Sunday, March 4, 2012

ငါးထောင်တန် ဆူးလှည်း



ငါးထောင်တန်ဖုံးအပေါ် ဘလော့ဂါတို့အမြင်....တဲ့...၊မဒိုးကန် နဲ့ အန်တီတင့်တို့ တဂ်တဲ့ပို့စ်လေးပါ...။
အန်တီတင့်ဆီသွားဖတ်တော့ တီတင့်ကလာဖတ်သမျှဘလော့ဂါတွေကိုတဂ်ပါတယ်....တိတ်တိတ်လေးပြန်
မယ်မထင်ပါဘူးဆိုပြီး...တဂ်တော့အသာတိတ်တိတ်လေးပြန်မလို့ဟာမပြန်ဝံတော့ဘူး....:)၊တစ်ခါမဒိုးကန်
ကလည်း တဂ်တော့ မရေးဘူးလို့နေပေမယ့် ရေးလိုက်ရပါတယ်ခင်ဗျ...၊

ဆိုတော့ ငါးထောင်တန်ဖုံးဆိုတာဘာလဲဆိုတာက စလိုက်ကြရအောင်ဗျာ....နော့....။ကျွန်တော်တို့သုံးနှုန်း
နေတဲ့ ငါးထောင်တန်ဖုံးဆိုတာက ဖုံးအခွံကိုပြောတာမဟုတ်ပဲ ဖုံးဆက်ဖို့ လိုအပ်တဲ့ SIMcard(Subscriber
 Identity Module)ကိုဆိုလိုတယ်ဆိုတာလူတိုင်းသိကြပါတယ်...။ဒီတော့ ပြောစရာရှိလာတယ်...၊ဖုံးအခွံကို
ငွေကြေးပေးဝယ်ရတာကတော့ထားပါတော့...၊ဒီဆင်းကဒ်ကို ပိုက်ဆံပေးဝယ်စရာလိုသလား...။တခြားနိုင်ငံ
တွေမှာရောဝယ်ရသလားလို့ ဖေ့ဘွတ်ကနေ လိုက်စပ်စုကြည့်တော့....ဟုတ်ကဲ့ အမေကြီးကား၊ဘိလပ်လို
နိုင်ငံတွေကအစ..၊ဂျပန်၊ကိုရီးယား တို့အလယ်....စင်္ကာပူ၊အိန္ဒိယ၊ထိုင်ဝမ်အဆုံး....ဆင်းကဒ်ကို ပိုက်ဆံပေး
ဝယ်စရာမလိုဘူးတဲ့ခင်ဗျ...၊မလေးရှားမှာတော့ ၈.၅ ရင်းဂစ်၊ကမ္ဘောဒီးယားမှာ ၁.၂၅ ဒေါ်လာ၊ထိုင်းမှာ
 ၄၉ ဘတ်၊ဖိလစ်ပိုင်မှာ ၆၅ ပီဆို၊အင်ဒိုနီးရှားမှာ .၅ ကနေ ၂ဒေါ်လာ လောက်ပေးရတယ်လို့အနိုင်နိုင်ငံက
သူငယ်ချင်းတွေက ပြောကြပါတယ်....၊အမှန်ကဒီဈေးနှုန်းတွေကလည်းဆင်းကဒ်ဖိုးဆိုပေမယ့်အဲဒီဆင်းကဒ်
ထဲမှာ ဖုံးဆက်ဖို့ ပါပါပြီးသားခင်ဗျ...။စင်္ကာပူကကြိုတင်ငွေဖြည့်ကဒ်ဖုံးတွေမှာလည်းဆင်းကဒ်ကို၈ဒေါ်လာ၊
၁၈ဒေါ်လာ၊၃၀ဒေါ်လာအစရှိသဖြင့် ပေးဝယ်ရပေမယ့် အဲဒီကဒ်ထဲမှာ ကိုယ်ဝယ်တဲ့ငွေပမာဏအလိုက် ဖုံးမိနစ်တွေပါပြီးသားပါခင်ဗျ....။

