said...

မမ kom လက်တို့လိုက်လို့ ရောက်လာတာပါ။ ပထမဆုံး ရောက်ဖူးခြင်းပါ။ ကျေးဇူးတင်တဲ့လူတွေထဲ ပါနေလို့ အံ့သြ ၀မ်းသာမိပါတယ်။ စာရေးတာ စိတ်ချမ်းသာတယ် ပျော်တယ်ဆိုရင် ကြည်နူးစရာပေါ့။ စာအများကြီး ဆက်ရေးနိုင်ပါစေ။ အမလဲ လာဖတ်မယ်။

မေပယ်လ် said...

ဘာသာရေးလား....။ဟင့်အင်း...။မလုပ်ချင်ဘူး...။ကိုယ်အဆင်ပြေနေတုန်းက လှည့်မကြည့်ခဲ့ပဲ အဆင်မပြေ
ကာမှ ဘုရားကို အပူမကပ်ချင်ပါဘူး
အဲဒီခံယူချက်လေး လုံးဝ လေးစားတယ်အကိုရေ..
ဘာပဲဖြစ်ဖြစ် အနားမှာ မရှိပေမယ့် စိတ်တွေကတော့ ထပ်တူကျနေပါတယ်ဗျာ..စိတ်မလေပါနဲ့

Anonymous said...

ဒီလိုပဲ စာရေးသူရေ။
မှန်တာဝန်ခံရရင် Blog လေးနဲ့ ကျွန်မ ဘဝလေး ပြည့်စုံခဲ့တာပါလို့ 
ဒီနေရာလေးကနေ ဝင်ပြောပါရစေ။ :)
ညစ်စရာရှိတာညစ်ဖို့ ၊ ပျော်စရာ ရှိတာပျော်လို့ အတူတကွ
ဝေမျှအဖြေချခွင့်ရတဲ့ ပွင့်လင်းတဲ့ ကမ္ဘာငယ်လေးလို့ ဆိုမလား။
ဘာပဲဖြစ်ဖြစ်ပေါ့လေ....အားလုံးအဆင်ပြေသွားပါလိမ့်မယ်။ :)
...ခင်မင်လျှက်..ခင်မာလာအောင်..:)

noblemoe said...

လူတိုင်းသူ့ အခက်ခဲနဲ့သူတော့ရှိကြတာပါပဲနော် စိတ်ညစ်နေတာတွေအကောင်းဆုံးဖြတ်ကျော်နိုင်ပါစေ.......
အလုပ်ကိုင်လည်းအဆင်ပြေပါစေ....
သာယာချမ်းးမြေ့ပါစေရှင်း
မိုး
ps: ဘလော့ ၆ မှ စိတ်ရှိသလောက်ရေးနိုင်ပါစေရှင်း
မိုးရဲ့သုတ ရသမပါတဲ့စာလေးတွေလာဖတ်ပေးတဲ့တွက်ကျေးဇူးပါနော်း)

လသာည said...

စိတ်မညစ်ပါနဲ့.. ဒီလိုပဲပေါ့...။ ဘော်ဘော်တွေ အများကြီး ရှိတယ်။ တော်ရာမှာ ပျော်အောင်နေမှ ဖြစ်မှာလေ..

ခြောက်လပြည့်.. နောက်တစ်နှစ်ပြည့်.. နောက် ခြောက်နှစ်ပြည့်.. နောက်..
ဆက်ပြီး အများကြီး ရေးနိုင်ပါစေ..။ မိတ်ဆွေတွေ အများကြီးလည်း ရရှိပါစေ။

Maung Myo said...

ဘာသာရေးလား....။ဟင့်အင်း...။မလုပ်ချင်ဘူး...။ကိုယ်အဆင်ပြေနေတုန်းက လှည့်မကြည့်ခဲ့ပဲ အဆင်မပြေ
ကာမှ ဘုရားကို အပူမကပ်ချင်ပါဘူး ။

အဲ့လိုမျိုး ကျနော်လည်းခဏခဏ ဖြစ်တယ်း) ဒီလိုပါပဲ ဘလော့ဆိုတာ စိတ်ရဲ့ ထွက်ပေါက်လေးပဲ ရင်ထဲရှိနေတာသာ ဖွင့်ချလိုက်ပါ လက်ဖက်ရည်ဆိုင်ဖိုင်ရင်း သူငယ်ချင်းတွေကို တိုင်ပင်တယ်လို့ သဘောထားလိုက်ပေါ့ တနည်းနည်းနဲ့တော့ အကြံညဏ်ကောင်းတွေ ရလာမှာပါ ။ကျနော်လည်း အရင်ကအဲ့လိုဖြစ်ပါတယ် ခုတော့ နည်းနည်းတော်သွားပြီး စိတ်ထွက်ပေါက်လေးရှာကြည့်ပြီး လုပ်သင့်တယ်ထင်တာလေး လုပ်ကြည့်ပေါ့ ဒါပေမယ့် ကိုယ့်ကိုယ်ကိုမထိခိုက်တဲ့ ထွက်ပေါက်မျိုးပဲ လုပ်နော့်း)

