Friday, October 14, 2011

တိမ်တွေဆီသို့.......(၂ )

ကျွန်တော် ကေအယ်က Bandar Tasik Selatan ဆိုတဲ့ ကားဝင်းအသစ်ကြီးဆီရောက်တော့ နေ့တစ်နာရီတိတိရှိ
ပါပြီ။ဒီကားဂိတ်ကြီးက အတော်သပ်သပ်ရပ်ရပ်နဲ့ စနစ်တကျအတော်ရှိပါတယ်။သူနဲ့ကပ်ရပ်မှာ ရထားဘူတာရုံ
လည်းရှိတော့ အတော်အဆင်ပြေပါတယ်။ရှင်ကြားပူမှာ မြို့ပတ်ရထားဆိုလို့ MRT နဲ့ LRT နှစ်မျိုးပဲရှိပါတယ်။
LRT ကလည်း လမ်းတိုလေးတွေပါပဲ။အဲ...မလေး မှာတော့ ရထားလိုင်းတွေက နာမည်အမျိုးမျိုးနဲ့ဗျ။ Rapid KL တဲ့၊ Monorail တဲ့၊ KTM Star တဲ့၊ KTM တဲ့၊အများကြီးပဲဗျ...၊ဒါတောင် ကျွန်တော်မသိတဲ့ အခြားနာမည်တွေ
ကျန်သေး။

ဘူတာရုံဘက်ရောက်တော့ ကျွန်တော့်အိတ်လေးထဲကစာရွက်ပိုင်းလေးကိုအသဲအသန်ရှာပြီးထုတ်ကြည့်ရတယ်။
သူငယ်ချင်းရဲထွန်းဇော် ပြောထားတဲ့ ကျွန်တော်စီးရမယ့် ရထားလိုင်းနဲ့ ဆင်းရမယ့်ဘူတာ ကိုမှတ်ထားတဲ့ စာရွက်
လေးပါ။ဘာတဲ့....Rapid KL ကိုစီး Hang Tuah ဘူတာ မှာ ရထားလိုင်းပြောင်းစီး.....တဲ့...၊ဒါနဲ့ လက်မှတ်ရောင်း
တဲ့ကောင်တာမှာ ရထားလက်မှတ်သွားဝယ်ပါတယ်။ငါ ဟမ်တွ ကိုသွားချင်တယ်ပေါ့...၊လက်မှတ်ရောင်းတဲ့
မလေးကုလားလေးက ပြုံးပြီး တစ်ခွန်းပဲပြောပါတယ်...မင်းပြောတဲ့ဘူတာငါမသိဘူး၊ဟိုမှာ ရထားလိုင်းမြေပုံရှိ
တယ်၊အဲ့မှာတစ်ချက်ကြည့်လိုက်ပါ...တဲ့....။

ဒါနဲ့ ကျွန်တော်လည်းမြေပုံသွားကြည့်တော့....အဲ...ဒီရထားလိုင်းက Rapid KL မှ မဟုတ်ပဲကိုးဗျ....၊ဒါနဲ့ Rapid
KL ရထားလိုင်းဘူတာကို ရှာရသေးသဗျ...၊ဟိုဒီရှောက်ရှာရင်း လမ်းမကြီးဘက်ရောက်သွားရောဗျိုး....၊ဒါနဲ့မဖြစ်
ချေဘူး၊အပြင်ရောက်သွားရင် ဒွတ်ခနဲ့လှလှတွေ့မယ်....လို့တွေးမိပြီး အထဲပြန်ဝင်၊ပြန်ရှာ....၊ဟောတွေ့ပါပြီ.....
Rapid KL ရထားလိုင်းဘူတာ၊ဒါနဲ့ ကောင်တာမှာ လက်မှတ်သွားဝယ်တယ်၊ငါ ဟမ်တွ သွားချင်ပါတယ်.....လို့....။
ဒီတစ်ခါလက်မှတ်ရောင်းက မလေးကုလားမချောချောလေးဗျ...၊သူကကျွန်တော့်ကို တစ်ချက်မော့ကြည့်ပြီးပြော
လိုက်တာက "I don't know this station" တဲ့၊ဟမ်တွ....လေ...ဟမ်တွ.....လို့ထပ်ပြောတော့ ခေါင်းပဲတွင်တွင်
ခါပြပါတယ်.....။ဟိုက်....ခက်တော့ခက်ပြီ....၊ငါရထားလိုင်းများမှားလေသလားလို့တွေးမိတာနဲ့ ရထားလိုင်းမြေပုံ
ကိုသွားကြည့်တော့မမှားပါဘူး....Hang Tuah ဆိုတဲ့ဘူတာကို မြေပုံမှာတွေ့ရပါတယ်။

