Saturday, June 30, 2012

မန်းလေး

ကျွန်တော်လိုက်ပါလာတဲ့ ရွှေမန်းသူအဝေးပြေးကားကြီး ညောင်ဦးကားဂိတ်မှ ထွက်ခွာလာတော့ နေ့လည်
၃နာရီထိုးပြီဖြစ်သည်။အညာ၏အလှ၊အညာ၏ဘဝကို ပုဂံ-မန်း ခရီးတလျှောက်တွင် တစ်ချက်တစ်ချက်
ဖြတ်ကနဲ၊ဖြတ်ကနဲတွေ့မြင်ခဲ့ရသည်။မြင်းခြံတွင် ညစာဝင်စားသည်။စားဖူးသမျှထဲတွင် အညံဆုံးဆိုင်ဖြစ်
သည်။သို့သော်မတတ်နိုင်၊ကားဆရာရပ်ပေးရာဆိုင်တွင် ဝင်စားရသည့် ခရီးသည်များမဟုတ်ပေလော...။

 အညာကား ကြမ်း၏၊သို့သော်လှသည်

အညာနွေသရုပ်ကား......မြင်သူအဖို့ ရှုစဖွယ်ဖြစ်ပေမယ့် ရွှာနေပြည်ထိုင်တို့အဖို့မတော့
ခက်ထရော်လှပေသည်တည့်.....။

မန္တလေးရွှေမြို့တော်သို့ ည ၇နာရီကျော်လောက်မှာဆိုက်ရောက်သည်။ ကျွဲဆည်ကန်ကားဂိတ်တွင် ကား
ဂိတ်ထိုးသည်မှန်သော်လည်း မြို့ထဲအထိလိုက်ပို့ပေးပါသည်။ခရီးသည်များ မိမိတို့ဆင်းလိုရာနေရာအသီး
သီးတွင် ဆင်းသွားကြပြီးနောက်ဈေးချိုရှေ့မှာကားရပ်လိုက်တော့ ဆင်းမယ့်သူဆိုလို့ ကားပေါ်မှာ
ကျွန်တော်တစ်ယောက်တည်းကျန်သည်။ကားပေါ်ကဆင်းတော့ ကြိုမယ့်သူတွေကအဆင်သင့်....၊
ဆိုင်ကယ်တက်စီဆရာတွေပြောပါတယ်.....:)))။


တစ်ချိန်ကတော့ မြင့်မားဝင့်ကြွားခဲ့သည်ပေါ့....၊ခုတော့ ဘေးမှတိုက်ကြီးတာကြီးများကြားမှာ
သူလည်းခေါင်းမဖော်ဝံရှာ.....:(

ဘယ်သွားမလဲဆရာတဲ့....၊ရုတ်တရက် ဘယ်ကိုမောင်းဖို့ပြောရမှန်းမသိဖြစ်သွားတယ်။အစ်မကွန်မန်းလေး
သွားတုန်းက ဈေးချိုနားမှာတည်းခဲ့တယ်လို့ ရေးခဲ့တာပဲ....၊ဒါနဲ့ ဆိုင်ကယ်ဆရာကို သင့်တင့်မယ့် တည်းခို
ခန်းတစ်ခုကို ပို့ပေးဖို့ပြောလိုက်တယ်....။မဆိုးပါဘူး....သူလိုက်ပို့ပေးတဲ့ တည်းခိုခန်းက...။တည်းခိုခန်းက
အသစ်စက်စက်...၊ပိုင်ရှင်ကတော့ ယခုခေတ်မန်းလေးသားတို့မျက်နှာပေါက်ဖြစ်တဲ့ မျက်နှာပြဲပြဲ၊မျက်ပေါက်
ကျဉ်းကျဉ်း၊အသားနီစပ်စပ်ဆိုပါတော့ဗျာ.....:))))။ဆိုင်ကယ်ဆရာက အခန်းထဲထိ အိတ်ဆွဲပြီးလိုက်ပို့ပေး
တယ်...၊ကြည့်ပေးပါဆိုလို့ ငါးရာတန်တစ်ရွက်ထုတ်ပေးလိုက်သည့်တိုင် ကိုယ်တော်က မပြန်သေးပဲ
ယောင်လည်လည်လုပ်ရင်း.....ဆရာ....ဒီည ကောင်မလေးဘာလေးများ ခေါ်ချင်ရင်ပြောနော်...ကျွန်တော်
ခေါ်ပေးမယ် ဆိုပဲ....။