 ဒီ့ပြင် ကိုစိုးစီက ဖေ့ဘုတ်မှာပြောပြသွားတာက ဆင်းကဒ်တစ်ကဒ်ရဲ့တန်ဖိုးဟာ ၁ပြားသာသာကျသတဲ့၊
ဖုံးခေါ်လို့ရအောင် စစ္စတန်တွေထည့်လိုက်မှ ၁၀ပြားလောက်ကျသွားသတဲ့ဗျာ....။ဒီတော့ဗျာ...ဒီလောက်
ပေါနေတဲ့ဆင်းကဒ်ကို၊အနိုင်နိုင်ငံမှာ အလကားမူးတင်းပေးနေတဲ့ဆင်းကဒ်ကို ကျွန်တော်တို့မြန်မာပြည်မှာ
ဘယ်လောက်ပေးဝယ်ရသလဲဆိုရင် ဆယ်လူလာဖုံးတွေပေါ်ကာစက ၈၉သိန်း(ဟုတ်ကဲ့ မြန်မာငွေ၈၉သိန်း
ပါ)၊နောက်နဲနဲကြာလာတော့ သိန်း၅၀ဝန်းကျင်(အဲ့အချိန်က ကျွန်တော်တို့ဘော်ဒါတွေထဲမှာ ဘောစိလို့
ခေါ်တဲ့ သယ်ရင်းတစ်ယောက်က စကိုင်ပါတယ်၊သူကဖုံးရှိမှဖြစ်မယ့်အလုပ်လုပ်တာကိုး...)၊နောက် သိန်း
၃၀ဝန်းကျင်၊နောက် သိန်း၂၀ကျော်၊နောက်ဆုံး ၅သိန်း ပေးဝယ်ရပါတယ်ခင်ဗျာ...။ဒါ့အပြင် အနိုင်နိုင်ငံမှာ
လမ်းဘေးမှာ ကွမ်းယာ၊ဆေးလိပ်ရောင်းသလို ပတ်စပို့စ်လေး၊အိုင်စီလေး ပြလိုက်တာနဲ့ဝယ်လို့ရနေတဲ့
အခြေအနေမှာ ကျွန်တော်တို့နိုင်ငံမှာ လျှောက်လွာအထပ်ထပ်နဲ့တင်နေရတဲ့၊သူများဖုံးကို ဈေးကြီးပေး
ပြန်ဝယ်နေရတဲ့ အခြေအနေဖြစ်နေတာ လူတိုင်းအသိပါဗျာ....။


ကဲဗျာ...ဒီတော့ ငါးထောင်တန်ဖုံးအပေါ် ဘလော့ဂါမဟုတ်တဲ့ ကျွန်တော့်အမြင်လေးပြောကြည့်မယ်ဗျာ...။


၁ ။ ယခု ဆက်သွယ်ရေးက ချထားပေးမယ့် နှစ်သိန်းဝန်းကျင် ဖုန်းကို တန်ဖိုးနည်းဖုန်းလို့ သင်မြင်ပါ
လား.....တဲ့


ဟုတ်ကဲ့ ဖုံးဆိုရင်တော့ ၂သိန်းဝန်းကျင်ဖုံးကို တန်ဖိုးနည်းဖုံးလို့ ပြောလို့ရတာပေါ့ဗျာ...နော့....:))))
ဒါပေမယ့် သူက ဆင်းကဒ်ပဲပေးမှာဆိုတော့ဗျာ....၂ပြားမှမတန်တဲ့၊ အနိုင်နိုင်ငံမှာ အလကားပေးနေတဲ့
ဟာကို ဒေါ်လာ ၂၅၀ကျော်ဆိုတာကတော့ဗျာ....တစ်ဆိတ်ကလေး မလွန်လွန်းဘူးလားခင်ဗျ......။ဒီတော့
ဘယ်လိုမှ တန်ဖိုးနည်းဖုံးလို့ ယောင်လို့မှ မထင်မိပေါင်ဗျာ...နော့...။သို့ပေမယ့် နိုင်ငံတကာနဲ့ ချိန်ထိုး
မကြည့်ပဲ ကိုယ့်နိုင်ငံအခြေအနေနဲ့ကြည့်ရင်တော့ မဆိုးဘူးလို့ပြောလို့ရပါတယ်...။ဒီလိုပြောလို့စကား
နှစ်ခွပြောတာမဟုတ်ရပါဘူးဗျာ..၊ကျွန်တော်တို့နိုင်ငံတော်ကြီးမှာ လူဦးရေရဲ့ ၃ရာခိုင်နှုန်းကျော်ကျော်သာ
ရှိတဲ့ ဝန်ထမ်းတွေကို လစာလေးတိုးပေးဖို့တောင် ချီတုန်ချတုန်ဖြစ်နေတဲ့အခြေအနေ၊အကြွေးဒေါ်လာ၁၁
ဘီလျံရှိပါတယ်ဆိုပြီး ငိုပြနေတဲ့အခြေအနေတွေ၊လက်ကိုင်ဖုံးတွေအတွက် နိုင်ငံတော်မှ ကနဦးရင်းနှီးငွေ
တွေ ရင်းနှီးထားရပါတယ်လို့ ညီးညူပြနေတဲ့အခြေအနေတွေကို စာနာထောက်ထားပြီးလျော့လျော့ပေါ့ပေါ့
ပြောထားတာပါ....။ပြတ်ပြတ်သားသားပြောကွာဆိုရင်တော့....တန်ဖိုးနည်းဖုံးလို့ လုံးဝမထင်ပါဘူးဗျာ....။





