Sunday, October 2, 2011

ကိုယ်မင်းကိုချစ်တယ်....အဲ့ဒါ.......

ပြောရရင် ကိုယ်က တစ်ခုခုကို ကြိုက်မိပြီဆိုရင် အသည်းအသန်ဖြစ်ပြီ.....။တစ်ခုခုကိုစွဲလမ်းမိပြီဆိုရင် သွားလည်း
ဒီစိတ်၊စားလည်းဒီစိတ်ဆိုတာမျိုး....။အဲဒါပေမယ့်အကြာကြီးလားဆိုတော့လည်း မဟုတ်ပြန်ဘူး....တစ်ပတ်က နှစ်
ပတ်၊တစ်လက နှစ်လ ကြာလာရင်တော့ ငြိမ်သွားပြီ....၊အရင်က ရောဂါထခဲ့တာ သူမဟုတ်တော့သလိုလို။

ကိုယ့်အကြောင်းကိုယ်သိလို့ ဘာအကြောင်းအရာ၊ဘာကိစ္စကိုပဲဖြစ်ဖြစ် အချိန်ယူပြီး ကိုယ့် ကိုကိုယ်စောင့်ကြည့်
ရတယ်....၊အချိန်အတော်ကြာတဲ့အထိ အဲ့စိတ်ကလေးက ငြိမ်နေတယ်ဆိုမှ လုပ်ရတယ်....။ခုလည်း နားပေါက်
ဖောက်ချင်နေတယ်။ဘယ်ရောက်ရောက် စိန်ဆိုင်တွေဝင်ကြည့်တယ်.....၊နားပေါက်ဖောက်ထားတဲ့ အမျိုးကောင်း
သားများ မြင်ရင်လည်း သူရို့နားကပ်တွေလိုက်ကြည့်ရတာအမော.....။မသိတဲ့သူကတစ်မျိုးထင်မယ်...ဒီငတိ
ဘယ်နှာကြောင့် ယောင်္ကျားချင်းပြူးပြဲပြီး လိုက်ကြည့်နေရသလဲ....ဆိုပြီး...။ကိုယ်က ကိုယ့် စိတ်ကူးနဲ့ကိုယ်ရယ်..။

နောက်တက်တူးလည်းထိုးချင်နေတယ်....။လက်ဖျံမှာ ငှက်မွေးပုံအပြည့်ထိုးချင်တာ.....၊ပြီး စာတန်းလေးလည်း
နဲနဲထိုးလိုက်ချင်သေး....၊ဘာထိုးရမလဲတော့ စဉ်းစားတုန်း...၊လိုက်ရှာတုန်းပဲ...။ဒါပေမယ့် နားပေါက်ဖောက်ဖို့
ပဲဖြစ်ဖြစ်၊တက်တူးထိုးဖို့ပဲဖြစ်ဖြစ် ခုလောလောဆယ်မလုပ်သေးဘူး....၊တော်ကြာနောင်ကြမှ မကြိုက်တော့ရင်
ပြဿနာ.....။ဆေးမှင်ကြောင် စုတ်ထိုး၊နားပေါက်ဖောက်တဲ့အမျိုးဆိုတာ ပြန်ပြင်လို့ရကောင်းတာမျိုးမဟုတ်ဘူး
ဆိုလား၊ဘာလား......:)))

သီချင်းတွေဆိုလည်း ဒီတိုင်းပဲ....သီချင်းတစ်ပုဒ်ကိုကြိုက်မိပြီဆိုရင် ရက်ပေါင်းများစွာ အဲဒီသီချင်းတစ်ပုဒ်ထဲကို
ပဲ ထပ်ကာထပ်ကာနားထောင်နေမိတယ်....။အဲ.....ရက်အတော်ကြာသွားပြီဆိုရင်တော့ နားမထောင်ချင်တော့
ဘူး....၊နောက်သီချင်းတစ်ပုဒ်ဘက်ကို အာရုံကလှည့်သွားပြီ....။ရေချိုးခန်းထဲက အော်ဆိုနေတဲ့ သံသေးသံ
ကြောင်လည်း ကီးတစ်မျိုးချိန်းသွားပြီ....:)

ခုလောလောဆယ် နားထောင်ဖြစ်၊ကြိုက်နေဖြစ်တာက I Love you this big တဲ့....၊ခေါင်းစဉ်ကို ဘာသာပြန်
လိုက်ပုံက...ကိုယ်မင်းကိုချစ်တယ်....အဲ့ဒါအကြီးကြီးပဲ.....လို့.....:D။တော်ပုံပြောပါတယ်.....။




နောက်တစ်ပုဒ်က I'm yours....ဒီသီချင်းကိုတော့လွန်ခဲ့တဲ့ သုံးနှစ်လောက်ကတည်းကကြိုက်တာ....။ခုဟာက
တစ်ကျော့ပြန် ရောဂါထတာ ဆိုပါစို့ရဲ့.....။


25 comments:

♫♪★လွမ်းပိုင်ရှင်★♪♫ said...