မှန်ကင်းတစ်လှည့်၊ထင်းတစ်လှည့် ဟုဆိုကြသည်။ရွှေမှန်ကင်းကား ခုချိန်ထိ ထင်းဖြစ်ဆဲ.....၊ဘယ်အချိန်
ကာလများဆီမှာမှ ရွှေမှန်ကင်းပြန်ဖြစ်မလဲမသိ.....။

ခက်တော့ခက်သည်။ခရီးပန်းလာလို့ ခုချိန်မှာအလုပ်ချင်ဆုံးက အဝတ်အစာလဲ၊ရေချိုးပြီး အိပ်ပလိုက်ချင်
တာပဲသိသည်။ကိုယ်တော်က မပြန်နိုင်ပဲ ပေကပ်နေတော့ အဝတ်အစားလဲဖို့ရာခက်နေလေသည်။ဒါနဲ့
လောလောဆယ်စိတ်မဝင်စားကြောင်းနှင့် နက်ဖြန် မန်းလေးတစ်ခွင် ဆိုင်ကယ်နှင့်လိုက်ပို့ပေးနိုင်မလားမေး
ရသည်။မနက်ရှစ်နာရီလာခေါ်ဖို့ပြောပြီးသည့်နောက်တောင်မှ ကိုယ်တော်က မပြန်ချင်သေး....။ရေချိုးပြီး
အိပ်တော့မယ်ဗျာ၊ခင်ဗျားလည်းပြန်တော့လို့ ပြောမှပြန်တော်မူရှာသည်...။မန်းလေးသားတွေများ ဧည့်ဝတ်
အလွန်ကျေရှာကြပါပေသည်......:))))


ရုပ်ရှင်တော်မြတ်ကြီးကား အတင့်အတယ်သပ္ပာယ်သောအသွင်ကိုဆောင်လျက် မြို့တော်ဟောင်း၏
ကျက်သရေကိုဆောင်တော်မူရှာသည်။ကျွန်တော် ကိုယ်တော်မြတ်ကြီးအား ဦးမချခဲ့ပါ။
ကင်မရာချောင်းကြည့်ပေါက်ကလေးမှတစ်ဆင့်သာ အချိန်ကြာကြာ ကြည်ညှိနေခဲ့မိသည်။

နောက်နေ့မနက် စောစောထပြီး မနက်စာစားဖို့ အပြင်ထွက်ရသည်။မန်းလေးလက်ဘက်ရည်ဆိုင်ထိုင်ချင်
သဖြင့် ဈေးချိုအနီးလိုက်ရှာရာ တစ်ဆိုင်မှမတွေ့....၊ဈေးချိုကိုပင်တစ်ပတ်ပတ်မိပြီ....။(အမှန်က ကျွန်တော်
တည်းခိုသည့် တည်းခိုခန်းတည်ရှိရာ လမ်းထဲမှာ တစ်ဆိုင်၊လမ်းထိပ်မှာတစ်ဆိုင်ရှိသည်၊ဘယ်ကဘယ်လို
မျက်စိရှန်းပြီးကျော်သွားသည်မသိ....:))))။နောက်ဆုံးနီးရာ လမ်းဘေးဆိုင်လေးမှာပင် ခေါက်ဆွဲသုတ်ဝင်
စားလိုက်သည်။တော်တော်စားလို့ကောင်းပါသည်။မန်းလေးကအစား ဟူသော ဂုဏ်နှင့်လိုက်ဖက်လေစွ
တကား.......။