ဆရာလုပ်သွားကြည့်တာ ကျေးဇူးတင်တဲ့သူတွေထဲရေးထားတဲ့ မောင်မျိုး က ကျနော်ဟုတ် မဟုတ် မသိပေမယ့် စာတွေလာလာဖတ်ဖြစ်တဲ့အကြောင်း သတင်းပို့သွားတယ် ။

အေးချမ်းခြင်းနဲ့ ပျော်ရွှင်ခြင်းတွေ ရပါစေလို့ ဆုတောင်းလျှက် ။

ညိမ်းနိုင် said...

အစ်မကွန်>>>စိတ်ချမ်းသာစေချင်ရင် ပို့စ်များများရေးလေ..၊အထူးသဖြင့်
ဒါ့ပုံ ကြည်ကြည်လေးတွေတင်ပေးပေါ့ အစ်မရဲ့...:)

အစ်မချိုသင်း>>>ကျွန်တော်ပထမဆုံးစဖတ်မိတဲ့ဘလော့က အစ်မဘလော့
ခင်ဗျ။အဲ့ကတည်းက ဘလော့တွေကိုစွဲသွားတာရယ်...။ဘလော့တွေဖတ်လို့
မျက်ဆိမှုန်ရင်တော့ အစ်မ မျက်မှန်ဝယ်ပေးရမယ်...:)

ကမေပယ်>>>အားပေးတာကျေးဇူး...။စိတ်တွေထပ်တူကျနေတဲ့အတွက်
လည်းဝမ်းသာပါရဲ့။

မ ခင်မာလာ>>>ဟုတ်ပါ့ဗျာ..ကိုယ့်မှာစိတ်ညစ်စရာရှိရင် သူများကို မျှဝေ၊
သူများမှာ ပျော်စရာ ရှိရင် ကိုယ်က မျှယူ..၊ကောင်းဘူးလား..:)။

မမိုး၊မ လာသာည>>>အားပေးသွားတာကျေးဇူးပါ..။

ကိုမျိုး>>>ဟုတ်ပါတယ် ကျွန်တော်ရည်ရွယ်တဲ့ မောင်မျိုးက အကို့ကိုပါ။
ညက လိုက်ရှာသေးတယ်။တခြားမောင်မျိုးတွေပဲတွေ့လို့ လင့်မချိတ်လိုက်ရ
ဘူး အရင်ကလင့်ချိတ်ထားတာ..။နာမည်ပြောင်းလိုက်တော့ အကုန်ပြန်လုပ်
ရရော..။အဲ့တော့ ကျန်တဲ့သူတွေကျန်ကုန်ရော..။အတော်ပဲ ခုပြန်ချိတ်လိုက်
ပြီ။

ချစ်ကြည်အေး said...

ဒီမှာအလုပ်လုပ်ရတာ စိတ်ညစ်ရင် ရွာပြန်ပြီး ချာ့ချင်သွင်းလိုက်တဲ့ အဆိုရှိတယ်။ ရွာပြန်နေကြည့် မကြာခင် ပြန်လာချင်လိမ့်မယ်။

၆လတောင် ပြည့်သွားပြီလား...မြန်တယ်နော်...။

ပြီးပြောချင်တာတခုက ဘလေ့လေးမှာ ရေးချင်တာချရေးလိုက်လို့ စာလာဖတ်သူတွေ အကျိုးတစ်စုံတစ်ရာ
မရမှာ ပူတတ်ကြတဲ့သူတွေကိုပါ....

အဲဒါနဲ့ပတ်သက်လို့ အမရဲ့ သဘောထားကို ပိုစ့်တပုဒ်ရေးဖို့ စဉ်းစားထားတယ်။ တင်ရင်လာဖတ်...ဤကား ပေါ်တင် ကြော်ငြာဝင်ခြင်း....:)
၆လပြည့်မှ.....နှစ်များစွာ တိုင်ပါစေ မောင်လေးရေ....

ညိမ်းနိုင် said...

အစ်မချစ်>>>ဟုတ်ပါ့အစ်မရာ..မြန်တယ်နော် အချိန်တွေက..။လာဖတ်မယ်
စိတ်သာချ..။

ကြည်ဖြူပိုင် said...