အားပေးသွားတယ်နော် လင့်ချိတ်ပေးဖို့တောင်းဆိုပါတယ်
ပြန်လာစာဖတ်ဦးနော် မျှော်နေမယ်နော်

ဖြိုးမောင်မောင်(CTM) said...

I love you this big
ကိုယ် ဒါ အကြီးကြီးမို့ မင်းကိုချစ်တာပါ
အဲလိုလဲမှန်မယ်ထင်တယ်

Anonymous said...

မောင်တို့ယောင်္ကျားတွေ ဆိုတာဒီလိုချည်းပါဘဲလေ

စံပယ်ချို said...

အဲတော့...အဲလိုကြီးလား...
ခင်မင်တဲ့ jasmine

TZH1985 said...

တူတူပဲ... ယူထုသာ ဓါတ်ပြားဆိုရင် ပွန်းကုန်ပြီး ရီပိ လုပ်ပြီး နားထောင်လွန်းလို့... ဖုန်းထဲက သီချင်းဆိုလဲ ဒီအတိုင်းပဲ... အယ်လ်ဘမ်တစ်ခုတောင် မဟုတ်ဘူး တပုဒ်ထဲကို တစ်နေ့လုံး ရီပိလုပ် နားထောင်တာ...

San San Htun said...

ကိုယ် မင်းကို အဲဒီလောက် ချစ်တယ်...(လက်နှစ်ဖက် ဘေးကို ဖြန့် ကားကာ အကြီးကြီး ပုံသဏ္ဌန် လုပ်ပြရင်း)...Scotty ကို Idol စကတည်းက အားပေးခဲ့ရတာ..Country Song ဆိုတာ အရမ်းကောင်းတယ်...Jason ရဲ့  I am yours ကတော့ ဘယ်အချိန်ချိန် နားထောင်ထောင် ကြိုက်တာပါပဲ.. Colbie Caillat နဲ့  တွဲဆိုထားတဲ့ Lucky လည်း ကောင်းတယ်..Nelly ရဲ့  Only Just A Dream လည်း ကောင်းတယ်...

ကိုရင် said...

ဟ..တက်တူးထိုးချင်တာများ ကိုရင် ထိုးပေးပါ့မယ်..သေချာသာ စဉ်းစားလာခဲ့ပါ..

မျက်နှာမှာ ဘီလူးပုံထိုးပြီး အရင်စမ်းကြည့်မယ်လေ ဘယ်လိုလဲ..ပြီးတော့ နားဖောက်ပေါ့..ဘီလူးနဲ့ စိန်ပွင့်ကြီးနဲ့ မိုက်တယ်.. လိုက်မှလိုက်ပဲ..
ပြောရင်းနဲ့ကို လက်ယားလာပီ..အပ်အသစ်ဝယ်ထားမယ် :D

ကိုကိုမောင်(ပန်းရနံ့) said...

အကြိုက်တွေ မငြိမ်သေးလို့ ခုထက်ထိ လူပျိုကြီး ဖြစ်နေတာ။ ဂွက်တော်မလေးနဲ့မှ အကြိုက်ငြိမ်သွားရင်တော့ မောင်လေးရေ... သူကြီးမင်းတော့ ပြုံးနေမှာနော်။း))

ခင်မင်လျှက်

ညီလင်းသစ် said...

