Monday, February 28, 2011

ဘန်ကောက် ဘုရားဖူး

အစကတော့ မျောလွင့်နေတဲ့သူ ၁,၂,၃....အစရှိသဖြင့်ရေးမလို့ပါပဲ...။သို့ပေမယ့် ဒီရက်ပိုင်းမှာ ဘာမှမလုပ်ချင်၊
မကိုင်ချင်ဖြစ်နေတာကတစ်ကြောင်း၊ကျွန်တော့်ကွန်ပြူတာကပဲလား၊ကွန်နက်ရှင်ကပဲလားတော့မသိ ဒါ့ပုံတွေ
တင်ရင် တင်မရပဲ အရမ်းနှေးကွေးလေးလံ နေတာကြောင့်ရော ဆက်တိုက်မတင်ဖြစ်ခဲ့ပါဘူး...။
ဆက်တိုက်မတင်နိုင်တဲ့အတူတူ နာမည်ကိုလည်း သက်သက်စီပဲပေးလိုက်ပါတယ်....။

ဘန်ကောက်မှာနေ့ဘက်တွေမှာ အများဆုံးလုပ်ဖြစ်တာကတော့ ဘုရားဖူးထွက်ဖြစ်ပါတယ်...။
လေးရက်မှာ သုံးရက်က ဘုရားဖူးဖြစ်ပါတယ်...။(နေ့ဘက်မှာ ဘုရားဖူးတယ်ဆိုတော့ ညဘက်မှာ လိပ်ဥတူးထွက်
သလားမမေးပါနဲ...:)))

ဘုရားရှင်ရဲ့ မျက်နှာတော်ကို ဖူးမြင်ရတာ ဘယ်နိုင်ငံက ဘယ်လိုရုပ်ပွားတော်ပုံပဲဖြစ်ဖြစ် အေးချမ်းလှပါတယ်....။
ခုတင်လိုက်တဲ့ ဘုရားရှင်ရဲ့ရုပ်ပွားတော်ပုံတွေက ဘယ်ရုပ်ပွားတော်က ဘယ်နေရာ၊ဘယ်စေတီ၊ဘယ်ကျောင်း
ကဆိုတာ မမှတ်မိတော့ဘူးခင်ဗျ၊အကုန်ရောထွေးကုန်ပါတယ်...:)။ဆိုတော့ ဘယ်ရုပ်ပွားတော်က ဘယ်က
ဆိုတာ လေဘယ်မထိုးနိုင်တာ ခွင့်လွှတ်ပါကုန်....:)

သေချာတာက မြဘုရားပုံတော်တော့မပါဘူးခင်ဗျ။မပါဆို ဒါ့ပုံရိုက်ခွင့်မပြုလို့ပါ..:)






ဒီစေတီကိုတော့မှတ်မိတယ်ခင်ဗျ။ ကျောက်ဖယားမြစ်တစ်ဖက်ကမ်းက Wat Arun (Tample of the Dawn)ပါ။
ဒီစေတီကို ဖူးရတော့ ပုဂံကိုတောင် သတိတရ နဲ့ လွမ်းမိသေး...:(
































14 comments:

...အလင်းစက်များ said...

ဟဟဟ ကိုယ့်လူ တယ်ခြေသွက်ပါလား... ဘုရားပုံတွေချည်း မတင်နဲ့ လေ... လိပ်ဥတူးတဲ့ပုံကော မတင်တော့ဘူးလားဗျ... ဟဲဟဲ မရှိုကြေး.... :D :D :D

မေဓာဝီ said...

လိပ်ဥတူးရုံတင် ဘယ်ကမလဲ လိပ်မကြီးလဲ ဖမ်းခဲ့တယ် မဟုတ်လား ... ဖမ်းခဲ့တဲ့ လိပ်မကြီးပုံလဲ တင်အုံးလေ ...
ဟဲ နောက်တာပါ ... ကျမလဲ ကိုမောင်လေး ရိုက်ခဲ့တဲ့ ဘုရားတွေ လာဖူးသွားတယ်။ တခါမှ မရောက်ဖူးဘူး။
မြစ်တဖက်ကမ်းက စေတီပုံစံက ထူးခြားတယ်နော်။ ဘုရားစေတီတွေအားလုံးကတော့ သပ္ပါယ်တာချည်းပါပဲ။

Anonymous said...

ထိုင်းက ဘုရားတွေလာဖူးသွားတယ်

ညီလင်းသစ် said...