၂ ။ ငါးထောင်တန်ဖုန်းပေါ်လာစေဖို့ စတေကာကပ်ခြင်း နဲ့ တီရှပ်များ ပြုလုပ်ခြင်းအပေါ် သင်ဘယ် လိုမြင် မိပါသလဲ ။

ဘယ်လိုမှ မမြင်ပါဘူးခင်ဗျာ...။လုပ်ချင်သူတွေလုပ်ကြပါ၊မလုပ်ချင်သူတွေမလုပ်ကြပါနဲ့ လို့ပဲပြောချင်ပါ
တယ်...၊အဲမေးစရာတစ်ခုတော့ရှိတယ်ဗျ...၊အဲဒီလိုလုပ်ဖို့ လိုသလား၊လုပ်လို့ရောအကျိုးထူးမှာလားဆိုတဲ့
မေးခွန်းတွေပါ။ဘာလို့လဲဆို ဒီဖုံးဆင်းကဒ်ကိစ္စဆိုတာ နိုင်ငံရေးလည်းမဟုတ်၊ပညာရေးလည်းမဟုတ်၊ကျမ်း
မာရေးနဲ့လည်းမပက်သတ်၊မြစ်ဆုံလို သဘာဝဝန်းကျင်လည်းမဟုတ်၊လူမျိုးရေးနဲ့လည်းဝေးရော။တကယ်
တောင်းဆိုမယ်ဆို မြန်မာပြည်မှာ တောင်းဆိုစရာတွေအများကြီးပါ...၊တီရှပ်မှာရေးရင် ဆန့်မှာတောင်မ
ဟုတ်....။နောက်တစ်ခုက ဒီကိစ္စဟာ လူထုအကျိုးဆိုပေမယ့် တကယ့်တကယ်အကျိုးစီးပွားဖြစ်ထွန်းမှာက
ဖုံးကုမ္ပဏီထောင်မယ့် စီးပွားရေးသမားတွေသာဖြစ်တယ်ဗျ....။ငါးထောင်နဲ့ ဆင်းကဒ်ရလည်း ကျွန်တော်
တို့ပြည်သူတွေက ခေါ်ဆိုခမိနစ်တွေကို သူတို့တောင်းသလောက်ပေးရမှာလေ...။ငါးထောင်နဲ့ တစ်သက်
လုံးအလကားပြောလို့ရမှာမှမဟုတ်တာဗျာ....နော့....:)))