သူငယ်ချင်း တစ်ယောက် တက်တူးထိုးတာ သွားသတိရတယ်ဗျ၊ သူ့လက်မောင်းမှာ နဂါးကြီး အမောက်ထောင်နေတဲ့ပုံ သွားထိုးတယ်၊ လက်မောင်းအိုး အပြည့်ပေါ့လေ..၊ ထိုးတဲ့လူက နဂါးရဲ့ နှုတ်ခမ်းမွှေးကနေ စ,ထိုးတယ်၊ ဒါပေမယ့် အဲဒီ နှုတ်ခမ်းမွှေး တစ်ချောင်းပဲ ပြီးရုံရှိသေး.. နာလွန်းတာနဲ့ သူငယ်ချင်းက ဆက်ပြီးမထိုးတော့ဘူး၊ မခံနိုင်လွန်း တာနဲ့ ဘယ်သူပြောပြော ဆက်မထိုးတော့ဘူး၊ သူ့ရဲ့ တစ်ချောင်းတည်းသော နဂါးနှုတ်ခမ်းမွှေးက မသိတဲ့လူက ကြည့်ရင် တီကောင်နဲ့ အတော်တူနေတယ်၊ အဲဒါနဲ့ လူတွေက တီကောင်များ လက်မောင်းမှာ ကောင်းကောင်းကန်းကန်း ထိုးနေရသေးတယ်လို့ ပြောရင် ဒီနေ့ထက်ထိ သူ့မှာ ရှင်းပြနေရတုန်း....။းD

ဟန်ကြည် said...

အလိုလေး ကငြိမ်းနိုင်ရယ်...ဘာစိတ်ကူးတွေများပေါက်နေပါလိမ့်...ဖောက်ချင်တာရော၊ ထိုးချင်တာတွေရော စုံတကာ စေ့နေပါရောလား...

ဦးဟန်ကြည်တို့ ဆေးကျောင်းသားဘ၀တုန်းက လူနာတွေကို ရောဂါစစ်တမ်းကောက်ရင် နားပေါက်ဖောက်ထားသလား၊ ဆေးမင်ကြောင်ထိုးထားသလားဆိုတာတွေပါ ကြည့်ရတယ်...အဲဒါတွေလုပ်ထားရင်တော့ uneducated, aggressive type လို့သတ်မှတ်ပြီး ဖြစ်နိုင်တဲ့ ရောဂါအုပ်စုကို ကန့်သတ်လိုက်တာ ပြန်သတိရမိတယ်...အင်း...ဒါပေမယ့် လူတစ်ကိုယ် အကြိုက်တစ်မျိုးဆိုတော့လည်း...good တယ်ထင်ရင် do သာ do လို့ပဲ အားပေးအားမြှောက်လုပ်ရတော့မှာပါပဲ...

Country သီချင်းတွေကို စွဲစွဲလမ်းလမ်း နားထောင်ဖြစ်ပေမယ့် Toby Keith တို့ Shania Twain တို့လောက်ပဲ နားထောင်ဖြစ်နေတော့ ကငြိမ်းနိုင်ရဲ့ အဆိုတော်ကို မကြားဖူးအောင်ပဲ ညံ့လွန်းနေလို့ အခုမှပဲ ကျကျနန နားထောင်သွားဖြစ်ပါတယ်...

မဒမ်ကိုး said...

ိမင်းကိုယ်ချစ်တယ်အကြီးကြီးတဲ့ မေးကြည့်ဦးမှပဲး)
ကြီးသလား သေးသလားလို့း(

နေ၀သန် said...

စကော့တီကို ပင်ကိုအသံကို ကြိုက်ပါရဲ့.. ဒါပေမယ့် သူ့သီချင်းတွေက အားလုံးဒီလိုအဆင်တွေပဲ... ပျင်းဖို့ကောင်းတယ်...... I'm yours ကတော့ အတော်ခက်တဲ့သီချင်း.... အခုထိလည်း ကြိုက်တယ်...း)).... Thank you... သီချင်းနှစ်ပုဒ်လုံးကို သေသေချာချာနားထောင်သွားပါ၏..


ခင်မင်လျက်
နေ၀သန်

မအိမ်သူ said...

:D ကောက်ရိုးမီး.. ခဏနေငြိမ်းသွားလိမ့်မယ်။ တက်တူးများ အသားအနာခံပြီးထိုးချင်နေသေးတယ်။ စတစ်ကာကပ်လိုက်ပါလား။ အသားလဲမနာဘူး။ ကောက်ရိုးမီးငြိမ်းသွားရင် သူလဲပျောက်သွားမှာ.. လိုချင်ထပ်ကပ် ကြိုက်တဲ့ပုံ ကြိုက်သလို အချိန်မရွေးတောင်ပြောင်းလို့ရသေးတယ်။ ဒီနေ့ဂဠုန် နောက်နေ့နဂါး နောက်တစ်ပတ်လင်းယုန် ဘယ်လောက်ကောင်းလဲ။ စိတ်ကူးမလွဲနဲ့။ နောင် ပြင်မရတဲ့ဟာမျိုး အစထဲကမလုပ်တာအကောင်းဆုံးပဲ။

Anonymous said...

