Wednesday, May 2, 2012

စပ်မိသမျှ ရောက်တတ်ရာရာ

တလောမှာ အလုပ်တွေအရမ်းရှုပ်နေတယ် မနှင်းဆီရယ်......၊ပြီးခဲ့တဲ့ ၂ပတ်လုံးလုံး နေ့ရောညပါအလုပ်ပြီး
အလုပ် လုပ်နေရလေရဲ့.....။ကိုယ်တို့ကုမ္ပဏီမှာကလူကလက်တစ်ဆုပ်စာလောက်နဲ့အလုပ်တွေက မြင့်မိုရ်
တောင်လောက်ဖြစ်နေလေတော့ အရင် လူငါးယောက်လောက်လုပ်ရတဲ့အလုပ်ကို၂ယောက်လောက်နဲ့လုပ်
နေရလေရဲ့ မနှင်းဆီရဲ့....။အလုပ်ကဖိစီး၊အိပ်ရေးကပျက်နဲ့ဆိုတော့ မနက်နွားနို့၊နေ့လည် ကိုလာ၊ညနေ

ဘီဘီတွေနဲ့ ကျားကန်ထားတဲ့ကြားကနေ ပြီးခဲ့တဲ့ တနင်္လာနေ့ညနေမှာတော့ဖျားပါလေရောမနှင်းဆီရေ....။
အမှန်က မနက်ထဲက ဖျားချင်ချင်ဖြစ်နေတာကိုမဖြစ်လောက်ပါဘူးလေဆိုပြီး ပေတေနေလေတော့ညနေကျ
တကယ်ကြီးကိုဖျားပါရောလား မနှင်းဆီရဲ့....။

အဲဒီလို နေထိုင်မကောင်းဖြစ်လောက်အောင် အလုပ်တွေရှုပ်နေတဲ့ကြားက ကိုယ့်နှလုံးသားပင်လယ်ပြင်ရဲ့
" ကောင်းကင် " မှာ လေဖိအားနည်းရပ်ဝန်းတစ်ခုဖြစ်ပွားသွားသေးလေရဲ့....။တစ်ခုကံကောင်းသွားတာက
အဲဒီလေဖိအားနည်းရပ်ဝန်းလေးက မုန်တိုင်းငယ်အဆင့်မှာတင် အားပျော့ပျက်ပြယ်သွားလေရဲ့ကွယ်....။
ဆိုတော့ အသဲတွေဘာတွေကွဲဟယ်ပြုဟယ် မဖြစ်တော့ဘူးပေါ့လေ....။အင်း....အသဲကွဲတယ်ဆိုလို့ ကိုယ့်
မိတ်ဆွေလေးတစ်ယောက်လည်း ၁ရက်ထဲနဲ့အလှည့်စားခံလိုက်ရတယ်ဆိုလားဘာဆိုလားပဲ....၊သူရေးထား
တဲ့ နောက်ဆုံးစာကြောင်းလေးက "အသဲမကွဲခဲ့သေးလို့တော်သေးတာပေါ့"တဲ့....။သူရေးထားတာလေးဖတ်
ပြီး သဘောကျလို့ ပြုံးမိပါရဲ့ မနှင်းဆီရယ်....။

ပြောမယ့်သာပြောရတာပါ....၊ကိုယ်တို့အသက်အရွယ်၊အတွေ့အကြုံနဲ့က တော်ရုံနဲ့အသဲမကွဲနိုင်တော့ပါဘူး
လေ....။အသဲမကွဲပေမယ့် ဖေ့ဘွတ်စာမျက်နှာထက်မှာတော့မျက်ရည်ပဲထွက်သလိုလို၊နှပ်တွေပဲထွက်သလိုလို
တွေ လျှောက်ရေးနေမိသေးတယ်...။အမှန်ကမနှင်းဆီရေ.....၊ကိုယ့်ရဲ့ဘာမှမဟုတ်တဲ့ခံစားချက်ပေါက်စလေး
ကို  ဓာတ်ပုံဆရာလုပ်(ပုံကြီးချဲ့တာကိုပြောတာမနှင်းဆီ)ပြီး ဟို....ကိုယ်တို့အစ်မတစ်ယောက်လို ကုန်ကြမ်း
ရှာ၊ကဗျာစပ်ဖို့ကြိုးစားကြည့်တာပါ...။ခံစားချက်အစစ်မဟုတ်လို့ထင်ရဲ့....ဘာကဗျာမှ ထွက်ကျမလာပါဘူး
မနှင်းဆီရာ....။ကိုယ့်ရဲ့ ဖဘက ရဲဘော်တွေကလည်း ကိုယ့်အကြောင်းကိုကောင်းကောင်းသိကြလေရဲ့......၊
ကိုယ့်မျက်ရည်ဘူးသီးလုံးလောက်ကျပါတယ်ဆိုတာတောင် တစ်ယောက်မှ ယုံကြည်ပုံမရကြလေဘူး.....၊
အဲလို......အောင်မြင်ချက်ကတော့......:)))))

