Saturday, August 27, 2011

ဘလော့ဒေးအတွက်အမှတ်တရ

ဘလော့၊ဘလော့ဂါနဲ့ ဘလော့ဂင်းခြင်း အပေါ်ထားတဲ့ ကျွန်တော့်သဘောထားတွေကို တစ်နှစ်တစ်ခါ ကျွန်တော့်
ဘလော့လေးရဲ့မွေးနေ့တွေမှာမပျက်မကွက်ရေးမယ်လို့စိတ်ကူးထားခဲ့ပါတယ်...၊တစ်နှစ်ပြည့်တုန်းကလည်း ရေး
ဖြစ်ခဲ့ပါတယ်....၊ဒါပေမယ့် ခု ဘလော့ဒေးအမှတ်တရအဖြစ်ရေးပေးဖို့ ကိုအောင်(ပျူနိုင်ငံ)က သတိတရ တဂ်လာ
တော့ ဝမ်းသာအားရနဲ့ ဘလော့ဒေးအမှတ်တရ ရေးဖြစ်ပါတယ်...၊စတင်ရေးသားပြီး အားလုံးကိုသတိတရတဂ်တဲ့
ကိုအောင်ရဲ့စိတ်ကူးအကြံလေးကိုသဘောကျတာကြောင့်လည်းပါသလို၊စတင်ရေးသားပြီးကြတဲ့ဘလော့ညီအစ်ကို
မောင်နှမများရဲ့ပို့စ်တွေဖတ်ပြီးတော့ ရေးဖို့ မုဝင်လာတာကြောင့်လည်းပါပါတယ်...။ဒီအတွက်အားလုံးကိုကျေးဇူး
တင်ရပါတယ်..။

Blog ဆိုတဲ့စကားလုံးကို မြန်မာပြည်မှာကတည်းက အင်တာနက်မဂ္ဂဇင်းတစ်ခုမှာစတင်တွေ့မိပြီး စိတ်ဝင်စားမိခဲ့
ပါတယ်။ဒါပေမယ့် အင်တာနက်၊ကွန်ပြူတာတွေနဲ့အလှမ်းဝေးလှတဲ့ကျွန်တော့်အတွက် မြန်မာပြည်မှာတုန်းက
ဘလော့ဆိုတာ ဘာမှန်းသေချာမသိခဲ့ရိုးအမှန်ပါ...။ဒီကိုရောက်ပြီး အင်တာနက်နဲ့စတင်ထိတွေ့လာမိတော့မှ
တချိန်က ကျွန်တော်စိတ်ဝင်စားတဲ့ဘလော့လောကကိုစတင်မြည်းစမ်းခွင့်ရခဲ့ပါတယ်...။လွန်ခဲ့တဲ့၂နှစ်လောက်
ကမှပါ...။မှတ်မှတ်ရရ ကျွန်တော်စတင်ပြီး ဖတ်မိတဲ့ဘလော့လေးက အစ်မမိုးချိုသင်းရဲ့မိုးချိုသင်းမှတ်တမ်းလေး
ပါ...။သူ့ဘလော့လေးကို စပြီးဝင်ရောက်ဖတ်မိပုံကလည်းဂလိုဗျ...။

အဲ့ဒီအချိန်တုန်းက ဘလော့ဟေ့လို့ဆိုရင်ဘာမှန်းမသိ၊ဘယ်ဘလော့ရဲ့လိပ်စာမှလည်းမသိ၊ဆိုတော့ ဂူးဂဲရဲ့
scerch ထဲမှာ မြန်မာလို “မိုး” ဆိုပြီးရိုက်ထည့်ပလိုက်တယ်...၊ကျွန်တော်တွေးမိတာက မြန်မာတွေအနေနဲ့ မိုးဆို
တဲ့အမည်ကိုတော့အသုံးများကြမှာပဲဆိုတဲ့စိတ်ကူးနဲ့ပါ။ကျွန်တော့်စိတ်ကူးအတွေးလေး ရှားရှားပါးပါး တည့်သွား
ပုံရပါတယ်...၊ဂူးဂဲက အစ်မ မိုးချိုသင်းရဲ့ ဆိုက်ကို ညွှန်းပါတယ်..၊ဒါနဲ့ဝင်ဖတ်မိတော့ တစ်ခါတည်းကို သဘောအ
ကျကြီး ကျသွားပါတော့တယ်...။အဲဒီနောက် ကျွန်တော်ဖတ်မိတဲ့ဘလော့က ကျွန်တော်တို့ရဲ့ ချစ်စွာသော ကိုကြီးကျောက်ပါ....။နောက်...အစ်မချစ်ကြည်အေး...၊ပြီး အစ်မငယ်နိုင်...၊နောက်....နောက်....နောက်.....။

ဒီလိုနဲ့ ဘလော့ရွှာလေးမှာ ကျွန်တော်ပျော်ဝင်နစ်မျောသွားပါပြီ...။ထို့ပြင်တစ်ဝ ကိုယ်တိုင် ဘလော့လေးလုပ်ချင်
စိတ်ပေါက်လာတာနဲ့ ဒီဘလော့လေးကို လုပ်ဖြစ်ပါတယ်...။ကျွန်တော်ရေးချင်တာလေးတွေကိုလည်း ရေးချင်သ
လိုချရေးလိုက်တာပါပဲ...၊ကျွန်တော့်ဘလော့လေးရဲ့ အမွန်အစနေ့ရက်တွေမှာ လာရောက်အားပေး၊အကြံပြုခဲ့
ကြတဲ့ အစ်မလသာည၊အစ်မchocothazin၊အစ်မချစ်ကြည်အေး၊အစ်မငယ်နိုင်၊ညီမောင်မျိုး တို့ကိုကျေးဇူးတင်
ရပါတယ်...။

တနှစ်သားကျော်ကျော် ခုချိန်ကာလမှာတော့ ကျွန်တော့်မှာ ချစ်ခင်ရတဲ့ ဘလော့ညီ၊အကို၊အစ်မ၊ညီမတွေ
အများကြီးရှိလာပါပြီ....။ဘလော့မှာတင်မက ဖေ့ဘွတ်မှာ၊ ဂျီတော့မှာပါ ခင်ကြရသူတွေက....

