Wednesday, November 2, 2011

ကျွန်တော် ဒီလတစ်လလုံး မအားသည့်အကြောင်း မနှင်းဆီသိစေလိုပါသည်

မနေ့က ညနေငါးနာရီဒေါင်ကနဲ ထိုးတာနဲ့ ကျွန်တော်အခန်းထဲပြန်ရောက်နေပြီမနှင်းဆီ။ပြန်ရောက်ရောက်
ခြင်းဘာလုပ်သလဲ...ဟုတ်လား...၊မေးစရာလိုသေးလို့လားမနှင်းဆီရယ်...၊ရေမချိုး၊အဝတ်အစားမလဲ၊ထမင်း
မစား၊ဘာမှမသောက်ပဲ ကွန်ပြူတာလေးချောက်ကနဲဖွင့်လို့ ကိုယ့်ဘလော့နဲ့ ကိုယ်ဖေ့ဘွတ်ထဲမျက်နှာအပ်
သပေါ့....။ဟိုဟိုဒီဒီဝင်ဖတ်၊တောင်တောင်အီအီဝင်မန့်နဲ့ ခြောက်နာရီခွဲသွားပါရောလားမနှင်းဆီရယ်.......။

နာရီကိုဖျက်ကနဲအကြည့်ရောက်မှဂျူရောင်းဘက်သွားစရာရှိတာသတိရတယ်...။ဒါနဲ့ကပျာကယာ ရေမိုးချိုး
ပြီး အပြေးအလွားထွက်ရတယ်၊၇နာရီထိုးရင်ကိုယ်တွေဘက်ကဘတ်စ်မရှိတော့ဘူးမနှင်းဆီရဲ့၊ကိုယ်တွေနေ
တဲ့နေရာကရှင်ကျားပူမြို့ပြရဲ့တောမြိုင်စွန်းကိုး....။ဘာကိစ္စသွားတာလဲလို့မမေးတော့ဘူးလားမနှင်းဆီ.....။
ငွေရေးကြေးရေးကိစ္စလေ....၊ငွေရေးကြေးရေးကိစ္စဆိုလို့ အခြားတော့ဟုတ်ပါဘူး..၊ဒီလအတွက် ရတဲ့ ကျွန်တော့် လစာ ချက်လက်မှတ်ကလေးကို ချက်ဒီပို့စစ်သွားလုပ်တာပါ.....။ပြီး ကျွန်တော် အိပ်ရှုံလေးနဲ့စု
ထားတဲ့အကြွေလေးတွေလည်းအများကြီး ဖြစ်နေပြီလေ...၊အဲ့အကြွေလေးတွေကိုလည်း ကွိုင်ဒီပို့စစ် သွားလုပ်ရသေးတယ်....မနှင်းဆီရဲ့...။

အကြွေတွေစုတာကဘာရယ်မဟုတ်ပါဘူးမနှင်းဆီရယ်....၊မနှင်းဆီထင်သလိုမိန်းမယူဖို့လည်းမဟုတ်ပါဘူး၊
တခြားဘာရည်ရွယ်ချက်မှလည်းမရှိပါဘူး..၊တစ်ခုခုဝယ်လို့ပိုငွေပြန်အမ်းတဲ့အထဲကပါလာတဲ့ ငွေအကြွေလေး
တွေကို ပြန်မသုံးဖြစ်တဲ့အခါ အိပ်ကလေးထဲ ထည့်ထားလိုက်ရော....၊ဟောများလာတော့ ခုလို ကွိုင်ဒီပို့စစ်
သွားလုပ်လိုက်ရော...၊အဲ့လိုဒီပိုစစ်လုပ်တဲ့အခါမှာ ငွေအကြွေတွေ စက်ထဲကျတဲ့တချွင်ချွင်အသံလေးတွေနဲ့
အတူ စက်ဖန်သားပြင်ပေါ်မှာ ငွေအရေအတွက် ဘယ်ရွေ့ဘယ်မျှဆိုပြီး တဖျက်ဖျက်နဲ့ တက်လာတာကို
ကြည့်ရတာပျော်ဖို့ကောင်းတယ်မနှင်းဆီရဲ့.....။

