Saturday, July 9, 2011

သုံးဆယ့်သုံးအရွေ့.....

အရွေ့တစ်ခုမှာ သတိထားမိတာက အပြောင်းအလဲတွေကိုပါ....။စိတ်ကို ကြေးမုံတစ်ချပ်ကိုကြည့်သလို ပြန်ကြည့်

မိတော့ ဘဝရဲ့ လေထန်လေရိုင်းတွေကြားမှာ....၊လေပြေလေညှင်းလေးတွေကြားမှာ စိတ်ကလေးကမိုးတိမ်လေး

တစ်ခုလို လွှင့်ကာ...မျောကာ....။ပတ်ဝန်းကျင်၊ကိုယ်ဖတ်မိ၊မှတ်မိတဲ့စာ၊ကိုယ့်ကိုပဲ့ပြင်ဆုံးမသူတွေရဲ့ စေတနာ၊

ဘာသာတွေးတဲ့အတွေးတွေ....၊ဒါတွေရဲ့ ပုံသွင်းမှုတွေအောက်မှာ မိုးတိမ်လေးက ပုံတွေ၊အရောင်တွေ အမျိုးမျိုး

ပြောင်းကာ...၊ရွေ့ကာ.....။


အရွေ့တွေကြားမှာ...၊အပြောင်းအလဲတွေကြားမှာဘယ်ဆီကိုဦးတည်မှန်းမသိတရွေ့ရွေ့သွားရင်း.....၊သွားရင်း...၊

အင်း.....ခရီးတောင်အတော်ပေါက်ခဲ့ပြီ။ခရီးတစ်ဝက်ကျိုးချိန်အထိ ကောင်းကင်က မီးရှူးမီးပန်းတွေကိုတအံတသြ

ငေးကြည့်နေတဲ့ကလေးငယ်လေးလို ဘဝရဲ့အဆန်းတကြယ်တွေကို ငေးလို့ကောင်းတုန်း....။ယုံကြည်နေတာ

တွေပြိုပျက်သွားတဲ့အချိန်မှာ ထိတ်လန့်တကြားဖြစ်နေတတ်တုန်း..၊မျှော်လင့်မထားတာတွေဖြစ်လာချိန်မှာလည်း

ရင်ခုန်လှုပ်ရှားလို့ကောင်းတုန်း...။


ဇာတ်ညွှန်းဖတ်ခွင့်မရတဲ့ ပြဇာတ်တစ်ပုဒ်မှာ အိုးနင်းခွက်နင်းကပြနေရတဲ့ ဇာတ်ကောင်တစ်ယောက်ရဲ့ ကကြိုး

ကကွက်တွေက အယောင်ယောင်အမှားမှား....အလဲလဲအပြိုပြို...။ဘဝမှာဘယ်လိုနေထိုင်ရမှန်းမသိသေးတဲ့

အနေအထိုင်မတတ်တဲ့ တိမ်မျှင်တစ်စအဖြစ် ကပြအသုံးတော်ခံလို့မပြီးတတ်သေး....။အရယ်၊အမောတွေကြား

မှာ ရယ်လိုက်....မောလိုက်....ပေါ့လေ....။


ဒီလိုနဲ့ပဲ......။ဦးခေါင်းထက်က ရိုးသားခြင်းဦးထုတ်လေးလည်း လေပြင်းပြင်းတိုက်ရင်ဖြင့် လွင့်စဉ်ထွက်ချင်ချင်၊

မာနတံခွန်လေးကလည်း နှစ်များကြာတော့ အရောင်တွေ ဖြူရော်စပြုလာ....။ရဲရင့်ခြင်းဓားသွားတွေကလည်း

ရက်စက်မှုကျောက်တုံးကျောက်စိုင်တွေကြောင့် ပဲ့ကာလိပ်ကာ.....။ချစ်တတ်တဲ့နှလုံးသားတစ်စုံကလည်း