ကံကောင်းချင်တော့ မြေပုံက Hang Tuah ဆိုတဲ့စာသားအပြင် ဘူတာအမှတ်စဉ် TS 3 ဆိုတာပါရေးထားပါ
တယ်...၊ဒါနဲ့ကျွန်တော်လည်း လက်မှတ်ရောင်းကောင်တာဆီပြန်သွားပြီး ငါသွားချင်တာ TS3 ကို လို့ပြောမှပဲ
မရွှေချောက သဘောပေါက်တော်မူပြီး လက်မှတ်ရောင်းပေးပါတော့တယ်...။ကြည့်ရတာ ကျွန်တော့်ရဲ့ အင်မ
တန်ပီသကြည်မြတဲ့ လန်ဒန်မြို့ကြီးသားအရှုံးပေးရလောက်တဲ့ ဘိလပ်အသံထွက်ကို မလေးမလေးခမြာ နား
မလည်ရှာဘူးထင်ပါရဲ့ဗျာ....:)))

လက်မှတ်ဝယ်ပြီးချိန်လောက်မှာပဲ ရဲထွန်းဇော်က ဖုံးလှမ်းဆက်ပါတယ်....၊ကျွန်တော်စီးရမယ့် ရထားလိုင်းနဲ့ ဆင်း
ရမယ့် ဘူတာကို သေချာထပ်ပြောတာပါ၊ရထားကို ဟိုဘက် ဒီဘက်မှားမစီးဖို့လည်း သေချာမှာရှာပါတယ်။
ကျွန်တော်လည်း အေးပါဟ....ငါမြေပုံကြည့်ပြီးစီးမှာပါ၊မပူပါနဲ့လို့ပြန်ပြောလိုက်ပါတယ်၊ဟွင်း...နာ ရှင်ကြားပူက
လာတာ...လူလည်အာရှသားပါဟ...ဆိုတဲ့လေသံမျိုးနဲ့ပေါ့ဗျာ.....:)))

ဒါနဲ့ ခက်တည်တည်ပဲ အိတ်ကလေးလွယ်လို့ ဘူတာထဲ ကော့ကော့ ကော့ကော့ နဲ့ဝင်သွားသပေါ့ဗျာ...၊အထဲ
ရောက်တော့ ရထားလိုင်းမြေပုံလိုက်ရှာပါတယ်....၊ဟိုက်.....ဘာမြေပုံမှတွေ့ဘူးဗျိုး...၊ဟိုဘက်သွားရှာ မတွေ့၊
ဒီဘက်ပြန်လာမတွေ့ရေးချမတွေ့...၊ဟင့် ခက်ပြီ...၊အို...ဘာအရေးတုန်း....ပါးစပ်ပါ ရွာရောက်...မေးကြည့်မှလို့
နှလုံးပိုက်ပြီးသကာလ အပေါ်ထပ်မှာ မတ်တပ်ရပ်နေတဲ့ ရထားလိုင်းယူနီဖောင်းဝတ်ထားတဲ့ မလေးအဒေါ်ကြီး
နှစ်ယောက်ဆီ သွားမေးပါတယ်...။ဟုတ်ကဲ့ခင်ဗျာ.....ကျွန်တော့်ရဲ့ ဟမ်တွဆိုတဲ့အသံထွက်ကို သူရို့လုံးဝ လုံးဝ
လိုက်လို့မမှီပါဘူးဗျာ....၊မသိဘူးချည်းပြောနေတော့တာပါပဲ...:)))