ပြီးတော့ ကျွန်တော် ဖုံးဘေလ်ဆောင်ဖို့ ဆဲဗင်းအလဲဗင်းကိုလိုက်ရှာတယ် မနှင်းဆီ...၊နာရီဝက်လောက် ရှာ
ယူရတယ် မနှင်းဆီရယ်....၊လတိုင်း ဒီဆိုင်မှာ ဆောင်နေကြ၊လတိုင်းလည်း ဆိုင်ပျောက်နေလို့ ငါးပတ်
လောက် ပတ်ရှာနေကြပဲမနှင်းဆီရဲ့.....။အဲ့ဆိုင်မှာ အမြဲတွေ့ရတာက မြန်မာလေးတွေပဲ မနှင်းဆီ...၊
ကျောင်းတစ်ဖက်နဲ့ဝင်လုပ်နေကြတယ်ထင်တယ်...၊ဂုဏ်ယူစရာပါပဲမနှင်းဆီ....။အဲ့ဆိုင်လိုက်ရှာရင်းနဲ့ ပစ္စည်းအဟောင်းတွေ ရောင်းတဲ့ဆိုင်တောင်ဝင်ကြည့်လိုက်သေး...၊အဟောင်းပေမယ့်ကောင်းနေဆဲလေး
တွေပေါ့...၊ဘာမှတော့ဝယ်ခဲ့ပါဘူး...၊အဲ...ဆိုင်ဝမှာ ကြမ်းပြင်ပေါ်ချထားတဲ့ ဒို့မြန်မာလက်ရာလို့ထင်ရတဲ့
ဗုဒ္ဓရုပ်ပွားတော်တစ်ဆူကိုဖူးတွေ့ရတယ်...၊ကြမ်းပြင်မှာဒီတိုင်ကြီးဖူးတွေ့ရတော့ ဝမ်းနည်းရတယ် မနှင်းဆီ။
ဘုရားရှင်ကိုယ်တော်မြတ်ကြီးလည်း မမြဲခြင်းတရားကြားမှာ ခြတွေစားထားတာခံရတဲ့အပြင်၊သင်္ကန်းတော်
လည်း ဆေးရောင်တွေမှိန်လို့......။

နောက်ဆုံးတော့ ဆိုင်ရှာတွေ့...၊ဘေလ်ဆောင်..၊ပြီး အန်တီလူစည် ဆိုင်ဝင်တယ်မနှင်းဆီ...၊ထုံးစံအတိုင်း
ဆိုပါတော့ မနှင်းဆီရယ်....၊ဝက်သား၊မုန်းတဲ့ကြက်ဥ၊အသီးအနှံလေးနဲနဲ ဒါပါပဲ..၊ခေါက်ဆွဲခြောက်ဝယ်တော့
ပြီးခဲ့တဲ့ တနင်္ဂနွေက အန်တီတင့်ဆီသွားစားခဲ့ရတဲ့ ခေါက်ဆွဲသုတ်လေးကိုတောင်သတိရသေး..၊သိပ်စားလို့
ကောင်းတယ် မနှင်းဆီရဲ့..၊ပြီး အန်တီတင့်ကလည်း သဘောကောင်းလိုက်တာ...၊ပညာ၊ငွေ၊ဂုဏ်၊အသိုင်း
အဝိုင်း အစစပြီးပြည့်စုံနေသူတစ်ယောက်က ဘာပကာသနမှမရှိ၊ပွင့်လင်းရိုးသားဖြူစင်စွာဆက်ဆံတာကို
မြင်ရတော့ ကြည်နူးရတယ်...၊ချစ်ခင်ရတယ် မနှင်းဆီ...။

ပြောရဦးမယ် မနှင်းဆီ....အဲ့ဒီနေ့ကအကြောင်းတွေကိုပေါ့....၊အန်တီ့အိမ်ကအပြန် ကျွန်တော် သူငယ်ချင်း
တွေနဲ့ ဝိုင်းဖွဲ့ဖြစ်တယ်...၊ဘီဘီဝိုင်းပေါ့မနှင်းဆီရယ်...၊ဘယ်သူတွေနဲ့လဲဆိုတော့ ဆင်တဲဝိုင်းသားတွေပေါ့။
သိပ်ခင်ဖို့ကောင်းတဲ့သူတွေပဲမနှင်းဆီ...၊ကျွန်တော်စကားလေးတစ်ခုကြားဖူးတယ်မနှင်းဆီ....။မိန်းမတွေက
သူတို့ခင်တဲ့သူတွေနဲ့ဆို မြှောက်ပင့်ပြောကြပြီး၊ယောင်္ကျားတွေကတော့ အချင်းချင်း မနာ နာအောင်ပြောကြ
သတဲ့။ဟုတ်တယ်မနှင်းဆီ..၊ကျွန်တော်နဲ့သူငယ်ချင်းတွေလည်းဒီလိုပဲ...၊တစ်ယောက်ကိုတစ်ယောက် ဆော်
ဖို့၊သမဖို့၊တီးဖို့လောက်ပဲချောင်းနေတာကလား...၊ဒီလောက်ပြောလည်း နာတယ်မရှိပါဘူးမနှင်းဆီရယ်....၊
ကြောင်ရိုက်မနာတွေကိုဖြစ်လို့....။ခုဆင်တဲသားတွေလည်း အဲ့လိုပဲမနှင်းဆီရဲ့....၊စုစုရုံးရုံး၊ညီညီညွှတ်ညွှတ်
နဲ့ ပျော်စရာသိပ်ကောင်း...၊ပြောရရင်တော့ မနှင်းဆီရယ်....အဲ့သည်တနင်္ဂနွေလေးက တကယ့်ကိုပျော်စရာ
တနင်္ဂနွေလေးပါပဲ...။