နောက်တစ်ခုစဉ်းစားကြည့်ဗျာ...။ဒီလိုဆင်းကဒ်ကို ငါးထောင်နဲ့ပေးဝယ်ခွင့်ရဖို့ဆိုတာ အိမ်နီးနားချင်း ပိန်
မသာလိန်မသာနိုင်ငံတွေနဲ့နှိုင်းယျဉ်ရင်တောင် အင်မတန်ရခဲလှတဲ့ဒုလ္လဘမှမဟုတ်တာဗျာ...။ဒါ ကျွန်တော်
တို့ပြည်သူတွေရဲ့မူလအခွင့်အရေးတစ်ခုပါပဲဗျာ...။ဒါကို တတန်တကတောင်းဆိုနေစရာကိုမလိုတာဗျ...။
ဆိုင်ရာအစိုးရက အလိုက်တသိလုပ်ပေးရမယ့်ကိစ္စကြီးဗျာ။ခုလိုရေးနေရတာကိုက အရပ်ရပ်နေပြည်တော်
ကြားလို့မှမလျော်တာကြီးဗျာ....။(ခုတင် ဘေးနာက ကုလားကို ဟဲ့ မင်းတို့ အိန္ဒိယမှာ ဆင်းကဒ်ဘယ်
လောက်လဲမေးတော့ ဖရီးတဲ့..၊သူကပြန်မေးတယ် မင်းတို့ဆီမှာရောတဲ့...၊ကျွန်တော်အမှန်ဖြေရမှာ ရှက်
တာနဲ့ ဒေါ်လာ၂၀ရှိတယ်ပြောတော့....များထှာ....တဲ့....ကဲ.....:))))


နောက်တစ်ခုပြောစရာရှိတာက ကျွန်တော်တို့တိုင်းပြည်က ခုမှ ဒီမိုစနစ်ဆီ ထုံ့ပိုင်းထုံ့ပိုင်းနဲ့ အပျိုမလေး
များ လူရှေ့လျှောက်သလို မဝံမရဲလေးလျှောက်နေတဲ့တိုင်းပြည်ရယ်...။ဒီလို ဆန္ဒပြုတာမျိုးကို နဲနဲပိုအရေး
ကြီးတဲ့ (မြစ်ဆုံလို) ကိစ္စမျိုးမှာပဲ ထုတ်သုံးသင့်တယ်ထင်တယ်ဗျ...။ဟိုး....ကဒီမိုတိုင်းပြည်တွေလို ထစ်ကနဲ
ရှိ ထ ဆန္ဒပြတာမျိုးက သိပ်လုပ်ဖို့မကောင်းသေးဘူးထင်ရဲ့...။ပြီး အာဏာရှင်ညဉ်ခုထိမပျောက်သေးတဲ့
ဗျူရိုကရက်အရာရှိမင်းများကလည်း ဒါလောက်နဲ့တော့ မျက်မွှေးထော်လို့မော်ကြည့်မယ်မထင်....။ဘကြီး
ဘုန်းကြီးသာ ဟောရင်းပျံလွန်တော်မူမည်....၊သင်းဆီက ဆန်ဖြူဖြူတစ်ခွက် ထွက်မယ့်မထင်...ဆိုတဲ့စကား
လို လူစားတွေရယ်ခင်ဗျ....။


ဒီတော့ဗျာ....လုပ်ချင်သလား လုပ်ချင်သူတွေလုပ်ကြပါ...။လုပ်ချင်လို့လုပ်သူတွေကို မပြောလိုပါခင်ဗျာ...။
ကျွန်တော့်သဘောကတော့ ဘယ်လိုမှမရှိပါခင်ဗျား....၊




(၃)ငါးထောင်တန်ဖုန်းပေါ်လာစေဖို့ စုပေါင်းလက်မှတ်ထိုးပြီးလွှတ်တော်ကိုတင်ပြခြင်းအပေါ် သင်ဘယ်လို
မြင်မိ ပါသလဲ.....တဲ့

ဟုတ်ကဲ့...အပေါ်ကအတိုင်းပါပဲဗျာ...။နဲနဲထပ်ပြောစရာရှိတာက...လွှတ်တော်အမတ်မင်းများကို လူထုက
ရွေးကောက်တင်မြှောက်လိုက်တာ(ဒီနေရာမှာ ကြိုတင်မဲတွေဘာတွေနဲ့ မကျက်နဲ့အနာဟောင်းကို ဒုတ်
နဲ့မထိုးကြေးဗျာ...နော့....:)))လူထုအသံ၊လူထုအကျိုးစီးပွားကို မျက်ချေမပြက်အကဲခက်စောင့်ကြည့်ပြီး
လူထုအကျိုးကိုဆောင်ရွက်ဖို့ခင်ဗျ...။လူထုကြီးတစ်ရပ်လုံးအစစအရာရာအဆင်ပြေအောင် အကျိုးဆောင်
ပေးဖို့ဗျ...၊သူတို့ကို ကြီးကျယ်ခန်းနားလှတဲ့ လေအေးစက်တပ် လွှတ်တော်ခန်းမထဲ အိပ်ငိုက်ဖို့လွှတ်လိုက်
တာမှမဟုတ်တာဗျာ...နော့...။သူရို့ပဲပြောတာပဲလေ...ဘာတဲ့...ပြည်သူ့အသံ လွှတ်တော်အသံဆိုလား...။
ဒါဆိုလည်းဗျာ...တတိုင်းတပြည်လုံး ပွစိ ပွစိ ဖြစ်နေတဲ့ကိစ္စကြီးကို ပြည်သူ့အသံနားထောင်ပြီး ဆိုင်ရာအစိုး
ရကို ပဲ့တင်သံပြန်ပေးရမယ့်၊ပြည်သူ့အလိုဆန္ဒကို ဖော်ဆောင်ပေးရမယ့် ကိုရွှေအမတ်မင်းများဆီကိုတတန်
တက ဘာအကြောင်းနဲ့များ စာတစ်တန်ပေတစ်တန်တင်နေရမတုန်းဗျာ...။သူရို့အလိုက်သိသိလုပ်ပေးပေါ့
ဗျာ....နော့...။


