Friday, July 13, 2012

ကျောင်းဒါယကာ ကျောင်းဒါယကာမအဖြစ် ခံယူပွဲ ( သို့မဟုတ် ) အလှုဖိတ်ကြားခြင်း

သူငယ်ချင်း ညီအကို မောင်နှမ  အားလုံး မင်္ဂလာပါလို့ ဦးစွာပထမ နှုတ်ခွန်းဆက်လိုက်ပါတယ်
လူတိုင်း လူတိုင်းဟာ အဆင်းအနံ့နဲ့ ပြည့်စုံဖွယ် အစားကောင်း အသောက်ကောင်းလေးများ စားသောက်ဖို့ ကြုံကြိုက်တဲ့အခါပဲ ဖြစ်ဖြစ် ၊ အေးချမ်းနှစ်လိုဖွယ် အရိပ်အာဝါသ ရှု့ခင်းအလှတွေနဲ့ ပြည့်စုံတဲ့ နေရာကောင်းလေးတစ်ခုမှာ နားခိုဖို့  ကြုံကြိုက်တဲ့အခါပဲဖြစ်ဖြစ် ၊ နောင်ဘ၀ကုသိုလ်ကံ ပါရမီ ကောင်းဖို့ အတွက် သဒ္ဓါ ထက်သန်စွာ လှုဒါန်း ကုသိုလ်ပြူနိုင်တဲ့ နေရာကောင်းလေးများ ကြုံကြိုက်လာတဲ့အခါပဲဖြစ်ဖြစ် ၊ မိမိတို့ရဲ့ ခင်ရာမင်ရာ မိတ်ကောင်းဆွေမွန် တွေကို သတိရတတ်ကြတယ်ဆိုတဲ့ ဆိုရိုးစကားရှိတဲ့အတိုင်း ကျွန်တော်တို့ရဲ့ ချစ်ခင်ရပါသော ညီအကိုမောင်နှမများ ၊ မိတ်ကောင်းဆွေမွန်များ ၊ စာဖတ်ပရိတ်သတ်များကို သတင်းကောင်းလေးတစ်ခု ပါးဖို့ အချိန်ကျရောက်လာပြန်ပါပြီ ။
ကျွန်တော်တို့ မြန်မာမုဒိတာလူငယ်များအဖွဲ့ရဲ့ တတိယအကြိမ်မြောက် အလှုဖြစ်တဲ့ သံလျှင်မြို့နယ် မြန်မာ့ရေနံရပ်ကွက်မှာ တည်ရှိတဲ့ သာယာကုန်း ဘုန်းတော်ကြီးသင် ပညာရေးကျောင်းသို့ ကျောင်းဆောင် ဆောက်လုပ် လှုဒါန်းမှုမှာ မိမိတို့ ချွေးနဲစာထဲမှ တတ်နိုင်သလောက် သဒ္ဓါတရားထက်သန်စွာ လှုဒါန်းနိုင်ရုံမျှဖြင့် ရာသက်ပန် ကျောင်းဒါယကာ ၊ ကျောင်းဒါယကာမအဖြစ် ခံယူနိုင်မည့်အကြောင်းလေးကို ၀မ်းမြောက်ဝမ်းသာစွာဖြင့် အသိပေးမျှဝေလိုက်ရပါတယ် ။
ဦးစွာ ပထမ ရန်ကုန်မြို့တစ်ဖက်ကမ်း သန်လျင်မြို့ မြန်မာ့ရေနံရပ်ကွက်မှာတည်ရှိတဲ့ သာယာကုန်း ဘုန်းတော်ကြီးသင် ပညာရေးကျောင်းလေးနဲ့  မိတ်ဆက်ပေးပါရစေ..။