ညပြန်ရောက်လို့ ထုံးစံအတိုင်း အွန်လိုင်းပေါ်ရောက်မှပဲ စိတ်လေစရာနဲ့တန်းတိုးရောမနှင်းဆီ...၊
တစ်ခါတစ်ခါ ကျွန်တော်လူတွေကိုနားမလည်နိုင်ဘူးဗျာ...၊ခုလည်း ဘာကြောင့်ဘယ်လိုဆိုတာ နားမလည်
နိုင်ဘူး..၊ဒီတော့ ကျွန်တော့်မှာလုပ်စရာတစ်ခုပဲရှိတော့တယ်လေ....၊ကျွန်တော် အဲ့ကထွက်လိုက်တာပေါ့..။
အားနာပါတယ်....အဲ့သည်မှာကိုယ်ချစ်ခင်လေးစားရသူတွေရှိပါတယ်...၊ဒါပေမယ့် ကိုယ်ကလည်း ဟင် ဆို
လှည့်မကြည့်ချင်တော့ဘူးရယ်...၊အသံလည်းမကြားချင်၊ရုပ်လည်းမမြင်ချင်..၊ဒီတော့ မမုန်းခင်လမ်းခွဲတာ
အကောင်းဆုံးထင်ပါရဲ့ မနှင်းဆီရယ်...။

ကဲထားပါတော့မနှင်းဆီ...၊ခုတော့ ၁.၁၁.၁၁ ကိုကျော်ဖြတ်ခဲ့ပြီပေါ့...၊ဘာထူးခြားသလဲ ဆိုတော့ ဘာမှထူး
ခြားတယ်မဟုတ်ပါဘူးမနှင်းဆီရယ်...၊ကျွန်တော် ဒီတစ်လလုံး အလုပ်တွေရှုပ်မယ်လေ...၊တနင်္ဂနွေနေ့တိုင်း
အလုပ်ရှိတယ်မနှင်းဆီရဲ့...၊တချို့ရက်တွေမှာလည်း ညလုံးပေါက် လုပ်ရမှာတွေရှိတယ်...၊သူ့ဆန်စား
တော့ ရဲ ရတာပေါ့ မနှင်းဆီရာ....၊ကိုယ်တွေက ရှင်ကျားပူက လက်လုပ်လက်စားတွေကိုး....နော့.........။
စိတ်လေစရာတစ်ခုကတော့ ကျွန်တော်ဒီလထဲ မလေးမြေကို မသွားရတော့ဘူးဗျာ...၊နောက်လကို ရွေ့
လိုက်ရတယ်....။

ဒီဇင်ဘာမှာ မလေး၊ဇန်နဝါရီမှာ ကမ္ဘောဒီးယား၊ဖေဖော်ဝါရီမှာ ထိုင်း နဲ့ မြန်မာပြည်ကိုပြန်မယ် မနှင်းဆီ....၊
သေချာလားလို့မမေးပါနဲ့ စိတ်ကူးပဲရှိပါသေးတယ်...၊ကျွန်တော့်စိတ်ကူးတွေအကောင်အထည်ပေါ်လာဖို့
ဆုတောင်းပေးပါမနှင်းဆီ......။ဒါပါပဲ.....။






26 comments:

khin oo may said...

အာမင်.

...အလင်းစက်များ said...

ဝေးလေကောင်းလေပါပဲ .... အာမင် ဟမ်။

Candy said...