ဒါနဲ့ကျွန်တော်လည်း ကျွန်တော်မှတ်ထားတဲ့ စာရွက်ပိုင်းလေး ထုတ်ပြပြီး ငါဒီဘူတာသွားချင်လို့ပါလို့ ပြတော့မှပဲ
အော်...ဒီဘူတာလား....အဲ့ဘက်ကစီး ဆိုပြီး နတ်လမ်ညွှန်ပါတော့တယ်.....။ဟူး....တော်ပါသေးရဲ့ဗျာ.....။
ဒါနဲ့ရထားလာတော့ တတ်စီးသပေါ့....၊ဘူတာနှစ်ဘူတာလောက်ရောက်လာတော့ ရထားပေါ်က ရထားလိုင်း
မြေပုံ နဲ့ ရောက်နေတဲ့ဘူတာ တိုက်ကြည့်တော့.....လားလား....ကျွန်တော်စီးလာတာ ပြောင်းပြန်ကြီးပါလားဗျိုး..။
ဘယ်နှယ်ဗျာ....လွဲမှာစိုးလို့ သေချာမေးစီးပါတယ်....လွဲဖြစ်အောင်လွဲလိုက်သေးသဗျာ...။ဒါနဲ့ ရောက်တဲ့ဘူတာ
မှာဆင်း ဆန့်ကျင်ဘက် ရထားကိုပြန်စီးရသပေါ့ဗျာ....၊ကိုယ့်ဘာသာတော့ မလေးရထားကို တန်အောင်စီးတာ
လို့ပဲ သဘောထားလိုက်ပါတယ်....:)))

Hang Tuah ဘူတာရောက်တော့ဆင်း၊monorail ပြောင်းစီးပါတယ်....၊ဒီတစ်ခါတော့ မမှားအောင် သေသေချာ
ချာကြည့်စီးရသဗျ၊ရဲထွန်းဇော်ကလည်း စိတ်မချလို့ တောက်လျှောက်ဖုံးဆက်ပြီး မေးရှာပါတယ်၊ဒါနဲ့ပဲ နောက်ဆုံး
မှာတော့ ကျွန်တော်ဆင်းရမယ့် Bukit Bintang ဘူတာကိုဆိုက်ဆိုက်မြိုက်မြိုက်ရောက်ပြီးသကာလ ကျွန်တော့်
ကို ဘူတာမှာ ငုတ်တုတ်လေးထိုင်စောင့်နေတဲ့ ရဲထွန်းဇော်နဲ့ တည့်တည့်ကြီးကိုတွေ့ပါတော့တယ်....။

ရောက်တဲ့နေ့မှာတော့ သူငယ်ချင်းတွေနဲ့တွေ့၊စကားစမြည်ပြော နဲ့ ဘယ်မှမလည်ဖြစ်သေးပါဘူး။အဲ..ညနေပိုင်း
မှာတော့ ကိုတာယာယာ လို့ခေါ်တဲ့ မြန်မာဆိုင်တွေရှိတဲ့ နေရာကိုတော့ ရဲထွန်းဇော်နဲ့အတူ သွားဖြစ်ပါသေးတယ်
အဆိုပါ ကိုတာယာယာဆိုတဲ့နေရာက အတော်ကိုစည်စည်ကားကားနဲ့ ရှုပ်ရှုပ်ထွေးထွေးနိုင်တဲ့နေရာတစ်ခုပါ။
မြန်မာဆိုင်တွေ ရှိတဲ့နေရာမို့လို့လည်း တွေ့ရသမျှအများစုက မြန်မာတွေပါပဲ...၊အဲဒီမှာ မလေးရှားဘလော့ဂါ
တစ်ယောက်ဖြစ်တဲ့ နေဇော်လင်းနဲ့လည်း အမှတ်မထင်တွေ့ဆုံခဲ့ရပြီး စကားတွေပြောဖြစ်ခဲ့ပါသေးတယ်ခင်ဗျား။








ဒါက အတော်လေး သေသေသပ်သပ်ရှိတဲ့ Rapid KL မြေအောက်ရထားဘူတာရုံမှာရိုက်ခဲ့တဲ့ ရထားပါ။
ကျန်တဲ့ မြေပေါ်ဘူတာရုံတွေက နဲနဲတော့ ပေစုတ်စုတ်နိုင်ပါတယ်....:)



ဒါကတော့ Monorail



ဒီကောင်ကလည်း Rapid KL




ကိုတာယာယာကအပြန် တွေ့တာရိုက်လာတာ......


ဒီဆိုင်က ကိုတာယာယာက ရွှေတောင်ဆိုတဲ့မြန်မာဆိုင်၊စင်တင်တေးဂီတနဲ့ ဘာနဲ့ အတော်လေး
သားနားသပ်ရပ်တဲ့ဆိုင်ပါ၊ရှင်ကြားပူက မြန်မာဆိုင်တွေထက်ကျယ်ပါတယ်......။




ကိုတာယာယာရှုခင်းတွေ.......။

ဆက်ရန်......