အမှောင်ဖုံးနေတဲ့ မြန်မာပြည်ကြီးအတွက် တစ်ထောင့်တစ်နေရာက ဆီးမီးခွက်ထထတောက်တဲ့ ပြောမနာဆိုမ
နာတဲ့ သူ....၊ခုတလော ဂျီမှာမတွေ့ရတာကြာပြီဖြစ်တဲ့ အရှက်နဲ့လူမလုပ်တဲ့ ညီ...၊တော်ကြာဝဲစွဲလိုက်၊တော်ကြာ
ဖဘအကောင့်အဟတ်ခံရပြီး ဗိုင်းရပ်တွေဖြန့်လိုက်ဖြစ်နေတဲ့ wanna laugh....၊မျှဝေမှုတွေကို မနားတမ်းမျှဝေ
တတ်တဲ့ ဗိုက်ပူ.....၊ပေါက်ကရရေးချင်စိတ်ကို တားမရလို့ပါဆိုတဲ့ ဂိုဏ်းချုပ်....၊ဘလော့လေးကိုပစ်ထားပြီး ဖဘ
မှာအပျော်ကြီးပျော်နေတဲ့ တူမလေး.....၊ရှင်ကြားပူနဲ့ထိုင်းကြားမှာ မြန်မာနဖူးစာရွှာလည်လို့ သိပ်သိပ်ချစ်ကြတဲ့
မစ္စတာအန်မဒမ်....၊ကဗျာလေးတွေအရေးကောင်းတဲ့ လူမဟုတ်တဲ့ ညီတစ်ယောက်.....၊တစ်ချက်တစ်ချက်ဖျက်
ကနဲပေါ်ပေါ်လာတတ်တဲ့ ရှေ့နေလေး....၊ဖဘက ရတာတွေနဲ့အင်မတန်ဆားချက်ကောင်းတဲ့ ညီငယ်မျှစ်....၊

ဘလော့ရထားကြီးပေါ်က လက်ပြနှုတ်ဆက်နေတဲ့ ကဗျာဆြာမဟုတ်တဲ့ကဗျာဆြာ....၊နောက်....စေတနာများစွာ
နဲ့ စာကောင်းပေမွန်တွေ အဆက်မပြက်ရိုက်တင်ပေးနေတဲ့ အွန်လိုင်းအခမဲ့စာအုပ်ဆိုင်ပိုင်ရှင်အစ်မကြီး....၊
ဖေ့ဘွတ်နဲ့ဘလော့မှာ သူဟေ့ ဆိုမသိသူမရှိ...၊အားလုံးက ခင်ရတဲ့ ဘလော့ဆလီဗျစ်တီမမ....၊မြန်မာပြည်ပြန်
ရောက်ကတည်းက ပျောက်သလိုဖြစ်နေတဲ့၊ဂျီမှာတော့ တစ်ခါတစ်လေ အပြေးအလွားနှုတ်ဆက်တတ်တဲ့ ကိုယ့်
ကိုယ် ကိုသိပ်မသိလှသေးတဲ့ ညီငယ်....၊ဘလော့လေးစတင်တော့ လိုတာလေးတွေနည်းပေးလမ်းပြပေးရှာတဲ့ ခုဘယ်ဆီရောက်နေမှန်းမသိရတော့တဲ့ ဂျီးတော်....၊ပြီး...စာရေးသိပ်ကောင်းတဲ့ ကျွန်တော်တို့ရဲ့ချစ်စွာသော ဇာတ်ဆရာ....။နောက်..အလှူလက်ဘက်လေးတွေတင်ပေးတတ်တဲ့ အဘ.....။

သူတို့တွေကို ဘလော့လေးမှတစ်ဆင့် ငယ်ပေါင်းကြီးဖော်တွေအလား...ခင်မင်ခဲ့ရပါတယ်...။

ဂျီတော့မအက်၊ဖဘမှာ မတွေ့တတ်ရပေမယ့် ဘလော့ပေါ်သန့်သန့်လေးမှာ တကယ့်ညီရင်းအကို၊မောင်ရင်းနှမ
အလား ခင်မင်ရသူတွေက ပေါက်ကရငါးဆယ်၊ဆယ်ရာခိုင်နှုန်းချစ်တတ်သူအစ်မချစ်....၊တောင်တန်းကြီးတွေအ
ပေါ် ဓာတ်ပုံလှလှတွေနဲ့ အလည်ခေါ်တတ်တဲ့ ကိုညီလင်းသစ်၊ ဘိလပ်တစ်မြေကနေ သူချစ်တဲ့ရွာလေး
အကြောင်း တစ်စေ့တစ်စောင်း ပြန်ပြောင်းလို့ပြောပြတတ်တဲ့ တဂျီးမင်း....၊အသက်အရွယ်ငယ်ပေမယ့် စာတည်
လေးတွေရေးတတ်တဲ့ ဘလော့ပေါ်အတော်ပနံသင့်မိတဲ့ နေဝသန်....၊

