Thursday, January 17, 2013

ဒဏ္ဍာရီများရဲ့မြို့ပြ

ကုန်လွန်ခဲ့ပြီဖြစ်တဲ့ ၂၀၁၂ခုနှစ်ဖေဖော်ဝါရီလ ထဲမှာ ကျွန်တော်မြန်မာပြည်ပြန်တော့ မြန်မာတို့ရဲ့ နှလုံး
သဲပွတ် လို့ တင်စားရမယ့် ပုဂံကို ရောက်ခဲ့ပါတယ်....၊ကြာကြာတော့မနေဖြစ်ပါဘူး တစ်ရက်ခွဲလောက်ပဲ
နေဖြစ်ခဲ့ပါတယ်။ပုဂံကို ၃ကြိမ်မြောက်ရောက်ခဲ့ခြင်းရယ်ပါ...၊ဟိုးလွန်ခဲ့တဲ့ ဆယ်စုနှစ်များက ပုဂံနဲ့ ယခုပုဂံ
ဟာ အတော်အတန်ခြားနားပြောင်းလဲနေပါပြီ...။သို့ပေမယ့် ကျွန်တော်တို့ ရင်ထဲက ပုဂံကတော့ အရင်
အတိုင်းပါပဲ...။

ပုဂံရာဇဝင်ကို တုတ်ထမ်း၊ဒါးထမ်း ပြောရတယ် လို့ ဆိုရိုးစကားရှိပါတယ်...၊ဟုတ်ပါတယ်...၊ကျွန်တော်တို့
ကြားဖူးတဲ့ ပုဂံဒဏ္ဍာရီပေါင်းများစွာရှိပါတယ်...၊ငယ်စဉ်ကာလ ကလေးဘဝ ကတော့ ပုဂံရဲ့ ဒဏ္ဍာရီတွေကို
ပါးစပ်အဟောင်းသားနဲ့ နားထောင်ခဲ့ရသပေါ့၊ကြီးလာတော့လည်း ပုဂံရဲ့ ရာဇဝင်တွေကို ဒဏ္ဍာရီပုံပြင်တွေ
အဖြစ် နှစ်သက်မြတ်နိုးနေဆဲပါပဲ....၊ဒါကြောင့်ပဲ ကျွန်တော် ပုဂံမှာ ရိုက်လာခဲ့တဲ့ ဓာတ်ပုံလေးတွေထဲက
ကောင်းနိုးရာရာလေးတွေကို စလိုက်ရှိုးလေးတစ်ခုအဖြစ်ဖန်တီးခဲ့ပြီး ဒဏ္ဍာရီများရဲ့မြို့ပြ  ရယ်လို့ အမည်
လေး ပေးထားပါတယ်...။ဓာတ်ပုံလေးတွေက ကောင်းနိုးရာရာလေးတွေဆိုပေတဲ့ ဓာတ်ပုံပညာနဲ့ပက်သက်
ရင် နကန်းတစ်လုံးတောင်မသိသူမို့ကိုယ့်ဘာသာသဘောကျနေပေမယ့် အများအမြင်မှာ လောက်လောက်
လားလား ချီးမွန်းခန်းဖွင့်စရာ ရှိမယ်မထင်ပါဘူး...၊ဒါပေမယ့် သုံးမိနစ်သာသာလေးကြာမယ့် စလိုက်ရှိုးလေး
ကို ခင်ရာမင်ကြောင်း အားပေးသွားကြပါဦးလို့..... :)



11 comments:

ညိမ်းနိုင် said...

ပထမတင်ထားတဲ့ပို့စ်ကို ယောင်ပြီးဖျက်လိုက်မိလို့အသစ်
ပြန်တင်ရပါတယ်...၊တော်ပါသေးတယ် ကော်ပီကူးထား
တာလေးရှိလို့ပါ။ပထမပို့စ်က ကွန်မန့်များကို ကူးယူ
ဖော်ပြလိုက်ပါတယ်ခင်ဗျာ။

မောင်သစ္စာ..... eikuကဘယ်ေ၇ာက်နေတာတုန်း..