ဒါပေမယ့် ကဗျာတွေထွက်ကျမလာပေမယ့် ဘာမှမဖြစ်တဲ့ခံစားချက်လေးကို တပင်တပန်းမွေးမြူထားလိုက်
တော့ အဆွေးသီချင်းလေးတွေကိုတော့ နားထောင်ခံစားလို့ အရသာတော့ရှိသားမနှင်းဆီရဲ့....။ခုတလော
ကိုယ်ဓာတ်ကျနေတဲ့သီချင်းက မဒီရဲ့ ဝမ်းနည်းမိုးတိမ်သီချင်းပဲ မနှင်းဆီ...။လွန်ခဲ့ခြောက်လလောက်က
တစ်နေ့ခြောက်ခေါက်လောက် နားထောင်ဖြစ်တဲ့ နီနီခင်ဇော်တို့သီချင်း မိုးတိမ်ကဗျာ ကိုတော့ ခုချိန်မှာ
ယောင်လို့တောင်နားမထောင်ဖြစ်တော့ပြန်ဘူး...၊မိုးတိမ်တွေလို ကတိမ်းကပါးနိုင်လှတဲ့၊အပြောင်းအလဲ
မြန်လှတဲ့ ကိုယ့်ရဲ့ စိတ်ခံစားချက်တွေပေါ့ မနှင်းဆီ....။ဘာပဲဖြစ်ဖြစ် မနှင်းဆီလည်း ဒီသီချင်းလေးကိုနား
ထောင်ကြည့်နော်......။



ဖေ့ဘွတ်ဆိုလို့ပြောရဦးမယ် မနှင်းဆီ....။ကိုယ် ဒီနေ့ကစလို့ ဖဘကိုမသုံးတော့ဘူးလို့ဆုံးဖြတ်လိုက်ပြီ
ကွယ်....။လုံးလုံးမသုံးတော့ဘူးတော့မဟုတ်ဘူးပေါ့လေ...၊ကိုယ့်ရဲဘော်တွေကို အရမ်းလွမ်းတဲ့အခါမျိုးတွေ
မှာ  စကားလုံးကွန်ယက်တွေထက် ခဏတဖြုတ်တော့ တက်လာဦးမှာပါ..။မသုံးရတဲ့အကြောင်းရင်းရယ်လို့
ထွေထွေထူးထူးမရှိပါဘူးမနှင်းဆီ။ဖဘဟာ အချိန်ကုန်လွန်းလှတာရယ်....၊တစ်ခါတစ်ရံမှာ အကောင်းထက်
အဆိုးကိုပဲ ရတယ်လို့ခံစားရတာရယ်ကြောင့်ပဲမနှင်းဆီရေ....။


ဖေ့ဘွတ်မသုံးဖြစ်တော့ အချိန်တွေအတော်ပိုထွက်လာလေရဲ့....။အဲဒီတော့မှ ဒေါင်းပြီးမကြည့်ရသေးတဲ့
ရုပ်ရှင်တွေပဲကြည့်ရမလိုလို....၊သီချင်းတွေပဲ သင့်ပြွန်ကနေ ရှာနားထောင်ရတော့မလိုလို၊ဂိမ်းတွေပဲဆော့
ရမလိုလိုနဲ့ ယောင်ချာချာဖြစ်နေသေးတယ်...။နောက်ဆုံးတော့လည်း ဘလော့ဘက်လှည့်ပြီး စာတွေပဲ
လိုက်ဖတ်နေမိပါတော့တယ်....။