ဘုရား၊တရား အမြဲလက်ကိုင်ထားလို့ ကဗျာလေးတွေ၊စာလေးတွေအရေးကောင်းတဲ့ အစ်မမေ...၊မနေ့တနေ့က
မှခင်ကြရပေမယ့် တကယ့် မောင်နှမတွေအလား နောက်ပြောင်နေရတဲ့ ကိုရင်သာပျော့နဲ့အစ်မမဒိုးကန်....၊ဘဝ
တစ်ဆစ်ချိုးပြီးတဲ့နောက် ပေါ်လိုက်ပျောက်လိုက်ဖြစ်နေတဲ့ တစ်ခါတစ်ခါ လမသာနိုင်တဲ့ အစ်မလသာည....၊
ကြယ်လေးရဲ့အလင်းရောင်ကိုတမ်းတနေတတ်ပြီး မြန်မာပြည်ခရီးသွား(၁)ဆိုတဲ့ ပို့စ်နဲ့ တစ်နေတဲ့ ဖိုးကြယ်လေး
ကွန်ပြူတာမှာ မြန်မာဖောင့်မရှိလို့ပါဆိုတဲ့ဆင်ခြေဆင်လက်အပြည့်ပေးပြီး ဘယ်ရောက်လို့ ဘယ်ပျောက်နေမှန်း
မသိရတော့တဲ့ မစ္စတာပီရဲ့ ချစ်စွာသော ပူးတေ.....၊အလုပ်များလို့ ဘယ်ဘလော့မှ မလည်နိုင်ဖြစ်နေတဲ့ အတိုက်
အခိုက်ပေါင်းများစွာကြားက ပန်းပန်လျက်ရှိနေဆဲ အစ်မငယ်နိုင်....။

ချစ်သောအိန်ဂျယ်အကြောင်း သိပ်ဖတ်လို့ကောင်းတဲ့ အက်ဆေးလေးတွေရေးတတ်တဲ့ မိုးငွေ့၊ဘလော့ဒေးအ
မှတ်တရပို့စ်လေးရေးပြီး စီပုံးဖြုတ်၊ကွန်မန့်ဖြုတ်လို့ လိပ်ခွံလေးထဲဝင်အောင်းတော့မယ်ဆိုတဲ့ မိုစက်ပွင့်....၊အဝါ
ရောင်မြေပေါ်က အစ်မစော....၊ကမ္ဘာတစ်လွားက အထူးအဆန်းများနဲ့ လာလည်သူများကိုဖမ်းစားတတ်တဲ့ အစ်မ
ချော...၊ကမ္ဘာမြေပေါ်ကပန်းမှန်ရင် ဘယ်ပန်းကိုမဆို ချစ်တတ်တဲ့ အစ်မအပြုံးပန်း....၊ဝါတွင်းကာလရောက်တိုင်း
ဥပုသ်နေ့နှိုးဆော်စာလေးတွေတင်တတ်တဲ့ မိုးခါး....၊ပိုပေါ့အကြောင်း ဖတ်ကောင်းအောင်ရေးပြတဲ့ ခမာမြေမှ
အစ်မအိမ်သူ....၊ခံစားမှုသံစဉ်လေးတွေအရေးကောင်းတဲ့ black...။သားငယ်လေးရဲ့ ခွဲစိတ်ကုသခံရမှုအကြောင်း
နဲ့ ဖတ်ရသူအပေါင်းရဲ့ စိတ်နှလုံးကိုသိမ်းကြုံးဆွဲဆောင်သွားတဲ့ ကို N/A.....၊သီချင်းလေးတွေဆိုပြ၊ရုပ်ရှင်ကား
ကောင်းလေးတွေ ရှယ်တတ်တဲ့ အကောင်ပေါက်လေးခရေတွန်....။

သူတို့သူတို့တွေနဲ့ ကျွန်တော်ကျင်လည်ရာဘလော့ရပ်ဝန်းပေါ်မှာ စကားလုံးတွေနဲ့ အလည်အပတ်ထွက်၊အတွေး
အမြင်တွေဖလှယ်...၊ရယ်စရာလေးတွေပြောလို့ ဘဝအမောတွေကခေတ္တမှထွက်ပြေးခဲ့ရပါတယ်...။

နောက်....များစွာသော ကျွန်တော်သွားရောက်ဖတ်ရှု၊လည်ပတ်ရာ ဘလော့နှင့် ဘလော့ဂါများစွာ ကျန်ပါသေး
တယ်....။ဘော်ငွေရောင်ဆံပင်လှလှများပိုင်ရှင်၊ရယ်မောနောက်ပြောင်တတ်တဲ့ ဆရာကြည်၊ဗီယက်နမ်မြေက
ချစ်သောခင်ပွန်း၊သား၊သမီးတွေအတွက်ရှင်သန်ရပ်တည်နေတဲ့ အစ်မရှရွန်....၊ရေချမ်းနဲ့ရေစင်တို့ရဲ့ ချစ်စွာ
သော အစ်ကိုဧရာ၊အစ်မသီတာ၊မျက်ဝန်းလဲ့ပြာရီတစ်ပုဒ်နဲ့တင် အသစ်တင်ရင်မဖတ်ရမနေနိုင်အောင် စာရေး
ကောင်းတဲ့ ကိုစိုးစီ၊ကျောင်းသားဘဝကို ကျောင်းသားပီပီ သွက်လက်တတ်ကြွစွာရေးသားတတ်တဲ့ စန်းထွန်း
ဂျပန်မြေက အစ်မကြည်ကြည်....။