(မလေးမှာအတူလျှောက်လည်တဲ့ ရဲထွန်းဇော်က တောင်ပေါ် ၁၊၂၊၃၊၄ ဆိုပြီး ရေးပြီးသွားပြီ...၊ကျွန်တော့်မှာတော့
တောင်ပေါ်လည်းမရောက်နိုင်သေး၊တိမ်တွေဆီလည်းမရောက်နိုင်သေးပါဘူး၊တစ်နေ့တစ်လံပေါ့ဗျာနော့....
သည်းခံလော့ ရဲဘော်တို့......:))))

17 comments:

♫♪★လွမ်းပိုင်ရှင်★♪♫ said...

ဖတ်ရှု့အားပေးခဲ့ပါတယ်ဗျာ

Cameron said...

ရထားတွေတ၀ကြီးစီးခဲ့တယ်ပေါ့.....း)

ကိုရင် said...

ကပ္ပိယကြီး.“ကျွန်တော် ဟမ်တွကို သွားချင်ပါတယ်”
စားရေးမ..“ရှင်..အဲဒီ station မသိဘူးရှင့်”
ကပ္ပိယကြီး..“ဟ..မလေးမှာ နေပြီး ဒါတောင် မသိဘူးလား”
စာရေးမ..“ဆောရီးပါရှင်.တကယ်မကြားဘူးလို့ပါ”

ကပ္ပိယကြီး ခေါင်းတစ်ချက်ကုတ်ပြီး ဟိုကြည့်ဒီကြည့် ကြည့်လိုက်သည်။

ကိုရဲထွန်းဇော်ပြောတာတော့ ဟုတ်နေပါပြီ.:D

Anonymous said...

ဟူး ခဉမ နောက်လိုက်တာဘဲ
မောထှာ

blackroze said...

သည်းခံစောင့်စားနေပါတယ် ရဲဘော်

မေဓာဝီ said...

ဟားဟား ရထားပြောင်းပြန်စီးခဲ့တာ ရယ်ရတယ်။ အမလဲ ဒီရောက်ခါစက ဘတ်စ်ကားစောင့်ရင် ပြောင်းပြန်လမ်းမှာ မှားစောင့်မိလို့။ ကားတွေက ဘယ်မောင်း ညာမောင်းက ကွာတာကိုး။

ဒါနဲ့ အဲဒီဘူတာ နာမည်က ဟမ်တွ မဟုတ်ရင် ဘာတုန်းဟင် အသံထွက် အမှန်ကို မမေးလိုက်ဘူးလား။

အင်း စာသာဆုံးသွားတယ် ခုထိ တိမ်တွေဆီ မရောက်သေးဘူး။ မြေကြီးပေါ်မှာပဲ ပတ်ရှုပ်နေတုန်း :)

ညီလင်းသစ် said...

ကိုညိမ်းနိုင် ရေးတာ ရယ်နေရတယ်ဗျ..၊ ဟမ်တွ ဆိုတာ ကြားတော့ တရုတ်ပြည် လေဆိပ်တစ်ခုက ဦးထွန်းကျော် အကြောင်း သွားသတိရတယ်၊ ဒီလူက လေယာဉ်ပေါ်တက်ဖို့ စောင့်နေတုန်း သန့်စင်ခန်း ဝင်နေတာ၊ အဲဒီမှာပဲ လေယာဉ်က boarding ခေါ်ရော၊ တရုတ် အမျိုးသမီး ဝန်ထမ်းက U Tun Kyaw နာမည်ကို ဖတ်ပြီး ယူတန်ကွေး ဂိတ်ကို အမြန်လာပါလို့ ခေါ်တယ်၊ သူက လည်း သူက ယူတန်ကွေးမှ မဟုတ်တာဆိုပြီး ခပ်အေးအေးနဲ့..၊ အခု ကိုညိမ်းနိုင်ရဲ့ ဟမ်တွနဲ့ ခပ်ဆင်ဆင်ရယ်...၊းD

ဟိုဖက်ဒီဖက် လားရာ ၂ ခုပဲ ရှိတဲ့ ရထားစီးတာတောင် လည်နေသေးတယ် ဆိုရင် ဘက်ပေါင်းစုံက တက်လို့ရ တဲ့ တိမ်တွေဆီတော့ တော်တော်နဲ့ ရောက်ဦးမယ် မထင်ဘူးနော်၊ ဒီစီးရီးစ်ကတော့ ခရီးသွား ပို့စ်တွေကို အခန်းဆက် ရေးကြသူတွေထဲမှာ အရှည်ဆုံး ဖြစ်မယ် ထင်ပါရဲ့....ဟားဟား။

မဒမ်ကိုး said...

