အားထားရသော ထောက်လှမ်းရေးမှုးတစ်ဦးဖြစ်သူ 007ပစ်ပစ် ဆိုသူအားစေလွှတ်လိုက်ပြီးနောက် မေးခွန်း
များစွာအား ဖြေဆိုခိုင်းပါလေတော့သည်....။ကျွန်ုပ်တို့ကား...၁၉၉၀ပြည့်လွန်နှစ်များက မိဘများသည်ထို
ကဲ့သို့သော ထောက်လှမ်းရေးမှမေးခွန်းများကို စိတ်ထဲရှိသည့်အတိုင်းဖြေမိသဖြင့် အလုပ်မှပြုတ်လုခမန်း
ဖြစ်ခဲ့ရသောအဖြစ်များနှင့် ကြုံဆုံခဲ့ရဖူးသောကြောင့် မေးခွန်းများဟုဆိုသော် ရင်ထဲထိတ်ကနဲပင်ဖြစ်ရ၏။
သို့သော် CIA ထောက်လှမ်းရေးမှုးကြီးအား ကြောက်ရသောကြောင့် ရင်တထိတ်ထိတ်နှင့် ဖတ်ကြည့်ရာ
" တစ်နေ့တာ " ဟုအမည်နာမတပ်ထားသော ပေါ့ပေါ့ပါးပါး မေးခွန်းများကိုတွေ့မှ စိတ်သက်သာရာ ရသွား
သောဟူလို...။ဆိုတော့ ထောက်လှမ်းရေမှုးကြီးကျေနပ်စေရန်အလို့ငှာ " တစ်နေ့တာ " မေးခွန်းများကို ဖြေ
ကြားလိုက်ရပေတော့သတည်း.....။
အိပ်ယာကနိုးနိုးချင်းအရင်ဆုံးဘာလုပ်သလဲ......
ရေသောက်ပါတယ်....၊ဟုတ်ပါတယ်...ကျွန်တော့်အိပ်ရာဘေးမှာမရှိမဖြစ်အရာသုံးခုရှိတယ်ဗျ...၊အဲဒီထဲက
တစ်ခုကတော့ ရေဘူးပါ...။အိပ်ယာကတစ်ရေးပဲနိုးနိုး၊မိုးလင်းလို့ပဲနိုးနိုး ရေတစ်ခွက်လောက်တော့သောက်
လိုက်ရမှနေသာထိုင်သာရှိသွားပါတယ်...။
မနက်စာကို ဘယ်လိုအစားအစာ စားရတာကြိုက်ပါသလဲ
ကြိုက်တာကတော့ မုန့်ဟင်းခါးဖြစ်ဖြစ်၊တို့ဟူးသုတ်နဲ့ ထမင်းကြမ်းဖြစ်ဖြစ်၊ထမင်းကြော်နဲ့ ပဲပြုတ်လေးဖြစ်ဖြစ်
ပါ...၊
လောလောဆယ်နေ့တိုင်းစားဖြစ်နေတဲ့ မနက်စာ...
လောလောဆယ် နေ့တိုင်းစားဖြစ်နေတဲ့မနက်စာက ပလာတာနဲ့ပဲဟင်းပါ...။တလမှာ ရက်၃၀ရှိရင် ၂၉ရက်
လောက်က ပလာတာပဲစားဖြစ်ပါတယ်..။ခေါက်ဆွဲတွေ၊ကြာဇံတွေကို စားကိုမစားချင်တော့တာပါပဲဗျာ...။
နေ့လည်စာကို ဘယ်လိုနေရာမျိုးမှာစားရတာကြိုက်ပါသလဲ
မျောလွင့်နေတဲ့တိမ်တိုက်တွေပေါ်မှာတက်စားချင်တယ်လို့ ဖြေရင် ဒီဘဲကြီးရူးများနေသလားလို့ ထင်ကြ
မယ်ထင်ရဲ့...:)))။စိတ်ကူးထဲမှာတော့အဲ့လိုပဲဗျ...၊အဲ....လက်တွေ့နဲ့နီးစပ်တဲ့အဖြေပေးရရင် အမေ့အိမ်မှာ
ပဲစားချင်ပါတယ်....လို့...။
အခုလက်ရှိအစားချင်ဆုံးဟင်းကိုပြောပြပါ......