သာယာကုန်း ဘုန်းတော်ကြီးသင် ပညာရေးကျောင်းကို  ကျောင်းထိုင်ဆရာတော် ဦးတိက္ခဥာဏမှ ၂၀၀၅ခုနှစ်မှာ ကိုယ်တိုင် ကြိုးစားရုန်းကန်ပြီး စတင်တည်ထောင် ခဲ့တဲ့ ဘုန်းတော်ကြီး ပညာသင်ကြားရေး ကျောင်းလေး ဖြစ်ပါတယ် ။ အခက်အခဲ အမျိုးမျိုးကြားထဲကနေ အပင်ပန်းခံ ကြိုးစားတည်ထောင်ခဲ့ပြီး လက်ရှိ ၂၀၁၂ ပညာသင်နှစ်မှာတော့ သူငယ်တန်းမှ ခုနစ်တန်းအထိ ဆင်းရဲချို့ တဲ့တဲ့ ကလေးငယ်တွေ ၊ မိဘမဲ့ကလေးငယ်တွေရော စုစုပေါင်း ကျောင်းသူကျောင်းသား ၃၀၀ကျော်ကို အခမဲ့လက်ခံသင်ကြားပေးနေတဲ့ ပရဟိတပညာသင်ကြားရေးကျောင်းတစ်ခု ဖြစ်ပါတယ်။
စာသင်ကျောင်းမှာ ဆရာ ၊ ဆရာမဦးရေ စုစုပေါင်းဆယ်ဦိးရှိပြီး တစ်ဦးလျင် လစဉ်စေတနာကြေးသုံးသောင်းကျပ်နှုန်းဖြင့် နှစ်ပေါက်အောင် ဆရာတော်မှ အဓိက ထောက်ပံ့ကျားကန်ပေးထားရတဲ့ ကျောင်းလည်းဖြစ်ပါတယ်။ ကျောင်းမှ ခုနစ်တန်းအောင်မြင်ပြီဆိုရင်တော့ အစိုးရပညာသင်ကျောင်းသို့ ဆက်လက် တက်လှမ်းနိုင်အောင်လည်း  ထောက်ပံ့ပေးဖို့ ကြိုးစားနေတဲ့ ကျောင်းလည်း ဖြစ်ပါတယ် ။ လက်ရှိ ၂၀၁၂-၂၀၁၃ သင်နှစ်အတွက် ဆယ်တန်းဖြေဆိုနိုင်မည့် ကျောင်းသားကျောင်းသူ ကိုးဦးတိတိကို ထောက်ပံ့ သင်ကြားပေးလျှက်ရှိပါတယ် ။ ကျောင်းတွင် တက်ရောက် ပညာသင်ကြားနေသော ကလေးငယ်များ အားလုံးကို တတ်စွမ်းနိုင်သလောက် အဟာရဖြစ်အောင် ကျောင်းမှာ ကိုယ်တိုင်ချက်ပြုတ်ကျွေးမွေးပြီး ပညာရေးပါရမီကို ဖြည့်စွက်  ခရီးဆက်နေတဲ့ ကျောင်းတစ်ခုလည်း ဖြစ်ပါတယ်။









ယခုတစ်ကြိမ်မှာ ကျွန်တော်တို့ မြန်မာမုဒိတာ လူငယ်များ အသင်းမှ သံလျှင်မြို့နယ် သာယာကုန်း ဘုန်းတော်ကြီးးသင် ပညာရေးကြောင်းလေးကို လှုဒါန်းဖို့ ဆုံးဖြတ်ခဲ့ကြပါတယ် ။ ဘာ့ကြောင့် ကျွန်တော်တို့ လှုဒါန်းဖို့ ဆုံးဖြတ်ခဲ့ကြသလဲ . . . . .
ချစ်ခင်ရသော ညီအကို မောင်နှမများကို
သူတို့လေးတွေအတွက် နံပါတ်(၁) လိုအပ်ချက်ဖြစ်တဲ့ သူတို့တွေရဲ့ ထမင်းစားဆောင်ကို ပထမဦးစွာ ကြည့်ရှုကြစေချင်တယ် ။


  
သူတို့လေးတွေရဲ့ ထမင်းစားဆောင်








မြင်ရတဲ့အတိုင်း ရေပတ်လည်ဝိုင်းပြီး တဲသာသာရှိတဲ့ ကျောင်းဆောင်လေးဟာ ကလေးငယ်ပေါင်း (၃၀၀)ကျော်ကို ချက်ပြုတ်ကျွေးမွေးနေတဲ့ ထမင်းစားဆောင်လေး ဖြစ်ပါတယ်။ နေရာအခက်အခဲကြောင့် ကလေးငယ် အားလုံးကို တပြိုင်တည်း ကျွေးမွေးနိုင်ခြင်းမရှိပဲ ကလေးငယ် အယောက် (၅၀)စီကို  ငယ်စဉ်ကြီးလိုက် ခွဲပြီး အလှည့်ကျ ကျွေးမွေး ရတယ်လို့ ကျောင်းထိုင်ဆရာတော်မှ မိန့်ဆိုပါတယ်။


 ချို့ တဲ့တဲ့နေရာနဲ့ မပြည့်စုံတဲ့ သူတို့ရဲ့ ထမင်းဝိုင်း.. ကလေးငယ်တွေ ဆိုတော့လည်း . . . 


