Sunday, October 16, 2011

တိမ်တွေဆီသို့.......(၃)

ဒုတိယနေ့မနက်မှာ ကျွန်တော်တို့ Genting Highlands ခရီးစဉ်စပါတယ်....၊ရထားနဲ့ Gombak ဆိုတဲ့ ဘူတာကို
ထွက်ခဲ့ပါတယ်၊အဲဒီဘူတာကမှ တောင်ပေါ်သွားတဲ့ကားကိုစီးရမှာဖြစ်လို့ပါ...။ကေအယ်ကနေ တောင်ပေါ်ကို ဆွဲ
တဲ့လိုင်းကားဂိတ်တွေ သုံးလေး နေရာလောက်မှာ ရှိတယ်လို့သိခဲ့ရပါတယ်...။ကျွန်တော်တို့ကတော့အဆင်ပြေ
တဲ့ Gombak ဘူတာကနေပဲသွားစီးခဲ့ပါတယ်...။

ကားဂိတ်ရောက်လို့ ကားလက်မှတ်သွားဝယ်တော့ ၁၂နာရီမှထွက်မယ့်ကားပဲရှိတယ်တဲ့...။ဂိတ်က ဆိုင်းဘုတ်မှာ
တော့ နာရီဝက်တစ်စီးနှုန်းထွက်တယ်လို့တော့ရေးထားပါရဲ့...။ပါလာတဲ့သူငယ်ချင်းကတော့ တက္ကစီကားသမား
တွေနဲ့ပေါင်းပြီး လုပ်စားတာလို့ပြောပါတယ်...။ဟုတ်လောက်တယ်ဗျ...၊တစ်ခြားကားဂိတ်ကလာတဲ့သူငယ်ချင်း
တစ်ယောက်လည်း ၁၂နာရီကားပဲရလို့ တောင်ပေါ်ကို အတော်နောက်ကျပြီးမှရောက်လာပါတယ်...။ကျွန်တော်
တို့ကတော့ မစောင့်နိုင်တာနဲ့ တက္ကစီနဲ့ပဲတတ်ခဲ့ပါတယ်...။၃ယောက်ကို မလေးရင်းဂစ်၅၀ပေးရတယ်...။တန်
တော့တန်တယ်ပြောရမှာပါပဲ...။တက္ကစီက Skyway အထိပို့ပေးပါတယ်....။

Genting Highlands က Skyway က အာရှမှာတော့အရှည်ဆုံးလို့ဆိုပါတယ်....။အတော်ကြာကြာစီးရတယ်
ခင်ဗျ....။အသွားအပြန် ရင်းဂစ်၁၀ပါ။မြင့်တာလည်းအမြင့်ကြီးပါ....။အောက်ငုံကြည့်ပြီး ခုနေပြုတ်များကြလိုက်
ရင်လို့တွေးမိတော့ အတော်ကျောချမ်းသွားသဗျ...။လူ့စိတ်ကအတော်တော့ဆန်းကျယ်သားဗျနော်...။ပြုတ်ကျ
ရင်....ဆိုတဲ့အတွေးမပေါ်ခင်အထိ မကြောက်သေးပေမယ့်၊အဲဒီအတွေးပေါ်လာတော့မှ ကြောက်လာရော...။
ကြာလာတော့လည်း ပတ်ဝန်းကျင်ရှုခင်းတွေကြည့်ရင်း အဲဒီကြောက်စိတ်လည်း ဘယ်ပြန်ရောက်သွားမှန်းမသိ
တော့ပါဘူးဗျာ...။

ရှုမျှော်ခင်းတွေကတော့ တကယ်လှတယ်ဗျာ...။မြန်မာပြည်ကျိုက်ထီးရိုးတောင်တန်းတွေကို သတိရလွမ်းမောမိ
တယ်....။တောင်တန်းအသွယ်သွယ်၊တိမ်တောင်အလိပ်လိပ်တွေရဲ့ ရှုခင်းတွေက သိပ်တော့မကွာခြားသလိုပါပဲ၊
ဒါပေမယ့် ဒီကတောင်တန်းတွေက ပိုပြီး စိမ်းလန်းစိုပြေသလို၊ပိုပြီးတောတောင်ထူထပ်တယ်ထင်ရတယ်.....။
အင်း....မြန်မာပြည်ကတော့ သစ်တွေခုတ်ချင်တိုင်းခုတ်ခဲ့ကြတာကိုးဗျ....နော်...။