မလာမီ ကြာမည် မျှော်း)

ညီရဲ said...

အစ်ကိုရိုက်တင်ပေးလိုက်တဲ့ ဓာတ်ပုံတွေ ကြည့်ရင်း အရင်မလေးရှားမှာ နေခဲ့တဲ့ အချိန်တွေကို ပြန်သတိရမိတယ်။ ဓာတ်ပုံထဲက နေရာတွေက ကျွန်တော်တို့ သွားလာခဲ့တဲ့ နေရာတွေပေါ့...
ကျွန်တော်လဲ မလေးမှာနေတုန်းက ရထားမှားစီးဖူးတယ်...

မောင်မျိုး said...

ချင်ကြာပူ လာဖြစ်ရင် ဖုန်းဆက်လိုက်မယ် လာကြိုမှာလားး)ဝ

ချော(အစိမ်းရောင်လွင်ပြင်) said...

တိမ်တွေဆီဆိုလို့ ပုံတွေအရင်ကြည့်ပြီး တိမ်တွေများ တွေ့မလား လိုက်ရှာတာ တိမ်မတွေ့ဘဲ ဘူတာတွေ ရထားတွေဘဲ ရှိနေပါလားး)
ဘာဘဲဖြစ်ဖြစ် ခရီးသွားရတာ ပျော်စရာနော်
တိမ်တွေဆီကိုလည်း အမြန်ဆုံးရောက်နိုင်ပါစေလို့

မြစ်ကျိုးအင်း said...

နားနားပြီး ဖတ်ရမှာပါပဲ။ မရောက်ဖူးသေးတော့ ပုံတွေ ကြည့်ခွင့်ရတာ တော်တော် တန်ဖိုးရှိပါတယ်။

စာဖတ်တာနဲ့ ခရီးသွားရတာ ကြိုက်တဲ့ ဝါသနာတူချင်းတော့ တွေ့ပြီပဲ။

ခရစ္စတလ် said...

တိမ်တွေကလဲလေ ဝေးလိုက်တာ ရောက်ပဲ မရောက်နိုင်ဘူး :P

မေသိမ့်သိမ့် ကျော် said...

ဖြစ်ပုံချင်းက အတူတူပဲ။ ပိုဆိုးသွားတာက LRT စီးဖို့သွားတာ ပလက်ဖောင်းချင်းမှားစီးနေတာ ၂ မှတ်တိုင်လောက်ကျော်သွားမှ ပြောင်းပြန်စီးမိပြီဆိုတာ သိတယ်။ လမ်းညွှန်တွေက မတိကျဘူး။ ဘူတာရုံက ရဲတွေပဲ တစ်ချိန်လုံးလိုက်မေးပြီးမှ သွားနေရတယ်။း) လမ်းကူးတော့လည်း ဒို့နိုင်ငံလိုပဲ ကားရှင်းမှ ပြေးကူးရတယ်။ ပျော်စရာကြီး။


ခင်တဲ့
မေသိမ့်

ဖိုးကြယ် said...

သည်းခံပါ၏...တစ်နေ့တစ်လံဆိုလည်း ကောင်းပါ၏..မကောင်းလို့လည်း ဘာမျှမတတ်နိုင်ခြေ... :P

ခင်တဲ့(ဖိုးကြယ်)

Anonymous said...

ဘိလပ် လေယူလေသိမ်းကြောင့် အခက်ကြုံရပုံကို သဘောကျတယ်ဗျ။ တခါတလေ သစ်စ၀မ်း အင် သစ်စ၀မ်း အိုကေလားက ပိုမြန်မယ်။း)
N/A

San San Htun said...

ဒီပို့ စ်ကတော့ တိမ်တွေဆီ မဟုတ်ဘဲ ရထားတွေဆီ...တနေ့ တလံ ပုဂံ..အဲလေ တိမ်တွေဆီ ရောက်မှာပါ ခင်ည...