ပြီး အပေါ်မှာပြောခဲ့သလိုပါပဲ...လူထုက ဆက်သွယ်ရေးမှာ အဆင်ပြေသွားဖို့ မျှော်လင့်ဖို့လောက်ပဲရှိတာ
ပါ(မျှော်လင့်ရုံပါပဲ...ဆင်းကဒ်တွေအလကားပေးလဲ လိုင်းမကောင်းရင်ဘာလုပ်မှာလဲဗျာ....၊ကြုံတုန်း မြန်မာ
ပြည်ပြန်တုန်းကအတွေ့အကြုံလေးဖောက်သည်ချချင်ပါတယ်..၊ကျွန်တော်မြန်မာပြည်ပြန်တော့ စားချင်တာ
စား၊သောက်ချင်တာသောက်နဲ့ သုံးနှစ်လောက်ငတ်ခဲ့သမျှ အတိုးချစားသောက်ပါတယ်..။အဲ့သလိုစား၊
သောက်တဲ့အထဲမှာ ဒီမှာကတည်းကအင်မတန်တမ်းတမိတဲ့ ထန်းရည်လည်း ပါသပေါ့ဗျ၊ဟုတ်တယ်ဗျ.....
စင်္ကာပူမှာ မြန်မာအစားအစာအကုန်ရတယ်...မရတာဆိုလို့ ထန်းရည်ပဲရှိတာရယ်...။ဒီတော့တစ်ရက်သား
မှာ သယ်ရင်းနှစ်ယောက်နဲ့ မြို့နဲ့မလှမ်းမကမ်းက ရွာတစ်ရွာမှာ ထန်းရည်သွားချရော...။ကျွန်တော်နဲ့
သယ်ရင်းတစ်ယောက်ကဆိုင်ကယ်တစ်စီးနဲ့အရင်သွားနှင့်တယ်...၊တစ်ယောက်ကနောက်မှလိုက်မယ်ပေါ့
ဗျာ...။

အဲ...ကျွန်တော်တို့နှစ်ယောက်ကအရင်ထွက်လာပေမယ့် ရွာလယ်လောက်မှာရှိတဲ့ ခြံမြေတစ်ကွက်ကိုသွား
ကြည့်သေးတယ်ခင်ဗျ၊ပြီးကျွန်တော့်သူငယ်ချင်းက ရွာကသူ့အသိဆီဝင်ပြီး ငွေကြေးစာရင်းလေးရှင်းနေ
တော့ နောက်ကျကျန်နေတဲ့ သယ်ရင်းက ရွာထိပ်က ထန်းရည်ဆိုင်အရင်ရောက်နေရော...။ဒီတော့သူက 
ကျွန်တော်တို့ဆီဖုံးဆက်မေးတယ်...၊ဘယ်ရောက်နေလဲပေါ့...၊ဒီတော့ကျွန်တော်က ပြန်ဖြေပါတယ်....
ရွာလယ်က ဦးဘယ်သူတို့အိမ်မှာ အကြွေးရှင်းနေလို့ဟေ့....၊ထန်းရည်ဆိုင်မှာပဲစောင့် ခြောက်လုံးလောက်
မှာထားနှင့်ဟေ့...၊ကြွက်ကြော်လည်းချန်ထားခိုင်းဦး....နဲ့ဖုံးဆက်တာဗျာ.....၊ကျွန်တော့်အသံသာ တစ်ရွာ
လုံးကြားတယ်...၊ဟိုဘက်ကမကြားလို့ တဟင်ဟင်နဲ့ဗျာ...၊ကျွန်တော်သာဒီထက်ပိုပြီး ဗော်လူး မြှင့်လိုက်
ရင် ဘယ်လောက်မှမဝေးတဲ့ ရွာထိပ်ကနေ ဖုံးမလိုပဲကြားရနိုင်သဗျ...၊ခုတော့ဗျာ....လူကြားလို့တောင်
မကောင်းဘူး၊နောက်ဆုံး စိတ်မရှည်လို့ ဆိုင်ကယ်နဲ့သွားပြောလိုက်တယ်.....၊ဟုတ်တယ်လေ....ဒီဖုံးသာ
အားကိုးနေလို့ကတော့ ထန်းရည်တောင်ကျန်မယ်မထင်....:P