Skyway ပေါ်ကဆင်းလိုက်တာနဲ့ ဟော်တယ်ကြီးထဲတန်းရောက်သွားရော...၊အဲ့ဟိုတယ်ထဲကမှတစ်ဆင့်
Genting Theme Park ထဲထွက်ပြီးလည်ရမှာပါ....။ဝင်ကြေးက တစ်ယောက်ကို ၄၂ ရင်းဂစ်လားမသိပေးရပါ
တယ်....။မသိဆို ကိုယ်ပေးရတာမဟုတ်...၊ရဲထွန်းဇော်ပေးလိုက်တာမို့လို့ပါ။သိပ်ချစ်ဖို့ကောင်းတဲ့သယ်ရင်း....
ကြီးပွားဦးမှာ ဒီကောင်လေး.....:)))။အထဲက ကစားကွင်းတွေကိုတော့ ကြိုက်သလောက်ဆော့လို့၊စီးလို့ရသွားပြီ၊
ထပ်မပေးရတော့ဘူးဗျ....၊အဲ....စူပါမင်းဆိုတာတစ်ခုပဲ ထပ်ပေးရတယ်ဆိုပါတယ်...။

ကျွန်တော်တို့ကတော့ သုံးခုလောက်ပဲ စီးဖြစ်ခဲ့ပါတယ်...။အဲဒီသုံးခုထဲမှာ ရင်အခုန်ရဆုံးကတော့ ရိုလာကိုစတာ
ပါပဲ....။စီးနေချိန်မှာ ရင်ခုန်ရတာထက် ရိုလာကိုစတာ စထွက်ကာစမှာ ခံစားရတဲ့ ခံစားချက်ကတော့ အတော်
လေးကို စိတ်လှုပ်ရှားရပါတယ်။ကိုယ့်အလှည့်ရောက်ဖို့ တန်းစီနေရင်း၊သူများတွေ စီးကြ၊အော်ဟစ်ကြတာကို
ကြည့်ရင်း လန့်လန့်လာပါတယ်။ ဘယ်လောက်တောင်လဲဆိုရင် ငါ စီးလို့ဖြစ်ပါ့မလား...၊ခုနေပြန်လှည့်ရင် ရသေး
တယ်...၊ငါ့ကိုသူငယ်ချင်းတွေကလည်း ဒီလောက်တောင်ကြောက်ရသလားလို့ လှောင်မှာမဟုတ်ဘူး၊ဖြစ်မှ ဖြစ်ပါ့
မလားဆိုတဲ့အတွေးဝင်လာတဲ့အထိပါ။ တစ်ဘက်ကလည်း အဲ့ဒီအရသာကိုခံစားကြည့်ချင်စိတ်က ရှိနေပါသေး
တယ်...။နောက်ဆုံးတော့ ကိုယ်ကြောက်နေတဲ့အရာတစ်ခုကို ရင်ဆိုင်ကြည့်ချင်စိတ်က အနိုင်ယူသွားပါတယ်...။

ကျွန်တော်အဲဒီအချိန်မှာ တွေးမိတာတစ်ခုက ကျွန်တော်တို့သေဆုံးကာနီးအချိန်မှာ ဝင်လာနိုင်တဲ့စိတ်ကလည်း
ဒီရိုလာကိုစတာ စီးကာနီးစိတ်မျိုး၊ရိုလာကိုစတာ စထွက်ကာစအချိန်မှာခံစားရတဲ့စိတ်မျိုးနဲ့အတော်ဆင်လိမ့်မယ်
ထင်ရဲ့...၊တစ်ခုခုကို ရင်ဆိုင်ရတော့မယ်...၊အဲ့ဒါက ဘာလဲ ဆိုတာလဲမသိ...။