ပျော်ရွှင်ပါစေလို့ ဆုတောင်းပေးသွားပါတယ်။

မြစ်ကျိုးအင်း said...

စိတ်ညစ်ရင်တော့ အကောင်းဆုံးက စာဖတ်တာလို့ ကျနော်တော့ ခံယူထားတယ်။ ကိုယ့်ဖြေဆေးနဲ့ကိုယ် အဆင်ပြေအောင်
နေကြရတာပဲ မဟုတ်လား။
ဘလော့ ၆ လ သက်တမ်းကနေ ရှေ့ဆက်ပြီး စာတွေ ဆက်ရေး
နိင်ပါစေဗျာ

Anonymous said...

ဦးဂိုအင်ဂါ ရဲ့ Dhamma Talk နဲ့ E-book ကို အွန်လိုင်းမှာ ရှာဖတ်ပြီး စိတ်ဝင်စားတယ်ဆိုရင် တရားထိုင်ကြည့်ပါ ။ ဒါ ဘုရားကို အပူကပ်တာမဟုတ်ပါဘူး ။ စိတ်တွေကို စုစည်းလို့ရလာပြီး တော်တော် တည်ငြိမ် အောင် နေနိုင်လာတာကို တွေ့ရမယ်။ ကျနော်လည်း ပြန်ချင်လို့ လုံးဝ ပြန်လို့မရတဲ့အခြေအနေမှာ ၁၀-ရက် စခန်း သင်တန်း ကို သွားတက်လိုက်တာ နောက်တော့ သင်တန်းဖွင့်တိုင်း တရားထိုင် တဲ့အကျင့်ကို ရသွားတယ် ။ စိတ်တည်ငြိမ်ပြီး အရာရာကို စိတ်ရှည် သည်းခံ လာနိုင်လိမ့်မယ် ။ လေ့လာကြည့်ဖို့ တိုက်တွန်းပါရစေ ။

Anonymous said...

မောင်လေး ရေ

အမလေး ၆လသားလေးတောင်ေ၇ာက်သွားပေါ့နော် နှစ်ပေါင်း၆၀ တိုင်ပါစေ

စိတ်မညစ်နဲ့ အားလုံးဒီလိုဘဲ ထွက်မပြေးနဲ့ ရဲရဲရင်ဆိုင်

အမ တောင် ကွန်မကောင်းလို့ အခုမှ လာဖတ်ရတယ်

ခင်မင်စွာဖြင့်
ရွှေစင်ဦး

Anonymous said...

ခဏ ခဏ မမန့်ဖြစ်ပေမဲ့ အသစ်တင်တိုင်း အမြဲလာဖတ်နေပါတယ်... ဆက်ရေးပါဦး... စိတ်ထဲရှိတာလေးတွေ လွတ်လွတ်လပ်လပ်ပေါ့

မောင်မိုး said...

ဆားချက်တာ သိပ်ကောင်း..။ လူတိုင်း အဆင်ပြေနေတာတော့ မဟုတ်ပါဘူးဗျာ..။ အဆင်မပြေတာတွေကို ဖုံးပြီး ကောင်းတာလေးတွေ ဖြည့်ပြီးခံစားနေပေါ့ဗျာ။

အင်္ဂါဟူး said...

ဗျို့ ဦးမောင်လေး.... (မင်းခိုက်စိုးစံ၏ သုညထဲမှ ဦးမောင်လေး မဟုတ်)
ခြောက်လသားဆိုတော့လဲ ဘာသာရေးဘယ်လုပ်ချင်ပါ့မလဲ (ဘာမှမဆိုင်)
ပေါချင်တာကတော့ ... အဲ အဲ ပြောချင်တာကတော့ ...စိတ်မညစ်နဲ့ ဖတ်နိုင်ရေးနိုင်တာတော့ အံ့ပါရဲ့ ဒီကောင်ဆို ဘလော့င်္ဂလုပ်တာ ကြာပေါ့ ဘာမှ မရေးတတ်ဘူး... ကဲ ရှင်းရော.....။ ဘုရားလဲ သွားအပူမကပ်နဲ့ ဗုဒ္ဓကတော့ ဘာမှလုပ်မပေးဘူး.. လမ်းညွှန်ပေးတယ်.. သတိပဌာန်ကို လေ့လာအားထုတ်ကြည့်ပါ လွယ်ပါတယ် အရာရာကိုသိကပ်ရုံ လေးပါ.. (မြင့်တာတွေလဲရှိပါတယ်) အခြေခံအနေနဲ့ပြောတာပါ.. ငြိမ်ငြိမ်ထိုင်မှ တရားအားထုတ်တာမဟုတ်ပါဘူ... တတ်နိုင်သလောက် သတိကပ်နိုင်ရင် စိတ်ရှင်းပါတယ် ဂျာ...
(ခလုပ်တိုက်ရင် တိုက်တယ်မှတ်.. နာရင်နာတယ်မှတ် နာမှုသဘောကိုပဲသိ ငါနာတယ်လို့ အမှတ်မမှားနဲ့ဝေဒနာကို ဝေဒနာလို့ပဲမှတ် )

ငြိမ်းချမ်းပါစေ
မိုးယံ

Anonymous said...