ဒီတော့ဗျာ...၊ကျွန်တော်တို့ပြည်သူလူထုအတွက်က ငါးထောင်တန်ဖုံးဆိုတာ ဆောက်ဖြစ်မှကျောင်းတကာ
ခင်ဗျ...၊စီးပွားရေးသမားတွေအတွက်က တစ်သက်လုံးစားမကုန်တဲ့ငွေတွင်း၊ဒီကြားထဲလွှတ်တော်တင်လို့
ဟိုကအမတ်မင်းတွေက လုထုကိုအစဉ်သနားသည်ကိုအကြောင်းပြုပြီး ငါးထောင်တန်ဖုံးရဖို့ တောင်းဆိုပေး
ပါတယ်ဆိုပြီး ကြားက အချောင်အမှတ်ယူမယ့်ကိန်းခင်ဗျ.....။အဲဒီတော့ ကျွန်တော့်သဘောကတော့ 
လွှတ်တော်ထဲစာတင်စရာကိစ္စတွေ ကုန်ကားတစ်စီးတိုက်စာလောက်ရှိနေတဲ့ကြားထဲ ဒီလောက်ကိစ္စနဲ့
တော့ တင်ချင်သပဆိုလည်းတင်ကြပါဗျာ...၊မတားပါဘူး...၊မတင်ချင်လည်းမတင်ကြပါနဲ့ လို့ပဲပြောချင်ပါ
တယ်...။





၎ ။ ငါးထောင်တန် ဖုန်း များပေါ်ပေါက်လာစေဖို့ သင့်အနေနဲ့ ကြိုဆိုပါသလား....တဲ့.....။

ဒါကတော့ ကြိုဆိုပါတယ်ဗျာ....၊ချွင်းချက်မရှိကို ကြိုဆိုပါတယ်....၊ပြောစရာကိုမရှိတာခင်ဗျ....။အဲ...ထပ်
ဖြည့်စွက်ပြောပါဆိုရင် မျှစ်(ကိုထွဋ်)ပြောသလိုပါပဲ....တာဝါတိုင်တွေထပ်တိုးချဲ့သင့်ပါတယ်...။တစ်လက်
စတည်း မျှစ်ရှိရာ ကမ္ဘောဒီးယားသွားလည်တုန်းက တုန်းလီစပ် ရေကန်ထဲမှာတွေ့ခဲ့ရတဲ့ တာဝါတိုင်ကို
ဒါ့ပုံရိုက်လာတာပါတင်လိုက်ပါတယ်ခင်ဗျား....။



၅ ။ ငါးထောင်တန် ဖုန်းအပေါ် သင့်အမြင်လေး တစ်ပိုဒ်လောက်ချရေးပေးပါ ။


ကာတွန်းလေးတစ်ခု ဖောက်သည်ချချင်ပါတယ်..........