အန်တီတင့်.....
နေထွက်တာကနေ နေ၀င်ချိန်အထိ နောက်ခံတီးလုံး စောင်းသံလေးကို စည်းနဲ့ဝါးလိုက်ထားတာ နားဝင်ချိုတယ်
မောင်ညိမ်းရေ အိုင်ဒီယာလေးကောင်းပါ့။ ပုဂံကို
တစ်ခေါက်လောက် ထပ်သွားချင်ပြန်ပြီး) စိတ်ဓာတ်
အစဉ်ကြည်လင်အေးမြပါစေကွယ်။ မေတ္တာဖြင့် အန်တီတင့်

မိုးနတ်ကြယ်စင်..... မိုးနတ်ကတော့ တစ်ခါမှကို မရောက်ဖူးသေးတာ မို့ ရောက်ဖူးပြီးတဲ့ သူတွေကိုအားကျစွာ..... သပ္ပါယ်လွန်းတဲ့ ပုံများကိုလဲ ကြည်နူးစွာ လာရောက် ကြည့်ရှု့သွားကြောင်းပါ.... ဦးလေးငြိမ်းက ရိုက်ချက်ဆိုးဘူးရှင့်..... မိုးနတ်ဆို လက်ငြိမ်အောင်တောင် ထားဖို့ အာရုံမရဘူး.....:

ကိုညီလင်းသစ်.....
ပုံတွေ ကောင်းပါတယ်ဗျ... ကိုညိမ်းရ..၊း) ကျနော်တော့ သဘောကျတယ်၊ ရွှေစည်းခုံ စောင်းတန်းက ဈေးဆိုင်လေးတွေရယ်၊ ဥပါလိသိမ်ရယ်၊ နေဝင်ချိန်က မင်္ဂလာစေတီရယ်.. ဒါတွေကို နောက်ခံတီးလုံးနဲ့ တွဲလိုက်တော့ လွမ်းစရာ...၊ ကိုညိမ်းနဲ့ ကျနော်နဲ့က ရောက်ခဲ့ချိန် မရှေးမနှောင်းဆိုတော့ ကာလတူ၊ အချိန်တူမို့ ပိုပြီး ခံစားလို့ ကောင်းတယ်၊း) အကြိမ်များစွာ ရောက်ဖူးခဲ့ပေမယ့် အကြိမ်များစွာ ထပ်သွားချင်နေတုန်း ပါပဲ...။

ကိုကိုမောင်(ပန်းရနံ့)....သုံးမိနစ်သာသာဘဲတဲ့။း) ဘုရားတွေက များတော့ ဘုရားနာမည်လေးတွေပါ ဆလိုက်ရှိုးထဲ ပါလာမလားလို့။ နှစ်ခေါက်ဘဲ ရောက်ဖူးတာဆိုတော့ ကောင်းကောင်း မမှတ်မိချင်ဘူး။ စိတ်ကူးလေးကောင်းတယ်။ မြန်မာ့တီးလုံးနဲ့ မြန်မာ့ရှုခင်း။ ဗဲရီးဂွတ်။

မေမြို့မိုး.....
ဦးအိကုပုံလဲပါပု.. ပါမလားလို့ကျိနေတာ.. :(

မဒမ်ကိုး.....လန်းတယ်ဗျာ သွားနိုင်အောင်
ကြိုးစားရဦးမယ်

ကန်ဒီ..... ပုဂံတောင် သွားလည်ချင်လာပြီ.. နာ့အူးလေး ဘယ်ပျောက်.. အူးလေးမရှိတဲ့ ဖေ့ဘွတ်က ပျင်းခြောက်ခြောက်ကြီး :(

Anonymous said...

fyi - can't open ur link.

သူကြီးမင်း (တုံးဖလား) said...

လက်တော်တော့ဆော့တတ်ပုံပေါ်တယ်။း)

Anonymous said...

ခဏခဏရောက်နေတဲ့ လင့်တစ်ခု တွေ့မိရင် တီးလုံးသံနဲ့ ဓာတ်ပုံလေးတွေ လာကြည့်တာလို့နော် ... :)

မဒမ်ကိုး said...

တော်တော်လက်ဆော့သည် တော်တော်ကြီးကိုလက်ဆော့သည် .

Aunty Tint said...

မှားတဲ့အခါလည်း မှားပေမပေါ့ မောင်ညိမ်းရယ် ဟိဟိ။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

Cameron said...

ငင်...မီးပေးတဲ့ကော်မန့်ဘယ်မလဲ အူးလေး...ပန်ရှာဗျာ...

Cameron said...

သာမီးတို့က လာမယ့် မတ်ချလတွားလည်မှာ ပုဂံကို

မိုးနတ်ကြယ်စင် said...

ခေးမဟုတ် သယ်မဟုတ် အဲလောက်ဆော့ရလား
လေးငြိမ်း.....:)

San San Htun said...

မရောက်တာ ဆယ်နှစ်ကျော်ပြီပေမယ့် ပုဂံကို သွားလည်ချင်တုန်း..စောင်းသံတီးလုံးလေးက နားဝင်ချိုလိုက်တာ..

မိုးဇက် said...

ဟာ ဗျာ အူးလေးကလဲ
ဟာ ဗျာာာာာာာာာာာာာ
ဟာာာာာာာာာာာာာ.................
ဗျာာာာာာာာာာာာာာာာာာာာာ
:DDDDDD