Friday, October 1, 2010

လူ နှင့် မျှော်လင့်ချက်

မျှော်လင့်ချက် ဟုဆိုလိုက်သည်နှင့် သတိတရရှိလိုက်သည်က ပန်ဒိုရာ့ သေတ္တာကိုပါ..။(မှတ်ချက် ဘလော့ကာ
အစ်မပန်ဒိုရာရဲ့ ရတနာသေတ္တာ မဟုတ်ပါ...း) )။ဂရိဒဏ္ဍရီလာ မျှော်လင့်ချက်နဲ့ ပတ်သက်တဲ့ ပုံပြင်လေးပါ...။
ဒီပုံပြင်လေးကို လူတိုင်းသိပြီးသားဖြစ်မှာပါ....။သေတ္တာလေးထဲမှာကျန်ခဲ့တဲ့နောက်ဆုံးအရာဖြစ်တဲ့မျှော်လင့်ချက်
ကို ရင်မှာပိုက်လို့ လူသားတွေဟာ ဘဝရဲ့ အဝေနိက ဒုက္ခပေါင်းစုံတွေ ကြားမှာလှုပ်ရှားရုန်းကန်နေကြရတာပါပဲ။

ဟုတ်ပါတယ်...။လူတစ်ယောက်ရဲ့ဘဝမှာ မျှော်လင့်ချက်သာ မရှိခဲ့တော့ရင် သူဘယ်လိုများအသက်ရှင်နေနိုင်ဦး
မှာတဲ့လဲ...။ဘယ်လောက်ပဲ ကံကြမ္မာဆိုးရွားနေစေဦးတော့ ပိုမိုကောင်းမွန်လာမဲ့ မနက်ဖြန်ဆိုတဲ့မျှော်လင့်ချက်နဲ့
အသက်ရှင်ရပ်တည်နေရတာပဲမဟုတ်ပါလား...။

တစ်ခါတစ်ရံမှာ ဘယ်လိုမှ အဖတ်ဆယ်လို့မရတော့တဲ့ အခြေအနေမှာ ရှိနေသည့်တိုင်အောင် ကျွန်တော်တို့ဟာ
မျှော်လင့်ချက် အတုအယောင်လေးတစ်ခုခုနဲ့ ဘာသာ စိတ်လှည့်စားလို့ အဆုံးတစ်နေ့ကို ရင်ဆိုင်ကျော်ဖြတ်
မိကြစမြဲပါ...။ဆိုးရွားလှတဲ့ ဘဝကြမ္မာကို ခံစားနေကြရသူတွေကို နှစ်သိမ့်ပေးနိုင်တဲ့ အရာတစ်ခုကိုပြောပါဆိုရင်
သူ့အတွက် မျှော်လင့်ချက်လင်းရောင်ချည်လေးတစ်ခု ဖန်တီးပေးဖို့ပဲ ရှိပါတော့တယ်...။

မျှော်လင့်ချက်နဲ့ပတ်သက်လို့ ကျွန်တော်တို့ ခုနှစ်တန်းနှစ်(လို့ထင်ပါတယ်)မှာသင်ခဲ့ရဖူးတဲ့ masterpiece (အင်း
ဒါလည်း ထင်တာပဲး) ) ဆိုတဲ့ အင်္ဂလိပ် ပုံဝတ္ထုလေးကိုသတိရမိပါရဲ့။နာတာရှည်မကျန်းမမာဖြစ်နေတဲ့ ကလေးမ
လေးတစ်ယောက်...၊ပြူတင်းပေါက်ကမြင်ရတဲ့ တိုက်နံရံမှာတွယ်ကပ်ပေါက်နေတဲ့ သစ်ပင်လေးက သစ်ရွက်လေး
တွေ ဆောင်းရာသီနှင့်အတူ ကြွေလွင့်ကုန်ကြရင်ဖြင့် သူလည်းသေဆုံးသွားရမယ် လို့ ထင်နေရှာပါတယ်...။

ဆောင်းရာသီနှင့်အတူ သစ်ရွက်လေးတွေလည်း တဖြည်းဖြည်း ကြွေလွင့်ကုန်ကြပါပြီ..။ကလေးမလေးလည်း
တစ်နေ့တခြား ဖြူလျော့လို့လာနေပါပြီ..။နောက်ဆုံးသစ်ရွက်လေးတစ်ရွက်ပဲကျန်ပါတော့တယ်...။တစ်ညမှာဖြင့်
အဲဒီသစ်ရွက်လေးလည်း ကြွေလွင့်သွားတော့မှာပါ...။နေ့စဉ်နံနက်တိုင်းစောင့်ကြည့်နေတဲ့ ကလေးမလေးလည်း
အဲဒါကိုမျှော်လင့်နေပြီးသားပါ...။ဒါပေမယ့် နေ့တွေတစ်ရက်ပြီးတစ်ရက်ကုန်ဆုံးသွားပေမယ့်နောက်ဆုံးသစ်ရွက်
လေးက ကြံကြံခံလို့ ကျန်နေဆဲပါ...။ဒီလိုနဲ့ ဆောင်းကုန်လို့နွေဦးရာသီကို တဖြည်းဖြည်းရောက်ရှိလို့လာပါပြီ...။
သစ်ရွက်ကလေးက တော့ ကြံကြံခံနေဆဲ...။