 တံတားကိုကျော်ပြီးကျုံးအတွင်းဘက်ခြမ်းသို့ ကင်မရာလေးလွယ်ကာဝင်သွားသောအခါ
တာဝန်ကျဆရာကြီးတစ်ဦးမှ ဗျို့ဆရာ....ဒီဘက်ခဏ ဟုလှမ်းခေါ်သည်အနားရောက်သွားတော့
ကိုယ့်ဆရာက ဘယ်ဓာတ်ပုံပြိုင်ပွဲအတွက်တုန်း ဟုမေးသည်။သူများယောင်လို့လိုက်လို့ယောင်ပြီး
ကင်မရာနှင့်ပတ်သက်လျှင် တောင်မှန်းမြောက်မှန်းမသိသော ကျွန်တော့်ကိုမှ အထင်ကြီးရက်ပါပေ့။
မဟုတ်ပါဘူးဆရာကြီးရယ်...ဒီလိုပဲလျှောက်ရိုက်တာပါ ဟုဆိုတော့ ဟိုသစ်ပင်နားအထိပဲရိုက်လို့
ရမယ်၊အဲ့သစ်ပင်ကိုမကျော်ပါနဲ့ဟုဆို၏။အင်း....တပ်မတော်သာအမိ၊တပ်မတော်သာအဖဆို
တော့ စကားနားထောင်ရပေသပေါ့ဗျာ......။

စားပြီးတော့တည်းခိုခန်းတစ်ခေါက်ပြန်ပြီး ဆိုင်ကယ်ဆရာကိုစောင့်ရသည်။ရှစ်နာရီခွဲသည့်တိုင်ကိုယ်တော်
ကကြွချီမလာသေး...။ဒါနဲ့ အပြင်ပြန်ထွက်....ဈေးချိုနားက လမ်းဘေးဖုံးဆိုင်လေးဆီမှ မလေးမြေမှ မန်းလေးရောက် ကိုစုတ်ဖွားဆီဖုံးဆက်သည်။သူနှင့်နာရီစင်မှာချိန်း၊သူလာတော့ လက်ဘက်ရည်ဆိုင်လိုက်
ရှာပြန်သည်။ကံအားလျော်စွာ ဆိုင်စုတ်လေးတစ်ဆိုင်တွေ့၊ကျွန်တော်က လက်ဘက်ရည်သောက်၊သူက
ထမင်းကြော်လားမသိစား....။နီးရာလူကို မင်းကွန်းဘယ်လိုသွားရသနည်းမေး၊မုတ်ဆိတ်စုတ်ဖွားနှင့်ကုလား
ကြီးက ဆံပင်စုတ်ဖွားနှင့်ကဗျာဆြာကို ဘယ်သို့ဘယ်ပုံ မင်းကွန်းသို့ သွားရသည်ကို သေသေချာချာလမ်း
ညွှန်ပေးရှာသည်။ကားဂိတ်မှာကားစောင့်နေတုန်း အနှီးကုလားကြီးကား စိတ်မချနိုင်ပဲ ဆိုင်ကယ်နှင့်ရောက်
လာပြီးလမ်းထပ်ညွှန်လိုက်သေးသည်...။အင်မတန်ဧည့်ဝတ်ကျေရှာကြပါပေသည်။


ကျုံးနှင့်မြို့ရိုးကြား ဘာမျှမရှိသော် အတော်ကောင်းမည်ဟု တွေးမိသည်။ခုတော့ သစ်ပင်များမှာ
 မြို့ရိုး၏အလှကို ကွယ်ဝှက်ထားသလိုဖြစ်နေသည်။

ဒါနှင့် မင်းကွန်းသို့ချီတက်၊မင်းကွန်းမှ စစ်ကိုင်းသို့ ခရီးဆက်၊စစ်ကိုင်းမှအပြန် အမရပူရ ဦးပိန်တံတားဝင်
ပြီး ဒါ့ပုံရိုက်၊တည်းခိုခန်းပြန်ရောက်တော့ ရှစ်နာရီထိုးပြီ။မနက်ရှစ်နာရီချိန်းထားသော ဆိုင်ကယ်ဆရာက
ညရှစ်နာရီတွင် ဆိုက်မြိုက်စွာရောက်လာလေ၏။စကားစမြီပြောတော့ ကောင်မလေးတွေဘက်ပဲ စကားက
ရောက်သွားသည်။၂သောင်းတဲ့....၊လိုက်ကြည့်မား....လိုက်ပို့မယ်ဆိုသည်။မာဆပ်ပဲသွားချင်သည်ဆိုတော့
မာဆပ်တွေဖမ်းပလိုက်ပြီ၊ခုကောင်မလေးတွေက အရင်မာဆပ်မှာလုပ်တာ၊ခုဖမ်းလို့  ပုန်းလျှိုးကွယ်လျှိုး
တွေလုပ်စားရတာဟုဆိုသည်။ဒါနှင့်ပင် မကြည့်တော့ပါဘူးကွာ..ကဲ...မင်းလည်းပြန်တော့ ငါ့လည်းထမင်း
ထွက်စားတော့မယ် ပြောလိုက်ရသည်။ရင်ထဲမှာတော့ သိပ်မကောင်းလှ.....:P။