အမေချက်တဲ့ ငါးခူငပိချက်ပါ...။အိမ်မှာတုန်းက ငါးခူငပိချက် ချက်ရင် ထွက်ပြေးတတ်ပါတယ်...။စားပါဘူး။
ဒီရောက်တော့ ငါးခူကိုငါးပိရည်ချိုလေးနဲ့ ချက်ထားတဲ့ငပိချက်ကို ဘူးသီးနုနုပြုတ်၊ဇရစ်ပြုတ် စတဲ့အတို့
တွေနဲ့စားချင်နေတယ်ဗျ...၊
အလုပ်မှာကော်ဖီ ဘယ်နှစ်ခွက် သောက်ပါသလဲ.....
အင်း....ကိုယ်တွေအလုပ်က ရှင်ကြားပူတစ်နှံတစ်လျားက ဆိုက်ပေါင်းစုံကို ကိုးကျိုကိုးကျင်း လျှောက်သွား
နေရသူဆိုတော့ ကော်ဖီမပြောနဲ့ ရေတောင်တစ်ခါတစ်လေမသောက်ရဘူးရယ်....။သို့ပေမယ့် အဲ့လိုမသွား
ရလို့ ရုံးမှာထိုင်နေရရင်တော့ မနက်၁၀နာရီလောက်တစ်ခွက်၊နေ့လည်၂နာရီလောက်မှာတစ်ခွက်နဲ့ ညနေလေးနာရီလောက်မှာနောက်ဆုံးတစ်ခွက် ပေါင်းသုံးခွက်တော့သောက်ဖြစ်ပါရဲ့ဗျာ...........။
ညနေစာကိုဘယ်မှာစားတတ်ပါလဲ.....
ခုတလောတော့ ဆိုင်မှာပဲစားဖြစ်ပါတယ်...။အရင်ကဆို ညနေစာကိုကွကို ချက်စားဖြစ်တာပါ..။ခုတလော
ချက်စားရမှာပျင်းနေတယ်ဗျာ....။
ညနေစာစားရင်းနဲ့ အများဆုံးစဉ်းစားဖြစ်တတ်တဲ့ အကြောင်းအရာ......
ဘလော့နဲ့ဖေ့ဘွတ်က အကြောင်းအရာတွေ၊သူငယ်ချင်းတွေ၊ကိုယ်ရေးမယ့်စာတွေအကြောင်းပါ....။အင်း...
စွဲနေပြီ..........စွဲနေပြီ.....ဆိုတဲ့သီချင်းလေးကိုလည်း စိတ်ထဲကညီးမိပါရဲ့.....:))))
အလုပ်ဆင်းတဲ့အချိန်မှာခံစားချက်.....
ဟူးးးးးးးတစ်နေ့တာတော့ပြီးသွားပြီ...၊ရှစ်နာရီလောက် စက်ရုပ်ဆန်ဆန်လှုပ်ရှားခဲ့ရာကနေ လူသားဆန်
သွားပြီ..၊ကိုယ့်စိတ်နဲ့ ကိုယ့်ကိုယ် ကို ကိုယ် ပိုင်ဆိုင်ရပြီ ဆိုတဲ့ ခံစားချက်ပါ....။
အိမ်ပြန်ရောက်ရောက်ချင်းဘာအရင်လုပ်တတ်သလဲ......
စီးထားတဲ ဆေ့တီးဘွတ်ကြီးကို ကန်ကျောက်ချွတ်ပလိုက်ပါတယ်...၊(ဖိနပ်မှမချွတ်ရင် အခန်းထဲဘယ်လို
ဝင်မလဲဗျနော်...:)))။ပြီး အခန်းမှာထားခဲတဲ့ဖုံးကိုကောက်ကိုင်ပြီး တစ်ယောက်ယောက်ခေါ်ထားတာရှိမရှိ
စစ်ပါတယ်....။
ဒုတိယလုပ်မိတာလေး....
ဒုတိယအနေနဲ့ ကွန်ပြူတာဖွင့်တယ်ပေါ့ဗျာ....။ကွန်ပြူတာဖွင့်ပြီးတော့ရော..လို့ ဆက်မမေးပါနဲ့...၊
အားလုံးသိတဲ့အတိုင်း ဘလနဲ့ဖဘကို အပြေးအလွားဝင်တော့တာပဲဗျိုးးးးး:)))
ညမအိပ်ခင်ကော်ဖီသောက်တတ်ပါသလား....