" ဘာ....ငွေငါးထောင်နဲ့ ဖုံးလိုချင်လို့....ဟုတ်လား....၊ရမယ်လေ...ရပါတယ်....၊ဒါပေမယ့်တစ်ခုတော့
ရှိတယ်....၊ငွေငါးထောင်နဲ့တော့ လူကြီးမင်း မခေါ်နိုင်ဘူးကွ......" တဲ့......:P

ဟုတ့်ကဲ့ခင်ဗျာ.....ကျွန်တော်တို့ ငါးထောင်နဲ့ဖုံးရရင်တောင် လူကြီးမင်းခေါ်ဆိုသော.....ဘလာ...ဘလာ
တွေလာမယ်မထင်တော့ဘူး....၊ဟေ့ရောင် မင်းခေါ်တဲ့ဖုံးက ဘယ်ချောင်ရောက်နေလဲမသိဘူး...နောက်မှ
ပြန်ခေါ်ကွာ....တွေဘာတွေ လာနေမယ်ထင်ရဲ့ဗျား................:)))))


ကဲ ဘာပဲပြောပြောပေါ့ခင်ဗျာ.....၊ကျွန်တော်တို့မြန်မာလူထုဆိုတာ မီးလာလည်းပျော်ရ၊လမ်းခင်းပေးလည်း
ကျေနပ်လိုက်ရ၊နဂိုကကို မတရားချုပ်နှောင်ထားသူတွေပြန်လွတ်လာတော့လည်း ပျော်လိုက်ရ၊ငွေခြောက်
ကျပ်နဲ့ မှတ်ပုံတင်လုပ်ပေးလည်း ကြည်နူးနေရ၊ကားပါမစ်တွေချပေးရင်လည်း ဝမ်းသာလုံးစို့လိုက်ရ နဲ့....
ကိုယ့်နဂိုရပိုင်ခွင့်တွေကို မနဲတောင်းဆိုတိုက်ပွဲဝင်ကာမှ ပြန်ရနေတာတွေကို ပီတိဖြစ်နေရတဲ့ဘဝဆိုတော့
ကာ.....ငွေငါးထောင်နဲ့ ဖုံးရမယ်ဆိုရင်လည်း .......လူကြီးမင်း မခေါ်ကာမှနေရော.....အားလုံးနဲ့အတူတူ
ပျော်ပါတယ်......ခင်ဗျ.......။

(အချက်အလက်များကို ဖေ့ဘုတ်မှသူငယ်ချင်းများနှင့် အွန်လိုင်းပေါ်မှခင်မင်ရသောအစ်မတစ်ယောက်မှ
ကျေးဇူးပြုပါသည်...။သည့်အတွက် အားလုံးကိုကျေးဇူးတင်ရပါသည်...။တစ်စုံတစ်ရာမှားယွင်းခဲ့သော်
ကျွန်တော့်တာဝန်သာဖြစ်ပါသည်....။ကျွန်တော့်အမြင်သက်သက်သာဖြစ်ပါသည်ခင်ဗျား.......)

12 comments:

khin oo may said...

ပျော်နေရတာ အမြတ်ပေါ့.ကျေးဇူးတင်လိုက်တာဟုတ်ဘူး။

Tommy Girl said...

ကျောင်းတတ်တုန်းက အမေ့ကို ဇွတ်ပူဆာလို. ရခဲ့တဲ့ ၂၇သိန်းတန် ဆယ်လူလာဖုံးက ခုဆို လုံးလုံးသုံးမရတော့လို. ၅သိန်းတန်ဖုံးနဲ့ အလိုက်ပေးလဲကိုင်ရတယ်တဲ့။ အလုပ်လုပ်တော့ ၁၅သိန်းဈေးရင်း၊ ၅သိန်း ကန်တော့ခဆိုပြီး စုစုပေါင်း သိန်း၂၀နဲ့ GSM ဖုန်းတလုံးရဖို. မျက်နှာငယ်နဲ့ အထက်လူကြီးကို တောင်းပန်ပြီး ၀ယ်ခဲ့ရတဲ့ ဖုန်းလေးကလဲ ခုဆို ၃သိန်းတောင်မတန်တော့ဘူးဆိုတာတွေကို မုန်းတယ်။း(

မေဓာဝီ said...

