Sunday, March 18, 2012

ပေါက်တတ်ကရ တနင်္ဂနွေ

ဒီနေ့ကတနင်္ဂနွေဆိုတော့မနေ့ကစနေနေ့ပေါ့လေ.....၊ပေါက်တတ်ကရတနင်္ဂနွေဆိုပေမယ့်စနေညနေနဲ့
ပဲစလိုက်ကြရအောင်ဗျာ...။စနေနေ့ကအလုပ်ရယ်လို့မယ်မယ်ရရမရှိဘူး....။ဒီတော့တစ်နေ့လုံးရုံးမှာဖဲရိုက်
တဲ့သူကရိုက်၊ဘီဘီချတဲ့သူကချနဲ့ နေချင်သလိုနေ၊ဖြစ်ချင်သလိုဖြစ်နေကြတော့တာပဲဗျိုးးးးး။ဘောစိမရှိဘူး
လားဆိုတော့ရှိနေတာပါပဲ...။ဒါပေမယ့် ဘောစိလည်း သိပ်ဂရုစိုက်လှတာဟုတ်ဝူးဗျ...၊ဒါနဲ့ကျွန်တော်လည်း
စောစောပြန်လစ်လာတာပေါ့လေ...။ပြန်ရောက်တော့ ထုံးစံအတိုင်း ရေမချိုး၊အဝတ်အစားမလဲသေးပဲ ကွန်
ပြူတာလေးဖွင့်ဖဘပေါ်တတ်နေသေးတာကလား...။၎နာရီထိုးတော့မှမွင်းဂါးချက်စားဦးမှလို့စိတ်ကူးပေါက်
ရော...။မွင်းဂါးချက်ဖို့အတွက်က အိမ်ကပေးလိုက်တဲ့ ငါးဆီသတ်ထားပြီးသားတစ်ထုတ်နဲ့ မုန့်ဖတ်ခြောက်
ထုတ်တစ်ထုတ်ကအဆင်သင့်ရှိပြီးသား...။

မရှိတာကကြက်သွန်နီ...၊ဒီတော့ကြက်သွန်နီထွက်ဝယ်ရော....။ဝေးဝေးလံလံတော့မဟုတ်ပါဘူး၊အိမ်အောက်
ထပ်တင်ပါ...။အဲဒီလိုကြက်သွန်နီသွားဝယ်တော့လမ်းမယ်အိမ်နီးနားချင်း၊သူငယ်ချင်း၂ယောက်နဲ့တွေ့ရော၊
တွေ့တော့ စလုံးမှာရုံတင်နေတဲ့ The Lady သွားကြည့်မယ်လိုက်မလားဆိုတာနဲ့မွင်းဂါးချက်မယ့်အစီအစဉ်
ကို Half time နဲ့ ရပ်ဆိုင်းပြီး ရီရွန်းက ရုပ်ရှင်ရုံကိုပါသွားပါတော့တယ်....။ရုပ်ရှင်ပြချိန်က ၆း၂၅၊ကျွန်တော်
တို့ရောက်သွားတော့ ၆း၃၅ရှိနေပြီ..။လက်မှတ်တောင်မကျန်လောက်တော့ဘူးထင်နေတာရယ်...။ကျန်နေ
သေးတယ်ဗျ...။ဒါပေမယ့်တတိယတန်းပဲရတော့မယ်တဲ့...၊ပိတ်ကားနဲ့အရမ်းကပ်နေပေမယ့်ကိုးနာရီကားကို
မစောင့်နိုင်တော့ဘူးလေ...၊ဒါနဲ့ရရာပဲပေးဆိုပြီးလက်မှတ်ဖြတ်၊အပေါ်ထပ်ကိုအပြေးတက်၊ရုံထဲကပြာကယာ
ဝင်ရသပေါ့လေ...။