သောက်ပါတယ်.....သောက်တာမှ စာလေးဘာလေးရေးနေရင် ညရှစ်နာရီကနေ ၁၂နာရီအတွင်း နှစ်ခွက်
တောင်ဖြစ်သွားပါသေးတယ်...။အိပ်လို့ရရဲ့လားတော့မမေးပါနဲ့...၊စိတ်ကိုချမ်းသာအောင်ထားလို့လားတော့
မသိ...၊အိပ်ပျော်တာပဲဗျာ...။
ညအိပ်ယာထဲဝင်ဝင်ခြင်းအချိန်ဘာအရင်ဆုံးလုပ်ပါသလဲ.....
ဘုရားဦးချတယ်လို့ ဖြေရင်လူကြားကောင်းမယ်ထင်ရဲ့...၊ဒါပေမယ့် သိတတ်စကတည်းကတစ်ခါမှ ဘုရား
ဦးချပြီး မအိပ်ဖူးဘူးဗျ....။တကယ်....။မြန်မာပြည်မှာတုန်းကတော့ စာအုပ်တစ်အုပ်ကောက်ကိုင်ဖတ်လိုက်
ရမှအိပ်ပျော်ပါတယ်။ဟိုတုန်းကအရက်သောက်တုန်းကတောင် မူးနေသည့်တိုင် စာအုပ်တစ်အုပ်ကောက်
ကိုင်ပြီး တစ်ကြောင်းလောက်ဖြစ်ဖြစ်တော့ဖတ်လိုက်ရမှ အိပ်ပျော်ပါတယ်...။ခုတော့ စာအုပ်တွေနဲ့ဝေးတဲ့
နေရာရောက်နေလို့ ဖုံးလေးကိုဖွင့် ဂိမ်းတစ်ခုခုကို ငါးမိနစ်လောက်ဆော့ပြီးမှအိပ်ပါတော့တယ်...။
အိပ်မပျော်တဲ့ညတွေမှာ ဘာလုပ်သလဲ......
တော်တော်ကိုရှားပါတယ်....၊ခုနှစ်ပိုင်းအတွင်းမှာ မရှိသလောက်ပဲဆိုပါတော့ဗျာ။စိတ်ဆင်းရဲစရာပဲဖြစ်ဖြစ်၊
ပျော်စရာပဲဖြစ်ဖြစ် ချက်ချင်းဆိုသလိုမေ့ပစ်တတ်ပါတယ်...။အိပ်ပြီဆိုရင် ဘာမှမတွေးတော့ပါဘူး။ဒါကြောင့်
လားတော့မသိ၊အိပ်မပျော်တဲ့ညဆိုတာရှားလှပါတယ်....။ဟိုးအရင်ကတော့ အိပ်မပျော်တဲ့ညတွေရှိတတ်ပါ
တယ်...။ဘာလုပ်သလဲဆိုရင် စာအုပ်တစ်အုပ်ဖတ်နေလိုက်ပါတယ်...။တစ်ခါတစ်လေစိတ်ရူးပေါက်ရင်၊
အမေတို့မသိအောင် ဆိုင်ကယ်ကို ဟိုးလမ်းထိပ်ရောက်အောင်တွန်းယူပြီး တစ်ယောက်တည်း ဆိုင်ကယ်
လျှောက်စီးတတ်တယ်ဗျ....။
တအားစိတ်ဓါတ်ကျလာတဲ့အခါမျိုး စိတ်အားငယ်တဲ့အခါမျိုးတွေမှာ ဘာလုပ်တတ်သလဲ.......
ဘာလုပ်ရမှန်းကိုမသိတာပါ....။မကျဘူးလားမမေးပါနဲ့..ကျလေ့ရှိပါတယ်...။တစ်ခါကတော့ အစ်မရွှေစင်က
တရားထိုင်ဖို့ ပြောဖူးပါတယ်...။ဟုတ်ကဲ့အစ်မဆိုပြီး လုံးဝကိုမထိုင်ပါဘူး....:)))။တစ်ခါတစ်ရံတော့ စိတ်ကျ
ရင် ဘီဘီလေးနဲနဲချတတ်တယ်ဗျ...၊အများအားဖြင့်တော့ ကိုယ့်စိတ်ကို ကိုယ်သိတာနဲ့ မေ့ပလိုက်ပြီး အိပ်
ပျော်အောင်ကျိုးစားအိပ်နေလိုက်တာပါပဲဗျာ...၊အဲ..နေ့ခင်းကြောင်တောင်ဆိုရင်တော့ လျှောက်လျှောက်
သွားပါတယ်...၊ကမ်းခြေမှာသွားထိုင်ပါတယ်...။ဒီလောက်ပါပဲ....။
အပြင်သွားတဲ့အခါ အမြဲတမ်းသတိထားပြီးယူတတ်တဲ့ပစ္စည်း........