ဒီလိုနဲ့ တစ်နေ့မှာ သစ်ပင်လေးမှာ ရွက်နုလေးတွေ ထွက်ပြူလာတာကို ကလေးမလေး မြင်တွေလိုက်ရပါပြီ...။
ကျဆင်းနေတဲ့ ကလေးမလေးရဲ့ စိတ်ဓာတ်တွေလည်း နွေဦး ရွက်နုလေးတွေနဲ့ အတူ ပြန်လည်မြင့်တက်လာခဲ့
ပါပြီ..။သူ...ဒီတောင်ကကျော်ပြီလို့ သိလိုက်ပါပြီ....။ဒီလိုနဲ့ သူ..ပြန်လည်ကျန်းမာလာခဲ့ပါတယ်....။

ဒါပေမယ့် သူမသိလိုက်ခဲ့တာက သူထားခဲ့တဲ့ နောက်ဆုံးမျှော်လင့်ချက် သစ်ရွက်ကလေးဟာ အစစ်မဟုတ်ခဲ့ပဲ
အိမ်နီးနားချင်း ပန်ချီဆရာအဖိုးအိုတစ်ဦးက နောက်ဆုံးသစ်ရွက်လေး ကြွေလွင့်သွားတဲ့ ညမှာ အေးခဲနေတဲ့
ဆောင်းရာသီကို အံတုလို့ နံရံမှာ ရေးဆွဲပေးသွားခဲ့တဲ့ ပန်းချီသစ်ရွက်လေး တစ်ခုဖြစ်နေခဲ့တာပါပဲ...။ပန်ချီဆရာ
ခင်မျာ မှာတော့ နောက်နေ့မှာပဲ နမိုးနီးယားနဲ့ သေဆုံးသွားခဲ့ပါတယ်...။မအောင်မြင်ခဲ့တဲ့ သာမာန်ပန်ချီဆရာ
တစ်ဦးဟာ သူ့ဘဝမှာ အသက်နဲ့ရင်းလို့ တန်ဖိုးအရှိဆုံး၊အပြောင်မြောက်ဆုံး မာစတာပိစ့် လက်ရာတစ်ခုကို
ဖန်တီးသွားနိုင်ခဲ့ပါတယ်...။

သူဖန်တီးခဲ့တာ မျှော်လင့်ချက်ကို ကိုယ်စားပြုထားတဲ့ သစ်ရွက်လေးတစ်ခုပါပဲ....။အတုပဲဖြစ်ခဲ့ဦးတော့ ဒါဟာ
လူတစ်ယောက်အတွက်တော့ မျှော်လင့်ချက်တစ်ခုပါ...။ကျွန်တော်တို့ဘဝမှာရော.....ဘယ်လိုမျှော်လင့်ချက်တွေ
နဲ့ အသက်ရှင်ရပ်တည်နေမိတာပါလိမ့်...။အတုတွေလား...၊အစစ်တွေလား....။အစစ်ဆိုရင်ရော...ဘယ်တော့
ပြည့်ဝမှာပါလိမ့်....။အတုဆိုရင်ရော.....။သူတစ်ပါးက ပေးလာတဲ့ အတုများလား....။ကျွန်တော်တို့ဘာသာ မသိ
စိတ်ကဖြစ်ဖြစ်၊သိလျက်နဲ့ဖြစ်ဖြစ် ဖန်တီးနေမိတဲ့ မျှော်လင့်ချက်အတုများလေလား....။

ဘာပဲဖြစ်ဖြစ်ပေါ့ခင်ဗျာ.....၊အတုပဲဖြစ်စေဦးတော့...၊သူတစ်ပါးကပေးတာဖြစ်ဖြစ်၊ဘာသာ ဖန်တီးမိတာပဲဖြစ်ဖြစ်
မျှော်လင့်ချက်ဆိုတာ ထားသင့်တဲ့အရာတစ်ခုပါပဲ...။ခက်တာက ရရှိလာတဲ့ မျှော်လင့်ချက်ဟာ အတုအယောင်
ဆိုတာ လက်မခံချင်ပဲ လက်ခံလိုက်ရတဲ့တစ်နေ့မှာ၊ကျွန်တော်တို့ ခံစားရမယ့်ခံစားချက်ပါပဲ...။ဒီခံစားချက်ကဖြင့်
မျှော်လင့်ချက်ဆိုတာ မထားခဲ့တာကမှ သက်သာရာရဖွယ်ရှိပါလိမ့်ဦးမယ်...။