ကဗျာတွေ၊စာတွေ အရေးကောင်းတဲ့ အစ်မသက်ဝေ၊ပရဟိတလုပ်ငန်းတွေအကြောင်းစိတ်ဝင်စားလာအောင်
ရေးသားတတ်တဲ့ အစ်မမြသွေးနီ...၊အစ်မမြတ်မွန်...၊အစ်မအိန္ဒြာ...၊ဆေးဝါးအကြောင်းတွေ ဗဟုသုတပေးတတ်
တဲ့ အစ်မနှင်းနုလွင်အိန်ဂျယ်လှိုင်း၊သရဲဇာတ်လမ်းတွေနဲ့နာမည်ကျော် ကိုအောင်၊ကဗျာဆရာမလေး jasmine
ကဗျာဆရာလေး ဗညားနဲ့ ကောင်းကင်ကို၊နောက်အစ်မ ပန်ဒိုရာမရီတာthe gardenerလရောင်လမ်းယွန်း
အစ်မသဒ္ဒါလှိုင်း၊နောက်......များစွာ...များစွာ.....များစွာ.....။

အားလုံးကို လှိုက်လှဲစွာ ရင်ဘတ်တစ်ခုလုံးနဲ့ ခင်မင်ရပါတယ်..။ဘလော့ဂါတစ်ဦးတစ်ယောက်ကိုမှ လူချင်းမတွေ့
ဖူးပါဘူး....။ဒါပေမယ့် သူတို့ရေးတဲ့စာ...၊သူတို့ရေးတဲ့စာထဲမှ သူတို့ခံစားချက်...၊သူတို့ခံစားချက်ထဲကမှ သူတို့
သဘောထား....၊အဲဒီလို အဆင့်ဆင့် သူတို့မျှဝေမှုတွေကိုခံစားရင်း၊ သူတို့ရုပ်ပုံလွာတွေကို စိတ်ကူးပုံဖော်ရင်း
သူတို့အပေါ် သံယောဇဉ်ဖြစ်သွားတာဆိုရင်လည်းမှားမယ်မထင်ပါဘူး....။


ဘလော့ဆိုတာ မိမိခံစားမှုတွေကို မျှဝေဖလှယ်တာလို့ ကျွန်တော်မှတ်သားဖူးပါတယ်...။မှန်ပါတယ်...ဘလော့ဂါ
တစ်ဦး စာရေးကောင်းသည်ဖြစ်စေ၊မကောင်းသည်ဖြစ်စေ ကျွန်တော်ကတော့ သူတို့စာတွေကို သဘောကျပါ
တယ်....။ဘာဖြစ်လို့လဲဆိုတော့ သူတို့ရေးတဲ့စာထဲမှာ သူတို့ခံစားချက်တွေကို တစ်ပိုင်းတစ်စ လှစ်ဟလို့တွေ့ရ
တတ်လို့ပါ...။သူတို့ရေးတဲ့စာထဲမှာ သူတို့ရဲ့စေတနာကိုတွေ့နေရတတ်လို့ပါ....။စိတ်ခံစားချက်ကို ဦးစားပေး
တတ်တဲ့၊စိတ်ခံစားမှုနောက်ကို ကောက်ကောက်ပါအောင်လိုက်ပါတတ်တဲ့ကျွန်တော့်အတွက်ကတော့ သူတို့ရဲ့
စာတွေနဲ့အတူ သူတို့ရဲ့ ခံစားမှုနောက်ကို စီးမျောလိုက်ပါရတာ ကျေနပ်နှစ်သိမ့်စရာတစ်ခုပါ....။

နောက်....ကွန်မန့်လေးတွေကို ကျွန်တော်ချစ်ပါတယ်...၊တန်ဖိုးလည်းထားမိပါတယ်....၊မကြာခဏဆိုသလိုကွန်
မန့်အဟောင်းလေးတွေကိုပြန်ဖတ်မိပြီး၊ပြန်ဖတ်တိုင်းလည်း ကျေနပ်သဘောကျနေတတ်တာပါ...။ကွန်မန့်လေး
တွေဟာ စာရေးသူ ဘလော့ဂါတစ်ဦးအတွက် အားဆေးတစ်ခွက်လို့ သဘောပေါက်မိတဲ့အတွက်၊ရေးသူ၊ဖတ်သူ
အကြားက ပေါင်းကူးတံတားလေးတစ်စင်းလို့ နှလုံးပိုက်မိတဲ့အတွက် တတ်နိုင်သမျှ ကွန်မန့်လေးတွေပေးတတ်
ပါတယ်....။

ပြောရရင်တော့ ဘလော့ရွာထဲမှာ ဘလော့ဂါတွေနဲ့ စာလုံးလေးတွေကတစ်ဆင့် ရင်းနှီးခင်မင်ရတာကို ကျွန်တော် အတိုင်းမသိကျေနပ်မိပါကြောင်း၊လာမယ့် ၃၁ရက် ဘလော့ဒေးမှသည် နောင်နှစ်ပေါင်းများစွာ
ဘလော့ဂါအားလုံးရဲ့ ဘလော့များအားလုံး အဓွန့်ရှည်တည်တံပါစေကြောင်း ဆုမွန်ကောင်းတောင်းလိုက်ရပါ
တယ်ခင်ဗျား.....။

(ဒီစာကိုရေးနေချိန်မှာ အထူးတလည်သတိရနေမိသူတွေရှိပါတယ်....၊သူတို့ကတော့ ဘလော့ရွာလေးကနေခြေ
ရာဖျောက်သွားတဲ့ ကိုရွာသားလေး(ဝိုင်တီယူ)၊ ကျမ်းမာရေးကြောင့်အနားယူနေရတယ်ဆိုတဲ့ ကိုဏီလင်းညိုနဲ့
စာတွေဆက်မရေးတော့တဲ့ အစ်မမိုးချိုသင်း၊အထူးသဖြင့် ကျွန်တော်တို့ကို ထာဝရခွဲခွာသွားပေမယ့် ကျွန်တော်
တို့ရင်ထဲမှာ ထင်ကျန်ရစ်နေဆဲ ကိုကြီးကျောက် ကိုပါပဲ.....။)

(နောက် ကျွန်တော့်ဘလော့နဲ့ပတ်သက်ရင်မဖြစ်မနေကျေးဇူးတင်ရမယ့် ဘလော့တစ်ခုရှိပါတယ်၊အဲဒီဘလော့
ကတော့ ကေပီသရီးမိသားစုပါ၊ဘလော့လေးစလုပ်လုပ်ချင်းမှာ လိုအပ်တာမှန်သမျှ သူဆီက ရပါတယ်...။
ကျေးဇူးတင်ပါတယ်ခင်ဗျာ....)