မာယာရမ္မက်အဆိပ်တွေနဲ့ အနက်ရောင်ဘက်ပြောင်းလုလု....။

ဒီလိုနဲ့ပဲ........။ကိုယ်ချင်းစာတရားကို ဂါထာတစ်ပုဒ်လိုတတွတ်တွတ်ရွတ်ရင်း.....၊စိတ်၏ချမ်းသာမှုကို ဝတ်ရုံတစ်

ခုလိုတင်းတင်းခြုံရင်း....၊မုဒိတာရေစီးကြောင်းလေးကို မြောင်းသွယ်ယူရင်း....။ယုံကြည်ချက်ကို ခံတပ်တစ်ခုလို

တည်ဆောက်ယူရင်း......။

ဒီလိုနဲ့ပဲ.......။

ဒီလိုနဲ့ပဲ......။

သုံးဆယ့်သုံးအရွေ့လည်း...တဖြည်းဖြည်း.......ရွေ့ကာ......ရွေ့ကာ.....ရွေ့ကာ......။


27 comments:

မေဓာဝီ said...

၃၃ နှစ်ပြည့်သွားပြီလား။
ဒီလိုပါပဲ ခရီးတခုကို တရွေ့ရွေ့နဲ့ သွားနေကြတဲ့သူတွေ ... ။

တိမ်တွေကလဲ ရွေ့တယ် ...
အချိန်တွေကလဲ ရွေ့တယ်။
လေပြေကလဲ ရွေ့တယ် ...
ရေတွေကလဲ ရွေ့တယ်။
စိတ်တွေကလဲ ရွေ့တယ် ...
အတိတ်တွေကလဲ ရွေ့တယ်။
ရွေ့လျားနေတဲ့ ဖြစ်စဉ်တွေထဲမှာ ...
ငြိမ်သက် တည်ကြည် အေးချမ်းခြင်း အမတကို ရှာဖွေနိုင်ပါစေ ... ။

မိုးယံ said...

ကညိမ်းနိုင်တို့လည်း အသက်တွေက ကြီးလာပြီဆိုတော့ လိမ္မာသင့်ပြီလေ။

အရာရာ မတည်မြဲတဲ့ လောကထဲမှာ တည်မြဲတာဆိုလို့ မတည်မြဲခြင်းပဲ ရှိတယ်။

ဘယ်လောက်နေသွားလဲက အရေးမကြီးပါဘူး။ ဘာတွေလုပ်ခဲ့လဲက ပို အရေးပါတယ်လို့ ထင်မိတာပါပဲ ကညိမ်းနိုင်ရယ်။

ငြိမ်းချမ်းပါစေ
မိုးယံ

ကိုကိုမောင်(ပန်းရနံ့) said...

၃၃ ဆိုတော့ ၆ ဘရိတ်ပေါ့။ ဒါဆို အာရုံ ၆ ပါးနဲ့ ပျော်ပါးရမဲ့ ကိန်းပေပဲ။ အင်းးးးး ကြိုတင်နိမိတ်ဖတ်ရရင်တော့ ဒီနှစ်ပိုင်းမှာ မောင်လေး စွံနိုင်တယ်။ ဒါမှမဟုတ် ဒုလ္လဘ၀တ်ကိန်းမြင်တယ်။ ဟာ ဟ။

၃၃ အရွေ့မှာ အတွေ့ထူးလေးတွေနဲ့ ပွေ့မြူးနိုင်ပါစေဗျား။

ကျန်းမာရွှင်လန်း ထာဝစဉ် လန်းဆန်းနိုင်ပါစေ။

ခင်မင်လျက်

ShwunMi- said...

=) ကိုညိမ်းနိုင် ၃ စားတဲ့နှစ်ပဲ ..
ဆုတောင်းတွေအားလုံး တစ်ခုစီ ပြည့်လာပါစေ..
ဘဝ ရုပ်ရှင်ဇာတ်ကားကြီးမှာ အကယ်ဒမီဆုလည်း ရပါစေ။ =)

(သီချင်းကြည့်ရင်းနဲ့ ကိတ်မုန့်စားချင်လိုက်တာ :P )

ညိမ်းနိုင် said...