လာလည်ဖတ်ရှုသွားပါတယ်နော်... ဒီတလော အလုပ်တွေရှုပ်နေလို့ (အရှုပ်တွေလုပ်နေတာ မဟုတ်ရပါဘူး) အလုပ်ကနေ resign တင်လိုက်တယ်လေ... ကိုမောင်လေးစာကို ဖတ်ကြည့်တော့လဲ အလုပ်ပြောင်းချင်တယ်ဆိုလို့ ပူးတေထင်တာကတော့ ဒီအချိန်ပြောင်းတာ အကောင်းဆုံးလို့ ထင်မိပါတယ်... အချွန်နဲ့မတာ ဟုတ်ဖူးနော်... :) အခုချိန်က 13th month ပေးပြီးတဲ့အချိန်ဆိုတော့ ကုမ္ပဏီတိုင်းမှာ vacancy တွေရှိနေကြတယ်... ဒီအချိန်က အပြောင်းအလဲ အချိန်လေ... ဒီအချိန်ပြောင်းရင် နောက်ကုမ္ပဏီအသစ်မှာလဲ ကိုယ်က January နှစ်စက ဝင်တဲ့ လူဖြစ်သွားပြီပေါ့။ ပူးတေတော့ အပြောင်းအလဲကို ပိုနှစ်ချိုက်မိတယ်။ လစာပိုများလာတယ်... ကုမ္ပဏီကလဲ ပိုကြီးလာသလို အလုပ်လဲ ပိုများလာမယ်လို့ မှန်းဆရတာပဲ။ ပြီးတော့ alternate saturday တဲ့။ ဒါတော့ မကြိုက်ဘူး။ ကုမ္ပဏီဟောင်းက ၅ ရက်ပဲလေ..ဒါပေမယ့် အားလုံးတော့လဲ ကိုယ့်အကြိုက်ကြီးပဲ ဘယ်ရမလဲနော်...

အများစု ပြောကြသလို ထင်သလောက်လဲ ရီဂျက်တွေ ဖြစ်မနေပါဘူး။ ကုမ္ပဏီတော့ မှားမရွေးမိစေနဲ့ ပေါ့။ ကိုယ့်ကုမ္ပဏီကလဲ သူ့ MOM က rules တွေနဲ့ကိုက်နေရင် တရက်ပဲ pending ဖြစ်နေတာ ပြီးတော့ ချက်ချင်းကျပါတယ်...
တချို့ကတော့ စိုးရိမ်လို့ ကြားဖူးထားတဲ့ အဖြစ်ပျက် တချို့ကြောင့်နဲ့ မပြောင်းရွှေ့ဖို့ တားကြတာလေ။ ပူးတေလဲ လူတကာ တားနေတဲ့ကြားက ဗူးဆို ဖရုံမသီးတဲ့ စိတ်မျိုးနဲ့ လုပ်ပစ်လိုက်တာပဲ... ပူးတေစိတ်ကလဲ ကိုမောင်လေးပို့စ်ထဲကလိုပဲ

{ကျွန်တော်က စိတ်ခံစားချက်ကို ဦးစားပေးတတ်တဲ့သူ...၊ဖျက်ကနဲပေါ်ရင် ဆက်ကနဲထလုပ်တတ်တဲ့သူ၊
စိတ်ညစ်တဲ့ဒဏ်ကို မခံချင်တဲ့သူ၊စိတ်ဖိစီးမှုနဲ့ မတူမနေနိုင်တဲ့သူ၊ဒီလိုလူတစ်ယောက်အတွက် စိတ်ညစ်လာတဲ့
အခါ၊စိတ်ဆင်းရဲလာတဲ့အခါ ဘာမှလုပ်ခွင့်မရတဲ့ အခါမှာ ထွက်ပေါက်တစ်ခုလိုလာပါပြီ။}

အခုတော့ နဲနဲလေး ပျော်ရွှင်နေတယ်ပြောရမှာပေါ့ ဒါကြောင့်အိမ်တွေ လျောက်လည်နေတာ....ဒါနဲ့ ကိုမောင်လေးဘလော့ ပူးတေဆီမှာ လင့်ထားလိုက်မယ်နော်...

ခင်မင်စွာဖြင့်
ပူးတေ