အထဲရောက်တော့ ဇာတ်လမ်းကပြနေပြီ...၊ဗိုလ်ချုပ်တို့လုပ်ကြံခံရတဲ့အခန်းတွေဘာတွေ ရှေ့ပိုင်းမှပြတယ်
လို့ပြောကြပေမယ့် ကျွန်တော်တို့ကတော့မမှီတော့ပါ။လူတစ်ရာသာသာဆန့်တဲ့ရုံထဲ ဝေ့ကြည့်လိုက်တော့
အများစုကမြန်မာတွေခင်ဗျ။ကျွန်တော်တို့ကိုတတိယတန်းကပဲကျန်တော့တယ်ပြောပေမယ့် နောက်ဘက်
တန်းမှာ နေရာလွတ်တချို့ကို တွေ့ရပါတယ်။ကြည့်ရတာတော့ ဘွတ်ကင်လုပ်ပြီး မလာဖြစ်တော့တာထင်
ရဲ့.....။ဇာတ်လမ်းကတော့ အားလုံးသိတဲ့အတိုင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ဇာတ်လမ်းပါပဲ....။ကျွန်တော့်
အမြင်ပြောရရင်တော့ ဒေါ်စုအကြောင်း၊မြန်မာပြည်အကြောင်း ထက် ဒေါ်စုနဲ့ မိုက်ကယ်အဲရစ်တို့ရဲ့ အခက်အခဲများကြားက ဆွတ်ပျံလွမ်းမောဖွယ် သံယောဇဉ်အချစ်ဇာတ်လမ်းလေးလို့ပဲမြင်ပါတယ်.....။

ဗီလိန်ကတော့ ဟုတ်ကဲ့........သိတော်မူကြတဲ့အတိုင်းပါပဲဗျာ....:)။အပြင်အပနဲ့ကွာခြားတဲ့ ဗေဒင်မေးခန်း
တွေ၊ဗိုလ်ချုပ်ကြီးက ကိုယ်တိုင်ပစ်သတ်ခန်းတွေ၊၁၉၈၈ဝန်းကျင်က ရွှေတိဂုံဘုရားစောင်းတန်းတွေက ခု
ခေတ်ပုံစံ၊ရွှေရောင်တစ်ပြောင်ပြောင်ဖြစ်နေတာတွေကို နားလည်ပေးပြီးကြည့်လိုက်ရင်တော့ မဆိုးဘူးလို့
ပြောလို့ရပါတယ်...။ပြီး ဒါရိုက်တာပြောပြချင်တာကလည်း တိုင်းပြည်နဲ့ မိသားစု မှာ တိုင်းပြည်ကိုရွေးချယ်
ခဲ့တဲ့ မိန်းမတစ်ယောက်ရဲ့ခံစားချက်နဲ့ အဲဒီမိန်းမကို ချစ်ခင်မြတ်နိုးစွာ၊နားလည်မှုရှိစွာ ပါရမီဖြည့်ပေးခဲ့တဲ့
ယောင်္ကျားတစ်ယောက်ရဲ့ သံယောဇဉ်အလွမ်းဇာတ် လို့ပဲ ကျွန်တော်တော့ယူဆတယ်ခင်ဗျ။

ပြောစရာရှိတာကတော့ မီရှယ်ယို ပဲခင်ဗျ....။သူ့ရဲ့ဟန်ပန်တွေက တစ်ကယ့်ကို ဒေါ်အောင်ဆန်းစုကြည်ပါ
ပဲဗျာ....။သရုပ်ဆောင်သွားတာကလည်းပြောစရာမရှိအောင်ကို ဖမ်းစားသွားနိုင်ပါတယ်...။စကားသံလေး
ဝဲနေတာကတော့ ထားလိုက်ပေါ့ဗျာ......နော့....:))။ ပြောရရင်တော့ တစ်ချို့တွေပြောသလို ဆိုးဆိုးရွားရွား
ညံ့ဖျင်းလှတယ်လို့တော့ မထင်မိပါဘူး။သမိုင်းဖြစ်ရပ်မှန်မှတ်တမ်းတင်ဇာတ်လမ်းတစ်ပုဒ်၊လူတစ်ယောက်
ရဲ့အထုပ္ပတ္တိကို အစအဆုံးရိုက်ပြထားတဲ့ဇာတ်လမ်းတစ်ပုဒ်မှ မဟုတ်ပဲလေဗျာ....နော့...။