(နောက်တစ်ခုက အားလုံးသောဘလော့ဂါများကို ဘလော့ဒေးအမှတ်တရရေးပေးဖို့ဆက်တဂ်ပါတယ်ခင်ဗျား....၊
အထူးသဖြင့် ကျွန်တော်ချစ်ခင်ရတဲ့သူငယ်ချင်းများအားလုံးကိုရေးပေးစေချင်ပါတယ်၊ကျေးဇူးတင်ပါတယ်ဗျား)

32 comments:

ဟန်ကြည် said...

ဒီနှစ်ဘလော့ဒေက ပျော်စရာကောင်းလိုက်တာ...ဘလော့ဂါ ညီအစ်ကို မောင်နှမတွေ နွေးနွေးထွေးထွေးနဲ့ ဆုံဖြစ်ကြ၊ အမှတ်တရ ပို့စ်တွေလည်း ရေးဖြစ်ကြတယ်...ဘုမသိ။ ဘမသိနဲ့ ကုန်လွန်ဖြတ်သန်းခဲ့ရတဲ့ မနှစ်က ဘလော့ဒေးကို ပြန်သတိရမိသေးတော့...ပျော်ပျော်ကြီး ဘလော့ဂင်းရင်း ဘလော့ရွာလေးရဲ့ ပသာဒကို တတ်နိုင်သလောက် ဆက်လက်ဖြည့်စွမ်းနိုင်ပါစေကြောင်း ဆုမွန်ကောင်း တောင်းလျှက်ပါ. . .

...အလင်းစက်များ said...

ငါစသိတာတော့ မောင်လေး ဆိုတဲ့ အောင်ကျူကျူ ကောင်လေ...... အဲ့သည်ကောင်က မမကွမ်းဆီ မှာ လာလာမန့်  လို့  လိုက်ဖတ်ကြည့်ရင်း ဒင်းကို စသိတာ။ နောက်တော့ ၃၃ နှစ်ရယ်၊ နာမည်တွေ အကြောင်းရယ် မှာ ပိုရင်းနှီးသွားတယ်။ ဖဘမှာ တော့ ထိုင်းမှာ လာလည်တုန်း ဒင်းက ကုတ်ကမြင်းသွားတဲ့ ပုံတွေ တင်မှ သိတယ်.....။

ခုထိတော့ ရင်းနှီးနေပါသေးတယ်.... ဘယ်တော့ ထသတ်မလဲတော့ မသိသေးဘူး။

ဒါဘဲ....... စာစောင့်ဖတ်နေတာ. ည ၂ နာရီ ခွဲပါပေါ့။ အိပ်တော့မည်လေ။

သူကြီးမင်း (တုံးဖလား) said...

နိဒါန်းလေး ဖတ်ပြီးတော့ ပို့စ်အဟောင်းကြီးတင်တယ်ထင်နေတာ။း))

ဆက်ဖတ်တော့မှဘဲ လူတွေ လူတွေ စုံနေတာဘဲ။ မောင်လေးတစ်ယောက် မအိပ်မနေ ဘလော့လင့်တွေ လိုက်ယူနေရင်း အချိန်တွေ အတော်လေး ပေးလိုက်ရမှာ သေချာပါတယ်။ ချီးကျူးပါတယ်။

မုဒ် ၀င်တုန်းလေး များများ ရေးပါ။ ဖတ်တဲ့သူတွေ အများကြီး။ တက်လာတာ မြင်ရင် ဖတ်လိုက်တာဘဲ။

ပျော်ရွှင် ကျန်းမာ ချမ်းသာပါစေ။

ခင်မင်လျက်

ညိမ်းနိုင် said...

ဆရာကြည်>>>ဟုတ်ပါ့ဆရာရာ..ပျော်စရာကောင်းတယ်၊
ဒီနှစ်..၊ကိုအောင့်ကို ကျေးဇူးတင်ရမယ်..သူစလိုက်တာကိုး။

ကိုလတ်>>>အေး...ငါ့တဂ်ပို့စ်တွေမရေးရင် သတ်ရမှာပဲ
ဟေ့....၊ငါတော့နင့်ကို နင့်အိမ်ရှင်ရဲ့ရွေငါးလေးနေမကောင်းလို့ ဆေးရုံပို့တာကို
စမှတ်မိတာပဲ....ဟ....။

တဂျီး>>>အထွေအထူးတော့မရှာရပါဘူးဗျာ....၊ကျွန်တော့်
ဆီမှာလင့်ချိတ်ထားတာတွေကိုးဗျ....။

Anonymous said...

ကျေးဇူးတင်ပါတယ်ဗျာ..
တဂ်ထားတယ်တိုတော့ ဖြစ်ညှစ်ရေးရမှာပ..
မန့်ဖြစ်သည်ဖြစ်စေ..မမန့်ဖြစ်သည်ရှိစေ သေသေချာချာဖတ်လေ့တော့ရှိပါတယ်..
N/A

Maung Myo said...

ညီမဟုတ်ဘူး ဘကြီးဝေ့း)

ညီလင်းသစ် said...