ငါးထောင်တန် ဖုန်းနဲ့ ပတ်သက်လို့ ရေးကြသမျှတွေ တိတ်တိတ်ကလေး လိုက်ဖတ်နေတာ ... မောင်လေး ညိမ်းနိုင်ရဲ့ ပို့စ်ကိုတော့ သဘောကျလွန်းလို့ မန့်လိုက်တယ်။

"ခုတင် ဘေးနားက ကုလားကို" ဆိုတာ ဖတ်ပြီးတော့ အဲ ... မောင်ညိမ်းနိုင် ခုတင် (အိပ်ရာ) ဘေးနားမှာ ကုလားက ဘာလာလုပ်နေပါလိမ့်လို့ အတွေးက ချော်မိသေး။ :))

ရွာထိပ်က ထန်းရည်ဆိုင်မှာ ဖုန်းပြောတဲ့ အခန်းကလဲ ရယ်လိုက်ရတာ ... ရယ်ရင်းနဲ့ ထန်းရည်တောင် သောက်ချင်လာတယ် ဂလု :P

ငါးထောင်တန်ဖုန်း တဂ်ပို့စ် သရော်စာလေး ... အဟုတ် သဘောကျတယ် မောင်ညိမ်းနိုင်ရေ ... ။

Anonymous said...

ဘာလိုချင်လဲ အကို ဒီမှာ အားလုံး ရတယ်နော်

နေ၀သန် said...

အိမ်း.. ကိုညိမ်းနိုင်.. ဒီလိုပို့စ်တွေ ဖတ်လာတာ.. သိပ်တော့မမန့်မိဘူး... ဘာမှလည်းမပြောတတ်ဘူးလေ... ဒါနဲ့ ဒီပို့စ်ကိုဖတ်တော့ သတိထားမိတာရှီတယ်... မေးတဲ့သူရဲ့ မေးခွန်းတွေက `ဖုန်း` လို့ရေးတယ်.. ကိုညိမ်းနိုင်အဖြေတွေက `ဖုံး` လို့ဖြေတာလေးကိုတော့ သတိထားမိသွားတယ်.. အဟဲ.... ဖုန်းကိစ္စတော့ မပြောတတ်ပေါင်ဗျာ....

ခင်မင်လျက်
နေ၀သန်

ကိုထွဋ် said...

ကညိမ်းနိုင် ငါးထောင်တန်ဖုန်းက ကျနော့ မြေးအရွယ်မှရမှာနော်... အဲဒါတောင် ကြားလား အဆင့်ပဲရှိဦးမှာ.. ဘယ်တော့မှ တိုးတက်လာမှာ မဟုတ်ဘူး.... ဟွန့်..

မျှစ်ဝေယံ

Candy said...

ရေလည်သဘောကျတယ် ဦးလေး
ရေရေလည်လည် မိုက်တယ် :D :D

San San Htun said...

ဟယ်လို ဟယ်လို ကြားလား ကိုညိမ်း..မကြားရင် ဆိုင်ကယ်နဲ့  လာအကြောင်းပြန်း)..ခမာပြည်၊ မြန်မာပြည်သွား တောလားတွေကို အမြန်တင်ပါ ဒါဗြဲ..

မဒမ်ကိုး said...

ကြားတာ မကြားတာဘေးချိတ် .ုခုတော့အိမ်ကိုဖုန်းဆက်တိုင်း ကြားလားကြားလား ကြားရဲ့လားဘဲအော်နေရတယ် ..
တိုးတော့လဲမကြားရဘူး ကျယ်တော့လဲ အမေက ဟဲ့ အော်လိုက်တာ လိပ်ခေါင်းလဲထွက်ဦးမယ်တဲ့
ဖုန်းတစ်ခါဆက်ရင် ဘေးကဖြတ်သွားတဲ့တရုတ်တွေဝိုင်းကြည့်ကြတာ ရှက်လွန်းလို့ အိမ်ကိုဆက်ချင်ရင် မိုးစုန်းစုန်းချူပ်မှ ကစားကွင်းထဲသွားသွားအော်ရတဲ့အဖြစ် ..ဆိုးပ

Cameron said...

လေးလေးနိုင်ရဲ့ ရေးချက်ကတော့ ဂွတ်ပဲ....တကယ်ခိုက်တယ်....:P

နွေတေးရှင် (မင်းဧရာ) said...

ကောင်းလိုက်တဲ့ တဂ်ပို့စ်ဗျာ....
တင်ပြမှု့လေးတွေက တော်တော့်ကို ထိမိလှတယ်။

...အလင်းစက်များ said...

ရေးသင့်တာပေါ့ ကိုညိန်းနိုင်။ တစ်တပ်တအားပေါ့ဗျာ