ဘလော့ဆိုလို့ ကိုယ်တို့ရဲ့ချစ်လှစွာသော ခဥမ(ကန်တော့အစ်မရေ၊အစ်မရေးသလိုလိုက်ရေးလိုက်တာ :))
တစ်ယောက် ပီနန်ဘက်လည်လည်ထွက်တဲ့အကြောင်းရေးထားတာဖတ်လိုက်ရတော့ ကိုယ်လည်း ပီနန်
သွားချင်စိတ်ချက်ချင်းပေါက်သွားတယ်....၊အမှန်ကခုလာမယ့် စနေမှာ မလေးဘက်သွားမလို့စီစဉ်ထားတာ
ပါပဲ...၊နို့ပေတဲ့ အကြောင်းကြောင်းကြောင့် နောက်တစ်ပတ်ကိုရက်ရွေ့လိုက်ရတယ်...၊ဒါပေမယ့် ဒါလည်း
သိပ်မသေချာသေးပါဘူး....၊ခွင့်မတင်ရသေးဘူးလေ...၊အလုပ်တွေရှုပ်နေတော့ ခွင့်ကရပါ့မလားမသိ.....:(။


မသွားဖြစ်ကာမှ မသွားရော၊စိတ်ကူးတော့ယဉ်လိုက်တာပါပဲမနှင်းဆီရေ့.....။ကိုယ့်စိတ်ကူးက ဒီလိုမနှင်းဆီ
ရေ....၊ခုသောကြာညနေမှာ အလုပ်ပြီးတာနဲ့ အိတ်ကလေးဆွဲပြီး ကိုယ်နေတဲ့ ကရန်ဂျီကနေ မလေးဘက်ကို
ကူး၊မလေး လကင်းကားဂိတ်ကနေ ပီနန်းသွားတဲ့ကားကိုတတ်စီး၊ရဲထွန်းဇော်ဆီဖုံးဆက်...၊သူအားရင် ပီနန်
မှာဆုံဖို့ အဖော်ညှိ၊နောက်နေ့ မနက် ပီနန်ရောက်၊ပီနန်မှာ လျှောက်သွား၊တစ်ညအိပ်၊မနက် ကေအယ်သွား၊
ကေအယ်ကသယ်ရင်းတွေနဲ့ ခဏဆုံ၊ညနေလောက် စလုံး ဘက်ကားပြန်စီးလာ...၊ည၁၀နာရီလောက် စလုံး
ပြန်ရောက်....၊ကဲ.....စိတ်ကူးနဲ့သွားလိုက်တာ ဘယ်လောက်များအဆင်ပြေချောမွေ့လိုက်သလဲကွယ့်နော့။
သို့ပေမယ့် စိတ်ကူးကစိတ်ကူးပါပဲ မနှင်းဆီရယ်....၊လက်တွေ့ဖြစ်လာဖို့ဆိုတာကတော့ ဆယ်ရေးတစ်ရေး၊
ကိုးရေး၊တစ်ရာ ဆိုသလိုပါပဲမနှင်းဆီရေ....။


ကဲ...မနှင်းဆီရေ.....၊အချိန်ကလေးတွေ ပိုပိုလျှံလျှံရှိနေတုန်း ဘလော့လည်လည်ထွက်လိုက်ဦးမယ်ကွယ်...။
ရုပ်ရှင်လေးဘာလေးကြည့်၊သတင်းပလင်းလေးနားထောင်၊သင့်ပြွန်မှာ သီချင်းဟောင်းလေးတွေလည်း
မွှေနှောက်ရှာဖွေရင်းနဲ့ပေါ့လေ........။




18 comments:

Crystal said...

လမ်းလျှောက်ရင်း စကားပြောနေတဲ့ပိုစ့်ကို ဖတ်လိုက်တာ ပီနန်ထိတောင် ရောက်သွားပါရောလားးးး :)

ကိုရင် said...

အင်း..အခုရော ဘယ့်နှယ်နေသေးတုန်း..