ဒါပေမယ့် ကျွန်တော်တို့တစ်တွေကတော့ဖြင့် ထားနေဆဲ၊ထားနေမြဲပါပဲ...။

တစ်ခါတစ်လေ..သူများပေးတဲ့ မျှော်လင့်ချက်အတုအယောင်တွေနဲ့ ကြည်နူးသာယာနေလိုက်...။

တစ်ခါတစ်ရံတော့လည်း ဘာသာ စိတ်ကိုလည့်စားလို့ မျှော်လင့်ချက်လေးထားနေလိုက်...။

ဒီလိုနဲ့ပဲ...........။



7 comments:

ငွေလမင်း said...

လူတစ်ယောက်ဟာ သူငယ်ချင်းကောင်းတစ်ယောက် ဆုံးရှုံးရင် တော်တော်ဆုံးရှုံးတယ် ၊ ဥစ္စာပစ္စည်း ဆုံးရှုံးရင် အဲဒီထက်ပို ဆုံးရှုံးတယ် ၊ မျှော်လင့်ချက် ဆုံးရှုံးရင်တော့ ဘာမှ မရှိတော့ဘူးတဲ့ ၊ အင်္ဂလိပ်စကားပုံလေး တခုပါ ။

မေပယ်လ် said...

အင်း ..မျှော်လင့်ချက်ရဲ့ အားအင်တွေနော်
ကိုယ်လဲ ခုထိ မျှော်လင့်နေတုန်းပါပဲလေ
မနက်ဖန်တွေကိုပေါ့..ဟုတ်ဘူးလား:)

ချော(အစိမ်းရောင်လွင်ပြင်) said...

မျှော်လင့်ချက်ဟာ ဘ၀အတွက် ခွန်အား တဲ့
တကယ်လို့များ သူများကပေးတဲ့ မျှော်လင့်ချက်တွေ ဆုံးရှုံးသွားခဲ့ရင်
ကိုယ့်ဖာသာ ဖန်တီးတဲ့ မျှော်လင့်ချက်လေးနဲ့ ဘ၀ကို ရင်ဆိုင်ဖို့ ကြိုးစားနိုင်ပါသေးတယ်
စိတ်အားလျှော့ဖို့ မလိုပါ
ဘ၀မှာ မျှော်လင့်စရာ နည်းလမ်းတွေ များစွာ ရှိနေပါတယ်..
မှန်ကန်တဲ့မျှော်လင့်ချက်လေးတွေ ရယူနိုင်ပါစေ။

blackroze said...

လူတိုင်းဟာမျှောင်လင့်ချက်တွေနဲ့အသက်ရှင်နေတာလေ...
မဟုတ်ဘူးလား..

noblemoe said...

မျှော်လင့်ချက်လေး လာဖတ်ပါတယ်။ မရင့်ကျက်ဖူးပြောရမလား ဒီပေါ်မှာဘာမှ မပြောတတ်ဖူးဖြစ်နေမိတယ်။ ဟူးးးနားမလည်တာတွေများကြီးပါလား။

သာယာချမ်းမြေ့ပါစေရှင်း
မိုး

SHWE ZIN U said...

မျှော်လင့်ချက် မရှိရင် ဘယ်လို အသက်ရှင်မလည်း အတုအယောင် မှန်းသိပေမဲ့လည်း တခါတခါ ကိုယ့်ကိုကိုယ် ညာမိတယ်

ခင်မင်စွာဖြင့်
ရွှေစင်ဦး

သူကြီးမင်း (တုံးဖလား) said...

မျှော်လင့်ချက်ကလေးနဲ့အသက်ရှင်နေကြတဲ့ သူတွေချည်းအတူတူ တစ်ချို့သူတွေရဲ့ မျှော်လင့်ချက်က ကြီးမားလွန်းတယ်။ အဲဒီလို ကြီးမားလွန်းပြီး ရည်မှန်းသလောက်မဖြစ်ခဲ့ရင် မျှော်လင့်ချက်နဲနဲဘဲထားတဲ့ သူတွေထက် ပိုပြီး ခံစားတတ်ကြပါတယ်။ ဘာဘဲဖြစ်ဖြစ်ပေါ့လေ။ လူတိုင်း ရည်မှန်းချက်ရှိသင့်ပါတယ်။ အတုအစစ်ဆိုတာကတော့ အဆုံးသတ်မှ သိရမဲ့ကိစ္စတစ်ခုလို့ မြင်မိပါတယ်။

ခင်မင်လျက်
ကိုကိုမောင်(ပန်းရနံ့)