Tuesday, April 24, 2012

အိမ်မက်သတို့သမီး (သို့) စီရမ်ရိ ( ၃ )

စီရမ်ရိပို့စ်ကို မိတ်ဆွေတွေတော့မသိဘူး...၊ကျွန်တော့်ဘာသာတောင် မေ့တေ့တေ့ဖြစ်နေပြီဗျိုး....၊ပြောရရင်
ပထမကျွန်တော်စဉ်းစားထားတာကစီရမ်ရိနဲ့အန်ကောဝပ်ဘုရားကျောင်းအကြောင်းကို သေသေချာချာလေး
ရေးမလို့ပဲ....၊ဒီအတွက် စာအုပ်တွေဘာတွေတောင် စီရမ်ရိကဝယ်ခဲ့ပါသေးရဲ့...၊ဝီကီထဲလည်း ရှာဖွေဖတ်မိ
ပါရဲ့...၊ခက်တာကအဲ့စာအုပ်ကလည်းနဲနဲပဲဖတ်ရသေး....၊မြန်မာပြည်မှာမေ့ကျန်ခဲ့ပါရောလား....၊ပြီးဒီရက်ပိုင်း
အတွင်း အလုပ်ရှုပ်နေတာနဲ့၊အခြားအကြောင်းအရာတွေကို ရေးနေဖြစ်တာနဲ့ ပြက်တောင်းတောင်းတွေဖြစ်
ကုန်တော့ သေသေချာချာမရေးဖြစ်တော့ပါဘူးဗျာ...၊ဒီတော့ တက်သုတ်ရိုက်ပြီးပဲ စီရမ်ရိကိုဖြတ်လိုက်တော့
မယ်ဗျာ...နော့.....။

အဲဒီနေ့က ကျွန်တော်တို့နှစ်ဦးသား အန်ကောဝပ်ကထွက်လာတော့ မှောင်စပြုနေပါပြီ....။ကျွန်တော်က ဟို
တယ်ပြန်နားပါတယ်...၊မျှစ်ကတော့ သင်တန်းရှိလို့ကပျာကယာလစ်လေရဲ့.....၊ညရှစ်နာရီကျော်ကျော်
လောက်မှာသူပြန်လာခေါ်ပါတယ်....။စီရမ်ရိရဲ့လမ်းဘေးဘီယာဆိုင်လေးတစ်ဆိုင်ကိုပါ။စီရမ်ရိမှာညနေခင်း
အပျင်းပြေထိုင်စရာလက်ဘက်ရည်ဆိုင်ရယ်လို့မယ်မယ်ရရမရှိပါဘူး.....တဲ့၊ထိုင်စရာဘီယာဆိုင်ပဲရှိပါသတဲ့၊
ကောင်းလိုက်တာဗျာ၊ရေငတ်တုန်းရေတွင်းထဲကျတာပဲဗျိုး....:)))။အဲ့ဆိုင်လေးမှာ အမြည်းအဖြစ်ရနိုင်တာက
တော့ အမဲကောင်လုံးကင်ပါပဲဗျိုး.....။နွားတစ်ကောင်လုံးကို တံစို့ထိုးကင်ရောင်းတာပါ.....။အဲ့လိုဆိုင်မျိုးတွေ
စီရမ်ရိနဲ့ ဖနွမ်းပင်မှာ ၁၀၀နီးပါးရှိပါသတဲ့......။အဲ့ဆိုင်တွေရဲ့ တစ်နေ့တစ်ကောင်နှုန်းဖြုန်းအားကြောင့် ခုဆို
ကမ္ဘောဒီးယား နွားဝယ်ရနိုင်ဖို့ရာ အခက်တွေ့နေရပါသတဲ့ဗျာ......၊ညနေ ၅နာရီလောက်စရောင်းလိုက်တာ
ည ၈ နာရီလောက်ဆိုဘာမှမကျန်တော့ပါသတဲ့ဗျာ....၊ဟုတ်ပါ့ဗျာ.....အဲဒီနေ့က ကျွန်တော်တို့ရောက်သွား
တော့ နွားကျောရိုးမကြီးပဲမြင်ရပါတော့တယ်.....၊အသားနဲနဲပါးပါးတော့ လှီးထားတာကျန်လေရဲ့....၊ဒီတော့
ရှိတဲ့အသားလေးပဲ မြည်းစမ်းခဲ့ရပါတယ်ခင်ဗျ......။ဓာတ်ပုံတွေဘာတွေလည်း မရိုက်ခဲ့တော့ပါဘူးဗျာ......၊
ကိုယ်တွေကပုလင်းမြင်ရင် အကုန်မေ့သကိုး....:))))။အမှတ်တရအနေနဲ့ ဖုံးလေးနဲ့တစ်ပုံပဲရိုက်ခဲ့ပါတော့
တယ်.....။