ဘလော့ဂ်လင့်ခ်တွေ တသီကြီးနဲ့ ဘလော့ဂ်ဒေးအကြောင်း ပို့စ်လေးက ဖတ်လို့ကောင်းတယ်ဗျ၊ ဘယ်တုန်းက စ,ရေးတယ်၊ ဘာဖြစ်လို့ ရေးတယ်၊ ဘယ်သူတွေကို ဖတ်ဖြစ်တယ် ဆိုတာတွေက ဘလော့ဂ်ဒေးအတွက် လိုအပ်ချက်တွေ ပါပဲ၊ တလောက ဖဘမှာ ဓါတ်ကျနေလို့ ဘလော့ဂ်မှာ နည်းနည်း ပျောက်နေခဲ့ရာက အခု ပို့စ်လေးတွေ ပုံမှန် ပြန်တက်နေလို့ ဝမ်းသာတယ် ကိုညိမ်းနိုင်...။း)

နေ၀သန် said...

တယ်များပါလားကွယ်... :D... ပျော်ရွှင်ပါစေကွီ...


ခင်မင်လျက်
နေ၀သန်

မောင်မျိုးက ညီမဟုတ်ဘူးတဲ့.. ဒီတော့ သူ့ကို ဘကြီးမျိုးလို့ ခေါ်ကြတာပေါ့...

ချော(အစိမ်းရောင်လွင်ပြင်) said...

တစ်ဦးချင်းစီရဲ့ ဘလောဂ့်ဒေးရေးပုံလေးတွေကို စိတ်ဝင်စားစွာ လိုက်ဖတ်မိပါတယ်။
ဘလော်ဂါအချင်းချင်း ထားကြတဲ့ စေတနာကိုလည်း နားလည်မိပါတယ်။
ဘလောဂ့်လောက တစ်နေရာမှာ ခိုင်ခိုင်မာမာရပ်တည် ရှည်ကြာပါစေလို့ ဆုတောင်းပေးခဲ့ပါတယ်။
ကွန်မန့်တွေက အားဆေးဆိုလို့ အားဆေးတစ်ခွက် လာပေးသွားတာနော်း)
ဘလောဂ့်ကို ပျော်ပျော်ကြီးဆက်လက်ရေးသားနိုင်ပါစေ

rose of sharon said...

တော်တော်ကိုဘလော့လည်နိုင်တဲ့ လူချစ်လူခင်များတဲ့ကောင်လေးဘဲ.... ဆုမွန်ကောင်းများစွာဖြင့် :)

Anonymous said...

မောင်လေး ရေ

ပျော်ရွှင်စွာ စာတွေရေးနေ ဖတ်နေလို့ အမဝမ်းသာပါတယ်

အမရွှေစင်

Cameron said...

မောင်လေး ဘလော့ဒေးအမှတ်တရ ကနေ မသိသေးတဲ့တချို့လင့်တွေယူသွားပါတယ်...။ ဘလော့ဒေးမှသည် နောင်နှစ်ပေါင်းများစွာထိ ဒီမောင်နှမတွေနဲ့ ဘလော့ဂင်းနိုင်ပါစေ...။

ခင်တဲ့
မိုးငွေ့

သဒ္ဓါလှိုင်း said...

ဘလော့ဒေးအမှတ်တရပိုစ့်လေးကို ကြည်နူးစွာ ဖတ်မိတယ်။ အခြေအနေ အတိုင်းအတာရတဲ့အထိ စာပေလေးတွေကို မျှဝေပေးနိုင်ပါစေမောင်လေး။
ခင်မင်လျက်
သဒ္ဓါ

စံပယ်ချို said...

ဘလော့ဂ်ဒေးအကြောင်း ပို့စ်လေးက ဖတ်လို့ကောင်း
ပါတယ်ရှင်...ရေးတတ်တဲ့သူတွေဆိုတော့
ဖတ်ရတာလဲ အဆင်ပြေနေတာပဲ...
နောင်လဲ ဒီထက်မက စာတွေရေးနိုင်ပါစေ
လို့...ချမ်းမြေ့ပါစေရှင်။

ချစ်ကြည်အေး said...

များကြီးပဲ၊ ဘယ်လိုမှ အိမ်ပေါက်စေ့မလည်နိုင်လို့ ခက်နေတယ်။ ခုနောက်ပိုင်း အသစ်အသစ်လေးတွေလည်း တိုးပွားလာတော့ ဖတ်လို့ကို မနိုင်တော့ဘူး။ မောင်လေး စရေးတုန်းက ပန်းဝေသီဆိုလို့ မဂ္ဂဇင်းလား ထင်မိသေးတာ။ မရေးတော့တဲ့ လူဟောင်းတွေကို ခုတလော သတိတွေ ရနေမိတယ်။ စာတွေဆက်လက်ရေးသားနိုင်ပါစေ ပျော်ပျော်ကြီး ဘလော့ဂင်းနိုင်ပါစေကွယ်....

Anonymous said...

လင့်တွေကလည်း များထှာ ...
မူးမူးနဲ့ဘာတွေလျှောက်လုပ်ထားတာလဲ...

မျှစ်.... said...

ကျနော် စာသိပ်မရေးတတ်လို့ ဆားချက်တာပါဗျာ..... ရေးတတ်ရင်တော့လုပ်ပါဘူးဗျာ။။း(

ညိမ်းနိုင် said...

