Friday, October 15, 2010

ဆူး စူးခြင်း

ဆူး စူးခြင်း

အတောင်သာလျှင် ဝန်ရှိသောငှက်...တဲ့
အတောင်ဝန် တောင်မသယ်ချင်ခဲ့
မိုးပျံပူဖောင်းတစ်လုံးလို နေချင်တဲ့ ငါ....

အချစ်ဆူး စူးတော့မှ
ဝုန်းကနဲ ပေါက်ကွဲ လွင့်စင်
ဒီကမ္ဘာမြေ က ငါ ပျောက်ကွယ်သွားချင်ပြီ....။


တနေ့သော တနင်္ဂနွေက တခုသောကမ်းခြေကို ရောက်ခဲ့ပါတယ်...။ကမ်းခြေမှာထိုင်လို့တွေးချင်ရာတွေး၊
ငေးချင်ငေးနေခဲ့တယ်ခင်ဗျ...။ရင်ထဲက ခံစားချက်တွေရယ်....၊ကမ်းခြေရဲ့ ဖြားယောင်းဆွဲဆောင်မှုရယ်...၊ညနေ
ခင်းရဲ့ အလှရယ်....၊နားထောင်နေတဲ့ သီချင်းတွေရဲ့ မြှောက်ထိုးပင့်ကော်မှုတွေရယ်...၊အဲဒါတွေကြောင့် လူက
ချက်ချင်းဆိုသလို ကဗျာဆရာဖြစ်သွားပါတော့တယ်...။

ကျွန်တော် မလုပ်တတ်တဲ့၊မသိနားမလည်တဲ့ အနတဂ္ဂမ များပြားလှတဲ့အကြောင်းအရာတွေထဲမှာ ကဗျာဆိုတာ
လည်းပါ ပါတယ်...။ခုလည်း ကိုယ့်ဘာသာ ကဗျာမယ့်သာ ကဗျာနေတာ ကျွန်တော်ရေးလိုက်တာ ကဗျာတစ်ပုဒ်
ရဲ့ နည်းနာ၊အင်္ဂါရပ်တွေနဲ့ ညီမယ်မထင်မိပါဘူး...။ဒါပေမယ့် ရေးတော့ရေးဖြစ်လိုက်ပါပြီ...။ဖတ်မိတဲ့သူများ
လည်း ကဗျာလို့သာ သဘောထားပြီး ဖတ်ပေးကြပါလို့........။






ဒီပုံက ကမ်းခြေရဲ့ ညနေခင်းအလှ.......။


ညနေခင်းရဲ့ တိမ်တိုက်တွေ........


10 comments:

ငွေလမင်း said...

ဘာတွေဖြစ်နေတာလဲ စိတ်မကြည်ဘူးလား ရေထဲဆင်းနေလိုက်တာမဟုတ်ဘူး
၁ နာရီ ၂ နာရီလောက်လန်းသွားအောင်

Anonymous said...

ကဗျာလို့ အသက်အောင့်ခံစားပီး
ရေထဲခုန်ဆင်းသွားတယ်:P

မေဓာဝီ said...

စူးတဲ့ ဆူးကို ဆူးနဲ့ထွင်ရသတဲ့။
နည်းနည်းတော့ နာမှာပေါ့။
သွေးလဲ စို့ချင်စို့မယ်။
ဒဏ်ရာလဲ ကျန်ချင်ကျန်မယ်။
အဓိက က စူးနေတဲ့ဆူး ကိုယ့်ဆီက ဖယ်ရှားပစ်ဖို့ပဲ မဟုတ်လား။
တဒင်္ဂခံစားရတာလေးကို ခံနိုင်ရည်ရှိရင် အဆင်ပြေပါတယ်။

သောစေယျံ said...

ကဗျာ တော့မရေးတတ်ပါဘူး ကဗျာဆိုတာဘာလဲဟင် အ
ဓိပ္ပါယ်လေးသိချင်တယ် ကိုသိတဲ့ ကဗျာရဲ့အဓိပ္ပါယ်ကတော့ ကပြီး ဗျာ ရတာကို ကဗျာလို့ခေါ်တယ် အဲလိုကြားဘူးတယ် ဗျာရတဲ့လူတွေရဲ့ရင်ထဲမှာ ရှိတဲ့ဗျာ စရာတွေကို ထုတ်ရေးလိုက်လို့များလားမသိဘူး

Anonymous said...

ဒီကမ္ဘာမြေကတော့ ပျောက်ကွယ် မသွားချင်ပါနဲ့ လူကြီးမင်း ရေ ကဗျာ လေးကို အားပေးပါ့မယ်

အချစ်တွေ ပြန်လည် ရှင်သန်အုန်းမှာပါ မသေဆုံးတဲ့ အရာမှာ အချစ်ပါတယ်ဗျ

ခင်မင်စွာဖြင့်
ရွှေစင်ဦး

Ingjin said...

ဒီကမ္ဘာမြေကနေတောင် ပျောက်ကွယ်သွားချင်တယ်ဆိုတော့ ဒီအချစ်ဆူးက တော်တော်ကိုကြီးတဲ့ဆူးဖြစ်ရမယ်။

ချော(အစိမ်းရောင်လွင်ပြင်) said...

လူတွေဟာ တစ်ကြိမ်တစ်ခါတော့ ခုလို အချစ်ဆူးခံရတာကို ကြုံကြရတာပါဘဲနော်။
ကမ်းခြေရဲ့ ညနေခင်းက လှလိုက်တာ
ခံစားချက်တွေတနင့်တပိုးနဲ့ ဆွေးလို့ကောင်းမဲ့အချိန်လေးပါဘဲ။

blackroze said...

ကမ်းခြေလေးကိုမြင်တော့ချောင်းသာကိုတောင်
သိရမိတယ်..
အချစ်ဆူးလေးစူးနေတာပေါ့..

မြစ်ကျိုးအင်း said...

ကျနော်တော့ ကမ်းခြေမှာ ထိုင်ရတာ အင်မတန် သဘောကျတယ်။
အဆုံးအစမရှိတဲ့ ပင်လယ်နဲ့အတူ စိတ်တွေက လွင့်မျောဖို့ အကောင်းဆုံးပဲ။
ထိုင်ငေးနေရင်း ဒဏ်ရာဟောင်းတွေလည်း ပေါ်လာတာပေါ့။
ဒီကဗျာလည်း အဲဒီလို ပဲနဲ့ တူပါရဲ့

noblemoe said...

အချစ်ဆူး စူးတော့မှ
ဝုန်းကနဲ ပေါက်ကွဲ လွင့်စင်
ဒီကမ္ဘာမြေ က ငါ ပျောက်ကွယ်သွားချင်ပြီ အချစ်ဆူးကဒီလောက်တောင်ပဲလား ဟူးးးးးးး


သာယာချမ်းမြေ့ပါစေရှင်း
မိုး