ပိုက်ဆံအိပ်နဲ့ ဖုံးပါ...။နောက်တစ်ခုက သီချင်းနားထောင်ဖို့ နားကြပ်လေးပါ..။အဲ့သုံးခုက မပါမဖြစ်ရယ်....။
မိသားစုဝင်တွေထဲမှာ အချစ်ရဆုံးသူ......
တစ်ကယ်မညာတမ်းပြောကြစတမ်းဆိုရင် ကိုယ့်ကိုယ် ကိုအချစ်ဆုံးပါပဲ...။ကိုယ်ကလွဲလို့ ဆိုရင်တော့ အမေ ပါပဲခင်ဗျ....။
သူစိမ်းတွေအထဲမှာ မိမိအယုံကြည်ရဆုံးသူ......
ရှိဝူးလို့ပြောရင် သယ်ရင်းတွေစိတ်ဆိုးကြမလားမသိ...။တစ်ခါတစ်လေကျ ကိုယ်အယုံကြည်ရဆုံးလူတစ်
ယောက်ရချင်ပါတယ်...။ဒါပေမယ့်.....ဟုတ်ကဲ့ဗျာ....။
အလုပ်ထဲမှာကိုယ်အခင်ဆုံးသူ.......
ရှိဝူးဗျ...၊ကျွန်တော်က လက်ရှိအလုပ်မှာတစ်ကောင်တည်းဒါပေမယ့် ညန်မာ လို့တောင်ပြောရမယ်....၊
မျိုးမတူဇတ်ခြားတွေကို ခင်လို့ရပါဘူးဗျာ...၊မခင့်တခင်ဆိုလို့ တရုတ်လေးတစ်ယောက်ပဲရှိတယ်။ဒီကောင်
လည်း ဒီည ၁၂နာင်္ရီဆို ပြည်ကြီးကိုအပြီးပြန်ပြီ....။
ကိုယ်မှာရှိတဲ့ပစ္စည်းတွေထဲကအကြိုက်ဆုံးပစ္စည်းလေးတခု....
လက်ရှိကိုင်နေတဲ့ ဖုံးလေးပါပဲ...။
လက်ဆောင်ရထားတဲ့အထဲကအကြိုက်ဆုံးပစ္စည်းလေးတခု.....
လွန်ခဲ့တဲ့ ၁၆နှစ်၊ ကျွန်တော် ၁၇နှစ်သားလောက်က အစ်မဖြစ်သူက ကျွန်တော့မွေးနေ့မှာသော့ချိတ်လေး
တစ်ခု လက်ဆောင်ပေးဖူးတယ်..။ကျွန်တော် အံအားသင့်သွားရတယ်...၊ဘာလို့လဲဆိုတော့ ကျွန်တော့်ဘဝ
မှာ ပထမဆုံးရတဲ့လက်ဆောင်မို့လို့ပါ...။အဲဒီသော့ချိတ်လေးကို အတော်သဘောကျမိခဲ့တယ်...။နှစ်ပေါင်း
များစွာသိမ်းထားခဲ့ပါတယ်...။ကြာတော့ အဲ့သော့ချိတ်လေးလည်းသံချေးတွေတတ်ပြီး ပျက်ဆီးသွားခဲ့ပါ
တယ်..။ခုနောက်ပိုင်း လက်ဆောင်ရထားတဲ့အထဲက အကြိုက်ဆုံးတစ်ခုကတော့ ကျွန်တော်မလေးသွား
လည်တုန်းက ကိုဖြိုးဝယ်ပေးခဲ့တဲ့ အကျီ င်္လေးပါ...။သူဝယ်နေတုန်းက ကျွန်တော့်လက်ဆောင်ပေးဖို့လို့
မထင်ပါဘူး..။သူဝယ်တာက လူငယ်ကြိုက် တီရှပ်လေးကိုးခင်ဗျ...။သူ့အတွက်ပဲထင်တာပေါ့...၊ပြန်မယ်ဆို
မှ ကျွန်တော့်ဖို့ ဆိုပြီးပေးလာပါတယ်..။အတော်ဝတ်လို့ကောင်းတယ်ဗျ...။
ကိုယ့်ပတ်သက်ဖူးတဲ့သူတွေထဲမှာကိုယ့်ကို နားလည်ခွင့်လွှတ်ပေးနိုင်ဆုံးသူ......
