ဒဏ်ရာကို ပြသနေတဲ့ ကျွန်တော်တို့အဖိုးအရွယ် မီးသတ်သမားတစ်ဦး
“အိမ်က အခုလေးတင် ထွက်သွားပြီး ခဏနေတော့ သေဆုံးသွားပြီဆိုတာကို မယုံနိုင်ခဲ့ပါဘူး”ဆိုတဲ့ တပ်ကြပ်ကြီး ရဲသူရ ဇော်ဌေးရဲ့ဇနီး
“အဲဒီနေ့က
၅တန်းကျောင်းသူ သမီးလေးရဲ့ ကျောင်းကပွဲသွားမလို့
ခွင့်ယူထားတာလေ..အဲဒီမနက်မှာပဲ သမီး တို့အဖေ ဆုံးသွားခဲ့တာ”လို့ ဆိုတဲ့
တပ်ကြပ် ရဲသီဟ တင်စိုးရဲ့ဇနီး မဇာခြည်စိုး
“သားလေးကို
တွေ့တဲ့အချိန်က ခေါင်းမရှိတော့ဘူးလေ..ကျွန်မဆင်ထားတဲ့ လက်စွပ်ကလေးကို
ကြည့်ပြီး ဒါ ငါ့သားလေးပဲလို့ အတည်ပြုခဲ့ရတယ်”လို့ ပြောတဲ့ တပ်သားရဲသူရ
မျိုးကျော်ကျော်ရဲ့ မိခင် ဒေါ်အေးအေးမြင့်
“၅ရက်နေ့ကျရင် အမေ့ကို ကျိုက်ထီးရိုးဘုရားလိုက်ပို့မယ်ဆိုပြီး ခွင့်ကြိုယူထားတာလေ..အခုတော့ သူစိတ် ချမ်းသာအောင် အမေတစ်ယောက်ထဲ သွားပေးလိုက်တယ်ကွယ်” ဆိုတဲ့ တပ်သားရဲသူရ အောင်အောင်ရဲ့ မိခင်ကြီး..
ဒဏ်ရာရ မီးသတ်တပ်ဖွဲ့ဝင်အချို့ နှင့် မြန်မာမုဒိတာအဖွဲ့ဝင်လူငယ်များ
ဆက်လက်ဖော်ပြပါမည်>>>>>
လေးစားစွာဖြင့်
ကိုရင်
22:51(GMT)
မှတ်ချက်။ ။ကိုရင်၏ ခွင့်ပြုချက်ဖြင့် ကူးယူဖော်ပြပါသည်။
5 comments:
အလှုအောင်ပွဲအနေနဲ့ ကစ်လိုက်ရအောင် ရဲဘော်ကြီး..
စရိတ်ထည့်ပြီး မြန်းလားခဲ့ နော့.. :D
:)
နားထောင်ပြီး စိတ်မကောင်း ဖြစ်ရပါတယ် အစ်ကိုရေ...
အင်း........ ဘာပဲဖြစ်ဖြစ် ဒီလူစုတွေ တတ်နိုင်သလောက် လုပ်နိုင်သလောက် လုပ်ပေးခဲ့ကြတာပဲလေ။ အဲ့လိုသာ တွေးပါ။ သူတို့ လည်း သူတို့ တာဝန် ထမ်းရင်း တာဝန်ကျေခဲ့ကြ တဲ့ သူတွေပါပဲ
ကျဆုံးသွားရတဲ့ သူတွေအတွက် စိတ်မကောင်းဖြစ်မိတယ်။
ပြန်လည် ဖေးကူပေးမယ့်သူတွေ ရှိတဲ့အတွက်လည်း စိတ်သက်သာရာတော့ ရမိပါတယ်။
Post a Comment