Saturday, February 19, 2011

မောင်လေး နှင့် ဝဲဒုက္ခ

ပြီးခဲ့တဲ့ တပတ်က ခရီးထွက်သွားပါတယ်....။ခရီးမထွက်ခင်ကလေးတင်မှာပဲ အားလုံးသိကြတဲ့အတိုင်း ဘလော့
လောကကြီးမှာဝဲပြဿနာတွေတက်ကြပါရော...။ဆိုတော့မသွားခင်ကလေးတင်ဝဲစစ်ပါတယ်။မတွေ့ပါဘူးခင်ဗျ။
ဆိုတော့....ဘလော့လေးကိုစိတ်ချလက်ချပစ်ပြီး ခရီးထွက်ပါတယ်....။

ပြန်လာတော့လည်း အလုပ်တွေများနေတာနဲ့ ဘယ်မှလည်းမလည်နိုင်၊ဘာမှလည်းမရေးနိုင်ပါဘူး....။အဲ...ဒီနေ့
တော့ ဒါ့ပုံပို့စ်လေးဘာလေးတင်မဟဲ့ဆိုပြီးဒါ့ပုံလေးတွေတင်တာကွန်နက်ရှင်ကြောင့်လား၊ကျွန်တော့်ကွန်ကြောင့်
လား ဘာကြောင့်တော့သိဘူး၊အင်မတန်နှေးကွေး၊လေးလံနေတာနဲ့ စိတ်မရှည်တော့ပဲခဏရပ်ပြီးတခြားဘလော့
တွေ လျှောက်လည်၊ကွန်မန့်တွေပေး၊လင့်တွေ ကိုယ့်ဆိုက်မှာချိတ်၊ အစရှိသဖြင့် ဘလော့ဂါတို့၏ ပြုဖွယ်ရာရာ
တို့ကို လုပ်နေရင်းမှ ငါ့ဘလော့လေးတော့ ဝဲစစ်ကြည့်မှပါလေ....ဆိုပြီး စစ်ကြည့်လိုက်တော့.....

လား....လား....ကျွန်တော့် ဘလော့လေးဝဲစွဲနေပါရောလား....။အင်ဟင့်...ဒီရက်ပိုင်း ငါ့ဆီလည်း ဘယ်သူ့မှမလာ၊
ကွန်မန့်လာပေးသူကလည်း အစ်မရွေစင်ဦး၊နေဝသန်၊ရွေပြည်သူ တို့ သုံးယောက်ပဲရှိတာ...၊သူရို့တွေကလည်း
ဝဲစစ်ပြီးတဲ့သူတွေ...၊ဆိုတော့ ဘယ်သို့ဖြစ်သည်မသိ....၊

ဒါနဲ့ ချိတ်ထားတဲ့ လင့်အကုန်ဖြုတ်၊ပြန်စစ်၊ဟင်.....၊ရှိတုန်းဟ...၊ဒီတော့ ကွန်မန့် ၃ခုကို စပန်ထဲထည့် ပြန်စစ်၊
အဲ.....၊အဲဒီတော့မှ ဝဲပြန်ကင်းသွားသဗျ...၊ဒီလိုဆိုတော့ ခုတင်က ကွန်မန့်၃ခုထဲပါလာတဲ့ပုံကြီး ဖြစ်နေရော....၊
ဒါနဲ့ အဲဒီကွန်မန့်တွေပြန်ထည့်ပြီး ပြန်စစ်ကြည့်လိုက်တော့ ဝဲက ပြန်မတွေ့တော့ပြန်ဘူး.....။

ကွန်မန့်လေးတွေကို ဖြုတ်ပစ်ဖို့ရာ အင်မတန်မှ နှမြောတာနဲ့ ပြန်ထည့်ထားလိုက်ပါတယ်...၊ဝဲလည်း စွဲကာမှစွဲ၊
အဲ...မကြာခဏတော့ပြန်စစ်ပေးပါ့မယ်...၊နောက်ပိုင်း ဘလော့တွေမှာ ကွန်မန့်တွေပေးရင်လည်း ကိုယ့်ကြောင့်
သူများတွေ စိတ်အနှောင့်အယှက်မဖြစ်အောင် လင့်မချန်ခဲ့ပဲ အမည် နဲ့ပဲဝင်ပေးပါ့မယ်....လို့
လာရောက်သူတွေလည်း စိတ်ရှင်းအောင် ဝဲကင်းကြောင်း ထောက်ခံစာ ထပ်တင်ပေးပါတယ်...။

ဒီထက်ကောင်းတဲ့ ဝဲစစ်နည်းလေးများရှိရင်လည်း မပါစပါလို့.....။

အဲ...လင့်တွေကို ဖြည်းဖြည်းပြန်ချိတ်ခွင့်လည်းပြုကြပါ....။မရှိလို့လုပ်စား အေးဆေးပေါ့ဗျာ.....နော့....:)))



7 comments:

သူကြီးမင်း (တုံးဖလား) said...

မောင်လေး တစ်ယောက်လဲ ၀ဲကျော်ကြီး ဖြစ်နေတာကိုး။ အများတကာ ၀ဲတွေကင်းလို့ အေးအေးဆေးဆေးတောင် ဖြစ်နေပြီ။ သူက အခုမှ ၀ဲကိုက်ခံရသတဲ့။ မောင်လေးတို့ ခေတ်မီလိုက်ပုံများ။ ဟာ ဟ။

ခင်မင်လျက်
ကိုကိုမောင်(ပန်းရနံ့)

...အလင်းစက်များ said...

ဟဲ့ ပလုတ်တုတ်.... ငါ့မှာကောဝဲပြန်ကပ်နေပလား မသိ.... စစ်အုန်းမှ.... ဟူး ဒွတ်ခ

ဘကျောက် said...

ဟုတ်ပါ့နေ့တိုင်းဝဲစစ်ရ၊ comment တွေကို span ထဲပို့ရ..
တကထဲ..နူရာဝဲစွဲ ဆိုတာ ခုမှကြုံရတော့တာပဲ

အင်္ဂါဟူး said...

တစ်နေ့ တစ်ခါ စစ်လိုက်ပါ ဘလော့ဂ်ဝဲရောဂါ..

တွေ့ရင်ဖြုတ်လိုက် မတွေ့ပြန်တပ်...


ဒီကောင်လဲ လင့်ခ်ချိတ်ဖို့ အရေး ချိတ်မယ့်လင့်ခ် တစ်ခါစစ် ချိတ်ပြီး ကိုယ့်ဆိုက်တစ်ခါ စစ်... အိုး သိပ်သိပ်ကို စိတ်ညစ်စ်စ်စ်စ်စ်စ်စ်စ်

Anonymous said...

ဝဲကျောက်လို့ မမန့်တော့ဘူးဗျို့ ပြေးဘီ:P
(Nyi Thu Eain)

မြစ်ကျိုးအင်း said...

တော်တော်ဒုက္ခပေးတဲ့ ဝဲပါဗျာ
နေ့တိုင်းပြန်စစ် တွေ့ရင် ပြန်ဖြုတ် ပြီးရင် ပြန်ချိတ်နဲ့ အလုပ်တခုလိုဖြစ်နေရတယ်။

ဂငယ် said...

လင့်ချိတ်လိုက်မယ်နော်
ခွင့်ပြုပါ အကိုမောင်လေး. :)