နောက်တချိန်ကြ ရင် i love you this small ဆိုရင် ဘယ်နဲ့ လုပ်မလည်း

ခင်မင်တဲ့
ရွှေစင်ဦး

...အလင်းစက်များ said...

အိုင်လက်ယူသစ်စ်ဘစ် ကို ငါလည်း တော်တော်ကြိုက်တယ် ခုလည်း နားထောင်နေတုန်းပဲ။ အသံမာတယ် လိုက်ဆိုဖို့ ခက် တယ်။

Anonymous said...

သီချင်းတောင် အခုတစ်ပုဒ်ကြိုက် ရိုးသွားရင် နောက်တစ်မျိုးကြိုက်ဆိုတော့
မောင်လေးကို စေတနာနဲ့အကြံပေးချင်တာက..
နောက်တချိန် ပြင်လို့မရတဲ့ တက်တူးကိုလည်း မထိုးနဲ့၊ ရည်စားကိုလည်း မထားနဲ့ ဆိုတာပါပဲ :D

rose of sharon said...

သီချင်းတွေနားထောင်နေတာကတော့ အငြိမ်းချမ်းဆုံးဘဲထင်ရဲ့... တက်တူးတော့ အားမပေးဘူးကွဲ့...

စော(အဝါရောင်မြေ) said...

အင်း စိတ်ပိန်တယ်
ရည်စားတော့ ပြောင်းလို့ ရတယ်
မိန်းမတော့ မယူပါနဲ့လေ
သူက အသက်ရှိတယ်လေ
သိမ်းညည်းခံမှာ မဟုတ်ဘူး။

ညီရဲ said...

ဒီအတိုင်းလေးဘဲ ကောင်းပါတယ် အစ်ကိုရာ....

Cameron said...

အချစ်ကြီးကြီးလို့ပြောစမ်းပါ....။ သီချင်းတစ်ပုဒ်ကိုကြိုက်ရင် အကြာကြီးနားထောင်တတ်တာချင်းတော့ တူတယ်...။ လူကိုလည်းအဲလိုပဲ ငြီးငွေ့လွယ်တယ်... ဟိ.....။

ခင်တဲ့
မိုးငွေ့

ချစ်ကြည်အေး said...

ဟဲ့ ပလုတ်တုတ် မောင်လေး ဘာတွေ ဖြစ်နေတုန်း...။ တက်တူးတော့ ထိုးပါနဲ့အေ။ စိန်နားကပ်ဝတ်ချင်တာတော့ အားပေးပါတယ်။ တို့လည်း ငှားဝတ်ရတာပေါ့...ဟဟဟ:P

Mamoonn said...

ကိုလင်းသစ် ကော်မန့်ဖတ်ပြီး ရယ်လိုက်ရတာ..
အဲလို ဖြစ်နေပါ့မယ်။
လှဘူး။ မထိုးနဲ့။ ကြည့်ရတာ လူမိုက်နဲ့တူတယ်။

mstint said...

လူ့စိတ်ဆိုတာခက်သား ဆန္ဒကပြင်းပြရင် သိကြားမင်းဆင်းတားတောင် ရနိုင်မယ်မထင်ပါဘူး။ ခေတ်သစ်အချစ်တွေက အဆိပ်ပိုပြင်းတယ်ထင်ပါတယ်း)
သီချင်လေးတွေနားထောင်သွားတယ် မောင်ညိန်းနိုင်ရေ။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

blackroze said...

တက်တူးလည်းမထိုးနဲ့
ရည်းစားလည်းမထားနဲ့
သီးချင်းနားထောင်တာအကောင်းဆုံးပါဘဲ

မေသိမ့်သိမ့်ကျော် said...

နားပေါက်ဖောက် ၊ တက်တူးနဲ့ မိုက်ပါ့... ခိခိး) လိုက်ရဲ့လားလည်း အရင်ကြည့်ဦး။ အင်းလေ ပြုတ်မကျရင် လိုက်တယ်ပေါ့။ ဟီး

ခင်တဲ့
မေသိမ့်