ဆိုတော့ ၂နာရီ၁၅မိနစ်တိတိကြာတဲ့ အဲဒီဇာတ်လမ်းအပြီးမှာတော့ ညကိုးနာရီထိုးလုပြီခင်ဗျ။ကိုးခွဲလောက်
ပြန်ရောက်၊အဲဒီအချိန်ကျမှ ဟပ်တိုင်းပေးထားတဲ့ မွင်းဂါးကို ဆက်ချက်ရပေတော့တယ်...။ကျက်တော့ ဆာ
ဆာနဲ့ တစ်ဝတစ်ပြဲစားလိုက်တာ...ဗိုက်ကားပြီးအိပ်ချင်သွားရော...။ဒီတော့စောစောအိပ်ပလိုက်သပေါ့ဗျာ။
တနင်္ဂနွေမနက်စောစောထပြီး မွင်းဂါးလေးစားကော်ဖီလေးတစ်ခွက်နဲ့ဒီနေ့တော့ အေးအေးလူလူ ဘယ်မှ
မသွားပဲ ကွန်ပြူတာရှေ့ကမထတမ်းအွန်လိုင်းပေါ်ဖလန်းဖလန်းထမယ်လည်းကြံရော၊ဝိုင်ဖိုင်က ချိတ်မရ
တော့ဘူးဗျိုး...။အမျိုးမျိုးကျိုးစားပေမယ့် ဘာဖြစ်သွားမှန်းမသိပါဘူးဗျာ....၊ဝိုင်ဖိုင်မရတော့မှ လစဉ်သာပိုက်
ဆံပေးပြီး ချောင်ထိုးထားတဲ့ မိုဘိုင်းဘရော့ဘန့်လေးကိုသတိရသွားတယ်...။


ရှာတယ်....ရှာတယ်....၊ရှာပါတယ်ခင်ဗျာ...နှာခေါင်းပေါက်လောက်ကျယ်တဲ့အခန်းလေးထဲမှာ ဗြောင်းဆန်
အောင်ရှာသော်လည်း မိုဒန်းလေးကတော့ ထွက်မလာပါ။ကြည့်ရတာ မြန်မာပြည်ပြန်တုန်းက အိပ်ထဲပါလာ
ပြီး မြန်မာပြည်အပြန်မှာတော့ ကျန်ခဲ့တယ်နဲ့တူရဲ့...၊မိုဒန်းလေ ရှာမတွေ့တော့ ဖုံးနဲကချိတ်သုံးမယ်ကြံပြန်
ရော..၊အဲဒီလိုကြံမိတော့မှ ဖုံးလိုင်းအဖြတ်ခံထားရတာသွားသတိရသဗျာ....။ဒါနဲ့နောက်ဆုံးတော့ ဂျူရောင်း
အိုင်အမ်အမ်က စတားဟပ်ဆားဗစ်စင်တာပြေးရတော့တာပါပဲ....။တိုကင်နံပတ်ယူပြီးစောင့်လိုက်ရတာဗျာ
၂နာရီလောက်စောင့်ရပါတယ်...၊ဒါတောင်ကျွန်တော်ရောက်သွားချိန်က ၁၁နာရီခွဲသာသာမို့ပါ။ညနေပိုင်း
ဆိုပိုကြာပါတယ်....။

ကိုယ့်အလှည့်ရောက်တော့ ဆိုင်ရာကောင်တာသွား ပါမစ်ကဒ်လေးပြအကျိုးအကြောင်းပြောပြလိုက်တော့
ပြီးခဲ့တဲ့လက အကြွေး ၁၈ကျပ်ကျန်နေလို့တဲ့ဗျာ...။ဒါနဲ့ အကြွေးရှင်း၊ပြီးတော့ မိုဘိုင်းဘရော့ဘန့်ကိုလည်း
တစ်လက်စတည်းသက်တမ်းတိုးရပါတယ်...။အဲ့မိုဘိုင်းဘရော့ဘန့်လေးက 2 Mbps ထဲပါ။လစဉ်ကြေးက
လည်း ၁၈ကျပ်ထဲပေးရပါတယ်...။ခုတော့ 7.2 Mbps ယူလိုက်ပါတယ်။လစဉ်ကြေးကလည်း ၃၄ကျပ်ဖြစ်
သွားပါတယ်...။ဒါတောင် ငါးဆယ်ရာနှုန်းလျော့ဈေးနဲ့ပါ။ပုံမှန်က ၆၈ကျပ်တဲ့ဗျာ....။မိုဒန်းလေးက အရင်လို
လက်တစ်လုံးသာသာလေးမဟုတ်တော့ဘူးဗျ။ကွန်ပြူတာမောက်စ်အသေးစားပုံစံလေး၊ပြီးတော့ အရင်လို
ကွန်ပြူတာမှာ တန်းထိုးလိုက်ရတာမျိုးမဟုတ်တော့ပဲ ယူအက်စ်ဘီကြိုးနဲ့ဆိုတော့ ပိုအဆင်ပြေသပေါ့လေ။
ပြီး သူက ဝါယာလက်စ် လည်းသုံးလို့ရသဗျာ....။