 လောကမာရဇိန်လား၊ဘယ်ဘုရားလည်းမမှတ်မိတော့.......:)

ဘီယာဆိုင်တွင် မန်းလေးအကင်နှင့် မြန်မာဘီယာကိုသောက်ရင်းမြည်းရင်း မန်းလေးညကို ထိုင်ကြည့်နေမိ
သည်။မန်းလေးကို ဒုတိယအကြိမ်ရောက်ခြင်းဖြစ်သည်။လွန်ခဲ့သော၁၅နှစ်ခန့်က ပထမဆုံးအကြိမ်ရောက်
ခဲ့ဖူးသည်။ထိုစဉ်က ကျယ်ပြန့်သောလမ်းမများထက်တွင် ကား၊ဆိုင်ကယ်ဆိုတာ ကျဲပါးလှသည်။လမ်းမကြီး
တစ်ချို့တွင် စက်ဘီးသီးသန့်လမ်းကြောင်း သတ်မှတ်ပေးထားတာကို အမှတ်ရမိသည်။ခုတော့ စက်ဘီး
မြို့တော်တွင် စက်ဘီးများဘယ်ဆီရောက်ကုန်ကြသည်မသိနိုင်တော့.....။

 ရွှေကျောင်းကြီးဖြစ်သည်။အထဲဝင်တော့ ကင်မရာခွန်ဆောင်ရသည်။ကင်မရာအကြီးမို့
၁၀၀၀တဲ့။ကိုယ်တွေအတွက်က ကင်မရာကြီးခြင်း၊သေးခြင်းသည် ကင်မရာခွန်ပိုဆောင်ရသည်
မှလွဲ၍ ရုပ်ထွက်များမထူးခြားပါတကား.....။

နောက်တစ်နေ့မနက်ရှစ်နာရီလောက်မှထ၊လက်ဘက်ရည်ဆိုင်ထပ်ရှာတော့မှ ပထမနေ့က မတွေ့လိုက်
သောဆိုင်များကိုတွေ့ရတော့သည်....။လမ်းထိပ်ကဆိုင်မှာထိုင်ရင်း လက်ဘက်ရည်နှင့် ပဲနံပြားကိုစားတော့
ပဲနံပြားကို ဘာမှန်းမသိရှာသော အစ်မကွန်ကိုပင်သတိရမိပါဘိတောင်း.......:)))))


ဒီကျောင်းကြီးမှာ အဲဒီနေ့က ဘွဲ့နှင်းသဘင်အခမ်းအနားရှိသည်။ဘွဲ့ရ သံဃာတော်များကို 
မင်းပရိတ်သတ်များခြံရံလျက် ဖူးခဲ့ရသည်။သံဃာကား ပညာ့ဂုဏ်ကိုဆောင်ပေ၏။ 

 မန်းလေးတောင်၊ကျုံး နှင့် နန်းမြို့ ကား ပနာရလှသည်။

လမ်းထိပ်မှ ဆိုင်ကယ်ဆရာကြီးကို ဘုရားကြီးလိုက်ပို့ပေးဖို့ပြောရသည်။ဒီတစ်ခါဆိုင်ကယ်ဆရာကြီးက
ခပ်အေးအေးသမား၊ကျမ်းမာရေးလည်းသိပ်ကောင်းလှပုံမရ၊စကားသံတိုးတိုး၊ဆိုင်ကယ်တက်ဆီခ စကား
ပြောပုံကလည်း ၁၀၀၀ ဆိုသိပ်များ များနေမလားဆရာတဲ့....၊မန်းလေးသားတွေများ သိပ်ချစ်ဖို့ကောင်း
ပါသည်။ဒါနှင့်ပင် ထိုဆရာကြီးကို တစ်နေကုန်ငှားလိုက်တော့သည်...။ပထမဆုံး မဟာမုနိဘုရားကြီးဆီသို့
ဖြစ်သည်။ထို့နောက်....မန်းလေးမြို့ရိုး...နောက် ဘုရားပေါင်းစုံ၊နောက် မန်းလေးတောင်....၊မန်းလေး
တောင်ပေါ်မှဆင်းလာတော့ ၃နာရီခန့်ရှိပြီ။ဘူတာကြီးနားမှ ထိုးမုန့်ဆိုင်များဆီသို့ချီတက်ပြီး ထိုးမုန့်များ
သွားဝယ်ရသည်။မော်မော်စန်းလား ဘာလား မမှတ်မိတော့ချေ။ထို့နောက် တည်းခိုခန်းပြန် ခဏနား၊
ပြီး အစ်မရွှေစင်တို့ဆိုင်သို့ ထွက်လာခဲ့သည်။အစ်မရွှေစင်နှင့် အကိုကြီးမှ ညနေစာလိုက်ကျွေးသည့်အပြင်
အပြန် ထိုးမုန့်တွေလက်ဆောင်ထည့်ပေးလိုက်သေးသည်။မန်းလေးရောက် မိုးကုတ်သားကိုကိုးအိမ် လည်း
အင်တာဗျူးရှိနေသည့်ကြားမှ အပြေးအလွားလာနှုတ်ဆက်ရှာသည်။