ဟဟဟ... ဟုတ်ကဲ့ မနှင်းဆီ.. အဲလေ.. ဟုတ်ကဲ့ အစ်ကို.. သေချာမှတ်သားသွားပါတယ်..
ညီမလည်း ဒီလ အစ်ကို့လိုပဲ မအားပါဘူးအစ်ကို.. မနှင်းဆီသိအောင် ပြောပေးပါနော်..
နောက်လကျ တိရိစ္ဆာန်ရုံသွားလည်ရအောင်လေ.. မနှင်းဆီလည်း ခေါ်ချင်ခေါ်ပေါ့နော်.. အဟိ.. :P

Cameron said...

အေး အေး...တောင်းတဲ့ ဆုနဲ့ပြည့်စေ... အာမင်..( သူများတွေ အာမင်လို့ လိုက်အာမင်သည်)

ကိုထွဋ် said...

ဘာဒွေမှန်းလဲ တိဝူး....

မနှင်းဆီ ဆိုတာ အပ်ကြောင်းထပ်နေတာပဲ...

မျှစ်

Anonymous said...

အာနှင်းဆီ
ကျမရဲ့အချစ်ထက်မောင့်ရဲ့အချစ်ပိုပါစေ ကျမတောင်းတဲ့ဆုနဲ့ပြည့်ဝရစေသား
ဒန့် တန့် တန့်

TZH1985 said...

သြော်မနှင်းဆီ... လိုရာခရီးရောက်ပါစေကွယ်...

blackroze said...

ဟုတ်ကဲ့ပါ
မနှင်းဆီကိုသေချာပြောပြလိုက်ပါ့မယ်

ကိုအောင်(ပျူနိုင်ငံ) said...

တွေ့ရင် ပြောလိုက်ပါ့မယ် ...း)

နေ၀သန် said...

သြော်.. တယ်ကံကောင်းတာပဲ. မနှင်းဆီထံ တိုင်တည်ရေးထားတဲ့စာ.. နေ၀သန်တို့ဖတ်ရတယ်... :P.. အခုတလော မနှင်းဆီရောဂါတွေက မသေးဘူးရယ်.. ဟက်ဟက်

ခင်မင်လျက်
နေ၀သန်

ညီရဲ said...

ကိုယ့်ဘာသာကိုယ် မအားတဲ့အကြောင်း မနှင်းဆီကို ပြောလိုက်ပါလား။ ဘာကြောင့် သူများ အကြောင်းကို ဖွရတာတုန်း။ ဟင်းးး.. ဒါဘဲနော် စိတ်ကူးတွေ အကောင်အထည် ပေါ်လာတဲ့နေ့ ရောက်တဲ့ နေရာတွေက လက်ဆောင်ဝယ်လာခဲ့ဖို့ မမေ့စေဖို့ ဒီကလဲ ဆုတောင်းနေတယ်... ဟဲ.. ဟဲ...

mgmyo said...

ဆူးကလေးများ ဆူရင် တကယ်မလွယ်ဘူး နှင်းဆီ နှင်းဆီး))

မဒမ်ကိုး said...

သြော်အေအိုင်ဒီနီးနီးပါလာ မနှင်းဆီရယ် ပျံ့နှံ့နှုံးက မြန်လိုက်တာ ..
သြော် သူများတွေများ သွားမယ်နိုင်ငံတွေစုံလို့ ..း(

အာမင် ..မုန့်များများဝယ်လာပါစေ
ဇန်န၀ါရီတွင် မြန်မာ သို့ မလေးတွင် တလလုံးရှိပါမည်း)

မဒမ်ကိုး said...

စာကျန်ခဲ့လို့ပြန်ရိုက်သည်
အေအိုင်ဒီအက်စ် ပြောချင်းဖြစ်သည် မနှင်းဆီး)

မအိမ်သူ said...

အခုတလော နှင်းဆီရောဂါကူးစက်နှုန်းများ အလွန် များပြားနေပါသည်။ လိုအပ်ပါက ကာကွယ်ဆေးများ ကြိုတင်ထိုးနှံထားကြပါရန် အသိပေးနှိုးဆော်အပ်ပါသည်။ :P
အလုပ်များတာတောင် မနှင်းဆီတိုင်တည်နိုင်သေးတယ်နော.. ကမ္ဘောဒီးယားက ဘယ်နှစ်ရက်လာမှာတုံး။ ကြိုပြောအုံးနော့ (ရှောင်နေရအောင်..:D)

mstint said...