ထမင်းတစ်နပ် ကျွေးမွေးလှုဒါန်းတဲ့ အလှု့ရှင်တွေ ကျန်းမာချမ်းသာစေဖို့ လက်စုံအုပ်မိုး ရှိခိုး ဦးချလျှက် မစားခင် ဦးစွာ ပထမ ဆုတောင်းပေးနေကြလေရဲ့..




ကလေးငယ်များ အပူအပင်ကင်းစွာ ပညာသင်ကြားနိုင်ရေးနဲ့ စားဝတ်နေရေး ပြေလည်နိုင်ရေးကိုသာ အဓိက အားထုတ်နေရလို့ ထမင်းစားဆောင်ဟာ ကလေးငယ်များအတွက် ကျန်းမာရေးနဲ့ ညီညွတ်ကိုက်ညီမှုမရှိတာကို သိနေပေမဲ့ အားမတန် မာန်လျှော့ပြီး လျစ်လျူရှုထားရတယ်လို့ ဆိုပါတယ်။ အလှုရှင်သာ ရှိမယ်ဆိုရင် ဆရာတော်က “သူကိုယ်တိုင် နေ့မအား ညမနား အမြန်ဆုံးပြီးအောင် ဆောက်လုပ်ပစ်ချင်တာ”လို့လည်း မိန့်ဆိုခဲ့ပါတယ်။
နောက်ပြီး ဒုတိယလိုအပ်ချက်ကတော့ ဆရာဆရာမပေါင်း ဆယ်ဦးအတွက် စေတနာကြေး ( ၃၀၀၀၀ကျပ်) ထောက်ပံ့ပေးမဲ့သူမရှိတာပဲ ဖြစ်ပါတယ် ။ တတိယ လိုအပ်ချက်အနေနဲ့ ကလေးငယ်များအတွက် စာသင်ခုံ လုံလောက်မှု မရှိဘူးလို့ ဆိုပါတယ်။ တစ်စုံလျှင် လေးသောင်းကျပ်နှုန်းခန့်ကျနိုင်ပြီး ယခုနှစ် သင်ကြားဆဲ ၂၀၁၂ ပညာသင်နှစ်အတွက် စာသင်ခုံ ( ၁၅) စုံခန့် လိုအပ်နေသေးတယ်လို့ ဆိုပါတယ်။
နောက်ဆုံးလိုအပ်ချက်အနေနဲ့ကတော့ ကလေးငယ်များအတွက် ချုက်ပြုတ်ကျွေးမွေးစရာ ကုန်ခြောက်များနှင့် စာအုပ်ခဲတံများ၊ကိုရင်ငယ်လေးများ အတွက် သင်္ကန်းစသည်တို့ပဲ ဖြစ်ပါတယ်။