ကျွန်တော့် အမေပါ...။တကယ်တမ်းပြောရရင် ကျွန်တော့်စိတ်ကိုနားလည်ပေးနိုင်သူ တစ်ယောက်မှမရှိပါ
ဘူး...။အားလုံးထဲမှာ နားလည်အပေးနိုင်ဆုံးကတော့ အမေပါပဲခင်ဗျား....။
အခုလောလောဆယ်အဖြစ်ချင်ဆုံးဆန္ဒ......
လောလောဆယ် ကိုယ်လုပ်ချင်တာ၊ဖြစ်ချင်တာ အတော်များများက ဖြစ်နေတဲ့နောက်(အဲ့လိုပြောလို့ ကြီး
ကြီးကျယ်ကျယ် ဆန္ဒတွေဟုတ်ပါဘူး...၊ခရီးထွက်ချင်တာ၊မြန်မာပြည်ပြန်ချင်တာလောက်ပါ) သိပ်ပြီး ဘာ
ဖြစ်ချင်တယ်...ညာဖြစ်ချင်တယ်ဆိုတာမျိုး မရှိသလောက်ပါပဲဗျာ...။ဒါပေမယ့် စိတ်ထဲမှာ တားဂတ်ထား
ထားတဲ့ ဆန္ဒတစ်ခုကတော့ ခြံလေးတစ်ခြံ၊ခွေးလေးတစ်ကောင်၊ဆိုင်ကယ်လေးတစ်စီးနဲ့ လက်ကျန်ဘဝရဲ့
နေ့ရက်များကို စိတ်သက်တောင့်သက်သာ ဖြတ်သန်းချင်တာပါပဲ....။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ဟုတ်ကဲ့ခင်ဗျား....CIA ထောက်လှမ်းရေမှုးကြီးရဲ့ အမေးများကို ဖြေကြားပြီးပါပြီ...။ရွှေပေလွာတို့ရဲ
သဘောတရားအရ.....၊နောက်ထပ်အခြားအခြားသောသူတွေကို ဖြန့်ချီလက်ဆင့်ကမ်းပြီး အမှုတွဲထဲ
ဆွဲသွင်းရတဲ့အတွက် အွန်လိုင်းပေါ်က ခင်မင်ရတဲ့ သယ်ရင်းသုံးယောက်ကို ဆက်တဂ်ချင်ပါတယ်...။
ရဲထွန်းဇော်(အမှတ်တရနေ့စွဲများ).....ရေးပေးပါဦး.....မင်းစတိုင်လေးအတိုင်းပေါ့....:)))
မျှစ်(ကိုထွဋ်)...ဖုံခါနေတယ်ကြားတယ်....ကဲ.....ရေးပေတော့......:D
မမေလမင်းခင်(မေလမင်းခင်)......အခြားသူတွေရေးတာကိုပဲ တိတ်တိတ်လေးမဖတ်ကြေးနော်...၊ရေးပေး
ပါနော့.......:P
ပါနော့.......:P
20 comments:
ခြံလေးတစ်ခြံ၊ခွေးလေးတစ်ကောင်၊ဆိုင်ကယ်လေးတစ်စီးနဲ့ လက်ကျန်ဘဝရဲ့နေ့ရက်များကို ---------
တစ်ယောက်ထဲဖြတ်သန်းမလို့လားကွယ်
အတွေး နဲနဲပြင်လိုက်ပါလား(စိတ်မဆိုးပါနဲ့နော်)
ကိုယ့်သူငယ်ချင်းတွေကို တူတူတွဲမယ့်ရွှေလက်လေးတွေမြင်ချင်လို့ပါ
ကော်ဖီကို အဲလောက်တောင် သောက်ရသလားးးးး လို့...
အင်း..ရေးပါ့မယ်ဗျ... ဖုန်း ပိုက်ဆံအိတ် နားကြပ် ယူတာခြင်းတော့ တူတယ်ဗျ...