အင်း....သေးဆုံးကာနီးအချိန်ကတော့ ပိုပြီးနဲနဲဆိုးမယ်...။ဘာလို့လဲဆိုတော့ ရိုလာကိုစတာစီးတာက ဘာပဲပြော
ပြော ကိုယ့်ဘေးမှာအဖော်တွေနဲ့လေ....၊သေဆုံးကာနီးအချိန်မှာတော့ ထွက်ခွာသွားရမှာက ကိုယ်တစ်ယောက်
တည်းရယ်....။အင်း...ကျွန်တော်ထင်တယ်လေ....၊လူတွေ ရိုလာကိုစတာစီးချင်ကြတာ၊စီးဖြစ်ကြတာ သေဆုံးကာ
နီးအချိန်မှာခံစားရတဲ့ခံစားချက်၊သေဆုံးချိန်မှာ ရင်ဆိုင်ကြုံတွေ့ရတဲ့ ခံစားချက်ကို အကြို ခံစားကြည့်ချင်စိတ်က
မသိစိတ်ထဲမှာ ကိန်းအောင်းနေလို့များလားမှ မသိတာဗျနော်...၊ဘာဖြစ်လို့လဲဆိုတော့ လူတိုင်း လူတိုင်း သိချင်
ကြတာ၊ခုချိန်ထိ ဘာသာရေးအယူအဆတွေနဲ့ကလွဲလို့ သေသေချာချာမသိနိုင်သေးတာ သေခြင်းတရားကို
ရင်ဆိုင်ကြရတဲ့အကြောင်းပဲမဟုတ်လားဗျာ....။

အဲ....ဘယ့်နှယ် တိမ်တွေဆီမရောက်ပဲ မရဏတရားဆီရောက်သွားပါလိမ့်ဗျာ....၊ပြန်သွားကြပါစို့ဗျိုး.....:)
ကျွန်တော်တို့ ကံကောင်းတာလား ကံဆိုးတာလားမသိ၊အဲဒီနေ့ကနေသာနေတယ်ဗျ....၊ဆိုတော့ တိမ်တွေနဲ့
သိပ်ပြီး နီးနီးကပ်ကပ်မရှိခဲ့ဘူးဗျ...၊အဲ...ဒါပေမယ့် ကျွန်တော်တို့ ဒိုင်နိုဆောတောင်ဘက်လည်းရောက်ရော
မိုးတိမ်တွေ အုံ့မှိုင်းလာတော့တာပဲဗျာ....၊ကျွန်တော်ချစ်တဲ့ တိမ်မြူတွေရဲ့ ပွေ့ဖက်ကြည်ဆယ်ခြင်းကို ခံခဲ့ရတယ်
ဆိုပါတော့ဗျာ...။

တိမ်မြူတွေက သူရို့ချည်းလာတာဟုတ်ဘူးဗျ....၊သူရို့လွယ်ပိုးထားတဲ့ မိုးရေစက်တွေကိုပါ ဖွဲကာ သည်းကာ
ရွှာချလိုက်ပါရောလား...၊ဒါနဲ့ ကျွန်တော်တို့လည်း တောင်အောက်ပြန်ဆင်းခဲ့ကြပါတော့တယ်....။

အပြန်မှာတော့ ကေအယ်ရောက်ရင် မဝင်လို့မဖြစ်တဲ့ ကေအယ်စီစီ ခေါ် ပတ်ထရိုနက် မျှော်စင်ကို လှည့်ဝင်ခဲ့
ကြပါတယ်.....။အပေါ်ကိုတော့မတက်ခဲ့ရတော့ပါဘူး၊အပေါ်ကိုတက်ဖို့ဆိုရင် မနက်ထဲက စာရင်းပေးရတယ်လို့
ဆိုပါတယ်ခင်ဗျ။အဲဒီမှာ ညနေခင်းကိုကုန်ဆုံးစေခဲ့ပြီး မဖြစ်မနေခရီးတစ်ခုကို ဆက်ခဲ့ကြပါသေးတယ်၊အဲဒီနေရာ
ကတော့ ကိုတာယာယာက မောသျှမ်းမြန်မာထမင်းဆိုင်ဆီသို့ပါ...။အဲဒီထမင်းဆိုင်မှာ ကျွန်တော်တို့နဲ့တွေ့ဖို့ရာ
စိတ်ရှည်သည်းခံစွာ စောင့်ဆိုင်းနေသူ နှစ်ဦးရှိနေလို့ပါ။သူတို့ကတော့ ကိုရင်သာပျော့ နဲ့ မဒိုးကန် တို့ပါပဲခင်ဗျား။