မမေ>>>စာချိုးလေးက မိုက်စ်....၊ဆုတောင်းပေးတာကျေး
ဇူးပါဗျာ...၊ပေးတဲ့ဆုနဲ့ပြည့်ပါရစေဗျိုး.....။

မိုးယံ>>>ငယ်ကတည်းကလိမ္မာပြီးသားဟ...:D၊ဘာတွေ
လုပ်ခဲ့သလဲက ပိုအရေးကြီးတယ်လား...၊အေးကွယ်...ဘာ
တွေလုပ်ခဲ့သလဲ မှတ်မိတော့ဘူးရယ်.....:)))

တဂျီး>>>အာရုံခြောက်ပါးတော့ တော်ပါပြီဗျာ...၊ဒုလ္လဘ
ဝတ်ဆို ဝတ်ပါ့မယ်...:)

မရွှန်းမီ>>>မွေးနေ့မှာဆုတောင်းပေးတာကျေးဇူးပါဗျာ
ကိတ်မုန့်လေးတောင်မကျွေးလိုက်ရတာတော့ အားနာ
သဗျိုး....၊နောက်နှစ်မှပေါင်းစားနော်.....:D

ကိုထွဋ် said...

မွေးနေ့မှာပျော်ရွင်ပါစေဗျာ...၃၃ဆိုတော့ ကုန်းကုန်း မဖြစ်ပါစေနဲ့လို့ ဆုတောင်းလိုက်ပါတယ်.. နောက်ထှာ

ခင်မင်စွာဖြင့်

သဒ္ဓါလှိုင်း said...

ပျော်ရွှင်ဖွယ်မွေးနေ့လေးဖြစ်ပါစေ။
တရားသဘောကိုရှုမြင်နေပြီဆိုတော့ သစ္စာလေးပါးကိုလည်း မြင်နိုင်ပါစေ။
စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာပြီး ဆန္ဒ
အားလုံးပြည့်ဝပါစေ။
ခင်မင်လျက်
သဒ္ဓါ

Cameron said...

ကိုမျိုးကျော့ရဲ့ ၃၃ ကိုသတိရသွားတယ်...။
မွေးနေ့မှသည် နောက်နှစ်ပေါင်းများစွာအထိ ကိုယ်ဝါသနာပါရာမှာ ပျော်မွေ့စွာနေနိုင်ပါစေ...း))

ခင်တဲ့
မိုးငွေ့

မအိမ်သူ said...

မွေးနေ့တွေက
ဘ၀ရဲ့ အရွေ့တွေကိုပြတယ်..
အောင်မြင်တဲ့ ကောင်းမြတ်တဲ့ အရွေ့တွေကို ထာဝရပိုင်ဆိုင်နိုင်ပါစေ..

(မွေးနေ့မှတ်တမ်းလေးရေးထားတာ သဘောကျလိုက်တာ.. စာသားလေးတွေက ချစ်စရာကောင်းသလို တွေးစရာလေးတွေလည်းပါတယ်။)

SHWE ZIN U said...

ပျော်ရွှင်စရာ မွေးနေ့လေး ဖြစ်ပါစေဗျာ
သုံးသုံး ဆို တာ မငယ်တော့ဘူးနော် ကျိုးစားထားအုန်း

မိုးစက်ပွင့် said...

Happy Birthday, ပါနော်... ကိုညိမ်းနိုင်
အောင်မြင်မှုတွေနဲ့အတူ ကဗျာတွေ စာတွေ အများကြီးဆက်ရေးနိုင်ပါစေ ...လို့

ချော(အစိမ်းရောင်လွင်ပြင်) said...