သာယာကုန်းဘုန်းတော်ကြီး ပညာသင်ကြားရေး ကျောင်းထိုင်ဆရာတော် ဦးတိက္ခဥာဏ






ဆင်းရဲချို့တဲ့ပြီး ပညာသင်ကြားရေးအတွက်  ခက်ခဲမှုရှိတဲ့ ကလေးငယ်များရဲ့ အိမ်
အထက်မှာ ကျွန်တော်တို့ ပြောပြခဲ့သလိုပဲ ဘုန်းတော်ကြီးသင် စာသင်ကျောင်းအတွက် လိုအပ်နေတဲ့ကျောင်းဆောင် (သို့) ကလေးငယ်တွေအတွက် ချို့ တဲ့နေတဲ့ ထမင်းစားဆောင်ကို အဓိက ပြုပြင်မယ်လို့ ကျွန်တော်တို့ မြန်မာမုဒိတာ လူငယ်များ အဖွဲ့က ဆုံးဖြတ်ခဲ့ကြပါတယ်။ ဆရာတော်က အလှုရှင်ရှိတာနဲ့ အထက်ပါ ရွက်ဖျင်တဲ နေရာမှာပဲ (၁၅ x ၃၀)ပေအကျယ် -အုတ်ခံ ကျောင်းဆောင်လေးတစ်ခု ဆောက်လုပ်မှာပါ။ ချစားမြေဖြစ်တာကြောင့် အုတ်နဲ့ ဖောင်ဒေးရှင်းချပြီး အောက်ခြေကို လေးပေအမြင့်အထိ အုတ်တက်ပါမယ်။ လေးပေ အထက်ကိုတော့ သံဇကာကာရံပြီး အပေါ်ကသွပ်မိုးမယ်ဆိုရင် ကလေးငယ်တွေအတွက် အန္တရာယ်ကင်းပြီး ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ထမင်းစားဆောင် (သို့) ကျောင်းဆောင်အတွက် လိုအပ်တဲ့ အဆောက်အဦးပုံကြမ်းလေးတစ်ခု အခိုင်အမာရရှိနိုင်ပြီလို့ဆိုနိုင်ပါတယ်။ ဆရာတော်ပြောတဲ့ အဲ့ဒီအထိ အဆောက်အဦးရဲ့ ကုန်ကျစရိတ်ကို ကျပ် ၃၅သိန်းမှ ၄၅သိန်းကြားလို့ ခန်မှန်းတွက်ချက်ပြပါတယ်..။ ကျောင်းဆောင် ဆောက်လုပ် ပြီးစီးတာနဲ့ အလှုရှင်အားလုံးရဲ့ အမည်နာမကို ဆရာတော်ရဲ့ဆန္ဒအရ ကျောင်းရဲ့ နံရံမှာ သဘောင်္ဆေးနဲ့ ကဗ္ဗည်းရေးထိုးကာ ရေစက်ချပွဲအခမ်းအနားကို အလှုရှင်များနဲ့အတူ ပြုလုပ်မယ်လို့ ဆရာတော်က ဆိုပါတယ်။
ဒီကျောင်းဆောင် ဆောက်လုပ် လှုဒါန်းနိုင်ဖို့အတွက် ကျွန်တော်တို့အဖွဲ့မှာ အမာခံ အလှုရှင်များ မရှိတာက တစ်ကြောင်း ၊ ပြည်ပရောက် လူငယ်များ စုစည်းပြီး မိမိတို့ရဲ့ ချွေးနည်းစာ လုပ်ခ လစာလေးများထဲမှ တတ်နိုင်သလောက်လေးကိုသာ လှုဒါန်းနိုင်တာက တစ်ကြောင်းမို့ ကလေးငယ်တွေအတွက် လိုအပ်တဲ့ကျောင်းဆောင်တစ်ဆောင်လုံးကို ဆောက်လုပ်ပေး နိုင်ဖို့အထိတော့ အာမခံပေးနိုင်ခြင်း မရှိခဲ့ပါဘူး။ သို့ပေမဲ့လည်း မြန်မာလူမျိုးပီပီ သဒ္ဓါတရား ထက်သန်စွာ လှုဒါန်းချင်ကြတဲ့ စိတ်ကလေးတွေ  ကိန်းအောင်းနေသူများမို့ တတ်နိုင်သမျှ ကြိုးစား စုပေါင်းလှုဒါန်း နိုင်မည်လို့ ယုံကြည်ခဲ့ကြပါတယ် ။ ဒါကြောင့် ကျောင်းဆောင်လေး ဖြစ်မြောက်အောင် မိမိတို့ရဲ့ ညီအကိုမောင်နှမ သူငယ်ချင်း မိတ်ကောင်းဆွေမွန်များကို လှုဒါန်းနိုင်အောင် အသိပေး တိုက်တွန်းနှိုးဆော်လိုက်ရပါတယ် ။