ကိုအန်အေ>>>ရေးပေးမယ်ဆိုလို့ကျေးဇူးတင်ရပါတယ်
ဗျာ....။

မောင်မျိုး>>>အတော်ကြီးချင်နေတယ်ပေါ့လေ...အေး..
ဘကြီးဆိုတော့လည်း ဘကြီးပေါ့...နောက်မှ စိတ်မကောက်ကြေးနော်....:)))

ကိုညီလင်းသစ်>>>ဟုတ်ပါ့အကို...ရေးစရာတွေကျန်ခဲ့
သေးတယ်အကိုရ..နောက်မှထပ်ရေးရမယ်...။

နေဝသန်>>>ဒါတောင်လျော့ထားတာရယ်...အများကြီး
ကျန်ခဲ့သေး...:)

အစ်မချော>>>အားဆေးလာတိုက်တာကျေးဇူးတင်ပါ
တယ်ခင်ဗျား....:)

အစ်မရှရွန်>>>အဲ့လောက်လဲမဟုတ်ပါဘူးအစ်မရယ်
ကျွန်တော်ဘာရေးရေး လာအားပေးကြတဲ့ အကိုအမ
တွေကြောင့်ပါ....။

အစ်မရွေစင်>>>ဟုတ်အစ်မ..လောလောဆယ်တော့
ပျော်ပျော်ပဲ..အဲ..ဘယ်တော့မှ ဓာတ်ကျဦးမလဲမသိ..:)

မိုးငွေ့>>>ပေးတဲ့ဆုနဲ့ပြည့်ပါစေခင်ဗျား....

အစ်မသဒ္ဒါလှိုင်း>>>ကျွန်တော့်ကိုပဲဆုတောင်းမပေးနဲ့
လေ...အစ်မလည်းစာလေးတွေပြန်ရေးပါဦးနော်...

jasmine>>>အာ...အဲလောက်လဲမဟုတ်ပါဘူးညီမ
ရယ်...ကြုံသလိုချရေးထားတာတွေပါ၊ဆုတောင်းပေ
တာကျေးဇူးညီမရေ....။

အစ်မချစ်>>>ဟုတ်ပါ့....အဲ့သာကရေးပြီးသားမို့ချန်ခဲ့
တာ...အစ်မမှတ်မိသေးတယ်ပေါ့...ရှက်တာဗျာ...:)))

ကိုရဲ>>>အောင်မာ...နာမသောက်ထားဘူး...ဘယ်နား
မူးရမှာတုန်း.....:)

မျှစ်>>>အဲ....ခင်လို့နောက်တာပါညီရ....စိတ်မကောင်း
မဖြစ်နဲ့..ညီချက်တာ...အဲလေ....ရေးတာလေးတွေ
လည်းဖတ်ကောင်းပါတယ်ဟ...:)

Sonata Cantata said...

S-C ဆိုက်ဘားမှာ အခြားဘလော့ဂ်ဒေး အမှတ်တရပို့စ်တွေနဲ့ အတူထားဖို့ ယူသွားမယ်နော်။
ဘလော့ဂင်း
သက်တော် ရှည်စေကြောင်း...
သွားလမ်းသာလို့ လာလမ်း ဖြောင့်စေကြောင်း...
ဆုမွန်ကောင်းတွေ တောင်းသွားတယ်။

blackroze said...

ဘလော့ဒေး အမှတ်တရအတွက်
တယောက်ချင်းစီရဲ့လင့်တွေကိုပါယူပြီး
စိတ်ရှည်လက်ရှည်ရေးသွားတဲ့..
ကိုညိမ်းနိုင်ရေ..
နောက်နှစ်ပေါင်းများစွာတိုင်အောင်
ဘလော့ရွာကြီးထဲမှာ
ပျော်ရွှင်ပါစေရှင်...

လသာည said...

ဘလော့ဒေးအမှတ်တရလေးကို သေသေချာချာ လာဖတ်တယ်။ ဒီနှစ်ဘလော့ဒေးမှာရော၊ နောင်နှစ်ဘလော့ဒေးမှာရော ဟိုးနောင်နှစ်နောင်နှစ်ဘလော့ဒေးမှာရော ပျော်ရွှင်စွာ အခုလိုပဲ ခင်မင်ရတဲ့ ဘလော့ဂါများနဲ့ ဘလော့ဂင်းနိုင်ပါစေနော်...
ခင်မင်လျှက်

ညိမ်းနိုင် said...

အစ်ကိုဧရာ၊အစ်မသီတာ>>>အမှတ်တရ သိမ်းထားပေး
တာကိုပဲ ကျေးဇူးတင်၊ဝမ်းသာရပါတယ်ဗျာ...၊ပေးတဲ့ဆုနဲ့
လည်းပြည့်ပါရစေဗျာ....။

Black>>>ဒါတောင်ကျန်ခဲ့တာတွေအများကြီးရယ်...၊ကျန်
ခဲ့သူတွေကို အားနာနာနဲ့တောင်းပန်ရတော့မှာပဲ...:)

အစ်မလသာည>>>ဟုတ်အစ်မ...ပေးတဲ့ဆုနဲ့ပြည့်ပါရစေဗျာ....

မြစ်ကျိုးအင်း said...

ဘလော့ဂ်ရွာသားတွေရဲ့ ခင်ခင်မင်မင် ပို့စ်လေး ဖတ်ရတာ စိတ်ကြည်နူးမိပါရဲ့။
ပျော်ပျော်ရွှင်ရွှင်နဲ့ ဆက်ပြီး ဘလော့ဂင်း ကြတာပေါ့။

Angelhlaing(May everybody be happy and healthy! said...

Happy blog day ပါအကို..
လေယဉ်လက်မှတ်မရလို့ အကို့ဘလော့ထဲ လာလည်တာ နောက်ကျသွားတယ်လို့ :P:P
အစဉ်အမြဲ အားပေးလျှက်ပါလို့.:)

မဒမ်ကိုး said...