မွေးနေ့မှာ ပျော်ရွှင်ပါစေ။
နေ့ရက်တိုင်းလည်း ပျော်ရွှင်ကျန်းမာ စိတ်ချမ်းသာပါစေ။
၃၃နှစ်ပြည့်မှာ ဘဝရဲ့ လိုအပ်ချက်မှန်သမျှကို ရှာဖွေတွေ့ရှိနိုင်ပါစေ

ညိမ်းနိုင် said...

ကိုထွဋ်>>>ဘာ....ကုန်းကုန်းစရာလား...ဟွင်း...တူညား
ကို....:))))

မသဒ္ဓါ>>>ပေးတဲ့ဆုတွေအားလုံးတစ်လုံးတစ်ဝထဲပြည့်ပါ
ရစေဗျာ...ကျေးဇူးတင်ပါတယ်....။

မမိုးငွေ့>>>ဟုတ်တယ်....ကျွန်တော်တစ်ခါတင်ဖူးတယ်
ဗျ အဲ့သီချင်းကို....၊ဒီနှစ်ထဲမှာ နားထောင်လို့ ကောင်းနေ
တဲ့သီချင်းပေါ့ဗျာ...၊မွေးနေ့မှာလာလည်တာကျေးဇူးဗျာ...။

မအိမ်သူ>>>သဘောကျတယ်ဆိုတော့ တစ်ညလုံးရေး
ခဲ့ရတာ ရေးရကျိုးနပ်သဗျာ...:)))ကျေးဇူးပါခင်ဗျ...။

ညိမ်းနိုင် said...

အစ်မရွှေစင်>>>ဟုတ်ပါ့အစ်မရေ....မငယ်တော့ဘူး....။
ကိုယ့်အသက်ကို မေ့ထားတာကြာပြီ....ခုတော့ သတိမရချင်
လည်းရ ရတော့တယ်....:))) ကျိုးတော့ကျိုးစားနေတာပဲ
ဗျာ.....။

မိုးစက်ပွင့်>>>ကျေးဇူးပါဗျာ...ပေးတဲ့ဆုနဲ့လည်းပြည့်ပါရ
စေခင်ဗျ...။

အစ်မချော>>>ဟုတ်အစ်မရေ.....ကျေးဇူးပါဗျာ....။

ချစ်ကြည်အေး said...

မောင်လေးညိမ်းနိုင်...လိမ္မာပြီးသားမို့ အထူးမမှာလိုတော့ပါဘူးကွယ်၊ မိဘကျေးဇူးဆပ်နိုင်သော၊ ပတ်ဝန်းကျင်အကျိုး သယ်ပိုးနိုင်သော၊ သစ္စာလေးပါး အကြောင်းအကျိုးတရားများကို ကိုယ်တိုင် ဉာဏ်နှင့် သိမြင်နိုင်သော လူကလေး ဖြစ်ပါစေ....လို့ ဆုတောင်းလိုက်ပါတယ်....

ညိမ်းနိုင် said...

အစ်မချစ်>>>ဆုတောင်းပေးတာကကျေးဇူးပါအစ်မချစ်...၊

မောင်မျိုး said...

ညာတား) အမှန်က ၄၃ မှတ်လား

ပျော်ရွှင်စရာ မွေးနေ့လေးဖြစ်ပါစေဗျာ

ညိမ်းနိုင် said...

မောင်မျိုး>>>ဖဘကဒါ့ပုံကိုကြည့်ပြီး အားလုံးက ၂၀ကျော်
ရုံလေးလို့ထင်နေကြတာ....၊ဘယ်နှာ ၄၃ တုန်း....:)))

ညီလင်းသစ် said...