မြန်မာမုဒိတာလူငယ်များအဖွဲ့အနေနဲ့ အလှုခံတဲ့ရက်မှစပြီး အလှုပိတ်သိမ်းချိန်အထိ ရရှိလာမဲ့အလှုငွေဟာ လိုအပ်တဲ့ ပမာဏကို ပြည့်မှီတယ်ဆိုရင် ကျွန်တော်တို့အနေနဲ့ ဆရာတော်နဲ့တိုင်ပင်ပြီး ကျောင်းဆောင်တစ်ခုလုံးကို တာဝန်ယူကာ ဆရာတော်ရဲ့အစီအစဉ်နဲ့ အမြန်ဆုံးဆောက်လုပ် လှုဒါန်းပါမယ်။ အကယ်၍ ရရှိလာတဲ့အလှုငွေဟာ ကျောင်းဆောင်အတွက် လိုအပ်တဲ့ပမာဏကို ပြည့်မှီနိုင်ခြင်း မရှိခဲ့ဘူးဆိုရင်တော့ ကျွန်တော်တို့အနေနဲ့ တခြားလိုအပ်ချက်တွေဖြစ်တဲ့ ဆရာဆရာမများအတွက် လစဉ်စေတနာကြေး၊ စာသင်ခုံနဲ့ မီးဖိုချောင်ပစ္စည်းများကို ထည့်ဝင်လှုဒါန်းပြီး ပိုလျှံတာကို ကျောင်းဆောင်အတွက် မတည်ငွေ အဖြစ် လှုဒါန်းခဲ့ပါမယ်။
ယနေ့ ( ၁၃.၇.၂၀၁၂၊ သောကြာနေ့ ) မှ စတင်ပြီး ကလေးငယ်များအတွက် လိုအပ်နေတဲ့ ကျန်းမာရေးနဲ့ညီညွတ်ပြီး သန့်ရှင်းသပ်ရပ်သော ထမင်းစားကျောင်းဆောင်လေး ဆောက်လုပ် လှုဒါန်းပေးနိုင်ဖို့ အဓိကဦးတည်ပြီး ကျွန်တော်တို့ ရဲ့ ပညာပါရမီ အလှုလေးကို စတင် လှုပ်ရှားခဲ့ကြပါပြီ ။ နောက်ဆုံး အလှုခံပိတ်ရက်ကိုတော့ (၁၅.၈.၂၀၁၂-ဗုဒ္ဓဟူးနေ့အထိ) သတ်မှတ်ထားပါတယ်။ အကယ်၍ အလှုခံပိတ်သိမ်းချိန်တွင် ရရှိလာမဲ့အလှုငွေဟာ ကျောင်းဆောင်လေး ဆောက်လုပ်နိုင်မည့် ပမာဏကိုပြည့်မှီဖို့ အနည်းငယ်လောက်မျှသာ လိုအပ်မယ်ဆိုရင်တော့ ကျွန်တော်တို့အနေနဲ့ အလှုခံ ပိတ်သိမ်းမည့်ရက်ကို ရက်အနည်းငယ် ရွှေ့ဆိုင်းပြီး အလှုပမဏ ပြည့်မှီတဲ့အထိ စောင့်ဆိုင်းကာ ကျောင်းဆောင်ဆောက်လုပ်နိုင်ဖို့ကို ပြီးဆုံးတဲ့အထိ အပြည့်အ၀ တာဝန်ယူ ပေးသွားမှာ ဖြစ်တဲ့အကြောင်း ညီအကိုမောင်နှမများကို အသိပေးအပ်ပါတယ် ။
မြန်မာမုဒိတာ လူငယ်များအဖွဲ့အနေနဲ့ မရမ်းချောင်း အနာကြီးရောဂါစောင့်ရှောက်ရေးဂေဟာသို့ လှုဒါန်းစဉ်က ကျန်ရှိတဲ့ ငွေစာရင်းရှင်းတမ်း လက်ကျန်အလှုငွေ စုစုပေါင်း ၈၁၇၁၄.၅၀ ကျပ်ဖြင့် သာယာကုန်းရွာ ဘုန်းတော်ကြီးသင် ပညာရေး ကျောင်းအတွက် အလှုခံခြင်းအား စတင်ဖွင့်လှစ်လိုက်ပါပြီဆိုတဲ့အကြောင်း သတင်းကောင်းပါးအပ်ပါသည် ။
နိုင်ငံအသီးသီးမှ အလှုရှင်များအနေနဲ့ အောက်ပါအကျိုးတော်ဆောင်များထံမှာ ထည့်ဝင်လှုဒါန်းနိုင်ပါတယ် ။
ဗြိတိန်နိုင်ငံမှ အကျိုးတော်ဆောင်
အရှင်ဇနက(သန္တိသုခ)
venjanaka@gmail.com
+၄၄ ၇၇၄၀ ၉၈၃၉ ၄၂