လျောင်းတော်မူ ဘုရားတော့ ရောက်ခဲ့ဖူးတာ မှတ်မိတယ်၊ ကျန်တာတွေတော့ မသဲကွဲပြန်ဘူး၊ ကိုမောင်လေးက ဘုရားပုံတွေ တင်ကာမှ လိပ်ဥတူးတဲ့ အကြောင်း ဝိုင်းမေးနေကြပြီနော်၊ ဧကန္တ ညောင်မြစ် တူးရင်း၊ ပုတ်သင်ဥ ပေါ်မယ့်ကိန်း များလား..၊း)

မောင်မျိုး said...

ဘန်ကောက်သာ ခဏရောက်ခဲ့တယ် ကျနော် ဘုရားတွေမဖူးခဲ့ရဘူး အကုသိုလ်တွေများနေလို့ဖြစ်မယ်နော် ။


ဒါနဲ့ လိပ်မလေးတွေက ချောလားဟင် ပေါင်တံလေးတွေကကော ဖြူတယ်ဟုတ်း)

nYi ThU E@in said...

လူကြီးနော်...
ကုသိုလ်တစ်ဆယ်သား ငရဲဆယ်ပိဿာမလုပ်နဲ့
ဟင်းဟင်း..။
ဘုရားစုံဖူးသွားပါတယ်အကိုမောင်လေးရေ။

လသာည said...

ဘုရားစုံဖူးခွင့်ရသွားပြီ။
ဓါတ်ပုံတင်ရတာ အင်တာနက်ကြောင့် ခက်တဲ့ကြားက ကြိုးစားပမ်းစား တင်ပေးတာ ကျေးဇူးအများကြီး တင်ပါတယ်။

Anonymous said...

လာလည်ရင်း ဘုရားဖူးသွားပါတယ်။ ချောင်ပရားမြစ်တလျှောက်လှေစီးရင်း ဖူးခဲ့တယ် ထင်ပါရဲ့နော်။ ဆဌမမြောက်ပုံရဲ့ တိမ်နောက်ခံကို ကြည့်ပြီး မင်သက်သွားမိပါတယ် ကိုမောင်လေးရေ...

မိုးစက်ပွင့်

အုပ်ကြီး said...

ဘုရားလာဖူးတယ်ဗျာ .....

ကိုကိုမောင်(ပန်းရနံ့) said...

မြစ်တစ်ဖက်ကမ်းက အရုဏ်ဦးဘုရား ရောက်ဖူးချင်တယ်။ သာယာလိုက်တာဗျာ။ ဖူးရင်းနဲ့ အသက်ကို တစ်ဝက်လောက် ငယ်သွားသလိုဘဲ။ (ဘာမှမဆိုင်)။ :D

ခင်မင်လျက်
ကိုကိုမောင်(ပန်းရနံ့)

ဘန်ကျောက် said...

ဘန်ကောက်နေတုန်းကတော့ ဧည့်သည်တွေလိုက်ပို့ ရလွန်းလို့ ဘုရားနဲ့တောင် မျက်မှန်းတန်းမိ နေပြီ..
ဘုရားတွေပြန်ဖူးရတော့ ကိုယ့်အရပ်ပြန်ေ၇ာက်သလိုပဲ..

ဖိုးကြယ် said...

အဟမ်း အဟမ်း....ဘုရားကို တစ်ယောက်ထဲသွား ဖူးတယ်....ထားလိုက်တော့ လိပ်ဥတူးရင်တော့ခေါ်နော် :P

ခင်တဲ့(ဖိုးကြယ်)

noblemoe said...

ခုမှရောက်ဖြစ်ပါတယ်။
မရောက်ဖူးတဲ့ဘုရားတွေလည်းဖူးခွင့်ရလိုက်တယ်။
ဝဲတွေကြောင့်မရောက်ဖြစ်တာ လင့်ခ်တွေပျောက်နေလို့ 

သာယာချမ်းမြေ့ပါစေရှင်း
မိုး

Anonymous said...

မောင်လေး ရေ

ဘုရားတွေ လာဖူးသွားတယ်နော် ဝဲကြောက်တာနဲ့ လင့်ခ် တွေလည်း ပျောက် လိုင်းမကောင်းတာနဲ့ မလာဖြစ်တာ

ခင်မင်စွာဖြင့်
ရွှေစင်ဦး