 အစ်မရွှေစင်တို့ ညစာလိုက်ကျွေးတဲ့ဆိုင်လေးပါ....၊အပြင်အဆင်အရမ်းကောင်းပါတယ်။


မန်းလေးရဲ့ နာမည်ကျော်ရေနီမြောင်းပါ။အစ်မရွှေစင်က ဒါရေနီမြောင်းဆိုတော့အတော်အံသြသွားတယ်။
မန်းလေးအကြောင်းရေးတဲ့ဆောင်းပါးတွေထဲမှာ ပါလေ့ရှိတဲ့ ရေနီမြောင်းကို စိတ်ထဲရင်းနှီးနေခဲ့တာကြာပြီ။
ဒီလိုပုံတွေ့လိုက်ရတော့ စိတ်ထဲတစ်မျိုးပဲ.....:(


 မန်းလေးတောင်ပေါ်မှ ဧရာဝတီကို လှမ်းမျှော်ကြည့်မိသည်။ညိမ့်ညောင်းသာယာသောမြစ်မင်း
သည် မှိုင်းမှိုင်းမှုန်မှုန်များကြားမှာ စီးဆင်းနေဆဲ......


အပြန်တွင်မတော့ မန်းလေးညဈေးလမ်းပေါ်မှာပဲ ဆင်းနေရင်း အစ်မရွှေစင်တို့ကိုနှုတ်ဆက်လိုက်ရသည်။
တစ်ချိန်က နာမည်ကျော်ညဈေးကား......ခုချိန်တွင်မတော့ ခြောက်ကပ်တိတ်ဆိတ်လှသည်။ဘာမှထွေထွေ
ထူးထူးဝယ်စရာမရှိ....။တစ်ချိန်က ညဈေးတွင် ကျိတ်ကျိတ်တိုးရင်း ထိုးမုန့်ဆိုင်များတွင် အမြည်းများလိုက်
စားနေခဲ့သည်ကိုသတိရမိသည်။ထိုစဉ်က ညဈေးဆိုသည်မှာ လူချင်းကွဲသွားလျှင်တောင် ပြန်ရှာဖို့ရာခက်
လှသည်။ခုတော့............။အင်း...ကျွန်တော်ရောက်နေတာ စောသေးလို့လည်းဖြစ်နိုင်ပါသည်လေ.....။

 ညနေဘက်တွင်မတော့ ပြန်ဖို့ပြင်ရသည်....။ကျွဲဆည်ကန်ကားဂိတ်တွင် တစ်နေကုန်လိုက်ပို့ပေးရှာသော၊
သဘောအင်မတန်ကောင်းသည့် ဆိုင်ကယ်ဆရာကြီးကိုနှုတ်ဆက်ရင်း တည်းခိုခန်းပိုင်ရှင်မှ လက်မှတ်
ဖြတ်ပေးလိုက်သော ရန်ကုန်-မန်း အဝေးပြေးယဉ်လိုင်းအသစ်မှ ကားအသစ်ကြီးဖြင့် ရန်ကုန်ရွှေမြို့တော်
သို့ပြန်လာခဲ့ပါတော့သည်ခင်ဗျားးးးးးးးးးးးးးးး။

10 comments:

Anonymous said...