 ပုံမှာမြင်ရတဲ့အတိုင်းပါပဲဗျ၊အမဲသားနဲ့တွဲဖက်စားဖို့ အသီးအရွက်ပေါင်းစုံတစ်ပန်းကန်ရယ်၊စပါးလင်၊ငရုတ်
သီး၊သံပုရာသီးတို့ကိုရိတ်ရိတ်ပါအောင်လှီးထားတဲ့ တစ်ပန်းကန်ရယ်...၊နောက် ဟင်းအနှစ်လို ဘာမှန်းမခွဲ
ခြားတတ်တဲ့အရာတစ်ပန်းကန်ရယ် ချပေးပါတယ်....၊အဲ့ဟာတွေနဲ့တွဲဖက်စားရပါသတဲ့။

နောက်တစ်နေ့မနက်မှာတော့ ကျွန်တော်တို့တစ်တွေ အန်ကောဝပ်ကို မကြေပွဲနွဲဖို့ တစ်ခေါက်ထပ်သွား
ပါတယ်...။အန်ကောဝပ်ဘုရားကျောင်းအပေါ်ထပ်ကိုတက်ဖို့ပါ...၊ကံဆိုးပါတယ်ဗျာ...၊သန့်ရှင်းရေးလုပ်မှာ
ဖြစ်လို့ အပေါ်ကို တစ်နေ့လုံးပိတ်ထားပါသတဲ့ဗျာ...။ဒါနဲ့ပဲ ဘုရားကျောင်းထဲတစ်ခေါက်ထပ်ကြည့်ပြီး ပြန်
ထွက်လာခဲ့ကြပြီး ဘုရားကျောင်းရဲ့ အရှေ့ဘက် နဲနဲလှမ်းတဲ့ ကွင်းပြင်ထဲမှာရှိတဲ့ မိုးပျံဘောလုံးကြီးဆီချီ
တက်ခဲ့ကြပါတယ်....။တစ်ဦးကို ၁၂ဒေါ်လာထင်ပါရဲ့....၊ကျွန်တော်တို့ရောက်သွားတော့ စီးမယ့်သူဆိုလို့
မျက်နှာဖြူစုံတွဲတစ်တွဲပဲရှိပါတယ်....၊လူမပြည့်သေးလို့စောင့်ရပါသေးတယ်...။နဲနဲကြာကြာစောင့်နေသည့်
တိုင် နောက်ထပ် စီးမယ့်သူမရောက်လာတာနဲ့ ကျွန်တော်တို့သုံးယောက်ရယ်၊အဲဒီမျက်နှာဖြူစုံတွဲရယ်၊
ပေါင်းငါးယောက်နဲ့ပဲအပေါ်ကိုတက်ခဲ့ရပါတော့တယ်....။သူ့ဘောလုံးက အောက်ကနေ သံကြိုးတစ်ချောင်း
နဲ့ဆိုင်းထားပြီး အပေါ်ကိုပဲ တက်တာရယ်...၊ပုဂံကလို ဟိုဟိုဒီဒီလျှောက်သွားတာမဟုတ်တော့ သိပ်မစွံပါ
ဘူးဗျာ....။