ဒီလိုနဲ့ ပစ္စည်းအသစ်လေးကို သဘောအကျကြီးကျပြီး ကော့ပက်ကော့ပက်နဲ့ ဂျူရောင်းအိုင်အမ်အမ်ကနေ
ဖရီးဖောလွန်းပျံကားစီးပြီး ဘူတာရုံကိုပြန်လာခဲ့ပါတယ်...။ကားပေါ်မှာ အဲဒီမိုဒမ်းလေးကိုသေချာထုတ်ကြည့်
မိတော့မှ.....လား...လား.....အရေးကြီးတဲ့ ဆင်းကဒ်မှ ပါမလာဘူး အရပ်ကတို့ရေ...။မပါဆို ကျွန်တော်က
သက်တမ်းတိုးတာဆိုတော့ သူကလည်းဘယ်ထည့်ပေးမလဲလေ..။ကျွန်တော်ကလည်း ပျောက်သွားပါတယ်
လို့ပြောဖို့မေ့နေတာကိုး...။ဒါနဲ့စီးလာတဲ့ လွန်းပျံဘတ်စ်နဲ့ပဲ ပြန်လိုက်သွားရပါတယ်...။ကားပေါ်မှာစဉ်း
စားမိသေးတယ်...၊ဒါကို ဟိုကြောင်လတ်တို့၊ဒိုးကန်တို့သိလို့ကတော့ ညိမ်းနိုင်တို့များ ဖရီးများရရင် နှစ်
ခေါက်စီးတယ်လို့ ကဲ့ရဲ့ပြစ်ဆို၊စကားတင်းဆိုကြဦးမှာရယ်.....လို့ပါ....:))။

ဒါနဲ့ဟိုရောက်၊အကျိုးအကြောင်းပြောပြတော့ တိုကင်စာရွက်လေးထုတ်ပေးရောဗျိုး..။ဒါနဲ့ ကျွန်တော်လည်း
ဘာ........ငါနောက်တစ်ခေါက်တန်းစီရဦးမှာလား...။ငါမနက်က ၂နာရီကြာအောင်စောင့်ခဲ့ရပြီးပြီဟ...လို့
ပြောရတော့တာပေါ့...။ကောင်မလေးက ဒီတစ်ခါက မြန်ပါတယ်...၊မကြာပါဘူး...တဲ့ဗျာ...။ဟုတ်တော့ဟုတ်
ပါတယ်...သူတို့ တိုကင်နံပတ်ပေးပုံက ခွဲခြားထာတာကိုးဗျ...။၁၀မိနစ်သာသာပဲစောင့်လိုက်ရပါတယ်....။
ကျွန်တော့်အလှည့်ရောက်လာပါတယ်....။တစ်ခါအကျိုးအကြောင်းပြောပြ၊ပါမစ်ကဒ်လေးထုတ်ပြလိုက်တော့
ဆင်းကဒ်တစ်ကဒ်အလကား(ဟုတ်ကဲ့အလကားပါ....:))ထုတ်ပေးလိုက်ပါတော့တယ်ခင်ဗျား....။