ကိုညိမ်းရေ မနှင်းဆီသို့ ရင်ဖွင့်စာလေးကို တစ်စေ့တစ်စောင်းဖတ်လိုက်တော့ အန်တီတင့်နာမည်လေးပါလို့ သေသေချာချာ ဖတ်သွားတယ်။ အခုလိုဂုဏ်ပြုချီးကျူးထားတဲ့အတွက် နောက်တစ်ခါ မချစ်တောင်းဆိုတဲ့ ပန်းသေးခေါက်ဆွဲချက်ရင် ထပ်ခေါ်မယ်နော်း))။ 'ကွိုင်ဒီပို့စစ်' အကြောင်းလေး စိတ်ဝင်စားသွားတယ် တီတင့်စုထားတာတွေ အများကြီး ရှိတယ် ဟဟ။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

San San Htun said...

ပွဲဆက်တွေ များလာချည်လား ကိုငြိမ်းရ...အဲဒီ ပို့ စ်တွေကို မျှော်နေပါတယ်..စတိတ်ကို လာလည်မယ်ဆို ကြိုပြောနော်..မအိမ်သူလို ရှောင်နေမလို့ ... :D

ဟန်ကြည် said...

ဟုတ်ကဲ့...တစ်လလုံး မအားကြောင်းကို မနှင်းဆီသာမက ဦးဟန်ကြည်တို့လည်း သိသွားပါသည်...မနှင်းဆီကို တိုင်တည်ထားခြင်းကြောင့် အဆိုတော် ဦးအံ့ကြီးသီချင်းကို နားထောင်ရင်း ရေးထားသောပို့စ်ဟု ယူဆမိပါသည်...

အန်တီတင့် ဒါနပြုသမျှကို ပါရမီဖြည့်ချင်ပါသော်လည်း နိုင်ဂျံဂါးဇာတာက ဖုန်တက်နေပါသဖြင့် ဝေးဝေးမှသာ သွားရည်သိမ်းနေရပါကြောင်း...

Angelhlaing(May everybody be happy and healthy! said...

မအားတဲ့အကြောင်းလေး ဖတ်ရင်း စိတ်ကူးအိမ်မက်တွေ အကာင်ထည်ဖော်ဖို့ ..မနှင်းဆီနဲ့အတူ ဆုတောင်းပေးနေပါ့မယ်အကို...:):)

ညီလင်းသစ် said...

"ဟို အစ်ကိုညိမ်းရဲ့..xxx ... မခင်နှင်းဆီ xx " လို့ပဲ ညည်းရတော့မယ် ထင်တယ်ဗျ၊း) ဒီပို့စ်ကတော့ Ref: တွေ တော်တော်များများ သိထားမှပဲ လုံးစေ့ပတ်စေ့ နားလည်မယ် ထင်တယ်နော်၊ ဖေဖော်ဝါရီမှာ ကိုညိမ်းနိုင်နဲ့ ကျနော်နဲ့ ရှိနေမယ့် နေရာ တူနိုင်တယ်ဗျ၊း)

မြသွေးနီ said...

မနှင်းဆီသို့ ရီပို့ပေါ့...။ :)

နတ်ဆိုးလေး said...

မနှင်းဆီရယ် ... မနှင်းဆီတော့ မသိဘူး... ကျွန်တော်တော့ မနှင်းဆီ အစား မနှင်းဆီ စာကို ကူဖတ်ပေးချင်တာ... မနှင်းဆီင်္ အာရုံစိုက်ဖတ်ပါ မနှင်းဆီ... ကျွန်တော်တော့ မျက်စိလည်သွားတယ် မနှင်းဆီ... ဒါပါပဲ.. မနှင်းဆီ...

မောင်ဘကြိုင် said...

ဟာလေးလူးယာ ...........

စိတ်ဆန္ဒတွေပြည့်ဝပါစေဗျာ
ဟင်ခနဲ့ဆိုလှည့်မကြည့်တတ်တာ တူသဗျာ့
း)
မောင်ဘကြိုင်

ခရစ္စတလ် said...

ဖေဖေါ်ဝါရီလမှာ လာမယ့် ဧည့်သည်အတွက် ရေပေါ်ဟိုတယ်နဲ့ လှေတစ်စီး စီစဉ်ထားပေးမယ် မပူနဲ့ :)

ဖိုးကြယ် said...

ကြောင်ရိုက်မနာချက်ကတော့ ပြောမနေနဲ့ ဟိုကြောင်ငရဲ ကပိုစိုးတယ် ခွိခွိ..... :P

ခင်တဲ့(ဖိုးကြယ်)

နှင်းနုလွင် said...

မနှင်းဆီကိုယ်စား ဆုတောင်းပေးခဲ့ပါတယ်....:)