 ကျွန်တော်တို့စီးခဲ့သော မိုးပျံဘောလုံးပါ....။

 အဲဒီနောက်မှာတော့ Banteay Srei ဘုရားကျောင်းဘက် ထွက်ခဲ့ကြပါတယ်ခင်ဗျာ.....။

 ဟိန္ဒူဘုရားရှီဗာ(သျှီဝ)ကို ရည်မှန်းပြီးတည်ဆောက်ခဲ့တဲ့  ဒီဘုရားကျောင်းကို ခမာအနုပညာရဲ့ မျက်ရွဲ
ရတနာ ရယ်လို့တင်စားကြပါတယ်....။အနီရောင်သဲကျောက်တွေနဲ့တည်ဆောက်ထားတဲ့ Banteay Srei
ဘုရားကျောင်းမှာ အနုစိတ်ထုလုပ်ထားတဲ့ ကျောက်ဆစ်လက်ရာတွေရဲ့အလှကြောင့်ဖြစ်ပါတယ်ခင်ဗျာ...။





 

 ဒီရုပ်တုကိုမြင်တော့ ညကစားခဲ့တာကို ပြန်သတိရမိရဲ့၊လွန်ခဲ့တဲ့နှစ်ပေါင်းများစွာက ယုံကြည်မှုတစ်ခုအဖြစ်
ရိုးခိုးကော်ရော်ခဲ့ကြပေမယ့်၊ယခုချိန်မှာတော့ မက်မက်စက်စက်စားသုံးဖွယ်ရာဖြစ်ခဲ့ပါရောလား....၊










Banteay Srei ဘုရားကျောင်းမှ ကျွန်တော်တို့ပြန်ထွက်လာတော့ နေလည် ၁နာရီလောက်ရှိပြီခင်ဗျ။ဒါနဲ့
မြို့ထဲဘက်ပြန်သွား၊ထမင်းစားခဲ့ကြပါတယ်...။ညနေမှာတော့ ကျွန်တော်တို့တစ်တွေ အရှေ့တောင်အာရှ
ရဲ့ အကြီးဆုံးရေချိုအိုင်ကြီးဖြစ်တဲ့ Tonle Sap ရေအိုင်ကြီးဘက် ထွက်လာခဲ့ကြပါတယ်ခင်ဗျား.....။




လည်ပင်းမှာ မြွေတစ်ကောင်ပတ်လို့ ..............


တုံလီစပ်ရဲ့ ရင်သွေးငယ်..........



ဆောက်လက်စ ဖောင်အိမ်တစ်လုံး.......၊မပြီးသေးပေမယ့် နေချင်စရာလေးဗျနော်...၊



၂၇၀၀ စတုရန်းကီလိုမီတာကျယ်ဝန်းတဲ့ ရေကန်ကြီးက တကယ့်ကို ကမ်းမမြင်လမ်းမမြင်ရယ်..........



ဆည်းဆာ............


ဝင်လုဆဲနေလုံးကြီး နဲ့ အိမ်ပြန်လာတဲ့ လှေငယ်..........
 

စီရမ်ရိမှာ သာတဲ့လ ဆိုပါတော့ဗျာ....၊အဲ့ဒီညက လပြည့်ညခင်ဗျ...........။



အဲဒီညက ကျွန်တော်နဲ့ ကိုထွဋ် တို့နှစ်ဦးသား  စီရမ်ရိရဲ့ နာမည်ကြီးနေရာတစ်နေရာဖြစ်တဲ့ pub street ဘက်ကို ထွက်လာခဲ့ပါတယ်....။tomb raider ဇာတ်ကားကို စီရမ်ရိမှာ လာရောက်ရိုက်ကူးစဉ်က ဂျိုးလီထိုင်
သွားခဲ့ဖူးတဲ့ Red Piano ဆိုတဲ့ ဘားဆိုင်လေးရဲ့အပေါ်ထပ်မှာ ထိုင်ရင်း....၊tomb raider cocktailတစ်ခွက်
သောက်ရင်း......စီရမ်ရိရဲ့ ညကို တိတ်ဆိတ်စွာငေးမောနေခဲ့မိပါတယ်....။လပြည့်ရောင်အောက်မှာ မြို့လေး