ကိုရင်တို့၊မဒိုးကန်တို့အကြောင်းကတော့ အားလုံးသိပြီးဖြစ်နေပါပြီ....၊ခင်တတ်မင်တတ်၊ဖော်ရွေတတ်၊အတည်
ပေါက်နဲ့ စနောက်တတ်သူ စုံတွဲနှစ်ယောက်ပါပဲ...၊ကျွန်တော်တို့ကို ဘီဘီတွေအတင်းတိုက် (သူရို့တိုက်လို့
သောက်ရတာပါဗျာတို့ရယ်....:))၊ဒီညမှာ သူငယ်ချင်းတွေ စားပွဲ ရှိလို့ပါဆိုတာတောင် စားသောက်စရာတွေ
ပါဆယ်ထုတ်ပေးနဲ့ သိပ်တော်တဲ့ လင်မယားပါပဲဗျာ...၊(ဒီလင် ဒီမယား အိုအောင်မင်းအောင်ပေါင်းရပါစေဗျား..:))

နောက်ရက်ကတော့ ကျွန်တော် မလေးမြေကို ခွဲခွာပြီး ကျွန်တော်ခေတ္တခိုနားနေရာ ရှင်ကြားပူ ကွန်ကရိတော
ကြီးဆီသို့ ပြန်ရမယ့်ရက်ပါပဲ...၊ညနေလေးနာရီကားဖြစ်လို့ မနက်ပိုင်းမှာ ကေအယ်ရဲ့ အထင်အရှားနေရာတစ်ခု
ဖြစ်တဲ့ (ဖျြိးမောင်မောင်အခေါ် အချိန်လေးထောင့် :)) Time Square နဲ့ ဘီဘီပလာဇာ ဘက်ကို လျှောက်ကြည့်
ခဲ့ပါသေးရဲ့...၊အဲဒီ တိုင်းစကွဲယားအပေါ်ထက်မှာလည်း ရိုလာကိုစတာကြီး ရှိသေးတယ်ခင်ဗျ...၊စီးတော့မစီးခဲ့ပါ
ဘူး....၊နောက်တစ်ခေါက်မှာပေါ့လို့ပဲ တေးထားခဲ့ရပါတော့တယ်ခင်ဗျား.....။











တိမ်တွေဆီသို့....ဦးတည်ရာ......



ဟိုးအေဝးပ်ပ်...ေတာင္ထိပ္ဆီမွာ......

တောင်ခြေက Skyway စခန်း.....

skyway၊တောင်တန်းများ နှင့် တိမ်.......



တောင်ထိပ်ပေါ်ကတိမ်....၊တိမ်တွေကြားက ဟိုတယ်......

တိမ်နောက်ခံနှင့် ကစားကွင်းတစ်ခု......

မြူတွေဆိုင်းလာပြီ.......

ကျွန်တော်တို့စီးလာခဲ့တဲ့ ရိုလာကိုစတာ......


မြူတွေဆိုင်းနေတဲ့ မိုးသစ်တော......

အပြန်မှာတော့ မိုးရေစက်တွေကြား ဝိုးတဝါး.....

KLCC ရဲ့ ညနေ......

(ပထမတော့ ဒီပို့စ်ကို ဆန့်နိုင်သလောက်ဆွဲဆန့်ပြီး အပိုင်း လေးငါးပိုင်းလောက်တင်မလို့ပါပဲ..၊နို့ပေမယ့် ရေး
ဖို့ရာ ပျင်းလာတာကတစ်ကြောင်း၊ကုလားကားလိုပေရှည်နေတယ်ဆိုပြီး စောဒက တတ်ကြသူတွေကြောင့်
တစ်ကြောင်း၊အတိုပဲချုံးလိုက်ပါတော့တယ်ခင်ဗျား...၊အားလုံးပဲ စိတ်ချမ်းသာသွားကြမယ်ထင်ရဲ့.......:)))

(ကျွန်တော် ကေအယ်မှာရှိနေစဉ်တစ်လျှောက် အစစအရာရာ ကူညီစီစဉ်ပေးခဲ့တဲ့ သူငယ်ချင်း ရဲထွန်းဇော် နှင့်
ဖြိုးမောင်မောင်တို့နှစ်ဦးကို အထူးကျေးဇူးတင်ရပါတယ်....၊နောက် မလေးမြေရောက်တခြားသောသူငယ်ချင်း
များဖြစ်တဲ့ မိုးယံအိန်ဂျယ်အုပ်ကြီးတို့နှင့်တစ်ကွ ကိုရင်သာပျော့၊မဒိုးကန်တို့ကိုလည်း ခုလိုတွေ့ဆုံခဲ့ရတာ ဝမ်းသာကျေးဇူးတင်ရပါကြောင်း ပါခင်ဗျား.....။

10 comments:

အမှတ်တရ နေ့စွဲများ.... said...