ဒီလိုနဲ့ မနက်၁၀နာရီလောက်ကတည်းကထွက်သွားလိုက်တာ ညနေလေးနာရီမှပဲပြန်ရောက်ပါတော့တယ်။
ပြန်ရောက်ရောက်ခြင်း ဟောင်းလောင်းဖြစ်နေဗိုက်ကို အရင်ဖြည့်ရပါသေးတယ်။ပြီးတာနဲ့ ကွန်ပြူတာလေး
ဖွင့်ပြီး မိုဒမ်းအသစ်လေးကို စမ်းသုံးကြည့်လိုက်တော့.......လိုင်းက သေချင်လောက်အောင်ကို နှေးလိုက်
တာဗျာ....၊အရင်က  2Mbps ကမှ သူ့ထက်မြန်ပါလိမ်ဦးမယ်..။ခုဟာက မြန်မာပြည်မှာသုံးရတာလောက်
ကိုနှေးနေတာဗျိုး...။တော်တော်ကိုစိတ်ကုန်သွားပါတယ်...။ပိုပြီးစိတ်ကုန်စရာတစ်ခုက ၁နာရီအတွင်းပြန်
ပွင့်ပါ့မယ်ပြောတဲ့ ဖုံးလိုင်းက ခုထိမပွင့်သေးတာပါပဲ...။ဒါနဲ့ ဖုံးနောက်တစ်လုံးနဲ့ စတားဟပ်ကို ခေါ်ပြီး
ကွန်ပလိန်းတတ်ရပါတော့တယ်...။အကျိုးအကြောင်းတစ်ခါထပ်ပြောပြရပါတယ်..။အိုင်စီနံပတ်ကိုရွတ်ပြ
ရပါသေးတယ်....။ဟုတ်ကဲ့ အဖြေကတော့ ဆားဗစ်ဌာနကလူတွေ ဒီနေ့အလုပ်ပိတ်ရက်မို့ဘာမှမတတ်
နိုင်ပါတဲ့...၊နက်ဖြန်မနက်၈နာရီမှ ဖုံးဆက်ပြီးအကျိုးအကြောင်းပြောပြလိုက်ပါတဲ့..၊သူမဘာမှမကူညီနိုင်တဲ့
အတွက် အရမ်းအရမ်းကိုဝမ်းနဲရပါတယ်တဲ့ ဗျာတို့ရယ်....။


ဒီလိုနဲ့ပဲ ဒီနေညမှာတော့ ကျွန်တော်ညိမ်းနိုင်တစ်ယောက် ခန္တီစ သည်းခံခြင်းဟူသည်မင်္ဂလာတစ်ပါးဖြစ်
ကြောင်းကိုကောင်းစွာနှလုံးသွင်းရင်း၊ရွှေလောက်နီးနီးတန်ဖိုးရှိလှသော တနင်္ဂနွေတစ်ရက်အားအသားလွတ်
ကုန်ဆုံးစေလိုက်ရရင်းဖြင့် ယခုကဲ့သို့ပေါက်ကရလေးဆယ်နိုင်လှသော ပို့စ်တစ်ပုဒ်အားရေးသားလိုက်ရပါ
တော့သည်ခင်ဗျား...........။

16 comments:

Crystal said...

ပေါက်ကရလေးဆယ် နဲတယ်၊ တစ်ရာ ပြည့်အောင် ဖြည့်လိုက်ပေါ့ .....

ကိုရင် said...

အထီးကျန်လိုက်တာ အိအိရယ်..:D

Tommy Girl said...

public holiday မှာ ရုံးပိတ်ရတာ အဲဒါတခုမကောင်းဘူး။ ကိုယ်ရုံးပိတ်ရက် အနားယူရင်း တခုခုအဆင်မပြေလို. emergency တွေကို ခေါ်လိုက်တိုင်း၊ သူတို.လဲ ရုံးပိတ်တော့ ဘာမှ အကူအညီကောင်းကောင်းမရဘူး။

jasmine(တောင်ကြီး) said...

ဟုတ်တယ်အဲဒီရုပ်ရှင်ကားအရမ်းကောင်းတယ်နော်
သူများတွေတစ်ချို့ပြောတာမကောင်းဘူးတဲ့
jas က အင်တာနက်မှာကြည့်တာကောင်းတယ် ကြိုက်တယ်
ပိတ်ရက်ကို အနားယူလိုက်တာပေါ့

မဒမ်ကိုး said...

အဟက် ကွကိုယ်အတုံးမကျမကျဘူးပေါ့ဘာလဲ
ဒါကြောင့်ဒင်းဖုန်းက ခေါ်မရ အော်မရဖစ်နေတာလေ

ဒါနဲ့စကားမစပ်နေပါအူး အလှုရှင်စာရင်းမယ်ဘယ်နှယ့် သများယောကျာင်္းနာမည်ပျောက်နေတာဒုန်း များကတစ်ယောက်ထဲဖစ်နေတာပေါ့း)))
ဘာပဲပြောပြောတို့ကတော့ မွင်းဂါးကိုအိုးဘဲဥလေးနဲ့ချက်စားတာ ........

Han Kyi said...