စာဖတ်ကြည့်ရတာတော့ ဖေ့ဘွတ်ကို မသွားတော့ဘူးဆိုတော့ အချိန်ပိုတွေ ဒလဟောနဲ့ လောကနိဗ္ဗါန် ရောက်နေပြီထင်တယ်..


အဲ.. ဖုံးကို sms ပို့လိုက်တာ ရမယ်ထင်တယ်.. ဟော်တယ်ကို တန်း အသ တွဲ.၅.၁၂ ရွှေ့ ထားတယ်ဗျာ..

အေးချမ်းပါစေ ကပ္ပိယကြီးရေ..

သူကြီးမင်း (တုံးဖလား) said...

ဖဘကို ဆယ်ရက် တစ်ရက်တောင် မ၀င်ဖြစ်ပါဘူး။ ၀ါသနာ သိပ်မပါတာလဲ ပါတယ်။ ဘလော့တောင် သံယောဇဉ်ရှိလွန်းလို့ လှည့်လှည့်ကြည့်နေဖြစ်တာ။ အသက်ကြီးလာတာနဲ့အမျှ အချိန်က တန်ဖိုးကြီးလာတာ မဟုတ်လား။ သမထ၀ိပဿနာလေး ဘာလေးညာလေး လုပ်ထားမှ တော်ရာကျမယ်။း)

သီချင်းက လွမ်းစရာကြီးပါလား။
လူပြိုဂျီးဒွေ လွမ်းရင် ပိုပြင်းထန်တတ်တယ် ဆိုလားဘဲ။း)))

ညီလင်းသစ် said...

ဘလကို စိတ်ရောကိုယ်ပါ (ပြန်)ပစ်ဝင် လာတာကို ကြိုဆိုပါတယ်ဗျို့၊း)

ကျနော့်မှာလည်း ဖဘ အကောင့်တစ်ခု ရှိပါတယ်၊ ၂၀၀၈ နှစ်စလောက် ကတည်းက ဖွင့်ထားခဲ့တာ..၊ ဒါပေမယ့် ဒီနေ့အထိ ဟုတ်တိပတ်တိ မသုံးဖြစ်ဘူးဗျ၊ တစ်လနေလို့မှ တစ်ခေါက်တောင် မရောက်ဖြစ်တာ ရှိတယ်၊ ဘယ်လိုမှ မငြိခဲ့ဘဲ အခုထိ ဘလတစ်ခုမှာပဲ ရိုးမြေကျ နေထိုင်ပါတယ်၊း) ကဗျာ အပြင်းစားတွေ၊ ဟာသ အတို့အထိနဲ့ ပို့စ်တွေ ရေးတတ်သူ တစ်ယောက် ဘလော့ဂ်ရွာမှာပဲ လမ်းသလားတော့မယ် ဆိုတဲ့ အဖြစ်ဟာ သူ့စာဖတ် ပရိတ်သတ်တွေအတွက် မင်္ဂလာ တစ်ပါးပဲ မဟုတ်လားဗျာ...။း)

Silver Orchid said...

တခါတလေ တယောက်ထဲ နေမကောင်းရင် တမျိုးကြီးနော်.. အကိုညိမ်းနိုင် နှပ်ထွက်တာ နှာစေးနေလို့ နေမှာပါ.. မြန်မြန်လည်လည်ထွက်နိုင်ပါစေ

Cameron said...

ကြိုဆိုပါ၏...း)

ပုံ/ မနှင်းဆီ

မိုးသက် said...

ဘီဘီတွေနဲ့ ကျားကန်ထားတယ်ဆိုပါ့လား..။ ဒါနဲ့ စီဗုံးမတွေ့လို ဒီမှာတင်လာမန့်သွားတယ်.။ ကိုယ့်ဆရာ..လင့်ခ်ယူသွားပါတယ်..။

မြတ်ပန်းနွယ် (Myat Pan Nwe) said...

Facebook နဲ့ပတ်သတ်ပြီး အခုတလော မြင်သမျှ၊ ကြားသမျှကို စိတ်ကုန်လို့ ကျွန်မလည်း မသုံးတော့ဖို့ စိတ်ပိုင်းဖြတ်ထားရတယ်။

ယူကျူ့ကနေ သီချင်းအဟောင်းလေးတွေရော၊ အသစ်လေးတွေပါမကျန် စုံစုံစိစိ နားထောင်လို့ရတာရယ်၊ ရုပ်ရှင်တွေပါ ကြည့်လို့ရတာမို့ အဲဒီနေရာကလည်း ကျွန်မ အချိန်တော်တော်သုံးလေ့ရှိတဲ့ နေရာထဲက တစ်ခု။

Anonymous said...