ဟာ စည်ကားရှုပ်ထွေးစွာနဲ့လှနေပါတယ်....။သူ့ရင်ခွင်ထဲမှာ သူ့ကို တိတ်တခိုးခင်မင်နေခဲ့သူတစ်ဦးမှ

၃ရက်တာနားခိုခဲ့တာကို သူသိမှတ်မိဟန်မတူပါဘူး....။ ထားရစ်ခဲ့ရတော့မယ့် မြို့လေးကို ကျွန်တော် ရင်ထဲ
မှ တိတ်ဆိတ်စွာနှုတ်ဆက်လိုက်မိပါတယ်....၊ကံမကုန်ရင် ပြန်ဆုံကြသေးတာပေါ့....စီရမ်ရိရယ်.....လို့....။





Red Piano ဆိုင်ပါ၊ဂူးဂဲကယူပါတယ်ခင်ဗျ.....




17 comments:

မိုးငွေ့...... said...

ဟမ်....နွားကောင်လုံးကင်......။ ဒါ့ပုံလေးတွေရဲ့ ရိုက်ချက်သိပ်လှတယ်...။ အန်ကောဝပ်ကို ရောက်အောင်သွားလည်အူးမယ်....။ ဒါနဲ့ လပြည့်လက သိပ်လှနေပါရောလား....။ ကြည့်ပြီး လွမ်းချင်ချင်ဖြစ်လာဘီ...။

ခရစ္စတလ် said...

ခရီးသွားနေစဉ်တော့ ရေးပလိုက်မယ်ပေါ့၊
ပြန်ရောက်တော့လည်း...အဲသလိုပဲဖြစ်ဖြစ်သွားတယ်၊ အားမှ မအားကြတာကိုးးးး။ ဒီလောက်ဖတ်ရ ဓာတ်ပုံတွေ မြင်ရတာပဲ ကျေးကျေး :)

AH said...

စီရမ်ရိ အမှတ်တရ လေးကို ဖတ်သွားပါတယ် ခင်ဗျာ... နွားကောင်လုံးကင်ဆိုတော့ အောက်တိုဘာဖက်စ် ကိုတောင် မဆီမဆိုင် သွားသတိရလိုက်မိသေးတယ်....

Anonymous said...

တကယ်ကို စိတ်ဝင်စားစရာ ကောင်းတဲ့ ပုံလေးတွေနဲ့ ပို့စ်ကောင်းလေး တစ်ပုဒ်ပါ . . နေညိုညိုနဲ့ ဆည်းဆာ အလှက ဧရာဝတီကိုတောင် သတိရသွားစေတယ် . . .


ခင်မင်စွာဖြင့်
ဗညားရှိန်

mstint said...

ဓာတ်ပုံတွေရိုက်ချက် လှမှလှ မောင်ညိမ်းရေ။ အန်ကောဝပ်ကိုရောက်ဖူးပေမယ့် တစ်ခြားနေရာတွေ မရောက်ဖူးခဲ့ဘူး။ ဝဋ်ကြီးတဲ့ နွားများ ကမ္ဗောဒီးယားမှာမှ မွေးဖွားကြတယ်ထင်ပါရဲ့။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

နေ၀သန် said...

ှိဆီရမ်ရိပ်တဲ့... မီးတွေကို ထိန်နေတာပဲနော်..း)).... တွေ့ကရာ ပုလင်းမော့မယ်ဆိုတာချည်းပဲ.... အိကု..း))..

ခင်မင်လျက်
နေ၀သန်

Nyi Linn Thit said...