(Barclays Bank account) 
 MR U JANAKA
Sort Code: 20-42-73    10039764 
အမေရိကန်နိုင်ငံမှ အကျိုးတော်ဆောင်
ဗညားရှိန်@လင်းခေတ်ဒီနို
lynnkhitdeno301@gmail.com
+၁ ၂၀၁ ၈၈၈ ၉၇၅၁
http://www.lynnkhitdeno.com/
ဂျပန်နိုင်ငံမှ အကျိုးတော်ဆောင်
ရန်နိုင် @ နေ၀သန်
nay.naywathan@gmail.com
+81 80 3852 5214 
http://www.facebook.com/nayyannaing 
စင်ကာပူနိုင်ငံမှ အကျိုးတော်ဆောင်များ
၁။ကိုငြိမ်းနိုင် @ ကိုနိုင်ထွဋ်
eikunaing@gmail.com
+၆၅ ၉၀၂၂ ၁၈၀၇
+၆၅ ၉၄၅၁၁၈၃၇


၂။ကိုရင် + မဒမ်ကိုး
celestial.whiteangle@gmail.com
+၆၅ ၈၃၇၅ ၁၀၆၉
ထိုင်ဝမ်မှ လှုဒါန်းလိုသူများအတွက်
ပစ်ပစ် @ ဂျယ်ရီပစ်ပစ်
+၈၈၆ ၉၃၀ ၄၁၃ ၂၂၀
jerrypigpig@gmail.com
မလေးရှားနိုင်ငံ အကျိုးတော်ဆောင်
၁။ဇင်ငြိမ်းဦး(မြန်မာ အိုင်တီနန်းတော်)
+၆၀ ၁၇၇၀ ၅၈၂ ၁၉
၂။လွင်ပြင်လှိုင်းငယ်+မစံပယ် (Sunway)
lwinpyinhlaingnge@gmail.com
+၆၀ ၁၄၆၆ ၃၀၁ ၇၃

၃။ကိုမင်းဧရာ(kl)
moekyawthu0001@gmail.com
+၆၀ ၁၇၃၀ ၄၇၇ ၃၅
၎။မောင်ဘုန်း
mr.janjarom@gmail.com
+၆၀ ၁၀၂၈၂၇၀၇၁
၅။မိုးဇက် (ကလန်း)
bloggermoses@gmail.com
http://www.facebook.com/profile.php?id=100003084986957
မြန်မာနိုင်ငံ အကျိုးတော်ဆောင်များ
၁။andrew @ကျော်စွာစိုးမြတ်
andrewkc189@gmail.com
+၉၅ ၉၄၂၁ ၀၅၉၈ ၂၇
၂။သမီးစံ
sandartinmyint@gmail.com
+၉၅ ၉၄၂၀ ၀၈၇၄ ၃၅
http://www.facebook.com/profile.php?id=100003084986957#!/mi.san1
~ ခင်မင်လေးစားစွာဖြင့် ~
မြန်မာမုဒိတာလူငယ်များအဖွဲ့
http://mudita-mmyg.blogspot.com/

2 comments:

mstint said...

တဂျီးမင်းနဲ့မင်းဧရာတို့ဆီမှာဖတ်ခဲ့ပြီ မောင်ညိမ်းရေ။ အုတ်တစ်ချပ်သဲတစ်ပွင့် လှူခွင့်လေးရတာမို့ ကျေးဇူးပါ။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

နွေတေးရှင် (မင်းဧရာ) said...

ဒဂါကြီး အိကုမှ စင်ကာပူဒေါ်လာ ၁၀၀၀ ကိုလှူဒါန်းပါမည်ဟု သိတင်းရရှိပါသဖြင့် ဦးနှုတ်ခမ်း တကွ ရပ်ကွက်သူ ရပ်သားများအားလုံးမှ သာဓုပေါင်းများစွာကို ခေါ်ဤ မနက်မှာဘဲ ခေါ်ဆိုခဲ့ကြပါတယ်ခင်ဗျား) ။