ဟိုတခါ မျိုးကျော့မြိုင်ရဲ့ ၃၃ ကို တင်ကတည်းက ပြည့်ပြီလို့ ထင်နေခဲ့တာ.. မဟုတ်ပြန်ဘူး ဆိုတော့...၊ အခု ဒီအရွေ့ကတော့ တကယ်ပြည့်သွားတဲ့ အရွေ့လို့ ထင်လိုက်ပြီဗျာ..၊း) ၃၃ ဆိုတဲ့ ဂဏန်းလေးက မိုက်တယ်၊ တစ်ယောက်နောက်ကို တစ်ယောက် လိုက်နေကြတာ..၊ ဒါပေမယ့် တပုံစံထဲ ဆိုတော့ ဘယ်သူ့နောက် ဘယ်သူ လိုက်နေမှန်း မသိရဘူး၊ ဒီအရွေ့မှာ စိတ်နဲ့ကိုယ် တပုံစံထဲ ထပ်တူကျပြီး ၃၃ ဂဏန်းလို တစ်ခုနောက်တစ်ခု အပြန်အလှန် လိုက်နိုင်ပါစေဗျာ...။

San San Htun said...
This comment has been removed by the author.
San San Htun said...

ကိုညိမ်း ပျော်ရွှင်ပါစေ။ စာတွေ အများကြီး ရေးနိုင်ပါစေ။

mstint said...

မွေးနေ့အတွက် နှုတ်ဆက်ဖို့ နောက်ကျသွားတယ်ကွယ်။ အန်တီ့ဘလော့ဂ်မှာ အားပေးခဲ့သူမို့ ကျေးဇူးတင်ကြောင်းပြောချင်လို့ ရှာနေတာကြာခဲ့ပြီ ဒီကနေ့မှ 'ချစ်ကြည်အေး' ပို့စ်မှာမြင်လိုက်လို့လေ။
မွေးနေ့မင်္ဂလာရက်မြတ်ကနေ အစပြုလို့ ကိုယ်စိတ်နှစ်ပါး ကျန်းမာချမ်းသာစွာဖြင့် လောကီ လောကုတ္တရာ နှစ်လီနှစ်ဝ လိုအင်ဆန္ဒတွေပြည့်ပါစေနော်။

မေတ္တာဖြင့်
အန်တီတင့်

ညိမ်းနိုင် said...

ကိုညီလင်းသစ်>>>အကိုပြောမှသတိထားမိတယ်...၊
ဟုတ်ပါ့.....:))) ဆုတောင်းပေးတာကျေးဇူးပါခင်ဗျ....၊

ဆန်းထွန်း>>>ဆုတောင်းပေးတာကျေးဇူးနော်....ညီ....။

အန်တီတင့်>>>လာလည်တာရော...၊ဆုတောင်းပေးတာ
အတွက်ပါကျေးဇူးတင်ပါတယ်အန်တီ....။

လသာည said...

၃၃ အရွေ့မှသည် နောက်နှစ်ပေါင်းများစွာ အဆင်ပြေပြေ ကျန်းကျန်းမာမာ ပျော်ပျော်ရွှင်ရွှင် ရွေ့ နိုင်ပါစေနော်။

PS: နောက်ကျဆုတောင်းအတွက် ခွင့်လွှတ်ပါဦးး)))

ညိမ်းနိုင် said...

အစ်မလသာည>>>အရောက်လာတာ...၊ဆုတောင်းပေး
တာနဲ့တင် ကျေနပ်ကျေးဇူးတင်ရပါတယ်ဗျာ.....:)))

ဖိုးကြယ် said...

ကိုကြီး လူပျိုကြီး...ဟဲဟဲ....မွေးနေ့မှာ ဘာမှလဲကြွေးဘူး...သိတောင်မသိလိုက်ရဘူး.... :) ကောင်းမြတ်သော နှစ်များစွာပိုင်ဆိုင်နိုင်ပါစေဗျား :)

ခင်တဲ့(ဖိုးကြယ်)

မြစ်ကျိုးအင်း said...

၃၃ က ရွေ့တာ အခုဆို အရှိန်ရစပြုနေပြီလား။
အဆင်ပြေပါစေဗျာ။


ရောက်လာတာ နောက်ကျသွားတာ ခွင့်လွှတ်ပါဗျာ။ အလုပ်ရှုပ်နေလို့ ဘယ်မှ မရောက်ဖြစ်လိုက်တာ။