ဒီမှာတော့ ဖုန်းနဲ့ပဲ ချိတ်ပြီး တွယ်လိုက်တာပါပဲ...လိုင်းကတော့ အကောင်းသား ကငြိမ်းနိုင်ရေ...၀ိုင်ဖိုင်ယူမလို့ စိတ်ကူးနေတာ လိုင်းဆင်တာက ပစ္စည်း၊ လက်ခ တစ်သိန်းခွဲလောက်ကျမှာရယ်...၂၄ နာရီ တစ်လအွန်လိုင်းဖိုးက ၃၀၀၀ လောက်ထိမှာရယ်ကို ပေသီးခေါက်နေလို့ ဖြစ်သလို ကြဲနေလိုက်တယ်...

Han Kyi said...

အွန်လိုင်းဖိုးက ၃၀၀၀၀ ပြောတာ...အရေးထဲမှာ ဘဲဥတစ်လုံး ကျန်နေခဲ့တယ်...ကငြိမ်းနိုင် မုန့်ဟင်းခါးအိုးထဲ ရောက်သွားလို့ ဖြစ်မယ်...း(

Nyi Linn Thit said...

ဟားဟား.. ကိုညိမ်းနိုင်ရဲ့ စနေ၊ တနင်္ဂနွေကို ဖြတ်သန်းပုံကိုတော့ ကြိုက်တယ်ဗျို့..၊ အနီးကပ် ပေါ်လာတဲ့ ကိစ္စတွေကို အနီးကပ်ပဲ ရှင်းရင်းနဲ့ မသိလိုက်၊ မသိဖာသာ ကျော်ဖြတ်သွားတာ ကလား၊း)

The Lady နဲ့ ပတ်သက်လို့ ကိုညိမ်းနိုင်မြင်တာ ကျနော် မြင်ခဲ့တာနဲ့ ထပ်တူကျလို့ ဝမ်းသာရတယ်ဗျ၊ ဒါနဲ့ မြန်မာပြည်မှာ အဆင်ပြေခဲ့တယ် မဟုတ်လား...?း)

မိုးငွေ့...... said...

သူ့တနင်္ဂနွေကလဲ သူ့ဘာသာလုံးချာလိုက်နေတာနဲ့တင် အထီးကျန်လား အမကျန်လားသိလိုက်မှာမဟုတ်ဘူး...။ ဖစ်ရလေ...။

ကိုထွဋ် said...

ဂျုလိုင် အထီးကျန်ရင် လှိုင်ကိုခေါ်လိုက်နော်..

Myat Pan Nwe (မြတ်ပန်းနွယ်) said...

ဖတ်သွားခဲ့တယ်..

(The Ladyကားကို နိုင်ငံရေးအနေနှင့်မမြင်ဘဲ သာမန်မိသားစုကား တစ်ကားလို စိတ်သွင်းပြီး ကြည့်လိုက်မိတော့ တော်တော်လေး ကြေကွဲလိုက်ရသေးတယ်။)

ခင်မင်စွာဖြင့်
မြတ်

လရိပ်အိမ် said...

ဒီနေ့အင်္ဂါနေ့နော်။ အဲဒီရုတ်ရှင်ကားကိုကြည့်ချင်နေတာ။

ညီရဲသစ် said...

the lady ကို ကျွန်တော်တော့ မကြည့်ဖြစ်သေးဘူး အစ်ကိုရေ...

နေ၀သန် said...

:P.. ဒါ့ကြောင့် ကိုညိမ်းနိုင်တစ်ယောက် ပျောက်နေပါတယ်ဆို...း))

ခင်မင်လျက်
နေ၀သန်

san htun said...

ကိုညိမ်းနိုင်တို့ များ ဖရီးဆို လွန်းပြန်လည်း နှစ်ခါစီး၊ Q လည်း နှစ်ခါစီ..
မိုးငွေ့...... said...

သူ့တနင်္ဂနွေကလဲ သူ့ဘာသာလုံးချာလိုက်နေတာနဲ့တင် အထီးကျန်လား အမကျန်လားသိလိုက်မှာမဟုတ်ဘူး...။ ဖစ်ရလေ...။

မမိုးငွေ့  မန့် တာလေးကို သဘောကျလို့  :P
ွှThe Lady မကြည့်ရသေးဘူး..ကြည့်ဦးမယ်

သား ကြီး said...

ကြည့်တော့ကြည့်ချင် ပါတယ်ဒါပေမယ့်မကြည့်ဖြစ်သေးဘူး