မန်းလေးက စကားပါ...
မော်လမြိုင်က အစားတဲ့
ရန်ကုန်ကတော့...

ချမ်းမင်းကို(ပဥာက်) said...

နောင်ကြီး..ကျူပ်တို့ရွှေမြို့တော်ကြီးရောက်နေပါပေါ့လား...ကျူပ်နဲ့တွေ့ချင်စမ်းလှပါဘိသနယ်...။

ဟန်ကြည် said...

ပုံတွေ ပြန်မြင်ရတော့ မန်းလေးကို လွမ်းလိုက်ပါဘိတော့...အပြင်အဆင်တွေ ခေတ်တွေ ဘယ်လောက်ပဲပြောင်းပြောင်း မန်းသားတွေရဲ့ ဖော်ရွေပျူငှာမှု ရိုးသားပွင့်လင်းမှုဆိုတာ ထာဝရသစ္စာပါပဲ...ပုံလေးတွေ များများတင်သင့်သပါ့...မန်းလေးအလွမ်းပြေကြည့်ရအောင်...ရောက်တုန်းရောက်ခိုက် ဦးပိန်တို့ တောင်သမန်တို့လည်း သွားသင့်သပေါ့...

ကိုကိုမောင်(ပန်းရနံ့) said...

မန်းလေးကို သတိရမိပါဘိတောင်း။
ရောက်ဖြစ်ရင်တော့ ကမောင်လေးတို့လို အနှံ့လည်ပစ်လိုက်ဦးမယ်။ သို့ပေမဲ့ ဆိုင်ကယ်ကယ်ရီကိုတော့ သတိထားရမဲ့ပုံဘဲ။ ဈေးစပ် အလွန်ကောင်းလို့။း)

mstint said...

ပို့စ်တင်နိုင်ပြီဆိုတော့ သက်သာသွားပြီပေါ့နော်။
ရိုက်ချက်တွေကောင်းတယ် မောင်ညိမ်းရေ။ ခရီးသွား ဆောင်းပါးလေးဖတ်ပြီး ခရီးထွက်ချင်တယ်။ ဘုရားကြီးကို ကြည်ညိုသွားတယ်။ ဆိုင်ကယ်တွေ မန်းမှာစီးရဲဘူး မျက်စိမူးလို့း))
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

Angelhlaing(May everybody be happy and healthy! said...

ရွှေမြို့တော်ကြီးမှာ လည်ပတ်နေတာ မနာလိုချင် စရာကြီးပဲ အကို...:):)

နွေတေးရှင်(မင်းဧရာ) said...

ဘယ့်ဂလိုကြောင့် မန်းလေး ကိုရောက်သွားရတာတုန်း
စည်မပါ ဗျောမပါနဲ့..။

လွမ်းတော်မူလို့စာကိုစီတယ်လို့တောင် ပြောလိုက်ချင်တော့တယ်ဗျာ ကျုပ်တို့ရွှေမြို့တော်ကြီးက ဘယ်အချိန်ကြည့်ကြည့် သာယာလွန်းလှသကိုးဗျ ။

Anonymous said...

အယ် သူပြောကာမှ ထပ်တလဲလဲရောက်ဖူးတဲ့ မန်းမြို့တော်ကိုပြန်ပြေး လွမ်းပြေရှုမြင်လိုက်ချင်တယ်
မန်းသူတွေချောတာ မန်းသားတွေဖော်ရွေတာ အမှန်ပါပဲဗျာ.....

ဘယ်တုန်းကဘယ်လိုမြန်ပြည်ရောက်လာခဲ့တာတုန်း
မသိခဲ့ရပါလားဗျာ သံချောင်းလေးခေါက်ရင် ဘီယာအတူမော့ခွင့် ကြုံချင်သား

နေပြည်တော်သား
မောင်ဘကြိုင်

မိုးငွေ့........ said...

မန်းလေးအစားဟုတ်ဖူး ကညိမ်းရဲ့ မန်းလေးစကား ရန်ကုန်အကြွား မော်လမြိုင်အစားတဲ့...။ မန်းလေးသားတွေ အပြောသိပ်ကောင်းတာတော့သိတယ် ဟိ...။

san htun said...

ဓာတ်ပုံတွေ ရေလည်မိုက်တယ်..အခွင့်ကြုံရင် မန္တလေးကို လည်ချင်ပါဘိ...