ပြီးပြီလားမြန်ထှာ

ကိုရင် said...

ကျွန်တော်တို့ကို ဘီဘီတွေအတင်းတိုက် (သူရို့တိုက်လို့ သောက်ရတာပါ ဗျာတို့ရယ်....:))၊

မှာလေ အကိုလို့ ဆိုတော့ သူပဲ “ကျား ကျား ယားယားဖြစ်အောင်..ကျားလေပဲ မှာပါ” တဲ့ဆို ပီး အခုမှ ဘယ့်နှယ် သူများကို လွှဲချရတာတုန်း..
ဟွင်းဟွင်း....

နေ၀သန် said...

သြော်.. အပိုင်း ၂ နဲ့ ၃ တင်တာသိလိုက်ဘူး.. ခှုမှပဲ ပေါင်းပြီး တ၀ကြီးခံစားသွားတယ်.. :D. KL က ရထားတွေက နည်းနည်းပဲ ပေစုတ်စုတ်နိုင်တာလား. :P.. ဒီ့ထက်ပိုဘူးလား.. ဟီးဟီး.. (နောက်တာ.. တော်ကြာ.. ကေအယ်လ်လာရင် အဲဒီကလူတွေ လိုက်မပို့ပဲနေဦးမယ်.. :P)..

ခင်မင်လျက်
နေ၀သန်

Anonymous said...

တိမ်ထဲက အဆောက်အဦပုံတွေကြိုက်ပါတယ်။ သွားလည်ချင်စရာပါပဲ။ ဘီယာလေးနဲ့ဆိုတော့ မူးတိမ်တွေအကြားမှာ ပျော်စရာပေါ့..
N/A

Angelhlaing(May everybody be happy and healthy! said...

ပျော်ရွင်စရာ ခရီးစဉ်လေးပဲ...:):) အားကျထှာ...

ခရစ္စတလ် said...

2008ခုနှစ်တုန်းက ရောက်ခဲ့တဲ့အချိန်တွေကို သတိရသကွယ် အဲ့တုန်း မလည်ခဲ့ရဘူး :(

မြစ်ကျိုးအင်း said...

ဘလော့ဂ်ပေါ်မှာ ခင်ကြပေမယ့် ငယ်ပေါင်းကြီးဖော်လို ခင်မင်ဖော်ရွေကူညီကြတာကို မြင်တော့ ဘလော့ဂ်ရေးသူ တစ်ယောက်အနေနဲ့ ဝမ်းသာမိတယ်။

ချစ်ချစ်ခင်ခင် စည်းစည်းလုံးလုံးပေါ့။ ထိုင်ဝမ်လာဖြစ်ရင်လည်း ပြောနော်။

blackroze said...

အမလေး..ကိုရင်ကဘီဘီတောင်တိုက်တယ်
ဟုတ်လား..သဘောကောင်းထှာ့
ပစ်ပစ်သူ့C box သွားဆော့တာတောင်
လည်းပင်းညှစ်မောင်းထုတ်လိုက်
သေနတ်ပြစ်မောင်းထုတ်လိုက်
တုတ်နဲ့ပြပြီးမောင်းထုတ်လိုက်လုပ်နေထှာ

ထိုင်ဝမ်လာမယ်ဆိုရင်လည်းပြောနော်
ရှောင်နေမလို့..စထှာ စထှာ..
ထမင်းလိုက်ကျွေးမှာပေါ့
ဦးမြစ်တို့ မွန်တို့နဲ့တူတူဆုံပြီးတော့..။။

san htun said...

တော်သေးတာပေါ့ တိမ်တွေဆီ ရောက်ခဲ့လို့ ...စတိတ်ကို လာလည်ရင် ပြောနော်.. လက်ဖက်ရည်နဲ့  ဘီဘီ ရောတိုက်မယ်...း)

KO2 said...

ပျော်စရာကြီးနော် .. ရောက်ဖူးချင်လိုက်တာ