ဟားဟား သင့်ပြွန် တဲ့....စကားလုံးကို ကြိုက်သွားပြီ

မဒမ်ကိုး said...

သများလဲ မသုံးတော့ဘူးလို့စိတ်ပိုင်းဖြတ်လိုက်တော့တယ် စိတ်ပျက်လာလို့း((

ဒါနဲ့စကားမစပ် ထွက်ကျသွားတဲ့ မျက်ရည်ဗူးသီးကြီး ဘယ်ရောက်သွားလဲ သများလိုချင်လို့

ဗူးသီးကြော် ကြော်ကြမယ်လေ :P

ဂျရစ်

စံပယ်ချို said...

မနက်နွားနို့၊နေ့လည် ကိုလာ၊ညနေ
ဘီဘီတွေနဲ့ ကျားကန်ထား----------------------------
အတော်လေး သနားစရာကောင်းနေပြန်ပြီကိုယ့်ဆရာရေ

မောင်သီဟ said...

ဟိုက်
ဘဝတူ ဘဝူတ သမားတွေပါလား
လူပြိုကြီးတွေ လွမ်းရင် ပိုမိုပြင်းထန်တတ်တယ်တဲ့
လူပြိုကြီးခေါင်း တိုတိုမှောင်ကပြောသွားတယ်

mstint said...

ဟင်.... ခွင့်မရရင် မလေးကို သွားလို့မရတော့ဘူးပေါ့း(
အဲဒါဆိုရင် ဘယ်သူ့အားကိုးရပါ့နော်။ အားငယ်ပါ့ :P
ကျန်းမာရေး ဂရုစိုက်ပါ မောင်ညိမ်းရေ။ မနှင်းဆီကို ရင်ဖွင့်သံတွေနားထောင်သွားတယ်နော်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

Candy said...

ဖဘမှာ လိုက်မယ့်လူရှိတော့ဘူးပေါ့.. အဟင့် အဟင့် ဗြဲ..

ခရီးသွားချင်တယ်ဗျို့........... :(

မင်းဧရာ said...

အင်း........
မနှင်းဆီ တမ်းချင်းတွေနဲ့
ကိုညိမ်းနိုင်။

မလေးကို လာမှာက တစ်ရက်တည်း
ပီနန်းကိုလည်း ခဲလိုက်ချင်သေး။
12 13 ကိုအားလုံးတွေ့ဆုံရလေအောင် လူစုပြီးစောင့်နေမှာ ဖြစ်ကြောင်။
ဤသို့ အကြောင်းကြားထားသည့်ကြားက တလွဲလုပ်ပါက မှီရာကို ဆွဲကုတ်မည်ဖြစ်ကြောင်း
ထပ်လောင်း၍ မှာခဲ့ပါသည်။

စီအိုင်အေ ပစ်ပစ် said...

အမလေး ကညိမ်းရယ်
ဖဘတွေ ဘလတွေ..ဘီဘီ တွေ
မနှင်းဆီတွေ ခဏထားဦး..
သူများအမတယောက်အတွက်
မွေးနေ့ဆုတောင်းရေးထားတယ်
ဘလော့မှာ..မြန်မြန်လာဖတ်ပါ
ကညိမ်းရဲ့

နေ၀သန် said...

ဟမလေး.. အိကု... ဖဘမသုံးလို့ အချိန်ပိုထွက်တယ်.. ဘာများလုပ်မလဲလို့.. ရုပ်ရှင်ကြည့်မယ်၊ သီချင်းနားထောင်မယ်တဲ့.. ဂယ်ပဲ... ဟိဟိဟိ.. :P.. နေကောင်းသွားပလား..း)

ခင်မင်လျက်
နေ၀သန်

khin oo may said...

ဟုတ်ပါ့

အားလုံးကိုထောက်ခံသွားသည်။