ကညိမ်းရေ ..မဒိုးကန်ဖိနပ်ပျောက်နေလို့အိမ်မလည်နိုင်ဖြစ်သွားတာတော့..
ရုံးရောက်မှာထွက်ထွက်လည်ရလွန်းလို့
အလုပ်လဲကြာရင်ပြူတ်တော့မယ်း)

ပျော်ရွှင်ဖွယ်ရာဘလော့ဂါဘ၀ဖြင့် နေ့ရက်ပေါင်းများစွာကို ဖြတ်သန်းနိုင်စေ ..
(တစ်ယောက်ထဲတော့မဟုတ်ပေါင် ..မြန်မြန်ယူ
ဒါမှ ကျုပ်တို့အဖော်ရမှား)

မြသွေးနီ said...

ဤနေ့ ဤရက် ဤဘလော့ဒေးမှသည် ဆက်လက်၍ စိတ်ကျန်းမာ၊ ကိုယ်ချမ်းသာစွာဖြင့် ဘလော့ဂ်ဂင် နိုင်ပါစေကြောင်း ဆုမွန်ချွေခဲ့ပါ၏။

ဖိုးကြယ် said...

ဘာာာာာာ....တွေ့ကြသေးတာပေါ့ကွာ တင်ပစ်လိုက်ဦးမယ် ဟင်းဟင်း...သိုဂလိုဆိုသော်ညှား...အင်းးးးး တင်တော့တင်ဦးမှပါ :P
blog day လေးဖတ်သွားတယ်။ ရေးဦးမှပါ တင်ဦးမှပါလေ.... :P

ခင်တဲ့(ဖိုးကြယ်)

ကိုအောင်(ပျူနိုင်ငံ) said...

ကောင်းတယ်ဗျာ၊ ကျနော့်က ကျနော့်ဘလော့ HTML ပြသနာ နည်းနည်းဖြစ်နေလို့ တက်ဂ်ထားတဲ့ မိတ်ဆွေတွေဆီ နှံနှံစပ်စပ် မရောက်ဖြစ်သေးတာ၊ ခွင့်လွှတ်ပါဗျို့၊ အခုလို ပျော်ပျော်ရွှင်ရွှင် တက်ဂ် ရေးပေးတာ ကျေးဇူးတင်ပါတယ် ...

sosegado said...

လာရောက်ဖတ်သွားပါသည်
ပျော်ရွှင်အေးချမ်းစွာဖြင့် စာများများရေးနိုင်ပါစေ။

ညိမ်းနိုင် said...

ကိုမြစ်>>>ဒါပေါ့...ကိုမြစ်ရာ....ကျွန်တော်တို့ပျော်ရွင်ချမ်း
မြေ့စွာ၊ချစ်ခင်ရင်းနှီးစွာ....(ဟိုလူကြီးစကားငှာသုံးရရင်)
ပျော်ပျော်ပါးပါးကြီး အုတ်မြစ်ချကြတာပေါ့ဗျာ...နော့....:))

အိန်ဂျယ်လှိုင်>>>လေပျံလက်မှတ်မရရင်မှီရာဆိုက်ကား
ငှားလာရောပေါ့ညီမရာ...Dအလကားစတာပါ...၊နောက်ကျ
လို့အပေါက်ဝကလှည့်မပြန်ရပါဘူးညီမရေ....၊လာလည်တာကိုပဲကျေးဇူးတင်ဝမ်းသာရတာရယ်...:)))

အစ်မမဒိုးကန်>>>ဖြစ်ရမယ်..အစ်မမကတော့...၊အလုပ်
ပြုတ်လည်းဘာအရေးတုန်း...၊ကိုရင်တစ်ယောက်လုံးရှိ
နေတာပဲ...သူ့ကို နှစ်ဆတိုးရှားပစေ....ကောင်းဝူးလား၊
အဲ...ကျွန်တော့်ကိုတော့အဖော်မညှိနဲ့လေဂျာ....၊ကိုရင့်
ကိုကြည့်ပြီး စိတ်တွေအတော်ကို ကုန်နေတာရယ်...:P

အစ်မမြသွေးနီ>>>ရွေပြည်ကြီးမှာ အခြေအနေကောင်း
လာပြီထင်ရဲ့....အစ်မတစ်ယောက်တောင် အိမ်လည်
ထွက်နိုင်လာပြီ...၊လာလည်တာကျေးဇူးအစ်မရေ....၊

ဖိုးကြယ်လေး>>>တင်ဟ...မြန်မြန်....၊နင်မလဲတစ်ခါ
တဂ်မှတစ်ခါရေးတော့တယ်....နေ့တိုင်းတောင် တဂ်ရ
မလိုဖြစ်နေပြီ....:)))

ကိုအောင်>>>ဟုတ်အကိုရေ...၊နောက်ကျလည်းရပါ
တယ်...၊ကိတ်စနရှိပါဘူးဗျ....:)

ကိုစိုးစီ>>>ဟုတ်အကိုကြီး...၊ပေးတဲ့ဆုနဲ့ပြည့်ပါစေဗျား...။

မိုးခါး said...

အီးးး အရှုပ်တွေ လုပ်နေတာနဲ့ စာကြွေးတွေ တင်နေတာ .. ခုရေးထားတာတွေ့တော့မှ နာတောင် ဥပုသ်နေ့ နှိုးဆော်စာတင်တာတွေ ပျက်ကွက်နေပါလား လို့ .. ဟူးးး :D

မိုးခါးစာ ကြိုက်ရင် ရှယ်နိုင်ပါတယ်နော် ..း)

ကိုကိုးအိမ်(မန္တလေး) said...

ညည်းကို ထပ်တဂ်ဦးမယ် ဟိဟိ... စောင့်ကြည့်နေနော်... ခုတော့ နတ်ဆိုးတဂ်ထားတာလေးရေးလိုက်ဦး တိလား

ခင်မင်စွာဖြင့်