ဒါလောက်နဲ့ တနေ့တာမစုံသေးဘူး။
တနေ့ ဘယ်နှစ်ခါ ရေချိုးသလဲ။ (ရေချိုးရင် သီချင်းဆိုသလား)
အိမ်သာဘယ်နှစ်ခါတက်လဲ၊ (အိမ်သာတက်ရင်း စာဖတ်သလား) စသည်စသည်တို့လဲ ပါသင့်ပါကြောင်း :))
ကိုယ့်ကိုကိုယ်အချစ်ဆုံးဆို
ပြီးတော့ အမေဆို
တော်ပြီ
ဘာမှလာမရှင်းပြနဲ့
ဟွန်း
ကော်ဖီ ၃ ခွက်တော့ တူနေပြီဗျ၊း) နှစ်ခြိုက်စွာ အိပ်ပျော်ရသော အခွင့်ဟာလည်း ကံကောင်းခြင်း တမျိုးပါပဲ၊ ကိုညိမ်းနိုင်ရဲ့ တနေ့တာဟာ ရိုးရိုးစင်းစင်းနဲ့ အေးချမ်းလှတယ်...။
ဗျို့ ကငြိမ်းနိုင်...
အိပ်ရာဘေးက ပစ္စည်းသုံးခုမှာ ရေဗူးအပါအ၀င်ပဲဆိုတော့ ကျန်တဲ့နှစ်ခုအကြောင်းများ သိချင်စမ်းပါဘိတော့တယ်...
ကိုယ့်ကိုယ်ကို အချစ်ဆုံးလို့ ဖြေထားတာတော့ အကြိုက်ဆုံးပဲဗျို့...ဟုတ်သလေ ဒီထက်မှန်တာ ဘာရှိသေးလဲ...
ကော်ဖီတွေ အဲ့ဒီလောက်သောက်လို့ ရုပ်ရင့်တာပေါ့း))
လာရောက် စပ်စု သွားပါတယ်။
အကိုညိမ်းနိုင်ရေ
အကိုဖြစ်ချင်တဲ့ဆန္ဒတွေအတိုင်း
တကယ်ဖြစ်နိုင်ပါစေလို့
ညီမဆန္ဒပြုဆုတောင်းပေးပါတယ်အကို
တဂ်ပို့စ်လေးရေးပေးလို့လည်း
ကျေးဇူးပါအကို
ကော်ဖီကြိုက်တာချင်းတော့ တူနေပြီ :):)
အကိုရေ ရည်ရွယ်တဲ့ ဆန္ဒတွေ အောင်မြင်ပါစေလို့ ဆန္ဒပြု ရင်း...
တစ်နေ့တာ.. လေးကို လာဖတ်သွားပါတယ်ရှင်။
အိပ်မပျော်တဲ ညတွေ ဆိုရင် ဘီဘီချအိပ်ဗျို့ အိပ်ပျော်တယ်... တရှူးရှူးနဲ့ ကို နေတာဘဲ...ဟီး ဟီး..
စိတ်ဓာတ်ကျရင် တရားထိုင်ဆိုတာကျ မထိုင်ဘူး.. ဘီဘီကျသောက်တယ်... တော်တော်ကောင်းတယ်
တက်ဂ်ထားတဲ့လူတွေမိုက်တယ် ဖတ်ရချေရဲ့ အဟိ
သူလုပ်မှ မပစ်ပစ်လည်း CIA ဖြစ်သွားတယ်။ ရီရတယ် :D
ခြံလေးတစ်ခြံ၊ခွေးလေးတစ်ကောင်၊ဆိုင်ကယ်လေးတစ်စီး...
တစ်ခု လိုနေသေးတယ်နော။း)
ကိုညိမ်းရေ မေးကုန်ကြပြီဂျ..:P
ကမ်းခြေမှာ သွားထိုင်ချင်တယ်။ :(
တနေ့တာလေးက သက်တောင့် သက်သာ ဖြတ်သန်းခွင့်ရတာ နဲတဲ့ကံလားကွယ်...
ဘဝတစ်ခုကိုလည်း ဒီလိုပဲ အေးငြိမ်းစွာဖြတ်သန်းခွင့်ရပါစေလို့ ဆုတောင်းပေးသွားပါတယ်နော်... :)
မနက်စောစော အိပ်ရာကမထသေးပဲ ရေသောက်သလား... အာပုပ်ရည်တွေ ပြန်ဝင်ကုန်တော့မှာပဲ.. :P.. အဟီး.. ဖတ်လို့ကေင်းပါ့ဗျာ.....
ခင်မင်လျက်
နေ၀သန်
ဘာကိစ္စဒီပိုစ့်ကိုမမြင်ရတာဘာလိမ့် ခုမှဘာကိစ္စတွေ့ရတာဘာလိမ့်း(
Post a Comment