ကိုညိမ်းနိုင်က မေ့တေ့တေ့ ဖြစ်နေသလို၊ ကျနော်ကလည်း ဆက်စရာများ ကျန်နေသေးလားလို့ ဇဝေဇဝါနဲ့ရယ်..၊း) နွားကောင်လုံးကင် ကိုတော့ အံ့သြတယ်ဗျာ၊ အများအားဖြင့် နွားလို အကောင် ခပ်ကြီးကြီးထက် ဝက်ကိုပဲ လုပ်ကြတာကိုး၊ ဘာပဲဖြစ်ဖြစ် ဘီယာနဲ့ အမဲကင်ကတော့ တွေးကြည့်ရုံနဲ့တင် ခံတွင်းစိုစေတဲ့ အတွဲပါပဲ၊း) ဓါတ်ပုံတွေ မိုက်တယ် ကိုညိမ်းနိုင်၊ အထူးသဖြင့် နေဝင်ချိန်မှာ လှေကလေးနဲ့ ပြန်လာတဲ့ပုံကို သဘောကျတယ်၊ နေလုံးကို အပြည့် မြင်လိုက်ရရင် ဒီ့ထက်တောင် ပိုလှဦးမယ် ထင်တယ်ဗျ..။

Anonymous said...

Banteay Srei ကို the Citael of Women လို့ခေါ်ထားပါသေးတယ်။ ရာမယနဇာတ်တော်ကို လက်ရာမြောက်စွာ ထွင်းထုထားတာမို့ စိတ်ဝင်စားစရာကောင်းလှပါတယ်။ အကြိုက်ဆုံးကတော့ ဘုရားကိုသွားတဲ့လမ်းမကျယ်ကျယ်ပါပဲ။

ကျောက်တုံးအမျိုးအစားကိုလိုက်ပြီး ခေတ်ကိုခွဲနိုင်တာမို့ ထုံးကျောက်မဟုတ်ပဲ အုတ်အနီရောင်သုံးပြီး တည်ထားတဲ့ စေတီအနည်းငယ်ကိုရော ရောက်ခဲ့သေးလား..

သွားခဲ့တဲ့အချိန်တုန်းက နယ်စပ်က Preah Vihear ကိုတော့ နယ်မြေ မအေးချမ်းတာမို့မရောက်ခဲ့ရဘူး။

နောက်တခေါက်တော့ ရောက်ဖြစ်မယ် ထင်မိတယ်.

Myat Pan Nwe (မြတ်ပန်းနွယ်) said...

လည်ပင်းမှာ မြွေလေးပတ်ထားတဲ့ ကလေးလေးကို သဘောကျလိုက်တာ။ ပုံတွေကြည့်ရုံနဲ့ မတင်းတိမ်နိုင်အောင်ဖြစ်နေပြီ။

လွင်ပြင်လှိုင်းငယ် said...

ဓါတ်ပုံရိုက်ချက်တွေအရမ်းကောင်းတယ် အားကျထှာ

ကိုရင် said...

ငါ့ကပ္ပိယငါ့ကလည်း တွေ့ရာကို ကောက်မော့မယ် ဆိုတာကြီးပါလား..စိတ်လျှော့..စိတ်လျှော့..

အင်း..သူများတွေ ခရီးတစ်ခါထွက်ရတာ တစ်နှစ်စာ ဖူလုံသွားလေရဲ့ကွယ် :D

ရဲထွန်း ဇော် said...

နေ၀င်နေတဲ့ပုံတွေ လှ၏

မောင်ဘကြိုင်(ချဉ်ပေါင်ခြံ) said...

အန်ကောဝပ်ကျောင်းတော်ကြီးကို အရမ်းရောက်ဖူးချင်နေတာ

Tommy Girl said...

Red Panio ကို ရောက်ဖူးချင်တယ်..း)

khin oo may said...

ဖျားဖျား ငါ့ link တွေ မနည်းဘာလား လာဖတ်ရတာတောင် အားနာပီ။

san htun said...

ခမာတွေ အမဲကြိုက်မှန်း ခုမှ သိတော့တယ်..ဓာတ်ပုံတွေ မိုက်တယ်ဗျ..အဲလို ရိုက်တတ်ချင်လိုက်တာ...

G said...

Love your website! It's a pleasure to visit here. Come and visit my website too!
http://motors.com.mm/?utm_campaign=mot_mm_lb_blog_gvisoy&utm_source=mot_lb_blog&utm_medium=lb_blog