Sunday, January 30, 2011
စွန်လွှတ်ခြင်း အနုပညာ
စက္ကူတစ်စ....၊ဝါးတစ်မျှင်.....၊စူးရှထက်မြက်နေတဲ့ ကြိုးတစ်ခင်.....
ရစ်ငင်နေတဲ့ လက်ပေါ်မှာ ရှင်သန်ခြင်းတွေက မြူးမြူးကြွကြွ......
မျှော်လင့်ချက်တွေက နေရောင်ချည်အလား.....တလက်လက်တောက်ပ....
အချစ်၊အမုန်း၊အလွမ်း၊ဒဏ်ရာ၊ဘဝ.....
အားလုံးကို ဒတင်္ဂမှာ မေ့ထား.....
အမြင့်ပျံငှက်တစ်ကောင်ရဲ့ ရှင်သန်...၊လွင့်မျော...၊ဝင့်ကြွားစိတ်......တွေက.....
နှလုံးသားတခွင်မှ လက်ဖျားမှာစီးဆင်း.....
ကြိုးမျှင်တစ်လျှောက်ပြေးလွား.....
လေအဟုန်မှာ လူးလားခတ်နေပြီ......
နှလုံးသားတစ်ခုလုံးမြုပ်နှံ.....
အာရုံတွေက စူးစူးရှရှ.....
တစ်ဘဝလုံးနဲ့ ရင်းထားရသလိုမျိုး....
တချက်မှားရင် ကြိုးဖျားမှာ အသက်ပါသွားလေမလား.....
ဖြစ်တည်ခြင်းတွေက ရုန်းကန်လှုပ်ရှား....၊သူသွားမှ ကိုယ်နေရမှာ.....၊
အမုန်းကြောင့်မဟုတ်တဲ့ စီးချင်းပွဲ....
သူ့အတွက် ဝမ်းမနည်းနိုင်......၊
ကိုယ့်အလှည့်မှာလည်း မနွဲ့စတမ်း....
ရှုံးနိမ့်တော့ လွင့်ဝဲရပြန်ပေါ့.....။
Subscribe to:
Post Comments (Atom)
7 comments:
ဒို့ မှာတော့ ဒီလို အနုပညာ မရှိတာ အမှန်ပါပဲကွယ်.. :P
အမုန်းကြောင့်မဟုတ်တဲ့စီးချင်းပွဲ ဟူးးးးးးး
စိတ်အေးချမ်းပျော်ရွှင်ပြီး
သာယာချမ်းမြေ့ပါစေရှင်း
မိုး
လေယုန်ပြင်းပြင်းတွေ တိုက်အောင် အမြင့်ကြီင်္းမလွှတ်လိုက်မိစေနဲ့ဗျ လိုသလိုလေး အတိုးလျှော့လုပ်လို့ရအောင် နိမ့်နိမ့်ပဲလွှတ်း) ချစ်ရင်ပြောပါတယ် ။
ကဗျာနဲ့လည်းမဆိုင်ပဲ မန့်ခဲ့ပါတယ် ။
စွန့်လွှတ်ရမှာကြောက်လို့
စွန်မလွှတ်ခဲ့ဖူးဘူး..။
အဲဒီလောက်သွေးကြောင်သူပါ
ကဗျာတွေက လန်ထွက်နေတော့ အတော်စဉ်းစားနေရင်းနဲ့ ဘာပြောရမှန်းကိုမသိဘူး...း))
“တစ်ဘဝလုံးနဲ့ ရင်းထားရသလိုမျိုး....
တချက်မှားရင် ကြိုးဖျားမှာ အသက်ပါသွားလေမလား.....”
အရေးလေး လှတယ် ကိုမောင်လေးရေ...
တင်စားလှချည်လား မောင်လေးရယ်။ စွန်မလွတ်ဖူးတော့ စွန်အကြောင်းကောင်းကောင်းမသိ။းဝ)
ခင်မင်လျက်
ကိုကိုမောင်(ပန်းရနံ့)
Post a Comment